uk
Feedback
The Standard Time Digital

The Standard Time Digital

Відкрити в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Показати більше
Країна не вказанаКатегорія не вказана
273
Підписники
-124 години
+47 днів
+2530 день
Архів дописів
photo content

◾️ကိုရိုနာ ကပ်ဘေးကာလအတွင်း မြောက်ကိုရီးယား၌ တရားခံကွပ်မျက်မှုများ မြင့်တက်လာခဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးကာလအတွင်း နယ်စပ်အဝင်၊ အထွက်များ ပိတ်ထားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့သော ပြစ်ဒဏ်ကျ တရားခံကွပ်မျက်မှုများမှာ အရေအတွက်အားဖြင့် မြင့်တက်လာခဲ့ကြောင်း တောင်ကိုရီးယားလူ့အခွင့်အရေးအုပ်စု တစ်စုက ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၄ ခုနှစ်အကြားကာလအတွင်း လူပေါင်း၁၄၈ ဦးကို သေဒဏ်များချမှတ်ခဲ့ပြီး ကွပ်မျက်မှုပေါင်း၆၀ အထိ ပြုလုပ်ခဲ့ကြောင်း အထက်ပါအစီရင်ခံစာ ၏ အဆိုအရ သိရသည်။ နှိုင်းယှဉ်ကြည့်ပါက မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၄ ခုနှစ်အကြားကာလမတိုင်မီ ယခင် ငါးနှစ်တာကာလအတွင်း ကွပ်မျက်မှုပေါင်း ၄၁ မှု အထိ ပြုလုပ်ခဲ့ဖူးသည်။ မြောက်ကိုရီးယားနိုင်ငံက ၂၀၂၀ ပြည့်နှစ်နှင့်၂၀၂၄ ခုနှစ်အကြားကာလအတွင်း ကွပ်မျက်ခဲ့သူများထဲတွင် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများအား ကြည့်ရှုမှုကို ပိတ်ပင်ထားခြင်းကဲ့သို့ ပြည်ပယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်များကို ကျူးလွန်မိခဲ့သူအများအပြား ပါဝင် ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ အထက်ပါအစီရင်ခံစာကို နယ်စည်းကျော် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့အမည်ရှိတောင်ကိုရီးယား လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ကမြောက်ကိုရီးယားဘက်ပြောင်းခိုလှုံသူ ၈၈၀ ကိုတွေ့ဆုံမေးမြန်းပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားက ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကွပ်မျက်ခဲ့သူများထဲတွင် နိုင်ငံရေးပြစ်မှု ကျူးလွန်သူအရေအတွက်လည်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️သမ္မတဒေါ်နယ်ထရန့်အား လုပ်ကြံရန်ကြိုးပမ်းမှုဖြင့် ကိုးလ်အယ်လန်ကို အမေရိကန်ရှေ့နေများ တရားစွဲဆို အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သော ကိုးလ်သောမတ်အယ်လန် အမည်ရှိ အမျိုးသားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လုပ်ကြံရန် ကြိုးပမ်းမှုဖြင့်ဧပြီ ၂၇ ရက်တွင် ဖက်ဒရယ်ရှေ့နေများက တရားစွဲဆို လိုက်ကြောင်း သိရသည်။ အထက်ပါ စွဲချက်အတွက်ပြစ်မှုထင်ရှားပါက အသက် (၃၁)နှစ်အရွယ် ကိုးလ်သောမတ်အယ်လန်အနေဖြင့် ထောင်ဒဏ် တစ်သက်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ဖွယ်ရှိသည်။ ဝါရှင်တန်မြို့တော် ဝါရှင်တန်ဟီလ်တန်ဟိုတယ်၌ ဧပြီ ၂၅ ရက်ကအိမ်ဖြူတော် သတင်းထောက်များ အသင်း ညစာစားပွဲ ကျင်းပနေစဉ် ကိုးလ်သောမတ်အယ်လန်သည်ဟိုတယ်ပြင်ပ လုံခြုံရေးဂိတ်၌ သမ္မတလုံခြုံရေးအဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။ အထက်ပါ ဖြစ်စဉ်ကြောင့်အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတက်ရောက်နေ သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အစိုးရထိပ်တန်း တာဝန်ရှိသူများကို သမ္မတလုံခြုံရေးအဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ရသည်။ ကိုးလ်သောမတ်အယ်လန်အနေဖြင့် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ သမ္မတ ဒေါ်နယ်ထရန့်နှင့် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူများကိုလုပ်ကြံရန် ရည်ရွယ်ထားကြောင်း အမေရိကန်အစိုးရ ရှေ့နေများကပြောကြားထားသည်။ ကိုးလ်သောမတ်အယ်လန်သည်လက်နက်ငယ် တရားမဝင် သယ်ယူမှု၊ လက်နက်ငယ်သုံး၍ အကြမ်းဖက်ရာဇဝတ်မှု ကျူးလွန်မှု စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အမျိုးသမီးဘောလုံးအကယ်ဒမီအတွက်အပြီးသတ် လူရွေးချယ်ပွဲ ကျင်းပမည် မြန်မာနိုင်ငံ၏ ပထမဆုံးသောWomen’s Academy အတွက် အပြီးသတ် လူရွေးချယ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ( MFF )မှ သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည်န္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် အမျိုးသမီး ဘောလုံးအကယ်ဒမီ(Women’s Academy) အတွက် ပဏာမရွေးချယ်ခံရသူများအား အပြီးသတ်လူရွေးချယ်မှု (Final Selection) ကို မေ ၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အပြီးသတ်လူရွေးချယ်ပွဲတွင် ရန်ကုန်ဇုန် (Yangon Zone)၊ အောက်မြန်မာပြည်ပဏာမရွေးချယ်ခံ ရသူများ အတွက် မေ၉ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တွင် စာရွက်စာတမ်း စိစစ်ခြင်းနှင့် ဆေးစစ်မှုများ(Medical Check - up) ပြုလုပ်သွားမည်ဖြစ်ပြီး မေ ၁၀ ရက် နှင့် ၁၁ ရက် နံနက်၆ နာရီခွဲတွင် လက်တွေ့ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးဇုန် (Mandalay Zone)၊ အထက်မြန်မာပြည်ပဏာမ ရွေးချယ်ခံရသူများအတွက် မေ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် စာရွက်စာတမ်းစိစစ်ခြင်းနှင့်ဆေးစစ်မှုများ (Medical Check - up) ပြုလုပ်သွား မည်ဖြစ်ပြီး မေ ၁၈ ရက် နှင့်၁၉ ရက် နံနက် ၆ နာရီခွဲတွင် လက်တွေ့ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇုန်နှစ်ခုလုံးအတွက် နယ်မှလာရောက်သည့် အမျိုးသမီးကစားသမားများအတွက်သာ ရန်ကုန် အကယ်ဒမီ တွင် တည်းခိုရေးစီစဉ်ပေးမည် (ရန်ကုန်မှ ကစားသမားများမပါ)ဖြစ်ပြီး အတူလိုက်ပါလာမည့် မိဘ အုပ်ထိန်းသူမှာ အမျိုးသမီးသာဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MFF #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ထိုင်းရှိ CI စင်တာများကို ဩဂုတ် ၁၇ ရက်အထိ ဖွင့် လှစ်ပေးမည် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအတွက် ဆောင်ရွက်ပေးနေသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးသည့် စင်တာများအား ဩဂုတ် ၁၇ရက်အထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရ ခွင့်ပြုချက်ဖြင့်မြန်မာနိုင်ငံအလုပ်သမားဌာနက CI ထုတ်ပေးသည့် စင်တာများအား စမွတ် ဆာခွန်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီ နှင့် ချင်းမိုင် ခရိုင်လေးခုတွင် ဖွင့်လှစ်ထားပြီး ချွန်ပူရီ ခရိုင်တွင်လည်းနယ်လှည့်ယူနစ် (Mobile Unit) တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ ထိုင်းတွင် တရားမဝင်ဖြစ်နေသည့် မြန်မာလုပ်သားများအတွက်ရည်ရွယ်ပြီး CI ထုတ်ပေးသည့် စင်တာများကို ဖေဖော်ဝါရီ ၁၇ ရက်ကစတင် ဖွင့်လှစ်ခဲ့ပြီး CI စင်တာများနှင့်နယ်လှည့်ယူနစ် လုပ်ငန်းတို့မှာ မေ၁၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းရောက် မြန်မာလုပ်သားအားလုံး စာရွက်စာတမ်း ရရှိစေရန်နှင့်လုပ်ငန်းစဉ်များချောမွေ့ရန် ဩဂုတ်၁၇ ရက်အထိ တိုးမြှင့်ပြီး ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာနညွှန်ကြားရေးမှူးချုပ် ဆုမ်းချိုင်းကလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️စစ်ပွဲအဆုံးသတ်ရန် အီရန်၏ နောက်ဆုံးအဆိုပြုချက် ထရန့် မကျေနပ် နှစ်လကြာစစ်ပွဲ အဆုံးသတ်ရေးအပေါ် အီရန်၏ နောက်ဆုံး အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျေနပ်မှုမရှိကြောင်း အမေရိကန်အရာရှိကြီး တစ်ဦးကပြောကြားခဲ့ရာ စွမ်းအင်စီးဆင်းမှုပြတ်တောက်၊ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေခဲ့ကာ လူထောင်ချီသေဆုံးခဲ့သော ပဋိပက္ခအား အလျင်အမြန်ဖြေရှင်းရေး မျှော်လင့်ချက်များလည်း အားနည်းသွားခဲ့သည်။ ပင်လယ်ကွေ့မှ ရေကြောင်းသွားလာမှုများကို ဖြေရှင်းပြီး၊ စစ်ပွဲကို အဆုံးသတ်ပြီးသည့် အချိန်အထိ အီရန်၏ နျူကလီးယားအစီအစဉ်အကြောင်း ဆွေးနွေးမှုများကို ဘေးဖယ်ထားရန် အီရန်ဘက်မှ နောက်ဆုံးအဆိုပြုချက်က ဖော်ပြထားသည်။ သို့ရာတွင် နျူကလီးယားကိစ္စများကြောင့် အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး ယင်းကိစ္စကို ဦးစွာဆွေးနွေးရေး အလိုရှိသော ထရန့်က အဆိုပြုချက်ကို ကျေနပ်ခြင်း မရှိကြောင်း ယမန်နေ့က သမ္မတနှင့်၎င်း၏ အကြံပေးများတွေ့ဆုံမှုအကြောင်း တင်ပြမှုရရှိထားသည့် အမည်မဖော်လိုသူ အမေရိကန်အရာရှိကြီးတစ်ဦးက ပြောသည်။ အမေရိကန်က စာနယ်ဇင်းများမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း နှင့် ၎င်းတို့၏ အနီရောင်စည်းများကို ရှင်းလင်းစွာ သတ်မှတ်ထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ အမျိုးသမီး