Our President 🇲🇲
Kanalga Telegram’da o‘tish
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
216
Obunachilar
Ma'lumot yo'q24 soatlar
-27 kun
-230 kun
Postlar arxiv
Repost from PPIB.Official
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂)
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ဩဂုတ် ၁၈ ရက်နေ့၌ ဆောင်ရွက်ခဲ့သည့် အရေးပါသည့် လှုပ်ရှားမှုများ၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from Dr Khaing Khaing Soe
မြန်မာ-ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍစုံဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၈ နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းနိုင်ခဲ့မှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင်လည်း အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး သဘောထားဖလှယ်ခဲ့ကြပါသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် လက်ရှိကုန်သွယ်မှုပမာဏကို တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းပါဝင်နိုင်ရေး၊ ဆိပ်ကမ်းနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
စွမ်းအင်ကဏ္ဍ၌ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG တင်သွင်းအသုံးပြုရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအပြင် နှစ်နိုင်ငံအကြား လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ဆက်လက်ဖော်ဆောင်သွားရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
နည်းပညာကဏ္ဍတွင် High-Tech နည်းပညာများ၊ Digital နည်းပညာနှင့် Cyber Security အပါအဝင် ခေတ်မီနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နည်းပညာလွှဲပြောင်းမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ဆုနှင့် သင်တန်းအခွင့်အလမ်းများ ပိုမိုရရှိရေး၊ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးတို့ကို ဆောင်ရွက်ကာ အာကာသနည်းပညာကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့အသုံးချနိုင်ရန် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အတူ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဖလှယ်မှုများ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံရှိ ရုရှား Orthodox ခရစ်ယာန်ဘာသာတို့နှင့် ဆက်စပ်သည့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်သွားရန် သဘောထားဖလှယ်ခဲ့ကြပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ရုရှားဆက်ဆံရေးကို ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုမြှင့်တင်နိုင်ရန် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍများတွင်ပါ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည့် မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေး
August 18th
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
#Our
#SittNaing
မြန်မာ-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်မည်
August 18th
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအပြင် စွမ်းအင်ကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းကို နှစ်နိုင်ငံအကြား အဓိကစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ဆက်လက်အကောင်အထည်ဖော်ရေး၊ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးနှင့် ဆက်စပ်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ရုရှားအရှေ့ဖျားဒေသမှ LNG တင်ပို့ပေးနိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ရုရှားကုမ္ပဏီများ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ရုရှားဘက်ကလည်း အဆိုပါကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
အလားတူ မဟာဗျူဟာအရ အချက်အချာကျသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရုရှားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာဒေသတို့ကို ချိတ်ဆက်ပေးနိုင်သည့် အချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ထားဝယ်ဒေသအပါအဝင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်အခြေခံအဆောက်အအုံနှင့် ထားဝယ်ဒေသဆိုင်ရာ စီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍကို မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်ကဏ္ဍတစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
#Our
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု (မှတ်တမ်း)
#PPIB
#Our
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဩဂုတ် ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကရင်မလင်နန်းတော်သို့ ရောက်ရှိလာရာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
#Our
Repost from Dr Khaing Khaing Soe
+2
မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး
မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့ပါသည်။ နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့ပါသည်။
Repost from PPIB.Official
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု
နေပြည်တော်၊ ဩဂုတ် - ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်(ပထမရက်) ရုပ်သံမှတ်တမ်း
#HOS
#Our
သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အစိုးရအဖွဲ့ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာသည့်မြင်ကွင်း
#HOS
#Our
Repost from Dr Khaing Khaing Soe
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့ပါသည်။
မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ Maxim Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံသံတမန်ရေးရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတအား ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုလည်း ခံယူခဲ့ပါသည်။
ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
တွေ့ဆုံမှုများတွင် မြန်မာ-ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
Repost from Dr Khaing Khaing Soe
+1
မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
Repost from Dr Khaing Khaing Soe
+3
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ဇွန်လအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
Repost from Dr Khaing Khaing Soe
+3
မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ
နေပြည်တော်၊ ဩဂုတ် ၁၇
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။
Repost from PPIB.Official
President U Min Aung Hlaing Departs for Official Visit to the Russian Federation
Nay Pyi Taw, August 17
At the invitation of His Excellency Mr. Vladimir Putin, President of the Russian Federation, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, led a high-level Myanmar delegation in departing Nay Pyi Taw Airport by a special flight this morning for an official visit to the Russian Federation.
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ
နေပြည်တော်၊ ဩဂုတ် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from Dr Khaing Khaing Soe
ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော
နေပြည်တော်၊ ဩဂုတ် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ -
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။
မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
