uk
Feedback
The Standard Time Digital

The Standard Time Digital

Відкрити в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Показати більше
Країна не вказанаКатегорія не вказана
275
Підписники
Немає даних24 години
+27 днів
+2630 день
Архів дописів
◾️ပင်လယ်ကွေ့နိုင်ငံများကိုတိုက်ခိုက်မှု အီရန်ကို ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့သတိပေး ပင်လယ်ကွေ့ဒေသရှိ မဟာမိတ်များ၏ အကျိုး စီးပွားများနှင့် မိမိတို့၏ အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် အဆင်သင့် ရှိ ပြီး လိုအပ်လာပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် အနေဖြင့် အီရန်ကို တုံ့ပြန်မည်ဖြစ်ကြောင်း ပြင်သစ်၊ ဂျာမနီနှင့်ဗြိတိန်နိုင်ငံတို့က မတ် ၁ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံကပင်လယ်ကွေ့ဒေသ နိုင်ငံများအားလက်လွတ်စပယ် တိုက်ခိုက်မှုများကို ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့က ဝေဖန်ထားသည်။ အီရန်၏ လက်လွတ်စပယ်တိုက်ခိုက်မှုများကြောင့် ပင်လယ်ကွေ့ဒေသရှိ မိမိတို့၏ တပ်ဖွဲ့ဝင်များနှင့်မိမိတို့၏နိုင်ငံသားများကို ခြိမ်းခြောက်နေကြောင်း အထက်ပါ သုံးနိုင်ငံ ပူးပွဲ ကြေညာချက်၌ ဖော်ပြထားသည်။ သို့ဖြစ်ရာ မိမိတို့အနေဖြင့်အရှေ့အလယ်ပိုင်းဒေသရှိ မိမိတို့၏အကျိုးစီးပွားများနှင့် မဟာမိတ်များ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြင်သစ်၊ ဂျာမနီ နှင့် ဗြိတိန်တို့က ပြောကြားထားသည်။ ယင်းသို့ ကာကွယ်ရာတွင်လိုအပ်လာပါက အီရန်၏ ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ် အင်အားစုများကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ်‌ကြောင်းသုံးနိုင်ငံ ပူးတွဲကြေညာချက်၌ သတိပေးထားသည်။ အီရန်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကိုသာမက အီရတ်နိုင်ငံမြောက်ပိုင်းရှိ နိုင်ငံစုံ တပ်စခန်းတစ်ခုနှင့် ဂျော်ဒန်နိုင်ငံအရှေ့ပိုင်းရှိ ဂျာမနီ စစ်စခန်းတစ်ခုကိုပါ တိုက်ခိုက်ခဲ့ကြောင်းဂျာမနီစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။ အထက်ပါ တိုက်ခိုက်မှုများတွင် မည်သူတစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

