uk
Feedback
The Standard Time Digital

The Standard Time Digital

Відкрити в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Показати більше
Країна не вказанаКатегорія не вказана
276
Підписники
Немає даних24 години
+17 днів
+2630 день
Архів дописів
◾️တောင်အမေရိကဒေသ၌ အမေရိကန်ရေတပ် စစ်ရေယာဉ်နှစ်စင်း ဝင်တိုက်မှုဖြစ် အမေရိကန်စစ်ဘက် တောင်ပိုင်းစစ်ဒေသ စစ်ဌာနချုပ် ကြီးကြပ်မှုအောက်တွင်ရှိသော နယ်မြေ အတွင်းရေတပ်စစ်သင်္ဘော တစ်စင်းနှင့်ထောက်ပို့သင်္ဘော တစ်စင်းတို့ဖေဖော်ဝါရီ ၁၁ ရက်တွင် ဝင်တိုက်မိခဲ့ကြောင်း အမေရိကန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် လောင်စာဆီဖြည့်သွင်းနေချိန်အတွင်း မတော်တဆ ဝင်တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူများက ပြောကြားထားသည်။ လောင်စာဆီ ဖြည့်သွင်းနေချိန်အတွင်း ဝင်တိုက်မိခဲ့သည့် သင်္ဘောနှစ်စင်းမှာ ယူအက်စ်အက်စ် ထရပ်စတန် အမည်ရှိ ဖျက်သင်္ဘောနှင့်ယူအက်စ်အင်န်အက်စ် ဆပ်ပလိုင်းအမည်ရှိ ထောက်ပို့ သင်္ဘောတို့ ဖြစ်ကြကြောင်း အမေရိကန်ရေတပ်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ အထက်ပါ ရေတပ်စစ်သင်္ဘောနှစ်စင်း ဝင်တိုက်မှုဖြစ်ပွားခဲ့သောနေရာကို အမေရိကန်စစ်ဘက် ကထုတ်ဖော်ပြောကြားခြင်း မရှိပေ။အမေရိကန်စစ်ဘက် တောင်ပိုင်းစစ်ဒေသ စစ်ဌာနချုပ် သည် ဗဟိုအမေရိက၊ တောင်အမေရိက နှင့်ကာရစ်ဘီယန် ဒေသများအတွက်တာဝန်ရှိသော စစ်ဌာနချုပ်ဖြစ်သည်။ စစ်သင်္ဘောနှစ်စင်း ဝင်တိုက်မှုဖြစ်စဉ်တွင် ရေတပ်သားနှစ်ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး အခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်းအမေရိကန်ရေတပ် တာဝန်ရှိသူများက ပြောကြား သည်။ ဝေါလ်စထရိဂျာနယ် သတင်းစာ၏ အဆိုအရ ရေတပ်သင်္ဘောနှစ်စင်း ဝင်တိုက်မှုဖြစ်စဉ်မှာ တောင်အမေရိက၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️တရုတ်ငါးဖမ်းရေယာဉ်နှင့် ပဲ့နင်းတို့ကိုဂျပန်တာဝန်ရှိသူများ ဖမ်းဆီးထား တရုတ်ငါးဖမ်းရေယာဉ်တစ်စင်းနှင့် ရေယာဉ်ပဲ့နင်းတို့ကို တာဝန်ရှိသူများက ဖမ်းဆီးထား ကြောင်း ဂျပန်အစိုးရ ရေလုပ်ငန်းအေဂျင်စီက ဖေဖော်ဝါရီ ၁၃ရက်တွင် သတင်းထုတ်ပြန် ထားသည်။ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရေးအတွက် ရပ်တန့်ပေးရန် ဂျပန်ရေလုပ်ငန်းတာဝန်ရှိသူ များက အဆိုပါတရုတ်ငါးဖမ်းရေယာဉ်ကို ညွှန်ကြားခဲ့သော်လည်း ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိဘဲ မောင်းပြေးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အထက်ပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းဖြစ်စဉ်ကြောင့် မူလကပင် သံတမန်ရေးအရ ဆက်ဆံရေး တင်းမာနေသော တရုတ်နှင့် ဂျပန်အကြား အခြေအနေများ ပို၍တင်းမာလာနိုင်ကြောင်းလေ့လာသူများက သုံးသပ်ထား သည်။ အဆိုပါ တရုတ်ငါးဖမ်းရေယာဉ်ကို ဂျပန်နိုင်ငံ ဂိုတိုကျွန်းစု မီရှီမာကျွန်းအနောက်တောင်ဘက် ၁၆၆ ကီလိုမီတာအကွာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ရေလုပ်ငန်းအေဂျင်စီ တာဝန်ရှိသူများက ပြောကြားသည်။ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း