"ဝေဟင်ပေါ်က ပြိုင်ဘက်များ"အတွဲ ၂ (၂၀၂၆)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
242
Obunachilar
+224 soatlar
+37 kun
+1330 kun
Postlar arxiv
Repost from N/a
"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲကျွန်း" (၂၀၂၆) အပိုင်း (၂) ၇၂၀
Repost from N/a
"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲကျွန်း" (၂၀၂၆) အပိုင်း (၂) ၁၀၈၀
Chompoo_ Lost & Forgotten (2026)
"တရားခံက ဘယ်သူလဲဆိုတာထက်... လူ့အသိုင်းအဝိုင်းရဲ့ စိတ်နေစိတ်ထားက ဘယ်လောက်တောင် ဖောက်ပြန်နေသလဲဆိုတာ မြင်ရမယ့် အမှန်တရား"
True Crime ဇာတ်ကားကောင်းတွေ ရှာနေတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ်မှာ အသစ်စက်စက် ထွက်ရှိထားတဲ့ ထိုင်းဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ နက်ဖလစ်ထွက် Chompoo: Lost & Forgotten ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအစကတော့ ၂၀၂၀ ခုနှစ် မေလတုန်းက ထိုင်းနိုင်ငံ မุဒါဟန်နယ်က ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ ချွန်ပူးလို့ခေါ်တဲ့ အသက် (၃) နှစ်အရွယ် မိန်းကလေးတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားရာကနေ စတင်ပါတယ်။
ရှာဖွေရေးအဖွဲ့တွေက သူ့ရဲ့အလောင်းကို အိမ်နဲ့ ကီလိုမီတာအနည်းငယ်ဝေးတဲ့ တောင်ကုန်းပေါ်မှာ ရက်အနည်းငယ်အကြာမှ ရှာတွေ့ခဲ့ကြတယ်။ အမှုက ရိုးရှင်းမလိုနဲ့ ရှုပ်ထွေးနေပြီး ရဲတွေအနေနဲ့ ချက်ချင်းအဖြေရှာမရဘဲ အခက်တွေ့နေချိန်မှာတော့ ပြည်သူတွေနဲ့ မီဒီယာတွေကြားမှာ ထင်ကြေးပေးမှုတွေ အကြီးအကျယ် ထွက်ပေါ်လာပါတော့တယ်။
စုံစမ်းစစ်ဆေးမှုတွေ ကြန့်ကြာလာတာနဲ့အမျှ မီဒီယာတွေရဲ့ အာရုံစိုက်မှုက သေဆုံးသူလေးရဲ့ ဦးလေးဖြစ်သူ ချိုင်ဖုန် "ဦးလေးဖုန်" ဝီဖာ ဆီကို ရောက်သွားပြီး သူဟာ ဒီအမှုရဲ့ အဓိက သံသယရှိသူ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ရဲ့ အထိတ်လန့်စရာအကောင်းဆုံးအပိုင်းက အခုမှစတာပါ။ အဓိက သံသယတရားခံဖြစ်တဲ့ ဦးလေးဖုန်ဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံရမယ့်အစား ဆိုရှယ်မီဒီယာပေါ်မှာ ဧရာမအောင်မြင်မှုတွေ ရရှိသွားပြီး တစ်ဖက်က ချွန်ပူးလေးရဲ့အဖေနဲ့အမေဟာ ဆိုရှယ်မီဒီယာတစ်ခွင်မှာ တစ်ဖက်သတ် တိုက်ခိုက်ခံရတော့တာပါပဲ။
သူဟာ YouTube ကနေ ငွေတွေရှာနိုင်ခဲ့သလို၊ Music Video တွေမှာတောင် ပါဝင်သရုပ်ဆောင်လာရတဲ့အထိ နာမည်ကြီး ဆယ်လီတစ်ယောက်လို အဆင့်အတန်းမျိုး ရရှိသွားခဲ့ပါတယ်။
ကလေးငယ်တစ်ယောက်ရဲ့ အသက်ဆုံးရှုံးမှုနောက်ကွယ်က အမှန်တရားဟာ ဘာလဲ။ မီဒီယာတွေနဲ့ လူထုရဲ့ အာရုံစိုက်မှုတွေကြားမှာ သံသယတရားခံတစ်ယောက်က ဆယ်လီဖြစ်သွားတဲ့ ဆိုရှယ်မီဒီယာခေတ်ရဲ့ အမှောင်ခြမ်းကို စိတ်ဝင်စားဖွယ် ဖော်ထုတ်တင်ဆက်ထားတဲ့ ဒီ Documentary ကို True Crime Fan တွေ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
Channel link 🔗
https://t.me/MandS002
ဇာတ်ကား link 🔗
https://t.me/MandS002/373
Gone (2026)
ဗွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဘန်ကောက်မှာကျောင်းပြီးတဲ့နောက် ကျန်းမာရေးမကောင်းတဲ့အဘွားကိုပြုစုဖို့ အမေ့ရွာကိုပြန်လာခဲ့ပါတယ်။
မင့်ဟာ နာမကျန်းဖြစ်နေတဲ့အမေကိုပြုစုကုသရင်း ပထွေးဖြစ်သူ"ထိမ်"နဲ့နေရတာပါ။ မင့်ရဲ့အမေဟာ အကြောင်းအရင်းရှာမရတဲ့ရောဂါကြောင့် ညဆိုကယောင်ကတမ်းတွေမြင်ရတဲ့အပြင် တင်မ်ဆိုတဲ့သူရဲ့နာမည်ကို တသသရွတ်နေတတ်ပါတယ်။
