uz
Feedback
မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

Kanalga Telegram’da o‘tish

Truth, Constructive, Update

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
1 180
Obunachilar
+124 soatlar
-107 kun
+230 kun
Postlar arxiv
သြဂုတ် ၂၇ ကြာသပတေးမနက် နိုင်ငံတကာထူးခြားသတင်းမှာ - CIA ညွှန်မှုး John Ratcliffe မော်စကိုသို့ရောက်နေကြောင်း CBS သတင်းဌာနကဖော်ပြသော်လည်း ကန် နှင့် ရုရှား တို့ကနုတ်ဆိတ်နေသည် ။ ဟော်မုဇ် ၌ မိုင်းရှင်းပြီးပြီဖြစ်ကြောင်း ထပ်ထောင်လျှင် အမှုန့်ချေပစ်မည်ဟု ထရန့် ပြောဆိုမှု့ ၊ အီရန်ကလုပ်လိုက်လေ ဟု ဆိုသည်။ ဟော်မုဇ်ဖွင့်ရေး အီရန် - အိုမန် ဆွေးနွေးမှု့ပြန်စသဖြင့် ရေနံ ၁ စည် ဒေါ်လာ ၉၀ အထိကျဆင်းသည်။ တရုပ်သမ္မတ ရှီ အိန္ဒိယ သို့သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့နှင့် စီးပွားရေးသမား ၄၀၀ လိုက်ပါရန်ရှိသည်။ ပါကစ္စတန် အစ္စလန်မာဘတ် ရှိ PIMS အစိုးရ ကလေးဆေးရုံ တတိယထပ် အဲကွန်းအပူလွန်လောင်းကျွမ်း၍ မွေးကင်းစကလေးငယ် ၁၅ ဦးသေသည်။ အမေရိကန် အဆိုတော် ဒေါ်လီပါတန် ( ၈၀ နှစ်) ကွယ်လွန်၍ အလံတဝက်လွှင့်ထူခြင်း ၊ အင်ပါယာစတိတ်အဆောက်အဦကို ၎င်း၏သင်္ကေတ ပန်းရောင်မီး ဖြင့်ဂုဏ်ပြုထွန်းညှိခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုင်းရောက်မြန်မာရွှေ့ပြောင်း မိခင် များက ၂၀၂၆ အတွင်း ကလေး ၁ သိန်းကျော်မွေးခဲ့ကြောင်း ဟိတပ် ဖောင်ဒေးရှင်း အစီရင်ခံစာက ဖော်ပြသည်။ ပြည်တွင်းထူးခြားသတင်းမှာ - ရှမ်းတောင် ကဒူးကြီး ကဒူးလေး ဂွင်အခြေစိုက် PNLA သူပုန် ဒုချုပ်ဆိုသူ ဗန်ကျူ နှင့် ၄ ဦး ၊ ဦးအောင်ခမ်းထီ၏ PNO ထံလက်နက်ချသည်။ အိန္ဒိယ - မြန်မာ နယ်စပ်မျဥ်းပေါ်ရှိ AA / MDF ပူးပေါင်းစခန်း ဗုံးကြဲရှင်းလင်းခံရ၍ အသေအပျောက် များသည်။ ချောင်းဦးမြို့နယ် ရွှေဒါးကျ ကျေးရွာ ကျောင်းထိုင်ဆရာတော်နှင့် ရပ်မိရပ်ဖ ၆ ဦး PDF ဖမ်းခေါ်သတ်သည် ၊ ဆရာတော်အားမသတ်မှီ လက်သဲခွံခွာခြင်း ၊ ရေနွေးပူလောင်းခြင်း ၊ စအိုကို မုဒိမ်းကျင့်ခြင်း တို့ပြုလုပ်ခဲ့သည်။ ကျောက်ပန်းတောင်းမြို့ပေါ် ဘူတာရပ် အုပ်ချုပ်ရေးမှုး ဦးမောင်စန်း ( ၆၃ နှစ် ) လက်နက်ကိုင် PDF ၃ ဦး ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာ ဖမ်းခေါ် သတ်သည်။ လမိုင်းမြို့ ဘူတာရပ် အိမ်စီးကား ဖို့ဒ် အမဲရောင်ကို လူ ၁ ဦး သေနပ်ပြ လုယူမောင်းနှင်သွားပြီး ၎င်း၏ဆိုင်ကယ်ကို ထားခဲ့သည်။ ကော့ကရိတ်မြို့နယ် နွားခြံကုန်းရွာ ကရင်ရိုးရာ လက်ချည်ပွဲ ပစ္စည်းသွားဝယ်သူ ဆရာမ ၄ ဦး ၊ စက်လှေမှောက် ၁ ဦးသေသည်။ ယင်းမာပင် အရှေ့မြောက် နွားခြံကုန်း ၊ ကျောက်ကုန်း ၊ ကျောက်မှော် ရှိ PDF စခန်းများ တပ်စစ်ကြောင်းဝင်ရှင်းသည်။ ပုသိမ်းကြီး အုန်းချောရွာ စာသင်တိုက် အာရုဏ်ဆွမ်း လက္ဘက်ထ္မင်း ၊ ငါးဆုတ်သုတ် ၊ ငရုပ်သီးကြော် ဖြင့် ဘုန်းပေးရာမှ ၇၄ ပါး အထက်လှန်အောက်လျှောဖြစ် ၊ ဆေးရုံရောက်သည်။ ညောင်တုန်း တိုးမြစ် တာကြိုးနိုင်ခြေရှိသဖြင့် ကြိုတင်ကာကွယ်လျှက် ရှိသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး သည် နေပြည်တော်သို့ရောက်ရှိပြီး သမ္မတ နှင့်တွေ့ဆုံသည်။

