uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Our President 🇲🇲

Our President 🇲🇲

Kanalga Telegram’da o‘tish

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
216
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-230 kun
Postlar arxiv
နိုင်ငံတော်သမ္မတ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မ
နိုင်ငံတော်သမ္မတ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှု၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေးနှင့် အဆောက်အအုံများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ နိုင်ငံတော်သမ္မတက စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို စနစ်တကျစိစစ်ရွေးချယ်ရေး၊ ဒေသခံနည်းပညာဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ စီမံကိန်းနယ်နိမိတ်များ စနစ်တကျသတ်မှတ်ထိန်းသိမ်းရေးနှင့် ကျူးကျော်ဆောက်လုပ်မှုများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရတနာပုံမြို့သစ်ဆက်သွယ်ရေးစခန်းရှိ Incubation Center အဆောက်အအုံနှင့် စီမံကိန်းဧရိယာအတွင်းရှိ စက်ရုံများ၊ အိမ်ရာများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ #Our

ပိုးစာပင် စိုက်ပျိုးမှုတိုးမြှင့်မှ ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်မည် ပိုးချည်လုပ်ငန်း ဖွံ့ဖြို
ပိုးစာပင် စိုက်ပျိုးမှုတိုးမြှင့်မှ ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်မည် ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံးက ပိုးစာပင် စိုက်ပျိုးမှု တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ တစ်ခုတည်းသော အစာက ပိုးစာရွက်ဖြစ်တဲ့အတွက် ပိုးစာရွက် လုံလောက်မှသာ ပိုးမွေးမြူရေးကို တိုးချဲ့နိုင်မှာဖြစ်ပြီး၊ ပိုးချည်ထုတ်လုပ်မှုကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကမ္ဘာ့ပိုးစာမျိုးစိတ်တွေထဲက မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်မျိုး စုစုပေါင်း မျိုးကွဲ (၁၃) မျိုးကို ထိန်းသိမ်းထားရှိပြီး၊ စီးပွားဖြစ် စိုက်ပျိုးရာမှာတော့ မြန်မာရွက်ကြီး၊ BR-60၊ S-28 နဲ့ KSS ဆိုတဲ့ ပိုးစာမျိုး (၄) မျိုးကို အဓိက အသုံးပြုနေပါတယ်။ အဲဒီမျိုးတွေထဲမှာ BR-60 မျိုးဟာ တစ်ပင်ကို တစ်နှစ်အတွင်း ပိုးစာရွက် (၁၀) ပေါင်အထိ ထွက်ရှိနိုင်သလို၊ S-28 နဲ့ KSS မျိုးတွေကလည်း အရွက်ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် ပိုးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဖို့ သင့်တော်တဲ့မျိုးတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်တွင်းက ပိုးချည်နဲ့ ပိုးထည်လိုအပ်ချက် မြင့်တက်လာသလို အရည်အသွေးကောင်းတဲ့ မြန်မာ့ပိုးချည်ကို ပြည်ပဈေးကွက်ကလည်း စိတ်ဝင်စားမှု ပိုများလာပေမယ့် ကုန်ကြမ်းပိုးအိမ်နဲ့ ပိုးချည်ထုတ်လုပ်မှုက လိုအပ်ချက်အတိုင်း မလိုက်နိုင်သေးတာကြောင့် ပိုးစာစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ပြင်ဦးလွင် ပိုးချည်စက်ရုံကို သွားရောက်စစ်ဆေးစဉ် ပိုးမွေးမြူထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် သုတေသနလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ဖို့၊ အရည်အသွေးနဲ့ ထုတ်လုပ်မှုပမာဏ နှစ်ခုစလုံးကို မြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်တဲ့ ပိုးချည်လုပ်ငန်းတစ်ခု ဖြစ်လာအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေး မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ဆီသပြေနှင့် ခါတော်မီ စုစုပေါင်း သစ်မျိုး(၈)မျိုး၊ ပျိုးပင်ပေါင်း(၃၀၀၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေး #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး - မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ် ဖောက်လုပ်နေသည့် လုပ် ငန်းခွင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး -ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း သို့ ရောက်ရှိစစ်ဆေး - ပိုးချည်စက်ရုံ (ပြင်ဦးလွင်)သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ ၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စက်ရုံဆိုင်ရာလိုအပ်ချက် များကို ရှင်းလင်းတင်ပြခဲ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားသို့ တ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက် လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်ရွယ်၍ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။ Read More » PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို့၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေး မှာကြား သမိုင်းကြောင်းစဉ်လာကောင်းများဖြင့် ပြည့်စုံပြီး တန်ဖိုးကြီးမားလှသည့် ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ရေခံမြေခံနှင့် ဝိသေသဂုဏ်ပုဒ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားကြရမည် #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို့၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးမှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို့၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သမိုင်းကြောင်းစဉ်လာကောင်းများဖြင့် ပြည့်စုံပြီး တန်ဖိုးကြီးမားလှသည့် ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ရေခံမြေခံနှင့် ဝိသေသဂုဏ်ပုဒ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း ထည့်သွင်း‌ပြောကြားခဲ့သည်။ #HOS

ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ နိုင်ငံတော်သမ္မတရုံး၏ ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ထူးခြားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများ မရှိသေးပါဘူး။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀.၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉.၈၀ ရာခိုင်နှုန်းရှိပြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီး ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိပါတယ်။ ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မည့် ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ် ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြင်ဦးလွင်လေဆိပ်ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ လေဆိပ်ဖွင့်လှစ်ခြင်းသည် အစိုးရ၏ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော်မှုများအနက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ ချယ်ရီမြို့တော်၊ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နှင့် ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းရိုးမဒေသတို့ကို ခရီးသွားလုပ်ငန်းကွန်ရက်ဖြင့် ပိုမိုချိတ်ဆက်ပေးနိုင်မည်ဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ပြင်ဦးလွင်လေဆိပ်သည် တစ်ရက်လျှင် ခရီးသွား (၁,၀၀၀) ခန့် ဝင်ရောက်ထွက်ခွာနိုင်သည့် စွမ်းရည်ဖြင့် တည်ဆောက်ထားပြီး ခရီးသည်များအတွက် နားနေဆောင်များ၊ ဝန်ဆောင်မှုအဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းတို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားပါသည်။ ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည့်အပြင် ပြင်ဦးလွင်နှင့် ရှမ်းရိုးမဒေသတို့အကြား ခရီးသွားကွန်ရက် ပိုမိုခိုင်မာလာကာ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့လာပြီး ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစား၍ သီလဝါ SEZ ကို ဆောင်ရွက်နေ သီလဝါအထူးစီးပွားရေးဇုန် (SEZ) နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် စီမံဆောင်ရွက်မှုများမှာ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်ဟာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း အထူးအလေးထားပြီး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီလဝါ SEZ အတွင်းရှိ ဂျပန်အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိစေရေး၊ ကုန်ကြမ်းတင်သွင်းမှုလိုင်စင်များကို ဦးစားပေးစိစစ်ခွင့်ပြုပေးရေးနှင့် One-Stop Service (OSS) ကို အပြည့်အဝ ဆက်လက်လည်ပတ်ပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်နေပါတယ်။ SEZ အတွင်းရှိ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များကိုလည်း လက်ရှိကုန်သွယ်မှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံသူကုမ္ပဏီများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရေးကို အခြေခံ၍ ဦးစားပေးကဏ္ဍနှင့် ပစ္စည်းအမျိုးအစားအလိုက် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းဆိုတဲ့ သဘောမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွား နှစ်ဖက်စလုံးကို မျှတစွာ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံ
+7
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်စေရေးသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်နှင့် သတ်မှတ်ထားသည့် ၅ နှစ်အတွင်း အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်းကြောင်းတွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ #Our

photo content
+3

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီ
+3
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရ အရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားသည့် ကာလအတွင်းရာနှုန်းပြည့်ပြီးစီးမှုရှိစေရေးသက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် နေပြည်တော် ၊ ဇူလိုင် -၉ President U Min Aung Hlaing delivers address at the Coordination meeting on India-Myanmar-Thailand Trilateral Highway Project, Kaladan Multi-Modal Transit Transport Project #PPIB