‎◾️အီရန်စစ်ပွဲ တစ်လအထိ ကြာမြင့် နိုင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲမှာ အချိန်ကာလအားဖြင့်တစ်လအထိ ကြာညောင်းနိုင် ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဗြိတိန်နိုင်ငံအခြေစိုက် သည်ဒေးလီးမေးလ် သတင်းစာနှင့် ပြုလုပ်ခဲ့သောတွေ့ဆုံမေးမြန်းခန်း၌ ထုတ်ဖော်ပြော ကြားလိုက်သည်။ ဩဇာအာဏာကြီးမားသောအီရန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်တော်လှန်ရေးအစောင့်တပ်၏ ဌာနချုပ် အဆောက်အအုံကို တိုက်ခိုက်ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း အမေရိကန် စစ်ဘက်ကကြေညာခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရန့်က အီရန်စစ်ပွဲ မည်မျှ ကြာမြင့် နိုင်မည်ကို ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ မိမိ၏မှန်းဆချက်အရ လက်ရှိ ဖြစ်ပွားနေသော အီရန်စစ်ပွဲမှာ သီတင်းပတ်လေးပတ်အထိ ကြာမြင့်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ဒေးလီးမေးလ်သတင်းစာသို့ ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းအပြင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုများအတွင်း အယာတိုလာအလီ ခါမေနီအပါအဝင် အီရန်ခေါင်းဆောင် ၄၈ဦး သေဆုံးခဲ့ကြောင်း သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံကို စစ်ရေးအရ စတင် တိုက်ခိုက်ခဲ့ရာ စစ်ပွဲကာလ နှစ်ရက်အကြာမတ် ၁ ရက်အထိ အမေရိကန် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများက အီရန်စစ်ရေးပစ် မှတ် ၁၀၀၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် အီရန်၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခု၌ တာဝန်ကျနေသော အမေရိကန်တပ်ဖွဲ့ ဝင်သုံးဦး သေဆုံး၍ငါးဦးဒဏ်ရာများ ရရှိခဲ့သည်။ အီရန်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အမေရိကန်တပ်ဖွဲ့ဝင်များအတွက် လက်စားချေ မည်ဖြစ်ပြီး လက်ရှိတွင်လည်း စစ်ရေးအရဆက်လက်တိုက်ခိုက်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သည်ဒေးလီး မေးလ်သတင်းစာသို့ ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန်နှင့်အစ္စရေးတပ်များအနေဖြင့်မတ်၁ရက်တွင်အီရန်တော်လှန်ရေးအစောင့်တပ် ဌာနချုပ်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာ အီရန်စစ်ဘက်ကွပ်ကဲရေးစနစ်အတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ခဲ့ရကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဒေါက်တာမျိုးအောင်အပါအဝင် NLD အစိုးရအဖွဲ့ဝင်အချို့ပြန်လွတ်လာ နေပြည်တော်ကောင်စီဥက္ကဌဟောင်း ‌ဒေါက်တာမျိုးအောင် အပါအဝင် NLD အစိုးရအဖွဲ့ဝင် တချို့ ယနေ့ (မတ် ၂ရက်)တွင် လွတ်ငြိမ်းခွင့်များဖြင့် လွတ်မြောက်လာကြောင်း နီးစပ်သူ များ ထံမှသိရသည်။ ၂၀၂၁ ခုနှစ် ဖေဖာ်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံရကာ အဂတိမှုငါးမှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရသည့် ဒေါက်တာမျိုးအောင်သည် ရမည်းသင်းအကျဉ်းထောင်မှပြန်လွတ်ခဲ့ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ လဝက ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည် က အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်ခဲ့ကြောင်းသိရသည်။ ဒေါ်မိုးမိုးစုကြည်သည်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းသည့်ငွေကျပ်သိန်း ၆၀ ကျော်ကို ကိုယ်ကျိုးသုံးစွဲခဲ့သည် ဟုဆိုကာ အဂတိမှုဖြင့် စွဲဆိုခံရပြီး ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရသည်။ ထို့ပြင် NLD အစိုးရလက်ထက် နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတာဝန်များထမ်းဆောင်ခဲ့သူ ဦးရဲမင်းဦးနှင့် NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်တို့လည်း လွတ်မြောက်လာကြောင်း သတင်းများထွက်ပေါ်နေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြီုင်ကာ အနိုင်ရခဲ့ သည့် ဦးရဲမင်းဦးသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီီးခံရပြီးနောက် အဂတိ လိုက်စားမှု စွဲချက် ငါးခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူဖြစ်သည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းနှင့် NLD ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးညီပု ၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်သည် ပုဒ် ၅၀၅(ခ)၊မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့ဖြင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံခဲ့ရသည်။ ထို့ပြင် မမိုးဆန်းစုကြည်သည် လွတ်ငြိမ်းသက်သာခွင့်များကြောင့် အဆိုပါပြစ်ဒဏ်လွတ်ရက် စေ့ချိန် ၂၀၂၅ခုနှစ် ဩဂုတ် လတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထပ်မံစွဲ ဆိုခံခဲ့ရသည်။ ယနေ့လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများတွင်ဒေါက်တာမျိုးအောင်၊ဒေါ်မိုးမိုးစုကြည်စသူတို့ ပါဝင်လာကြောင့် အတည်ပြုထားနိုင်သော်လည်း ဦးရဲမင်းဦး၊မမိုးဆန်းစုကြည်တို့ လွတ်မြောက်ခြင်းရှိ၊ မရှိ အတည်မပြုနိိုင်သေးကြောင်း ပါတီ မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းကြောင်းကြေညာခံထားရသည့် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ ပါတီဝင်အချို့ ပြန်လည်လွတ်မြောက်မှုကို ကြိုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့် ပါတီခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာမှသာ နိုင်ငံရေးအချိုးအကွေ့တစ်ခုအတွက် ‌ဆက်လက်ဆောင်ရွက်အဖြေရှာ နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

photo content

‎◾️သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အင်းစိန်ထောင်မှ လွတ်မြောက် ‎ ‎ရုပ်သံသတင်းထောက်ဖြစ်သူ မမှူးရတနာခက်မို့မို့ထွန်းသည် ယ‌နေ့ (မတ် ၂ ရက်)တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း ၎င်း၏‌ရှေ့နေဖြစ်သူထံမှသိရသည်။ ‎ ‎“ဟုတ်တယ်။ပါလာပြီ။ ၅၀၅-က ကလွတ်တာကြာပြီ။ ၅၀(ည)ကျန်တာ။ အခုလွတ်လာပြီ”ဟု ‌ရှေ့နေဖြစ်သူကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ ‎ ‎၎င်းသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖြင့် ထောင်ဒဏ် ၃နှစ်၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အမှုဖြင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်ပြီး ယနေ့(၊မတ် ၂ရက်)တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ‎ ‎ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊(ဒီဇင်ဘာ ၅ရက်)တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ဆန္ဒထုတ်ဖော်နေကြသည့် လူငယ်များကို လုံခြုံရေးတပ်ဖွဲ့က အနောက်မှ ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့ပြီး သတင်းယူနေသည့် MPA သတင်းဌာနမှသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎တပေါင်းလပြည့်နေ့ အခါသမယ နှင့် ယနေ့ ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎သတင်း-အင်ကြင်း ‎#ပြည်တွင်းသတင်း

photo content

‎◾️မော်လမြိုင် ဈေးကြိုနယ်မြေဒေါင်းဇရပ်ရပ်ကွက် မီးလောင်မှု အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး ‎ ‎မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေဒေါင်းဇရပ် ရပ်ကွက်၊ တောင်ဝိုင်းလမ်းချိုးတွင် ယနေ့(မတ် ၂ ရက်)နံနက် ၂ နာရီ ၄၀ မိနစ်တွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ‎သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎မီးလောင်မှုဖြစ်စဉ် နှင့်ဆုံးရှူံးမှုတန်ဖိုးကိုလက်ရှိ မီးသတ်တပ်ဖွဲ့ဝင်များကစစ်ဆေးမှုများပြုလုပ်နေကြောင်း ၊ ‎ ‎မီးလောင်သည့် အိမ်မှာ နှစ်ထပ်အိမ်အောက်ထပ်တွင် အုတ်ညှပ်ထားကြောင်း၊ မီးလောင်သည့် အတွက် တစ်အိမ်လုံးပျက်စီးခဲ့ပြီး အခြားအိမ်များသို့ကူးစက်လောင်ကျွမ်းမှုမရှိကြောင်း ‎သိရသည်။ ‎ ‎"ကျွန်တော်တို့လူနာကိုဆေရုံသွားပို့တဲ့အထိ မီးလောင်မှုကိုတော့မသိရပါဘူး။ သေဆုံးသူအသက်ကြီးပိုင်းအဘိုးနဲ့အဘွားက မီးများလာမှအိမ်ထဲကထွက်တော့ ကျန်းမာရေးကလည်းမကောင်းတဲ့အပြင် မီးခိုပါမွှန်တော့လဲကျပြီး မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့တာပါ။ မြေးတစ်ဦးကတော့ နောက်ပေါက်ကထွက်ပြေးလို့ လွတ်သွားပါတယ်"ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ‎ ‎မီးလောင်မှုအား မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးဖြင့်ငြှိမ်းသက်ခဲ့ရာနံနက် ၂ နာရီ ၅၈ မိနစ်တွင်မီးငြိမ်းသွားပြီးသေဆုံသူနှစ်ဦး ကိုဘိုဘိုဝင်းနှင့် ရာမည လူမှုကူညီရေးအဖွဲ့တို့မှမော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD ‎#ပြည်တွင်းသတင်း