တနေ့မှာ အဘွားရပ်ဟာ မင့်နဲ့စကားပြောနေရင်း နောက်တနေ့မနက်မှာပဲ အသတ်ခံလိုက်ရပါတယ်။ လူသတ်တရားခံရှာမတွေ့တဲ့အပြင်ကိုမှ ရွာမှာလည်း တနေ့တခြား လူသေအလောင်းတွေတိုးတိုးလာပါတယ်။ ဗွေးဟာ သေဆုံးသူအိမ်ထံ ထပ်မံသွားခဲ့ရာ မသင်္ကာစရာပစ္စည်းတစ်ချို့ကိုတွေ့ပြီး သူကြီးဆီသွားပြောပါတော့တယ်။ ဒီမသင်္ကာစရာအမှုတွေထဲဝင်ပါမိတဲ့ ဗွေးတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ တကယ့်အမှန်တရားကဘာလဲ။ တကယ်ပဲလူတွေပြောနေကြသလို သရဲကြောင့်လား။ ရွာမှာတကယ်လူသတ်သမားရှိနေရဲ့လားဆိုတာအပြင် "မင့်"ရဲ့အမေကရော ဘာကြောင့်အမြဲနေမကောင်းဖြစ်နေရတာလဲ။ ဒီမသင်္ကာစရာကိစ္စတွေအားလုံးရဲ့ နောက်ကွယ်ကအမှန်တရားဟာ ဘာများဖြစ်နေလိမ့်မလဲဆိုတာကို ခြောက်ခြားစရာကောင်းအောင် ကြည့်ရှူရမှာပဲဖြစ်ပါတယ်
https://t.me/MandS002
ဇာတ်ကား link 🔗
https://t.me/MandS002/372
Repost from N/a
"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲကျွန်း" (၂၀၂၆) အပိုင်း (၁) ၇၂၀
Repost from N/a
"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲကျွန်း" (၂၀၂၆) အပိုင်း (၁) ၁၀၈၀
Repost from N/a
"အလွမ်းသင့်ပင်လယ် နှင့် ချစ်ခြင်းဖွဲ့ကျွန်း"
မိသားစု စီးပွားရေးလုပ်ငန်းကို ဆက်ခံဖို့ထက် ကမ္ဘာအနှံ့က ဆန်းကြယ်တဲ့ အရာတွေကို ရှာဖွေရတာကို ပိုမြတ်နိုးတဲ့ သူဌေးသမီးလေး "ဖလဲဝါ" ကတော့ အဘိုးဖြစ်သူ စီစဉ်ပေးတဲ့ မင်္ဂလာပွဲကနေ ထွက်ပြေးလာခဲ့ပြီး သူ့ရဲ့ စိတ်ထဲမှာ အမြဲစွဲထင်နေတဲ့ "ကြယ်တာရာပင်လယ်" ဆိုတဲ့ ပဟေဠိဆန်တဲ့ နေရာကို ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။
သူ့အဘိုးရဲ့တပည့်တွေ ဖမ်းဆီးနေတဲ့ရန်က လွတ်အောင် သင်္ဘောတစ်စီးပေါ် ခိုးဝင် ပုန်းအောင်းရင်း မတရားစွပ်စွဲခံရပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သင်္ဘောကပ္ပတိန်ဟောင်း "ချလန်း" နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။
သူ့ကို လှည့်ဖြားပြီး လိမ်ခေါ်လာတာလို့ အထင်လွဲပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပင်လယ်ထဲ ပြုတ်ကျပြီး သတိရလာချိန်မှာတော့ သူသွားချင်နေတဲ့ကျွန်းပေါ်ကို ရောက်ရှိနေခဲ့ပါပြီ။ အဲဒီကျွန်းမှာဆက်နေဖို့အတွက် ဖလဲဝါက အတိတ်မေ့ချင်ဟန်ဆောင်လိုက်ပါတော့တယ်
လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ ကျွန်းမှာ အတိတ်မေ့ချင်ဟန်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ အတိတ်ဒဏ်ရာတွေပြည့်နေတဲ့ သင်္ဘောကပ္ပတိန်တို့ရဲ့ ပင်လယ်ပြာပြာ ကျွန်းလေးတစ်ကျွန်းနဲ့ စတင်ခဲ့တဲ့ မမျှော်လင့်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေ...
အချစ်ကို မယုံကြည်တော့တဲ့ သူနဲ့ အချစ်ရေးကို ရှောင်ပြေးနေတဲ့ သူတို့နှစ်ယောက်ဟာ ကံကြမ္မာကြောင့် တစ်ကျွန်းတည်းမှာ ဆုံမိသွားတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ အချစ်က ပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်မလား
ဒါမှမဟုတ် ကျွန်းလေးက သူတို့ရဲ့နှလုံးသားကို နာကျင်စေမယ့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ပေးမလားဆိုတာ... စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် ကျွန်းထက်က အချစ်ဇာတ်လမ်းလေးကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ စောင့်မျှော်ကြည့်ရှုကြပါဦးရှင့်
https://t.me/lakorn_n1
အပိုင်း ၁
၁၀၈၀
https://t.me/lakorn_n1/7
၇၂၀
https://t.me/lakorn_n1/8
ဆက်ရန်........
