uz
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Kanalga Telegram’da o‘tish

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Ko'proq ko'rsatish
Myanma32 877Toif belgilanmagan
313
Obunachilar
-124 soatlar
-67 kun
-2230 kun
Postlar arxiv
" မမ ခင်" နာကျည်းမှုတွေ များလာတိုင်း သံယောဇဉ်တွေ ဖျက်ချပြစ်ရမယ်ဆိုတာ တကယ်တမ်းမလွယ်ကူခဲ့ပါဘူး မမခင်... local brand ဝတ်နိုင်မှ ခေတ်မှီမယ်ဆိုရင် ကျွန်တော် ခေတ်မမှီချင်တော့ပါဘူး I phone ကိုင်နိုင်မှ လူရာဝင်မယ်ဆိုရင် ကျွန်တော် လူရာမဝင်ချင်တော့ပါဘူး။ ကုတင်ပေါ်မှာ ခန္ဓာပေးမှ အချစ်စစ်ဆိုရင် ကျွန်တော် အချစ်စစ်မလိုချင်တော့ပါဘူး သူများကို ‌blame နိုင်မှ မြို့ကြီးသားဆိုရင် ကျွန်တော် တောသားတစ်ယောက်ပဲ ဖြစ်‌ချင်တော့ပါတယ် မမခင်... နောက်ကျခေတ်ကြီးထဲမှာ နေထိုင်မယ် လူရာမဝင်တဲ့ လောကမှာ ဖြတ်သန်းမယ်... တကယ့် အချစ်စစ်ကိုသာရှာမယ် ခေတ်ပျက်ကပ်ပျက်ကြီးထဲ ရှင်သန်မယ်။ ကျွန်တော့်မှာ လက်ဖက်ရည်တစ်ခွက်ရယ် ကဗျာလက်ဆွဲလေး တစ်အုပ်ရယ်.. mevius တစ်လိပ်ရယ် မမခင်ရယ်... အခြားဘာလိုအပ်သေးလို့လဲ ဖြည့်တွေးလိုက်ရင်လည်း အရာရာဟာ နိဗ္ဗာန်ဘုံပါ မမခင်။ -နွေသစ်လွင်

"ခင်ဖုန်းသက်ဝေ နှင်း" အမှားပါသွားရင်ခွင့်လွတ်ပါခမျာ။

၂၀ကျော်အချစ်ဆိုတာ ဒဏ်ရာတွေအပြည့်နဲ့ ကျောင်းသားဘဝ အချစ်ကိုစထိတွေ့ခဲ့ဖူးတုန်းကလောက် ရင်ခုန်စရာမကောင်းတော့ဘူး ဒဏ်ရာကိုဆေးထည့်လိုက် သက်သာသွားရင် ဒဏ်ရာထပ်ရလိုက်နဲ့ စက်ဘီးစသင်တုန်းက ဒူးပြဲပြီး လဲကျရင်တောင်ပြန်ထနိုင်ခဲ့ပင်မဲ့ အခုကျတော့မတူတော့ဘူး လဲကျလေ တက်နင်းလေပဲ။ -နေကြာဖြူ

"ခင်ဖုန်းသက်ဝေ ဂယ်လာရီ" အမှားပါသွားရင်ခွင့်လွတ်ပါခမျာ"

"သေတမ်းစာ" အကယ်၍များသေသွားခဲ့ရင် သေပြီးချက်ချင်းမီးရှို့ပေးပါ အရမ်းချစ်ခဲ့ပါတယ်ဆိုတဲ့ သူတွေကိုပဲပေးငိုလိုက်ပါ ပိုင်ဆိုင်မှုတွေရှိခဲ့ရင် မိဘမဲ့ကျောင်းတွေကိုလှူလိုက်ပါ ဘာမှမပိုင်ဆိုင်ခဲ့ရင် အာလုံးပဲ ငါ့ကိုမေ့လိုက်ပါ အသက်၆၀မှာသေမည်။ - နေကြာဖြူ