photo content

◾️တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံ့ကြေး လစဉ်ပေးမည်ဟုထုတ်ပြန် လုပ်သက် ဆယ်နှစ် နှင့် ဆယ်နှစ်အထက်ရှိ တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင်များကိုအထူးထောက်ပံ့ကြေး လစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လစဉ် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်ခြင်းသည် ၂၀၂၆ ခုနှစ်၊ ယခုလ မတ် ၁ ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၆ ခုနှစ်၊‌ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်သက် (၁၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၁၀) နှစ်နှင့်အထက် တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များအား လစဉ်(၃၀၀၀၀) ကျပ်၊ အမှုထမ်းသက်(၁၅)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၁၅)နှစ်နှင့်အထက် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား လစဉ်(၅၀၀၀၀) ကျပ်၊အမှုထမ်းသက် (၂၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၂၀)နှစ်နှင့် အထက် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား လစဉ် (၁၀၀၀၀၀) ကျပ်ကို တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး အဖြစ် အသီးသီးချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘော သဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာဖြင့် သက်စွန့် တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့်ပေးအပ်ခြင်းဖြစ်ကြောင်းဆိုထားသည်။ သတင်း-အင်ကြင်း ဓာတ်ပုံ-CINCDS #ပြည်တွင်းသတင်း

photo content

‎◾️‎အကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ဦးကို ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၊ နိုင်ငံခြားသား ၁၀ ဦးကို ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပေး ‎ ‎အကျဉ်းထောင်၊ အချုပ်ထောင်များ၊ စခန်းများတွင်ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ဦးကို ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့(မတ် ၂ ရက်)တွင်ထုတ်ပြန်ထားသည်။ ‎ ‎ထို့ပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဥ်းသူ ၁၀ ဦးတို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎အဆိုပါအကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ ‎ ‎သတင်း/ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ် ‎#ပြည်တွင်းသတင်း ‎ ‎