အိုလီဗီယာဝေးလ်စ်က ပြောသည်။ ထိုအတောအတွင်းမှာပင် အီရန် နိုင်ငံခြား‌ရေးဝန်ကြီး အဘတ်စ်အာရက်ချီ က အိမ်နီးချင်းလည်းဖြစ် အမေရိကန်နှင့်ကြား အဓိကကြားဝင်စေ့စပ်ပေးသူလည်းဖြစ်သည့် ပါကစ္စတန်၊ ‌ဟောမုဇ်အိမ်နီးချင်း အိုမန်တို့သို့ သွားရောက်ခဲ့ကာ ရုရှားနိုင်ငံသို့ ခရီးဆက်၍ သမ္မတ ပူတင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားများ လက်ခံရရှိခဲ့သည်။ အမေရိကန်သည် စစ်ပွဲအတွင်း ၎င်းတို့၏ရည်မှန်းချက်များ တစ်ခုမှ မအောင်မြင်ခဲ့သောကြောင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်တောင်းဆိုခဲ့သည်ဟု အာရက်ချီ က ရုရှားနိုင်ငံတွင် သတင်းထောက်များအား ပြောကြားသည်။ အမေရိကန်သို့ လက်ဆင့်ကမ်းရန် ပါကစ္စတန်သို့ အာရက်ချီ သယ်ဆောင်သွားသော အီရန်၏ အဆိုပြုချက်တွင် ဆွေးနွေးပွဲများကို တစ်ဆင့်ချင်းလုပ်ရန် နှင့် ကနဦးတွင် နျူကလီးယားကိစ္စကို ဘေးဖယ်ထားရန် ပါရှိသည်။ ပထမအဆင့်တွင် စစ်ပွဲကို အဆုံးသတ်ပြီး ထပ်မတိုက်ရန် အမေရိကန်က အာမခခံချက်များ ပေးရန် အီရန်အဆိုပြုချက်က ဦးဆုံးတင်ပြပြီး ဒုတိယအနေဖြင့် ၎င်းတို့၏ ထိန်း ချုပ်မှုဖြင့် အီရန်က ပြန်လည်ဖွင့်လှစ်လိုသည့် ဟောမုဇ်ရေလက်ကြား အကြောင်း ဆွေးနွေးရန်ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မှ အီရန်နျူကလီးယားအရေးကဲ့သို့ ရေရှည်ပြဿနာများကို ကိုင်တွယ်သွားရန် အီရန်က ရည်မှန်းထားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

photo content

◾️မိုင်းဆတ်၌လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များလဲကျ၊ နေအိမ်အချို့ပျက်စီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ယမန်နေ့(ဧပြီ ၂၇ ရက်) ညနေ ၆ နာရီ ၃၅ မိနစ်တွင် မိုးရွာသွန်ပြီးလေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များလဲကျပြီး နေအိမ်အချို့ပျက်စီးကြောင်း မိုင်းဆက်မြို့အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါလေပြင်းတိုက်ခတ်ခြင်းကြောင့် မိုင်းဆတ်-မိုင်းတုံကားလမ်းဘေးရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့ကြောင်း၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာမှ နေအိမ်များလည်း ထိခိုက်ပျက်စီးကြောင်းသိရသည်။ "မိုင်းဆတ်-မိုင်းတုံကားလမ်းပေါ်မှာသစ်ပင်တွေလဲကျပြီး လမ်းပိတ်သွားတယ်။ ကားသွားလာတာ လုပ်လိုမရတော့ အရင်ဆုံးလမ်းရှင်လင်းရေးကိုအဓိကဆောင်ရွက်ခဲ့တယ်။ ည ၈ နာရီ ၆ မိနစ်မှာ အာလုံးပြီးသွားတယ်။ လမ်းလည်းပြန်ဖွင့်ပေးလိုက်တယ်။ အိမ်တွေကိုတော့ ဒီမနက်မှသွားရောက် ရှင်းပေးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်အရေတွက်တော့မသိသေးဘူး" ဟု မိုင်းဆက်မြို့အရန်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရှင်းလင်းရေးလုပ်ငန်းများကို မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကဆောင်ရွက်ခဲ့ကြောင်းသိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - MFSD #ပြည်တွင်းသတင်း

