"ဝေဟင်ပေါ်က ပြိုင်ဘက်များ"အတွဲ ၂ (၂၀၂၆)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
256
Obunachilar
+824 soatlar
+147 kun
+1630 kun
Postlar arxiv
Pee.Nak-5 (2026)
"နော့ ချစ်တဲ့သူတိုင်း... သေရမယ်" ဆိုတဲ့ ချောက်ချားစရာကောင်းတဲ့ ဒီ quote လေးနဲ့ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ Pee Nak 5 ထွက်ရှိလာပါပြီနော်။
Pee Nak (ရှင်လောင်းသရဲ) ဇာတ်ကားထုံးစံအတိုင်း သွေးပျက်အောင်ကြောက်စရာကောင်းသလို သေးထွက်အောင် အူတက်ရယ်မောရတဲ့ ဟာသနဲ့ အကြောက်တရားကို အချိုးညီညီ ပေးစွမ်းနိုင်တဲ့ နာမည်ကြီး ထိုင်းသရဲကားစီးရီးဟာ အခု အပိုင်း ၅ အထိရောက်လာပါပြီ။
ရှေ့ကားမှာတုန်းက အငြိုးကြီးလှတဲ့ Nak Tinn သရဲကို အနိုင်ယူနှိမ်နင်းနိုင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ သံသရာလည်နေတဲ့ ကလဲ့စားချေမှု ကျိန်စာတစ်ခု ထပ်ရောက်လာပြန်ပါပြီ။
ဒီတစ်ခါမှာတော့ ကျွန်တော်တိုရဲ့ အချစ်တော်တွေဖြစ်တဲ့ Balloon, First နဲ့ Tho Min Jun တို့ကို Nak သရဲအသစ်က လိုက်လံခြောက်လှန့်ပါတော့တယ်။
အရင်လိုပဲ ပြေးရ၊ လွှားရ၊ အော်ရမယ့် အချိန်မှာ နော့က အချိန်မီရောက်လာပြီး သူတို့ကို ကယ်တင်ပေးခဲ့ပေမယ့် တကယ့်အကျပ်အတည်းက အဲဒီကမှ စတာပါ။
ဒီသရဲအသစ်က နော့ကို တိုက်ရိုက်ရန်မရှာဘဲ နော့ချစ်တဲ့သူ၊ သံယောဇဉ်ရှိတဲ့ သူတိုင်းကို လိုက်သတ်ဖို့ ပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။
နော့ တစ်ယောက် သူ့အချစ်ရဆုံးသူတွေကို ဘယ်လိုကာကွယ်မလဲ? Balloon တို့အဖွဲကရော ဒီကြောက်စရာကောင်းတဲ့ သရဲရဲ့ ဇာစ်မြစ်ကို ဘယ်လိုရှာဖွေကြမလဲ ဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။
Pee Nak စီးရီးတွေရဲ့ ထုံးစံအတိုင်း ရယ်ရ၊ ကြောက်ရနဲ့ အသက်ရှူမှားလောက်အောင် ကောင်းမယ့်ကားဆိုတာ အသေအချာပါပဲ။
ဒီတစ်ခါမှာရော သရဲပဲဘဝကူးမလား အချော် ၃ ယောက်ဦးဆောင်တဲ့ ပေါက်ကရလေးဆယ်အဖွဲ့ပဲ ဘဝပြောင်းမလားဆိုတာ ရှုစားလိုက်ကြပါဦး။
Channel Link 🔗
https://t.me/MandS002
ဇာတ်ကား link 🔗
1080
https://t.me/MandS002/275
720
https://t.me/MandS002/276