ခေတ်ပျက်ထဲ လူငယ်အမည်ခံပီး တိတ်တိတ်ပုန်း လူကြီးဆန်လာရအိပ်စက်ခြင်းဟာ အပြစ်ပေးမှု့မဟုတ်တော့ဘဲ လွတ်မြောက်မှု့နယ်ပယ်ဖြစ်လာတယ်။ လွတ်လပ်မှုနဲ့ပျော်ရွှင်မှုဟာ ငါ့လူငယ်ဘ၀မှာတော့ လှည့်စားမှု တစ်ခုသာဖြစ်ခဲ့တယ်  မရှင်တဲ့အပင်တွေ ရေလောင်းခဲ့သလို ရနံ့မသင်းတဲ့ ပန်းတွေလည်းပျိူးခဲ့တယ်// ၀ါသနာထက် ငွေကြေးကို ရှေ့တန်းတင်နေရတဲ့ ဘ၀တွေမလို့ အိမ်မက်တွေဟာ လုပ်ငန်းခွင်တွေအောက် ပြိုပျက်ခဲ့ရတယ်။ -ဇေယျာဖြိုး (အိပ်ပျော်နေသောရက်စွဲများ) အဟောင်းတန်း

" ကဗျာဆရာမဟုတ်တော့ဘူး အမေ " အမေ့သား ကဗျာဆရာမဟုတ်တော့ဘူး အမေ ငယ်ငယ်တုန်းက အချိန်တွေကိုလွမ်းတယ် အမေ အမေ့ရင်ခွင်ထဲတိုးလို့ အသံဗြဲကြီးနဲ့ အော်ငိုလို့ရခဲ့တဲ့ အချိန်ကာလတွေကိုပေါ့ အခုများတော့ ခိုးငိုတတ်နေပြီ ငိုချင်စိတ်ကိုထိန်းထားတတ်နေပြီ လူအများရှေ့ပြုံးပြတတ်နေပြီ စကားတွေဖောင်ဖွဲ့ မပြောဖြစ်တော့သလို လူတွေကိုလည်းရွေးချယ်ပေါင်းသင်း တတ်နေပါပြီ အတ္တတွေကိုလည်း အိတ်ထဲထည့်ထားတတ်နေပြီ လုံလုံခြုံခြုံပေါ့ မာနတွေကိုလဲခေါင်းအုံးအောက်ထဲ ခဏထည့်သိမ်းထားလိုက်တယ် လုံလုံခြုံခြုံပေါ့ အချစ်နဲ့လဲ ထိတွေ့ပြီးပါပြီ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပါပဲ နာကျင်မှုတွေကိုလဲ မထုတ်ပြတတ်တော့တာကြာပြီ စကားတွေများများပြောရင် အမှားတွေများများပါမှာစိုးလို့ ဘာမှသိပ်မပြောဖြစ်တော့ဘူး စာပြီးပြီလား... နေကောင်းလား.. ဒီအပတ်ဆန်းဒေးတွေ့မယ်နော်.. ဒီစကားတွေဟာ အပိုတွေပဲ အမေ သားအချိန်ကုန်ခံမမေးတော့ဘူး အချစ်ကိုမရှာတော့ဘူး အချစ်ကရှာခဲ့ရင်တော့ ပါမိလေဦးမယ် ထင်တယ် ထိုင်နေကြ လက်ဖက်ရည်ဆိုင် မထိုင်တော့ဘူး ပြောင်းထိုင်ဖြစ်တယ် သောက်နေကြ ချိုစိမ့်တွေအစား ပုံမှန်ပဲသောက်ဖြစ်တော့တယ် ဂျာနယ်တွေမဖတ်တော့ဘူး ချိမ့်ကဗျာတွေ သိမ်းလိုက်ပြီ သားကဗျာတွေကိုတော့ အမှိုက်တွေနဲ့အတူမီးရှို့လိုက်ပြီ နာရေးရော သာရေးရော ဘာအရေးမှမပါဝင်တော့ဘူး လူမှုရေးဆိုရင်တော့ အလုပ်ရှင်အပေါ်ကလွဲလို့ ဘယ်သူ့အပေါ်မှမရှိတော့တာကြာပြီ ရတဲ့ လစာနဲ့ လောက်အောင်စားပါတယ် စာအုပ်တွေမဝယ်တော့ဘူး ပန်းတွေမစိုက်တော့ဘူး အင်္ကျီတွေမီးပူတိုက်ဝတ်နေပြီ တစ်ပတ်တစ်ခါအခန်းရှင်းတဲ့ အလုပ်လုပ်တတ်နေပြီ အမေ မရှိတဲ့ဘဝက အဆင်မပြေပေမဲ့ ပြေပါတယ် ဂျာနယ်တွေမဖတ်တော့ဘူး ချိမ့်ကဗျာတွေ သိမ်းလိုက်ပြီ သား ငါးပိရည်နဲ့ ထမင်းစားတတ်နေပြီ ထမင်းချက်တတ်နေပြီ ကြက်ဉကြော်တတ်နေပြီ အမေ ရတဲ့ လစာနဲ့လည်း လောက်အောင်စားတတ်နေပါပြီ စိတ်ချလို့ရပါပြီ အမေ အမေ့သား ကဗျာဆရာမဟုတ်တော့ဘူး သားကဗျာတွေအကုန် အမှိုက်တွေနဲ့အတူမီးရှို့လိုက်ပါပြီ။ - လိပ်ပြာ ဇွန်လ၊ ၈ရက်၊ ၂၀၂၆ [ ၉နာရီ ၅၉မိနစ် ည ]