ယနေ့ထုတ်သတင်းစာ_ကာတွန်း
ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️လူ ၁၄ ဦး သေဆုံးသည့် ဂျကာတာမြို့အနီး ရထားနှစ်စီးတိုက်မှု စုံစမ်းစစ်ဆေးရန် သမ္မတ အမိန့်ပေး ရပ်တန့်ထားသော မြို့ပတ်ရထားတစ်စီးကို ခရီးဝေးပြေးဆွဲသော ရထားတစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အင်ဒိုနီးရှားသမ္မတ ဆူဘီယန်တို့က အမိန့်ပေးလိုက်သည်။ ဂျကာတာမြို့ အရှေ့ဘက် ဘီကာဆီအရှေ့ ရထားဘူတာရုံအနီး မတော်တဆမှုတွင် လုပ်ဆောင်ခဲ့သော ၁၂ နာရီ ကြာ ကယ်ဆယ်ရေးလုပ်ငန်းကို တာဝန်ရှိသူများက အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ “ ဒီနေ့ မနက်မှာ အာလုံးပြီးဆုံးသွားပါပြီ။ ထိခိုက်ဒဏ်ရာရရှိသူတွေ ထပ်တွေ့ဖို့ မရှိတာ သေချာပါတယ်”” ဟု အမျိုးသားရှာဖွေ၊ ကယ်ဆယ်ရေးအေဂျင်စီ(Basarnas) အကြီးအကဲ မိုဟမ်မက်ရှာဖီး က ပြောကြားသည်။ ဂျကာတာမှ ၂၅ ကီလိုမီတာအကွာ ဘီကာဆီအရှေ့ ဘူတာရုံတွင် မြို့ပတ်ရထား ရပ်တန့်၍ လူများဆင်းရန် ပြင်ဆင်နေချိန်တွင် ကျယ်လောင်သော ရထားတစ်စင်း၏ အသံကို ကြားခဲ့ရသည်ဟု လက်ကျိုးသွားပြီး ပေါင်တွင်လည်း ပြတ်ရှ ဒဏ်ရာရခဲ့သဖြင့် ဘီကာဆီဆေးရုံတွင် ‌ရောက်ရှိနေသူ အသက် ၂၉ နှစ်အရွယ် ဆော်ဆန်ဆာရီဖာက ပြောပြသည်။ “ကျွန်မသေတော့မယ်လို့ ထင်ခဲ့တယ်။ အဖြစ်အပျက်က အလွန်မြန်ဆန်ပြီး စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတာပါ” ဟု ၎င်းက ဆိုသည်။ လူများအထပ်ထပ် ပိနေကြချိန်တွင် အသက်ရှုကျပ်၍ သေဆုံးသွားမည်ကို ၎င်းအနေဖြင့် စိုးရိမ်ခဲ့ကြောင်းနှင့် အောက်တွင် ရောက်နေသူများ အသက်မရှင်မည်ကို ဆာရီဖာက စိုးရိမ်နေခဲ့သည်။ “ရထားထဲက ထွက်ဖို့ အချိန်မရလိုက်ပါဘူး။ အားလုံးပဲ ရထားထဲမှာ စုပြုံပြီး တစ်ဦးအပေါ် တစ်ဦးထပ်နေမိကြတယ်။ ကျွန်မအောက်က တစ်ယောက် ဘယ်လိုနေလဲ‌တော့ မသိဘူး” ဟု ၎င်းက ဆိုသည်။ ရှာဖွေကယ်ဆယ်မှုများ မြန်ဆန်ခဲ့၍သာ အသက်ရှင်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ သေဆုံးသူ ၁၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၈၄ ဦး ဆေးကုသမှု ခံယူနေရကြောင်း အစိုးရပိုင်ရထားလုပ်ငန်းက ယနေ့ နံနက်တွင် အတည်ပြု ပြောကြားသော် လည်း ဆေးရုံတွင် ဆက်ရှိနေသူများအပါအဝင် အသေးစိတ် အချက် အလက်များကို ပြောကြားခြင်း မရှိပေ။ မြို့ပတ်ရထားက ရထားလမ်းကူးတွင် အငှားယာဉ်တစ်စီးကို ဝင်တိုက်မိ၍ ရပ်တန့်နေချိန်တွင် ခရီးဝေးရထားက နောက်မှ ဝင်တိုက်ခဲ့ပုံရကြောင်း ရထားလုပ်ငန်းမှ ပြောခွင့်ရသူ ဖရာနိုတိုဝီဘိုဝိုက ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-CNA #နိုင်ငံတကာသတင်း

photo content