ထိုင်းမြေမှာ ဗီယက်နမ် အောင်ပွဲခံပြီး Champion ဖြစ်သွားပါပြီ ၂၀၂၆ Hundai Cup ကို ဗီယက်နမ်အသင်းက ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူသွာ
+6
ထိုင်းမြေမှာ ဗီယက်နမ် အောင်ပွဲခံပြီး Champion ဖြစ်သွားပါပြီ ၂၀၂၆ Hundai Cup ကို ဗီယက်နမ်အသင်းက ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူသွားခဲ့ပါတယ်။

Audio(26.8.2026).mp339.88 MB

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် နယ်မြေလုံခြုံရေးတာဝန်များကို စွမ်းစွမ်း
+9
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် နယ်မြေလုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး အောင်ပွဲတွေအလီလီရရှိခဲ့တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ နယ်မြေခံတပ်မတော်သားတို့ရဲ့ ဩဂုတ်လ ၂၆ ရက် အိမ်အပြန်လမ်းခရီးကို တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...

စက်ရုပ်ထီးက စက်ရုပ်မတွေကနေတာကို ငမ်းရင်း စင်ပေါ်က ပြုတ်ကျမှုဖြစ်ပွား 😂😂

+2
နီပေါတွင် တောင်ကျရေ ပြင်းထန်စွာ စီးဆင်းမှုကြောင့် လူ ၉၅ ဦးထက်မနည်း သေဆုံးပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေ နီပေါနိုင်ငံ မြောက်ပိုင်း တိဘက်နယ်စပ်အနီး တောင်တန်းဒေသတွင် တောင်ကျရေများ ရုတ်တရက် စီးဆင်းလာမှုကြောင့် ဒေသခံ အနည်းဆုံး လူ ၉၅ ဦး သေဆုံးသွားခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ အပါအဝင် နိုင်ငံခြားသား ခရီးသွား ၂၉၁ ဦးနှင့် နီပေါနိုင်ငံသား ခရီးသွားများ၊ စုစုပေါင်း ၃၈၄ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ဘိုတေကိုရှီ (Bhote Koshi) နှင့် ထရီရှူလီ (Trishuli) မြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ မြစ်ကူးတံတားများ၊ ရေအားလျှပ်စစ် စက်ရုံများနှင့် လူနေအိမ်များစွာလည်း မျောပါပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။ မင်းရဲကျော်စွာ

