uk
Feedback
The Standard Time Digital

The Standard Time Digital

Відкрити в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Показати більше
Країна не вказанаКатегорія не вказана
274
Підписники
+124 години
+37 днів
+2630 день
Архів дописів
◾️မြန်မာနိုင်ငံက ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုအား ဗဟိုဘဏ်က အမည်မည်းစာရင်းထည့်သွင်း လေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံက ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များကိလိုက်နာခြင်းမရှိသာကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီ ၃ ရက်တွင် ကြေညာခဲ့သည်။ ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်စိစစ်ချက်အရ အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ပျက်ကွက်မှုကို စိစစ်တွေ့ရှိခဲ့သောကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း ထည့်သွင်းကြောင်း သိရသည်။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့်အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန် တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊အမိန့်ကြော်ငြာစာအမှတ် ၂၇။၂၀၂၃တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ရက်အတွင်း အာရှနိုင်ငံများမှအပအခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၆၀အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ၃၈-ခတွင် ]မည်သူမျှ ပို့ကုန်ရငွေအား လုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ} ဟုလည်းကောင်း၊ အဆိုပါတား မြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEMLပုဒ်မ ၄၂-က အရ ]ထိုသူကို တစ်နှစ် ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်} ဟု လည်းကောင်းပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ပို့ကုန်လုပ်ငန်းရှင်များသည်ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေ စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သတင်း-မေဥဩ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️စားအုန်းဆီတန်ချိန် ငါးသောင်းသင်္ကြန်မတိုင်မီ ရောက်ရှိမည် စားအုန်းဆီ တန်ချိန်ငါးသောင်း သင်္ကြန်ပိတ်ရက်မတိုင်မီ ရောက်ရှိမည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ ရက်က ကျင်းပအသိပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးသို့ သင်္ကြန်ပိတ်ရက်မတိုင်မီဆိုက်ကပ်လာမည့် စားသုံးဆီတန်ချိန်ငါးသောင်းကို အချိန်မီထုတ်ယူနိုင်ရေး၊ လက်ရှိ ဆီသိုလှောင်ကန်များပြည့်နေ၍ နေ့စဉ် ဆီထပ်တိုး ထုတ်နိုင်ရန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို စနစ်တကျစီစဉ်ရန် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို မိမိတို့ဒေသအသီးသီးတွင် ပြည်သူများ၏ ဧပြီလ စားအုန်းဆီလိုအပ်ချက်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းဆီများကို တင်ပြထားသည့် စာရင်းများအတိုင်း စနစ်တကျခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ သတင်း-မေဥဩ ဓာတ်ပုံ- MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️မြန်မာနှင့် ဆက်လက်ထိတွေ့ဆက်ဆံမည်ဟု ဖိလစ်ပိုင် ပြောကြား ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံနှင့်ဆက်လက်ထိတွေ့ ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကလယ်ရီကတ်စထရိုက ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတသစ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင်သွင်းထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုဧပြီ ၃ ရက်တွင် ရွေးကောက် တင်မြှောက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများကို အလေးထားစောင့် ကြည့်နေပြီးမြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်ရာအင်အားစုအားလုံးကိုဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာပီလာဇာရိုကအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် မြန်မာ့နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းရာ၌ အကူအညီ ပေးနိုင်ရေးအတွက်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို အလှည့်ကျ ဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးချယ်ခန့်အပ်ခဲ့သည်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်ဖြတ်နိုင်ရေးအတွက် ရယူထားသော အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ထပ်မံအားစိုက်ကြိုးပမ်းကြရန် ဖိလစ်ပိုင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အာဆီယံနိုင်ငံများကိုတိုက်တွန်းထား သည်။ ယင်းအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းပြေလည်ရေးအတွက် အာဆီယံ၏ စုပေါင်းဝါယမ စိုက် ထုတ်မှုကို ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံအားပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား- ပီအင်န်အေ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ရွှေဆိုင်နှစ်ဆိုင် လုယက်သူများကို ဖမ်းမိ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေစင်ဝင်း ရွှေဆိုင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ ရောင်နီဦး ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်၍ လုယက်မှုကျူးလွန်သူများအား သက်သေခံ ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် မတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေစင်ဝင်းရွှေဆိုင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်းဖြစ်သူနှင့်အတူ ဆိုင်ရှိရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန်မော်တော်ယာဉ်အား စောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက် မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃) နှစ် (ဘ) ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီလ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး (ခ) သက်နောင် (၅၈) နှစ်အား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇော်လင်းထွန်းသည် ရွှေစင်ဝင်း ရွှေဆိုင်အား လုယက်မှု မကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး မှန်ကြီး (ခ) သက်နောင်နှင့် သက်ပိုင်ဦး (ဖမ်းဆီးရန်ကျန်) တို့နှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး မှန်ကြီး (ခ) သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀ ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတိုသေနတ် တစ်လက်၊ PAC 380 AUTO ကျည် (၁၃) တောင့်၊ THAI ARMS-380 ACP ကျည် နှစ်တောင့်၊ ကျည်ဘောက် နှစ်ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါအစိမ်းရောင်အိတ် တစ်ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခုတို့အားလည်းကောင်း၊ ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အားလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ အမှုမှ မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ ရောင်နီဦး ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် စည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ဧပြီ ၂ ရက်တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ရွှေစင်ဝင်းရွှေဆိုင်နှင့် ရောင်နီဦးရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြသည့် မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူ တို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန် သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - moi #ပြည်တွင်းသတင်း

photo content

◾️အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ကြည်းတပ်ဦးစီးချုပ်ကို တာဝန်မှအနားပေး အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ကိုကာကွယ်ရေးဝန်ကြီး ဟက်ဆက်က တာဝန်မှအနားပေးလိုက်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်များကဧပြီ ၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့အနေဖြင့် အမေရိကန်ကြည်းတပ်၏၄၁ ဦးမြောက် စစ်ဦးစီးချုပ်အဖြစ်မှ အငြိမ်းစားယူမည်ဖြစ်ကြောင်းပင်တဂွန်စစ်ဌာနချုပ်ကလည်း သတင်းထုတ်ပြန်အတည်ပြုထားသည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရ ကာကွယ်ရေးဝန်ကြီးဟက်ဆက်သည် အခြားထိပ်တန်း ဗိုလ်ချုပ်နှစ်ဦးကိုလည်း ရာထူးမှဖယ်ရှားထားကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဟက်ဆက်၏ ကာကွယ်ရေးဝန်ကြီးဌာနပြုပြင်ပြောင်းလဲရေးအစီအစဉ်များအရ ရာထူးမှဖယ်ရှားခံခဲ့ရသောစစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထဲတွင် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရန်ဒီဂျော့မှာ ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သည် အရှေ့အလယ်ပိုင်းဒေသ၌ အီရန်စစ်ပွဲအတွက် အမေရိကန်စစ်အင်အားကိုမြှင့်တင်တည်ဆောက်နေချိန်တွင် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ကို