◾️မြန်မာရှိ Shop.com.mm အွန်လိုင်းရှော့လုပ်ငန်း ရပ်ဆိုင်းမည်ဟုကြေညာ ကမ္ဘာကျော် ကုမ္ပဏီတစ်ခုဖြစ်သည့် Alibaba(အလီဘာဘာ)ကုမ္ပဏီ ၏လုပ်ငန်းခွဲတစ်ခုဖြစ်သည့် အွန်လိုင်းစျေးဝယ်ဝန်ဆောင်မှုဖြစ်သည့် Shop App MM (Shop.com.mm) လုပ်ငန်းကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Daraz Myanmar Company Limited ကယမန်​နေ့(ဧပြီ ၂၇ ရက်) တွင် ကြေညာထားသည်။ မြန်မာနိုင်ငံအတွင်း အောင်မြင်ခဲ့သည့် အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်သော Shop App MM တွင် မနက်ဖြန် (ဧပြီ ၂၉ ရက်) ည ၁၁ နာရီ ၅၉ မိနစ် အထိသာ အော်ဒါများ လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ လုပ်ငန်းရပ်နားရန် ပြင်ဆင်နေစဉ်အတွင်း လက်ရှိမှာယူထားသော အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုများ အားလုံးကို တာဝန်ယူမှု အပြည့်ဖြင့် ချောမွေ့စွာ အပြီးသတ်ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ လုပ်ငန်း ရပ်နားရန် ၎င်းတို့အနေဖြင့် လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ဘဲ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်းတို့အား လက်ခံပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အီလက်ထရွန်နစ် ပစ္စည်းများအတွက်အရေးကြီးသော ကုန်ကြမ်းများ ဖြည့်ဆည်းပေးနိုင်စွမ်း ပြတ်တောက်ခဲ့ရပြီးလျှပ်စစ်ပစ္စည်းအားလုံးနီးပါး၌ အသုံးပြုနေသော ဆားကစ်ဘုတ်ဈေးနှုန်းများမြင့်တက်လာခဲ့ရကြောင်း နည်းပညာကုမ္ပဏီများမှ သတင်းအရင်းအမြစ်များကထုတ်ဖော်ပြောကြားထားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ခဲ့ပြီးနောက် ဧပြီလအစောပိုင်းတွင် အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံရှိ ဂျူဘီးလ်ရေနံဓာတုစက်ရုံကိုတိုက်ခိုက်ခဲ့ရာဆားကစ်ဘုတ်များထုတ်လုပ်ရာတွင် အသုံးပြုသော ပိုလီဖီနယ်လင်းအီသာ (ပီတီအီး)ခေါ် ဓာတုပစ္စည်းတစ်မျိုး ထုတ်လုပ်မှု ရပ်တန့်ခဲ့ရသည်။ သို့ဖြစ်ရာ ပီတီအီးဓာတုပစ္စည်း ဖြည့်ဆည်းနိုင်မှု ကျဆင်းခဲ့ခြင်းကြောင့်ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း နည်းပညာစက်မှုလုပ်ငန်း သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂိုးလ်မင်းဆက်ခ်ျဘဏ်၏ အစီရင်ခံစာအရ ယခုနှစ် ဧပြီလ တစ်လတည်းမှာပင် ဆားကစ်ဘုတ်များဈေးနှုန်းသည်မူလကထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။ ယင်းအပြင် ဖိုက်ဘာမှန်သားများကဲ့သို့ အခြားအရေးကြီးသော ကုန်ကြမ်းများ ပြတ်လပ်လာမှုကြောင့်လည်း ဆားကစ်ဘုတ်ဈေးနှုန်းများ မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားထားသည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်းအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့ရာ ပင်လယ်ကွေ့နိုင်ငံများမှ ထုတ်လုပ်သည့် ရေနံဓာတုထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု ရပ်တန့်ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း