နီပေါတွင် တောင်ကျရေ ပြင်းထန်စွာ စီးဆင်းမှုကြောင့် လူ ၉၅ ဦးထက်မနည်း သေဆုံးပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေ နီပေါနိုင်ငံ မြောက်ပိုင်း တိဘက်နယ်စပ်အနီး တောင်တန်းဒေသတွင် တောင်ကျရေများ ရုတ်တရက် စီးဆင်းလာမှုကြောင့် ဒေသခံ အနည်းဆုံး လူ ၉၅ ဦး သေဆုံးသွားခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ အပါအဝင် နိုင်ငံခြားသား ခရီးသွား ၂၉၁ ဦးနှင့် နီပေါနိုင်ငံသား ခရီးသွားများ၊ စုစုပေါင်း ၃၈၄ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ဘိုတေကိုရှီ (Bhote Koshi) နှင့် ထရီရှူလီ (Trishuli) မြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ မြစ်ကူးတံတားများ၊ ရေအားလျှပ်စစ် စက်ရုံများနှင့် လူနေအိမ်များစွာလည်း မျောပါပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။ မင်းရဲကျော်စွာ

မင်းတို့ပဒက်တွေဘဝကလဲကွာ အိမ်သာကျင်းတူးစားရင်တောင် ပိုက်ဆံရဦးမယ်..... အခုတော့ အမေဒစ်ကန်တို့ ဩဇီတို့မှာရှိတဲ့ ပြည်ပြေးကောင်တွေစ
မင်းတို့ပဒက်တွေဘဝကလဲကွာ အိမ်သာကျင်းတူးစားရင်တောင် ပိုက်ဆံရဦးမယ်..... အခုတော့ အမေဒစ်ကန်တို့ ဩဇီတို့မှာရှိတဲ့ ပြည်ပြေးကောင်တွေစကားနားယောင်ပြီး မိုက်လုံးကြီးတော့ ဗုံးခိုကျင်းတူးရင်း ဝဲစွဲနေပြီမလား....မှတ်ထား...အဲ့ဒါကို နူရာ ဝဲစွဲတယ်လို့ ခေါ်တယ်....🤣🤣 ပြည်ပြေးတွေကတော့ သန့်ပြန့်ကျော့ကော့ပြီး နေရတဲ့အချိန်မှာ မင်းတို့ကောင်တွေက ခွေးလိုနေနေရပြီး ဝဲစွဲနေတာမြင်ရတော့ စိတ်မကောင်းဘူးကွာ.... ဘယ်တတ်နိုင်မလဲ ဝဋ်ကြွေးဆိုတာ ပါလာရင် ဘယ်သူကယ်ကယ် ကယ်လို့မှမရတာပဲလေ... ဆက်တူးကြကွာ....

မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တောင်ပြုံး ဆုတေ
+9
မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တောင်ပြုံး ဆုတောင်းပြည့်- ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနဲ့ တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ဩဂုတ်လ ၂၁ ရက်မှ ၂၈ ရက်အထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများဖြင့် ကြက်ပျံမကျ စည်ကားများပြားနေတဲ့ မြင်ကွင်းပုံရိပ်များ...

တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လ
+3
တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲမှ လာရောက်ဂါရဝပြုတွေ့ဆုံ ================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြား‌ရေးဝန်ကြီး H.E.Mr. Le Hoai Trung  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက ယနေ့ ဩဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က အဆွေတော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် အဆွေတော်သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သို လာရောက်ဂါရဝပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြား‌ရေးဝန်ကြီးက ပြောကြားသည်။

နေပြည်တော်၊ ဩဂုတ် ၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ သံဃာတော်အပါး
+2
နေပြည်တော်၊ ဩဂုတ် ၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ သံဃာတော်အပါး ၇၀ ကျော် ယနေ့ နံနက်ပိုင်းအချိန်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ မှ သိရသည်။

ရွှေကူ ကသာ ဗန်းမော်ဖက်သွားနေတဲ့စစ်သင်္ဘောတွေကိုဘယ်လိုအကာအကွယ်ပေးပြီးလိုက်သုတ်နေတာလည်းကြည့်ကြပေါ့။လတ်တလော ဂွေတက်အောင်ကတဲ့အညာထန်းသီးPDFတွေလည်းလက်တွေ့သင်ခန်းစာရသွားပြီ။KIAဂျင်းပေါတွေကတော့ပြေးတဲ့သူ၊ပုန်းတဲ့သူပိုများတယ်ခဏခဏခံစားဖူးနေလို့လေ။ နေပြည်တော်

ရေပြန်ကျသွားသဖြင့် ဟင်္သာတ-တလုတ္ထော်-လဟာပ-စာရေးကွင်း လမ်းပိုင်းတွင် ယာဉ်အလတ်များ အဆင်ပြေစွာ သွားလာနိုင်ပြီ ===== ဧရာဝတီတိုင်း
+2
ရေပြန်ကျသွားသဖြင့် ဟင်္သာတ-တလုတ္ထော်-လဟာပ-စာရေးကွင်း လမ်းပိုင်းတွင် ယာဉ်အလတ်များ အဆင်ပြေစွာ သွားလာနိုင်ပြီ ===== ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်သို့ လာရောက်ကြမည့် အလှူရှင်များအတွက် ဟင်္သာတ-တလုတ္ထော်-လဟာပ-စာရေးကွင်း လမ်းမကြီးတစ်လျှောက် ရေပြန်ကျဆင်းသွားပြီဖြစ်သဖြင့် ဩဂုတ် ၂၅ ရက်မှစတင်၍ ယာဉ်အလတ်များ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သတင်းအချက်အလက်စင်တာများထံမှ သိရသည်။ ယခင်က ၆ ဘီးယာဉ်များဖြင့်သာ သွားလာနိုင်ခဲ့သော်လည်း ရေကျသွားသည့်အတွက် ယခုအခါ 4 Wheel ယာဉ်များနှင့် ယာဉ်အလတ်များပါ တိုက်ရိုက် မောင်းနှင်နိုင်ပြီ ဖြစ်သည်။ ရေကျပြီးနောက် လမ်းမကြီးပေါ်တွင် ကျန်ရစ်ခဲ့သည့် အမှိုက်နှင့် အညစ်အကြေးများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့က ရှင်းလင်းသိမ်းဆည်းပေးခဲ့သဖြင့် လမ်းပိုင်းမှာ သန့်ရှင်းသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာတွေ မညံ့ကြပါဘူး.... မြန်မာလူငယ်တစ်ဦး တီထွင်ထားတဲ့ စက်ရုပ်တဲ့ဗျာ။ လန်းတယ်။ Body ပိုင်းကို ဒီထက် ကောင်းအောင်ထုတ်လုပ်နိုင်မယ်ဆိုရင် ပိုလန်းသွားမယ်ထင်တယ်.... ဒီလိုလူမျိုးတွေကို support လုပ်သင့်တယ်။