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်စေရေးသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်နှင့် သတ်မှတ်ထားသည့် ၅ နှစ်အတွင်း အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်းကြောင်းတွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြေ
+7
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား   ယမန်နေ့ ဇူလိုင် ၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။   နိုင်ငံတော်သမ္မတက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့် Agro-Based Industry ကို မဖြစ်မနေ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်အတွက် အခြေခံအကျဆုံးနှင့် အဖြစ်နိုင်ဆုံး ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် MSME ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ #HOS

EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား =================
EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ================================ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲအစည်း အဝေး၌ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။ EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည်တွင်း၌ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများရရှိနိုင်မည့်အပြင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်၍ အား လုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောကြားသည်။ ထိုပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကိုအသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတိုကိုဆောင်ရွက်ရမည်ဟု ပြောကြား သည်။

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးရန်လို တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေကြောင်း
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးရန်လို တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေကြောင်း၊ တရားဝင်ကုန်သွယ်မှုများ တိုးတက်လာစေရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ စနစ်တကျ လည်ပတ်နိုင်ရေး စစ်ဆေးကြပ်မတ်ရန်လိုကြောင်းနိုင်ငံတော်သမ္မတ က ပြောကြားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန် သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဇူလိုင် ၇ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်လို နိုင်ငံတော်သမ္မတက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်တိုးမြှင့်နိုင်မည်ဖြစ်ပြီး ရရှိလာသည့် နိုင်ငံခြားငွေများဖြင့် လိုအပ်သည့် သွင်းကုန်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့သည်။ ပို့ကုန်တိုးမြှင့်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန်လို စိုက်ပျိုးရေးပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုမှ ဈေးကွက်အထိ Supply Chain တစ်ခုလုံးကို သုတေသနပြုဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုလျှော့ချရေး နည်းလမ်းရှာဖွေရန်လို နိုင်ငံခြားငွေသုံးစွဲမှုများပြားစေသည့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်အသုံးပြုခြင်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရထားစနစ်တိုးချဲ့ခြင်းနှင့် ဘတ္ထရီစနစ်သုံး ရထားများ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းကဲ့သို့ ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းရန်လိုကြောင်း၊ ဖွဲနုဆီ ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးရန်လို တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုဖြစ်စေကြောင်း၊ တရားဝင်ကုန်သွယ်မှုများ တိုးတက်လာစေရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ စနစ်တကျ လည်ပတ်နိုင်ရေး စစ်ဆေးကြပ်မတ်ရန်လိုကြောင်း ပြောကြားခဲ့သည်။ EV ယာဉ်များ ပြည်တွင်းထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန်လို လျှပ်စစ်စွမ်းအင်သုံး EV မော်တော်ယာဉ်များကို ပြည်ပမှ တင်သွင်းခြင်းသာမက ပြည်တွင်း၌ အစမှအဆုံး တပ်ဆင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပညာရေးကဏ္ဍတွင် ဘက်စုံထူးချွန်သည့် လူငယ်များ ပြုစုပျိုးထောင်ရန်လို ကျောင်းသား၊ ကျောင်းသူများအား စာပေပညာသာမက စည်းကမ်းရှိမှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုတို့ပါ ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် သင်ကြားပေးရန်လိုကြောင်း ပြောကြားခဲ့သည်။ Agro-Based Industry နှင့် MSME လုပ်ငန်းများ မြှင့်တင်ရန်လို နိဂုံးချုပ်အမှာစကားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်းများ (Agro-Based Industry) နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရီးသွားလုပ်ငန်း၊ ဒေသထုတ်ကုန်များနှင့် ပို့ကုန်ကဏ္ဍများကို အရည်အသွေးမြှင့်တင်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ #Our