photo content

◾️အီတလီကာကွယ်ရေးဝန်ကြီးနှင့် မိသားစုဝင်များ ယူအေအီးနိုင်ငံ ဒူဘိုင်း၌ သောင်တင်နေ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံကိုဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ရေးအရတိုက်ခိုက်ခဲ့ပြီးနောက် အီတလီကာကွယ်ရေးဝန်ကြီး ဂွီဒိုခရိုဆက်တိုနှင့် မိသားစုဝင်များမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့၌ သောင်တင်နေခဲ့ရကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့ကအီရန်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အီတလီလေကြောင်းလိုင်းများ အပါအဝင် နိုင်ငံတကာ လေကြောင်းလိုင်းများကအရှေ့ အလယ်ပိုင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ပြီးနောက် အီတလီကာကွယ်ရေးဝန်ကြီးနှင့် မိသားစု ဝင်များ ဒူဘိုင်းမြို့၌ သောင်တင်နေခဲ့ရခြင်းဖြစ်သည်။ အီတလီကာကွယ်ရေးဝန်ကြီးခရိုဆက်တိုသည် ဖေဖော်ဝါရီ ၂၇ရက် ညနေပိုင်းတွင် အရပ် ဘက်လေကြောင်းခရီးစဉ်တစ်ခုဖြင့် ဒူဘိုင်းမြို့တွင်ရောက်ရှိနေသော မိသားစုဝင်များထံ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မတ် ၁ ရက်ထိ ဆက်လက်ဖြစ်ပွားနေသော အီရန်စစ်ရေးပဋိပက္ခများကြောင့် အရှေ့အလယ် ပိုင်းဒေသတစ်ခုလုံးရှိ လေဆိပ်များ ပိတ်ထားရပြီး ခရီးသည်ထောင်ပေါင်းများစွာတို့မှာ ခရီးစဉ်ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေကြရသည်။ အမေရိကန်နှင့် အစ္စရေးတို့ကအီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒူဘိုင်း ခရီးစဉ်များ ဖျက်သိမ်းခဲ့သော လေကြောင်းလိုင်းများထဲတွင် အိုင်တီအေ အီတလီ လေကြောင်းလိုင်းလည်း ပါဝင်ပြီး မတ် ၁ ရက်အထိဒူဘိုင်းခရီးစဉ်များ ပျံသန်းမှုကို ရပ်တန့်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အင်းလေးဒေသ ခရီးသွားဇုန် ဝင်ခွင့် ကောက်ခံခြင်း လုပ်ငန်းအတွက် လေလံခေါ်ယူမည် ရှမ်းပြည်နယ်ရှိ အင်းလေးဒေသ နိုင်ငံခြားသားခရီးသွားဇုန်ဝင်ခွင့် ကောက်ခံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ လေလံဖွင့်လှစ်ခြင်းကို မတ်၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီမံနှင့် ဘဏ္ဍာရေးဌာန သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လိုသူများသည်လေလံလျှောက်လွှာပုံစံများကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁၃ ရက်အထိရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကိုယ်တိုင် လာရောက် ဝယ်ယူနိုင်ကြောင်းကြေညာထားသည်။ လေလံအောင်မြင်သူအနေဖြင့် ၂၀၂၆ ခုနှစ် မတ်လမှ ၂၀၂၇ ခုနှစ် မတ်လအထိ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️အီရန်၏ တိုက်ခိုက်မှုကြောင့် ဒူဘိုင်းလေဆိပ်နှင့် ပင်လယ်ကွေ့နိုင်ငံများရှိ လေဆိပ်များ ထိခိုက်ပျက်စီး အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီရန်နိုင်ငံကလည်း ဖေဖော်ဝါရီ၂၈ ရက်နှင့်မတ် ၁ရက်တို့တွင် အစ္စရေးနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ အမေရိကန်စစ်စခန်းများကိုပစ်မှတ်ထား၍ မောင်းသူ မဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အီရန်၏ အထက်ပါ လက်စားချေတိုက်ခိုက်မှုများကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး) နိုင်ငံဘူဒါဘီလေဆိပ်နှင့် ဒူဘိုင်းလေဆိပ်များအပြင် ကူဝိတ် နိုင်ငံတွင်းရှိ လေဆိပ်များ အထိခိုက်အပျက်အစီးများရှိခဲ့သည်။ ယင်းပြင် အီရန်တိုက်ခိုက်မှုများကြောင့် ဒူဘိုင်းနိုင်ငံတကာ လေဆိပ်အပြင် နာမည်ကျော် ဘာ့ဂ်ျအယ်လ်အာရပ်ဟိုတယ်လည်း ပျက်စီးမှုများရှိခဲ့ကြောင်း ယူအေအီးတာဝန်ရှိသူများ က ပြောကြားထားသည်။ အီရန်၏ တိုက်ခိုက်မှုအတွင်း ဒူဘိုင်းနိုင်ငံတကာလေဆိပ်၌ အပျက်အစီးများရှိခဲ့ပြီး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူအေအီးတာဝန်ရှိသူများအဆိုအရ သိရသည်။ ယူအေအီးကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရအီရန်န်ိုင်ငံသည် ယူအေအီးန်ိုင်ငံအတွင်းရှိ ပစ်မှတ်များကိုတိုက်ခိုက်ရေးအတွက် ဒုံးကျည် ၁၃၇စင်းနှင့် မောင်းသူမဲ့လေယာဉ် ၂၀၉ စင်း အသုံးပြုခဲ့ရာ အများစုကို ကြားဖြတ်တားဆီးနိုင်ခဲ့ ကြောင်း ယူအေအီး ကာကွယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူများက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံအနေဖြင့်အိုမန်န်ိုင်ငံမှတစ်ပါး ကျန်ပင်လယ်ကွေ့ နိုင်ငံအားလုံးကိုတိုက်ခိုက်ခဲ့ရာ ကာတာနိုင်ငံအား ဒုံးကျည် ၆၅ စင်း၊မောင်းသူမဲ့လေယာဉ် ၁၂ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများ ကိုပါ အီရန်နိုင်ငံကတိုက်ခိုက်လာမှုကြောင့် လက်ရှိဖြစ်ပွားနေသောစစ်ရေးပဋိပက္ခများ ကျယ်ပြန့်လာမည့်အရေး စိုးရိမ်ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း