``အဝေး"" လူတစ်ယောက်ကို မေ့ဖို့ ကြိုးစားတာထက် သတိမရအောင် နေနိုင်ဖို့က ပိုခက်တယ်။ မိုးရွာတဲ့ညတွေမှာ သူ့ကို သတိရတယ်။ နေသာတဲ့နေ့တွေမှာလည်း သူ့ကို သတိရတယ် တကယ်တော့ ရာသီဥတုကြောင့် မဟုတ်ဘူး။ ရင်ထဲမှာသူ ကျန်နေသေးလို့။ အချိန်တွေက တစ်နေ့ပြီး တစ်နေ့ ရှေ့ကို ရွေ့သွားတယ်။ ငါကတော့ အမှတ်တရတချို့နဲ့ နောက်မှာ ကျန်နေခဲ့တယ်။ တချို့လူတွေဟာ ဘဝထဲက ထွက်သွားပြီးမှ ပိုပြီး နေရာယူတတ်ကြတယ် သူက အဲဒီလို လူမျိုးပေါ့။ အခုလည်း အဝေးတစ်နေရာမှာ သူ ပျော်နေမယ် ထင်ပါတယ်။ ငါကတော့— မရောက်နိုင်တော့တဲ့ အရပ်တစ်ခုကို ငေးကြည့်နေဆဲ။ -ကျူး

ကံမကုန်လို့ပြန်ဆုံကျရင် ‌နှစ်ဦးနှစ်ဖက် အထိခိုက်နည်းနည်းနဲ့ ကျန်းကျန်းမာမာ ပြန်တွေ့ချင်တယ် အရင်တုန်းကဆို မင်းကလဲချူချာ ကိုယ်ကလဲ အယုံလွယ်နေခဲ့တာ။ - နေကြာဖြူ