သဘောကျတဲ့ သက်ဦးဆံပိုင် ======================             သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်တွေထဲမှာ သဘောကျတဲ့ ဥပဒေတွေ တွေ့ရတယ်ဗျ ။ " အခွန်ကောက်သောသူသည် ပြည်သူအပေါ် ပြန်လည်၍ မစောင့်ရှောက်ပဲ သစ်သီးစားပြီး ပျံသွားသော ငှက် ကဲ့သို့ ကျင့်သော် သတ်စေ ''        ဆိုတဲ့ အမိန့်က အတော်သဘောကျဖို့ ကောင်းတယ်ဗျ ။ မြို့စား ရွာစားတွေက အခွန်ကောက်ပြီး မြို့ရွာ တည်ငြိမ်အေးချမ်းအောင် အားမထုတ်ရင် သေဒဏ်လို့ ဥပဒေပြဌာန်းလိုက်တာပဲ ဗျ ။          နောက်တခုလည်း ကောင်းတာပဲ ။ အဲဒီဥပဒေကြောင့် မြင်းခြံမြို့ ဆိုပြီး ဖြစ်လာရတာဗျ ။ လူသတ်မှုဖြစ်ရင် အပိုင် သူကြီးက လူသတ်သမား ဖော်ထုတ်ပေးရတယ် ။ မဖော်ထုတ်နိုင်ရင် သေသူရဲ့ မိသားစုကို သူကြီးက ငွေ ၆ ပိဿာ လျှော်ရတဲ့ ဥပဒေရှိတယ် ။ ငွေ ၆ ပိဿာဆိုတာ လယ်ဧက ၁၀၀ ဝယ်လို့ ရတဲ့ခေတ်နော်....          မြင်းခြံရဲ့ တောင်ဖျားမှာ စွန်းလွန်းရွာ ( ယခု အမှတ် ၁၉... စွန်းလွန်းဆရာတော်ကြီးကိုတော့ သိကြပါလိမ့်မယ်) ၊ မြောက်ဖျားမှာ မန်ကျည်းပင်စုရွာ ( ယခု အမှတ် ၁ ရပ်ကွက်) ရှိပါတယ် ။ ရွာ ၂ ရွာကြား လူသတ်မှု ဖြစ်တော့ သူကြီး ၂ ယောက်လုံးက ငါ့ ပိုင်နက်မဟုတ်ဖူး ငြင်းကြပါရော ။ ဘုရင်က မြေတိုင်းစာရေး လွှတ်လိုက်တယ် ။          သူကြီး ၂ ယောက်က ငါ့ထဲ မပါအောင် တိုင်းပါဆိုပြီး ငွေ ၂ စီ ပိဿာပေး လာဘ်ထိုးကြပါရော ။ မြေတိုင်းစာရေးက လူလည်ဆိုတော့ ၂ ယောက်လုံးဆီက ငွေယူပြီး ပလပ်မြေပါ ဘုရားဆို လုပ်ချလိုက်ရော ။ ဥပဒေအရ ပလပ်မြေဆိုရင် ဘုရင်က ၆ ပိဿာလျှော်ရမယ် ။ ဘုရင်ခေါင်းကိုက်ရပြီပေါ့....          ဒါပေမယ့် ဧရာဝတီမြစ်ဘေးက ရေပုလဲရွာဆိုတာ မြစ်ရေတိုက်စားလို့ ရွာတခြမ်းကုန်နေပြီ ။ ရေပုလဲဆိုတာ နာမည်ကျော် ယောမင်းကြီး ရွာပေါ့ ။ ရေပုလဲသူကြီးက ဘုရင့်ဆီ လျှောက်လွှာတင်တယ်... အဲဒီ ပလပ်မြေမှာ သူ့ရွာတည်ပါရစေ ငွေ ၆ ပိဿာလည်း သူလျှော်ပါ့မယ်ပေါ့ ။        ဘုရင်လည်း ဝမ်းသာသွားတာပေါ့ အဲဒီခေတ်တုန်းက ပလပ်မြေဆို အကွက်ရိုက်ရောင်းစားဖို့ အကြံအဖန်လည်း မလုပ်တတ်ကြသေးဘူးကိုးဗျ ။ ဒါနဲ့ OK ယူစေဆိုပြီး ပါမစ် ပေးလိုက်ပါရော ။ ကဲ ဒီနေရာကို ရေပုလဲလို့တော့ နာမည်မပေးနဲ့ ဟိုမှာလည်း ရေပုလဲ တခြမ်းက ကျန်သေးတယ် ဆိုတော့ နာမည်စဥ်းစားတယ် ။       သိပ်ကြာကြာ မစဥ်းစားပါဘူး မျဥ်းသား တိုင်းထွာရင်း ကျန်နေတဲ့ နေရာမို့ မျဥ်းကျန် ဆိုပြီး နာမည်ပေးလိုက်သတဲ့... ကာလရွေ့လျှားတော့ မြင်းခြံဆိုပြီး ဖြစ်လာတာပါပဲ ။ အဲဒီတုန်းက သူကြီးနေအိမ်က ဇေယျသုခ ဇာတ်ရုံ နေရာပဲဗျ ။       အင်း.. ပဒေသရာဇ် ခေတ်က ဒီ ဥပဒေ ၂ ခုသာ ပြန်လည် အသက်သွင်းပြီး ပြည်သူကို ကာကွယ်ပေးလိုက်ရင်တော့....😂😂😂 ကျုပ်တော့ တွေးရဲပေါင်ဗျာ 😁😁😁         ကိုရွှေမျိုးဝင်း

