ကေ ဒရမ်မာ စီးရီးဘောက်စ်
Kanalga Telegram’da o‘tish
2 865
Obunachilar
-124 soatlar
-27 kun
+7430 kun
Postlar arxiv
+4
While You Were Sleeping (2017)
ဇာတ်လမ်းအညွှန်း
အခြားသူသေဆုံးမှုတွေကိုအိမ်မက်ထဲကနေကြိုသိနိုင်တဲ့နမ်ဟုန်ဂျူးဆိုတဲ့ကောင်မလေးတစ်ယောက်....
ဟုန်ဂျူးဟာသူမရဲ့အိမ်မက်တွေအပြင်မှာလက်တွေ့ဖြစ်ပျက်လာတာကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်
ဒါပေမယ့်သူမဟာတစ်ညမှာတော့သူမအမေဖြစ်သူရဲ့သေဆုံးမှုကိုအိမ်မက်ထဲမှာကြိုမြင်တွေ့ခဲ့ရပါတယ်...
ဂျောင်းဂျယ်ချန်းဆိုတဲ့ကောင်လေးကတော့အမှုစစ်တစ်ယောက်ဖြစ်ပြီးသူဟာလည်းထူးဆန်းစွာနဲ့ပဲဟုန်းဂျူးအမေနဲ့ဟုန်းဂျူးရဲ့သေဆုံးမှုကိုအိမ်မက်ထဲမြင်တွေ့ခဲ့ပါတယ်....
သူ့အိမ်မက်ဟာအပြင်မှာလက်တွေ့ဖြစ်လာချိန်မှာတော့ဂျယ်ချန်းဟာဟုန်းဂျူးအမေနဲ့ဟုန်းဂျူးရဲ့သေဆုံးမှုကိုတားဆီးဖို့ကြိုးစားပါတော့တယ်
ဟုန်းဂျူးနဲ့ဂျယ်ချန်းတို့ထိုအိမ်မက်ဆိုးတွေဖြစ်မလာအောင်တားဆီးနိုင်ပါ့မလား.....?
နမ်ဟုန်ဂျူးအဖြစ်Suzyကပါဝင်ထာပြီးလီဂျယ်ချန်းအဖြစ်Lee Jong Sukတို့ကပါဝင်ထားပါတယ်။
#𝐂𝐫𝐞𝐝𝐢𝐭
The Neighbors (2012)🔥
ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင်
ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာ အဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။
ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့ အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကို ဖမ်းဆီးသွားနိုင်မှာလား... လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။
#𝐂𝐫𝐞𝐝𝐢𝐭
ဇာတ်ကား ကြည့်ရန် 👇👇👇👇👇
My Brother (2004)
Disclaimer:
Credit to original uploader infringement intended.We do not own the the audio, photo and video.For entertainment purpose and we are just reupload. All the content in the video belong to the rightful owner!
My Brother (2004)
ဘုရားသခင်ရဲ့ အလိုတော်ကျ နှုတ်ခမ်းကွဲရောဂါနဲ့ မွေးဖွားလာခဲ့ရတဲ့ ဆောင်းဟွန်လေး၊ ဆောင်းဟွန်လေးကို ဖခင်က စွန့်ပစ်ခဲ့တာကို မိခင်က ပြန်ရှာတွေ့ပြီး မိခင်ရင်ခွင်ကို ပြန်ရောက်လာခဲ့ပေမဲ့ ဖခင်ကြီးဟာ လူ့လောကကြီးကနေ စွန့်ခွာသွားချိန် မိခင်ကြီးမှာ ဖခင်ရဲ့ကိုယ်ပွား ညီလေးက မိခင်ကြီးနဲ့ သူ့ဘဝထဲကို ရောက်လာခဲ့တယ်..
ချို့ယွင်းချက်ရှိတဲ့ကလေးလေးမို့ မိခင်ရဲ့ ဂရုစိုက်မှုအကုန်လုံးကို အစ်ကိုဖြစ်သူကရယူထားတယ်လို့ ထင်နေတဲ့ အထက်တန်းကျောင်းရဲ့ လူမိုက်လေးဖြစ်တဲ့ ညီငယ်လေး ဂျောင်ဟွန်း…
အစ်ကို ဖြစ်သူကို အနိုင်ကျင့်ပေမဲ့
မသိမသာ ကာကွယ်ဂရုစိုက်ပေးတဲ့ လူမိုက်လေးတို့ရဲ့ ညီအစ်ကိုတွေကြားက သံယောဇဉ် မိခင်ကြီးရဲ့ ကိုယ့်သားသမီးအတွက် အရာရာပြောင်းလဲ ကာကွယ်ဂရုစိုက်ပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရူရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
#𝐂𝐫𝐞𝐝𝐢𝐭
ဇာတ်ကား လင့် 👇👇👇👇👇