​အသားဖြူဖြူ မင်းလေးနဲ့ အပြိုင်အဆိုင် ကျဲခဲ့ဖူးတဲ့ ကစားပွဲတွေ ပါးပြင်နုနုပေါ်မှာ တဖွဖွ ကျန်ရစ်ခဲ့တဲ့ အနမ်းငွေ့တွေ ​ပုခုံးချင်း
​အသားဖြူဖြူ မင်းလေးနဲ့ အပြိုင်အဆိုင် ကျဲခဲ့ဖူးတဲ့ ကစားပွဲတွေ ပါးပြင်နုနုပေါ်မှာ တဖွဖွ ကျန်ရစ်ခဲ့တဲ့ အနမ်းငွေ့တွေ ​ပုခုံးချင်း ဆိုင်မိရုံနဲ့ ရင်ခုန်သံတွေ ဆူညံသွားခဲ့ရတဲ့ မင်းနဲ့ကိုယ့်ရဲ့ အစောဆုံး နေ့ရက်များ ​လှပခဲ့သမျှ အမှတ်တရတွေကို ရင်ခွင်ထဲမှာ သေချာ ထုပ်ပိုးထားပါတယ် နှုတ်ဆက်အနမ်းနဲ့ ဝေးကွာသွားခဲ့ရင်တောင် မင်းကို ချစ်ခဲ့တဲ့စိတ်ကတော့ အမြဲတမ်း အသစ်စက်စက်ပါပဲ။
-ကျော်ကြီး

ချစ်နေရခြင်းမှာပျော်မွေ့နေပါပြီ။ ပြန်မချစ်နိုင်မှန်းလဲသိတယ်။ ဂရုမစိုက်မှန်းလဲသိပါတယ်။ ကိုယ့်လောဘနဲ့ ကိုယ်မလို့ မျှော်လင့်ချက်လေးထားမိရုံပါ။ -အံ့လွန်းပျို

ကဗျာရွက်ကြမလား

"အာဏာရှင်ကျင့်ဝတ်" နိုင်ငံ့ဂုတ်သွေး၊စုပ်ပေးကာမူ အသက်မငဲ့၊ကုန်ထည့်ဒင်္ဂါး ရမှန်သမျှ၊လိုချင်ကြ ကျင့်ဖွယ်အာဏာသား။ ။ ~ မြနန်းစံ

"မြစမ်းကြည်" မြစမ်းကြည်ရေ... မင်းနာမည်ကို ရွတ်လိုက်တိုင်း နွေဦးလေပြေတစ်စင်း ရင်ခွင်ထဲ ဝင်ရောက်လာသလိုပဲ။ "မြ" လို စိမ်းလန်းတယ်၊ "စမ်း" လို အေးမြတယ်၊ "ကြည်" လို သန့်ရှင်းတယ်။ မင်းအပြုံးလေးတစ်ချက်ကြောင့် ညနေခင်းတွေ လှခဲ့ဖူးတယ်။ မင်းစကားလေးတစ်ခွန်းကြောင့် အထီးကျန်ညတွေ နွေးထွေးခဲ့ဖူးတယ်။ လမင်းကို ငေးရင်း မင်းကို သတိရတဲ့ ညတွေမှာ ကြယ်တွေတောင် မင်းမျက်ဝန်းကို မယှဉ်နိုင်ဘူးလို့ ထင်မိတယ်။ မြစမ်းကြည်ရေ... လူတွေကြားမှာ ရပ်နေတဲ့ မင်းဟာ သာမန်လူတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့်... ကျွန်တော့်ရင်ထဲမှာတော့ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့တာ ကြာပြီ။ ဖတ်လို့မကုန်တဲ့ ကဗျာ၊ မေ့လို့မရတဲ့ အမှတ်တရ၊ ချစ်လို့မဝတဲ့"မြစမ်းကြည်" -ကျူး