တာဝန်မှ အနားပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း အီရန်ကိုစစ်ရေးအရ တိုက်ခိုက်မှုများကို အမေရိကန်လေတပ်နှင့် ရေတပ်တို့ကအဓိကလုပ်ဆောင်နေခြင်းဖြစ်သည်။ သို့ရာတွင် အမေရိကန်အစိုးရသည် ကြည်းတပ်၏ လက်ရွေးစင်တပ်မဟာဖြစ်သော အမှတ် ၈၂ လေကြောင်းချီတပ်မှ တပ်ဖွဲ့ဝင်များကိုလည်း အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဘာရိန်း၏ ဟော်မုဇ်ရေလက်ကြား ဆုံးဖြတ်ချက်မူကြမ်း လုံခြုံရေးကောင်စီ မဲခွဲမည် ဟော်မုဇ်ရေလက်ကြားဒေသ ရေကြောင်းသွားလာမှုများကို အကာအကွယ်ပေးရေးအတွက်ဘာရိန်းနိုင်ငံက တင်သွင်းထားသော ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၄ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်းသံတမန်သတင်းအရင်းအမြစ်များ၏ အဆိုအရသိရသည်။ ဘာရိန်းနိုင်ငံ၏ အထက်ပါဆုံးဖြတ်ချက်မူကြမ်းတွင် ဟော်မုဇ်ရေလက်ကြားဒေသ ရေကြောင်းသွားလာ မှုများကို အကာအကွယ်ပေးရေးအတွက် လိုအပ်သည့် ကာကွယ်ရေးနည်းလမ်းမှန်သမျှကို အနည်းဆုံး ခြောက်လ ကျင့်သုံးခွင့်ပေးရန် တောင်းဆိုထားသည်။ အထက်ပါဆုံးဖြတ်ချက်မူကြမ်းကို မူလကဧပြီ ၃ ရက်တွင် မဲခွဲအဆုံးအဖြတ်ယူရန် စီစဉ်ထားသော်လည်း ယင်းနေ့မှာ ကုလသမဂ္ဂ အားလပ်ရက်ဖြစ်နေမှုကြောင့် ဧပြီ ၄ ရက်တွင် မဲခွဲရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဟော်မုဇ်ရေလက်ကြားအားစစ်အင်အားသုံး၍ အကာအကွယ်ပေးမည့်နည်းလမ်းကို တရုတ်နိုင်ငံက ကန့်ကွက်ဖွယ်ရှိကြောင်း သံတမန်သတင်းအရင်းအမြစ်များ၏အဆိုအရ သိရသည်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို စစ်အင်အားဖြင့် ကာကွယ်မည်ဆိုပါက အရှေ့ အလယ် ပိုင်းဒေသ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီးပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ထွက်လာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ်ကြီးက ပြောကြားထားသည်။ ဘာရိန်းနိုင်ငံ၏ ဆုံးဖြတ်ချက်မူကြမ်းကိုအတည်ပြုရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနက် အနည်းဆုံး ကိုးနိုင်ငံ၏ ထောက်ခံမဲရရှိရန်နှင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများက ဗီတိုအာဏာဖြင့် မပိတ်ပင်ရန်လည်းလိုအပ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲ ထိုးကျပြီး မီးလောင်၊ တစ်ဦးသေဆုံး မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စုရွာမွန်ကျေးရွာမှ နတ်မောက်မြို့ဘက်အထွက်လမ်းတွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဧပြီ ၂ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က နတ်မောက်မြို့နယ် မီးသတ်စခန်း၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ရွာမွန်ကျေးရွာနှင့် မိုင်တိုင်အမှတ်-၄၉/၁ ကြား လမ်းကွေ့အနီးမိတ္ထီလာမြို့မှ နတ်မောက်မြို့သို့မောင်းနှင်လာသည့် Toyota Ipsum(အဖြူရောင်)မော်တော်ယာဉ်သည်လမ်းဘေး အမြင့် ၃ ပေ၊ အလျား ၄ ပေ ခန့်ရှိ ရေမြောင်းအတွင်းသို့ အရှိန် မထိန်းနိုင်ဘဲ တစောင်းအနေအထား ဖြင့်ထိုးကျသွားရာမှ ဘက်ထရီ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဒေသခံတစ်ဦးက ရွာမွန်နယ်မြေမီးသတ်စခန်းသို့လာရောက်သတင်းပေးပို့သဖြင့် ရွာမွန်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ထွေး ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ် ရေသယ် ယာဉ်တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၇ မိနစ်တွင်မီးထိန်းနိုင်ပြီး ည ၈ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားကြောင်းသိရသည်။ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာတွင် မီးလောင်သေဆုံးခဲ့ပြီး Toyota Ipsum မော်တော်ယာဉ်မှာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်း(သေဆုံး)အား နတ်မောက်မြို့မရဲစခန်းကယာဉ် (ပ) ၁/၂၀၂၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၂၇၉/၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်း-နိုင်၀င်းစိုး ဓာတ်ပုံ-ရွာမွန်မီးသတ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️မြစ်ကြီးနားနှင့် ပူတာအို လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI ) က ၂၀၂၆ ခုနှစ် ဧပြီ ပထမပတ်အတွင်း မြစ်ကြီးနားနှင့် ပူတာအိုလေကြောင်းခရီးစဉ်များအား ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းဧပြီ ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့ မှ မြစ်ကြီးနားမြို့သို့ တစ်ပတ်လျှင် နှစ်ကြိမ်၊ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်မှ ပူတာအိုသို့တစ်ပတ်လျှင်တစ်ကြိမ်၊ အပတ်စဉ် သောကြာနေ့များ တွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ် ကာခရီးသည်များအနေဖြင့် www.maiair.com တွင် လက်မှတ်များကိုဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်း တို့ အနေဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအနက် စီစဉ်ထားရှိသော ကျိုင်းတုံ၊တာချီလိတ်၊ ကော့သောင်း၊ ကျောက်ဖြူ၊ စစ်တွေ၊ ကလေး၊ ဟုမ္မလင်း၊ ခန္တီးမြို့များသို့ ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ပျံသန်းပြေးဆွဲလျက်ရှိပြီး ယခုအခါပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မြစ်ကြီးနား မြို့သို့ ဧပြီ ၄ ရက်မှစတင်၍လည်းကောင်း၊ ပူတာအိုမြို့သို့ ဧပြီ ၅ ရက်မှ စတင်လည်းကောင်း ပုံမှန်ပျံသန်းပြေးဆွဲသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ သတင်း-တိဗ္ဗ ဓာတ်ပုံ-MAI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ပွင့်ဖြူမြို့နယ်၌ အပူရှောင်စခန်းကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ထိခိုက်လွယ်သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိ ခင်များနှင့် ကလေးသူငယ်များ အပူရှောင် နားခိုနေထိုင်နိုင်ရေးအတွက် ဧပြီ ၃ ရက်နံနက်ပိုင်းတွင်ပွင့်ဖြူမြို့ အလယ်ပိုင်း ရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီး ကျောင်းတိုက်၌မြို့နယ်အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါ အပူရှောင်စခန်းသို့လာရောက်နားခို နေထိုင်ကြသည့်သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ ၊ ကလေးသူငယ်များနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကနေရာထိုင်ခင်းများ၊ ပန်ကာများ၊သောက်ရေ သန့်များ၊ Water cooler များ၊ ဓာတ်ဆားထုပ်များ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း၊ ထို့အပြင်အပူဒဏ်အန္တရာယ် ကင်းဝေးစေရန်အပူဒဏ်အန္တရာယ် အကြောင်းနှင့်ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်၊ရှောင်ရန်များ အသိပညာပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုများ ချက်ချင်းဆောင်ရွက် ပေးနိုင်ရန် ယာယီဆေးပေးခန်း ဖွင့်လှစ်ထားရှိပေးထားပြီး အရေးပေါ် ကျန်းမာရေးကား တစ်စီးကို လည်း အသင့်ပြင်ဆင်ထားရှိပေးထားကြောင်း သိရသည်။ အပူရှောင်စခန်းကို ဧပြီ ၃ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး အပူရှောင်လာရောက်ကြသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များ စုပေါင်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်း/ဓာတ်ပုံ-ရဲ၀င်းနိုင်(ညောင်ဦး) #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ယူကရိန်း၏ လူးဟန့်နယ်မြေကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားပြောကြား ယူကရိန်းနိုင်ငံ အရှေ့ပိုင်းလူးဟန့်နယ်မြေတစ်ခုလုံးကို ရုရှားတပ်များက အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ ရုရှားစစ်ဘက် အနောက်ဘက်စစ်ဒေသ စစ်ဌာနချုပ်မှတပ်ဖွဲ့များကလက်ကျန်နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် လူးဟန့်နယ်မြေတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သို့ရာတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထက်ပါသတင်းထုတ်ပြန်ချက်ကို ယူကရိန်းစစ်ဘက် တာဝန်ရှိသူများက ငြင်းပယ်ထားပြီးပြီးခဲ့သည့် ခြောက်လတာ ကာလအတွင်း လူးဟန့်ရှေ့တန်းစစ်မြေပြင်၌ မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ကြောင်း ပြောကြားထားသည်။ လူးဟန့် နယ်မြေသည်ယူကရိန်းစစ်ပွဲ ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ရုရှားအချုပ်အခြာ အောက်သို့ ထည့်သွင်းလိုက်ကြောင်းရုရှားအစိုးရက ကြေညာထားသောယူကရိန်းနယ်မြေ လေးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လေးနှစ်ကျော် ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲ ကာလအတွင်း ရုရှားတပ်များသည် လူးဟန့် နယ်မြေတစ်ခုလုံး၏ ၉၉ ရာခိုင်နှုန်းကျော်ကို ရုရှားတပ်များက ထိန်းချုပ်ထားပြီးဖြစ်သည်။ ယူကရိန်းသမ္မတ ဇီလန်စကီးအနေဖြင့် ဒွန်းဘတ်စ်ဒေသကြီးမှယူကရိန်းတပ်များကို ရုပ်သိမ်းခဲ့ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်အထောက်အကူပြုနိုင်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။ ဒွန်းဘတ်စ် စက်မှုဒေသကိုလူးဟန့်နယ်မြေနှင့် ဒွန်းနက်စ်နယ်မြေနှစ်ခု ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content