မိုးကုတ်နဲ့ နောင်ချိုဘက်မှာ မိုးရွာနည်းသွားတာကြောင့် ဆည်တော်ကြီး ရေလှောင်တမံထဲ ရေဝင်တာလည်း နည်းသွားပြီဖြစ်ပါတယ်။ ဩဂုတ် ၂၅ ရက်
မိုးကုတ်နဲ့ နောင်ချိုဘက်မှာ မိုးရွာနည်းသွားတာကြောင့် ဆည်တော်ကြီး ရေလှောင်တမံထဲ ရေဝင်တာလည်း နည်းသွားပြီဖြစ်ပါတယ်။   ဩဂုတ် ၂၅ ရက်နေ့ ရေမှတ်အရ ၄၁၃.၈ ပေ ရှိနေပြီး ရေပြည့်ဖို့ ၅.၇ ပေ ကျန်သေးတာကြောင့် လက်ရှိမှာ တမံကနေ ရေလျှော့ထုတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။   ဆည်မြောင်းဌာနဘက်ကလည်း လျှပ်စစ်ထုတ်ဖို့နဲ့ စိုက်ပျိုးရေ ပေးဖို့အတွက်ပဲ အဓိက သုံးစွဲနေတာဖြစ်ပြီး ရေဝင်ရောက်မှုကို သေချာ ထိန်းညှိထားတယ်လို့ သိရပါတယ်။   လိုင်းပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းမှားတွေကြောင့် ပြည်သူတွေ စိုးရိမ်စရာ မလိုဘဲ တမံအခြေအနေ မှန်သမျှကို "ဆည်တော်ကြီးရေလှောင်တမံနှင့် ရေသောက်စနစ်" ဆိုတဲ့ Facebook Page ကနေ အချိန်နဲ့အမျှ တရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။   ကျော်ကြီး

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏အားသာချက်များကို ပေါင်းစပ်၍ နိုင်
+3
ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ================= ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ၂၅ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္တအကြ
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္တအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

ကျောက်ပန်းတောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆိုင်ကယ်ဖြင့်လာသည့် PDF ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွား မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ပေါ် ဘူတာရပ်ကွက်အတွင်းသို့ ယနေ့ ဩဂုတ် ၂၅ ရက် ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသည့် အမျိုးသား ၃ ဦးက ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းအရ သိရသည်။ ကနဦးသတင်းအရ အဆိုပါအမျိုးသား ၃ ဦးမှာ PDF အဖွဲ့ဝင်များဖြစ်သည်ဟု သတင်းရရှိထားပြီး ဦးမောင်ဆန်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ၎င်းတို့နောက်သို့ လိုက်လံရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။