တစ်နေ့ထပ် တစ်နေ့ စိတ်ပျက်စရာ နေ့ရက်တွေကြား ပိတ်မိနေခဲ့ လူတွေ မုန်းတဲ့ ငါဟာ ငါ့ကိုယ်ငါလည်း မုန်းကြောင်း သိစေလို။ မှန်က တဆင့်ကြည့်လို့မှ မမြင်နိုင်တဲ့ နှလုံးသားထဲက ထပ်ဆင့်ဒဏ်ရာများစွာအတွက် မေးခွန်းတွေဟာ ခပ်ရှားရှားပါပဲ။ ကိုယ့်အတွက်ကိုယ် ရုန်းကန်ရင်းမှ ဘာမှ မထူးခြားလာမှန်း ငါဟာ မြက်ပင်တစ်ပင်ဖြစ်မှ သိခဲ့ရ။ ကမ္ဘာမှာ နေထိုင်ဖို့ ဗွီအိုင်ပီ(VIP) ဖြစ်‌နေမှလား။ စည်းစိမ်ဥစ္စာ ကြွယ်‌နေမှလား။ ရုပ်ရည် လှပနေမှလား။ -ဇေယျာဖြိုး

Radio - Lu Hpring Cover By Ma” Khin 🍓

၁။ "အကွာအဝေး" မိုင်ပေါင်းများစွာ ဝေးတာထက် မင်းရဲ့ Profile လေးကို နှိပ်လို့မရတော့တာက ပိုပြီးဝေးကွာလွန်းလှတယ်။ ၂။ "မြင်ခွင့်မရှ
၁။ "အကွာအဝေး" မိုင်ပေါင်းများစွာ ဝေးတာထက် မင်းရဲ့ Profile လေးကို နှိပ်လို့မရတော့တာက ပိုပြီးဝေးကွာလွန်းလှတယ်။ ၂။ "မြင်ခွင့်မရှိတော့တဲ့ ကမ္ဘာ" ဖုန်းမျက်နှာပြင်လေးက လင်းနေတုန်းပဲ ဒါပေမဲ့... မင်းရှိတဲ့နေရာကိုတော့ ငါ ဝင်ခွင့်မရှိတော့ဘူး။ မင်းရဲ့ "Block" တစ်ချက်က ငါ့အတွက်တော့... နှစ်ပေါင်းများစွာ ကြာမယ့် ထောင်ဒဏ်ပဲ။ မင်းကို လွမ်းခွင့်တောင် မင်းက ပိတ်ပင်သွားခဲ့တာလား။
-ကျော်ကြီး

ပထမဝါဆို ဝါဆိုစပြီ ဝါဆိုမိုးစပြီပေါ့။ လေတွေကတိုက် မိုးတွေကရွာလို့ ကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်း ချစ်ရသူကို လွမ်းလို့ကောင်
ပထမဝါဆို ဝါဆိုစပြီ ဝါဆိုမိုးစပြီပေါ့။ လေတွေကတိုက် မိုးတွေကရွာလို့ ကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်း ချစ်ရသူကို လွမ်းလို့ကောင်းတဲ့ရာသီပေါ့ နွေမှာလည်း တစ်မျိုးလွမ်းရသလို မိုးရွာတော့လည်း တစ်မျိုးလွမ်းရပါတယ်။ - လိပ်ပြာ

မင်းကို ချစ်ခဲ့တာ ခဏတာ စိတ်ကူးမဟုတ်ဘူး... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာထိ ရောက်သွားတဲ့ ချစ်ခြင်းမျိုး။ အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ အမှတ်တရတွေ ဘယ်လောက်ပဲ ဟောင်းဟောင်း မင်းနာမည် ကြားလိုက်တိုင်း ရင်ထဲက နာကျင်မှုက အသစ်လို ပြန်ရှင်သန်လာတယ်။ ဒါကြောင့်... ငါ မမေ့နိုင်တာ မဟုတ်ဘူး။ မင်းကို ချစ်ခဲ့တဲ့ အချစ်က နက်ရှိုင်းလွန်းနေတာ။ -ကျူး

"မေ့မေ့ပျောက်ပျောက်ညနေများ- အမှတ်(၁)" အမှားပါသွားရင်ခွင့်လွတ်ပါခမျာ။