တရုတ်ငါးဖမ်းရေယာဉ်နှင့် ရေယာဉ်ပဲ့နင်းတို့ ဖမ်းဆီးခံထား ရမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများကတစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ထိုင်းတွင် CI စာအုပ် ထုတ်ပေးသည့်စင်တာများ ဖေဖော်ဝါရီ ၁၇ ရက် ပြန်ဖွင့် မည် ထိုင်းတွင် အလုပ်လုပ်ခွင့်ပါမစ် (Work Permit)ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေး ရေးစခန်း ငါးနေရာကို ဖေဖော်ဝါရီ၁၇ ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ CI လက်မှတ်လျှောက်ထားလိုသည့် အလုပ်သမားများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင် များတွင် ကုန်ကျစရိတ် ဘတ် ၂၆၇၀ (မြန်မာငွေ သုံးသိန်းခုနစ်သောင်း နီးပါး) ပေးသွင်းပြီး မိမိလျှောက်ထားလိုသည့် စခန်းအမည်နှင့် ရက်တို့ကို ရွေးချယ်ကာငွေသွင်းနိုင်ကြောင်း သိရသည်။ ငွေပေးသွင်းပြီးပါက 7-Elevenစတိုးဆိုင်များက ထုတ်ပေးသည့်ပြေစာနှင့်အတူ မိမိရွေးချယ် ထားသည့်စခန်းသို့ သွားရောက်၍ CI ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်တရားဝင် နေထိုင် လုပ်ကိုင်ခွင့်များ ရရှိစေရေးအတွက် စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီပြည်နယ်တို့၌ CI ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်အတွက်ကုန်ကျစရိတ်မှာ ဘတ် ၂၆၇၀ သာဖြစ်သဖြင့် မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များ မရှိစေရေး သတိပြုရန်တိုက်တွန်းထားပြီး CI ထုတ်ပေးရေး စခန်းများ အား အပတ်စဉ်တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး(ဗန်ကောက်)မှ ကြေညာသည့် ရုံးပိတ်ရက် များတွင် ပိတ်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကိုအရှေ့အလယ်ပိုင်းသို့ အမေရိကန် ထပ်မံစေလွှတ် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ်လေယာဉ် တင် သင်္ဘောကို ကာရစ်ဘီယန်ဒေသမှအရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းနေရာယူရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ယူအက်စ်အက်စ်ဂျရယ်ဖို့ဒ်လေယာဉ်တင်သင်္ဘော နေရာရွှေ့ ပြောင်းမည့်အစီအစဉ်ကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်းအထိရှိလာမည်ဖြစ်သည်။ အီရန်နိုင်ငံအပေါ် စစ်ရေးအရအရေးယူရန် သင့်၊ မသင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချိန်ဆနေချိန်တွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကိုအရှေ့အလယ်ပိုင်း သို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားခြင်းဖြစ်သည်။ အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယား သဘောတူညီချက်ရယူခြင်း မရှိပါက အလွန်ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၂ ရက်တွင်ထပ်မံသတိပေးထားသည်။ အရှေ့အလယ်ပိုင်းသို့ လေယာဉ်တင်သင်္ဘောတစ်စင်း ဦးဆောင်သော ဒုတိယမြောက် ရေတပ် အုပ်စုထပ်မံစေလွှတ်ရန် မိမိစဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်မီဒီယာများ အားထုတ်ပြောထားပြီးဖြစ်သည်။ လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တင်ဖျက်သင်္ဘောသုံးစင်းတို့ ရောက်ရှိနေပြီဖြစ်သည်။ အမေရိကန်နှင့် အီရန် အဆင့်မြင့်ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိုမန်နိုင်ငံမက်စကပ်မြို့၌ တစ်ဆင့်ခံ နျူကလီးယားဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှရယူနိုင်မှု မရှိခဲ့ပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ထိုင်းတွင် မြန်မာအလုပ်သမား ၆၃ ဦးစမတ်ခ ဘတ်ငါးသိန်းကျော် အလိမ်ခံရ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်နောင်ခမ်း ကျလင်စီပင်ထောင်အဆောင်တွင် နေထိုင်ကြသည့် မြန်မာအလုပ်သမား ၆၃ ဦးအား ပွဲစားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟုဆိုကာ စမတ်ကြေး စုစုပေါင်း ဘတ်ငါးသိန်းကျော် လိမ်လည်သွားကြောင်း ယင်းဖြစ်စဉ်ကို ကူညီပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်သည်။ အလုပ်သမားများအဆိုအရချွန်ဘူလီဘောဝင်း(ဃ)တိုက်တွင်နေထိုင်သည့်ပွဲစားကအီလက်ထ ရွန်နစ်စက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆို ကာ အလုပ်သမားတစ်ဦးလျှင် စမတ်ကြေး (အလုပ်လျှောက်ပေးခ) ဘတ် ၈၅၀၀ နှုန်းဖြင့်ကောက်ခံခဲ့သည်။ ထို့နောက် အလုပ်သမားများက အလုပ်ရရှိခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်းပွဲစား၏အခန်းသို့ လိုက်သွားခဲ့ ရာ အခန်းတွင် မတွေ့ရဘဲ ထွက်ပြေးသွားကြောင်း အလုပ်သမားများထံမှသိရသည်။ အလုပ်သမားများက စမတ်ကြေးများပြန်လည်ရရှိရန်နှင့် ပွဲစားအား အရေးယူနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းတွင် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံအကူ အညီတောင်းခံ ခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားဖြတ်သန်းခွင့် အချိန်ထပ်တိုး မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ တံတားဖွင့်ခါစတွင်နံနက် ၆ နာရီမှ ည ၈ နာရီအထိဖြတ်သန်းခွင့်ပြုထားပြီး ဖေဖော်ဝါရီ ၁၂ ရက် မှစတင်ကာ မနက် ၄ နာရီမှည ၁၀ နာရီအထိ အချိန်တိုးမြှင့်လိုက်ပြီး တံတားဖြတ်သန်း ခကိုလည်းစတင်ကောက်ခံနေပြီဖြစ်ကြောင်းသိရသည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးသည့် တံတားများထဲမှ ကြမ်းခင်းအမြင့်ဆုံးနှင့်ရေလမ်းကင်းလွတ် အမြင့်ဆုံး တံတားဖြစ်သကဲ့သို့ ရန်ကုန်မြို့မှ တစ်ဆင့်တံတားကြီးကို ဖြတ်သန်းကာ ဒလ၊တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ များနှင့် ဧရာ၀တီတိုင်းဒေသကြီး မြို့များကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MRTV #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ကျိုင်းတုံ နည်းပညာတက္ကသိုလ်ကျောင်း အဆောင် မီးလောင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်တစ်ဆောင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း တိုင်းနေ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ကျိုင်းတုံမြို့လွယ်မွေလမ်းရှိ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသားများနေသည့် အိပ်ဆောင်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှမီးစတင်လောင်ကျွမ်းခဲ့ပြီး အခန်း ငါးခန်းပါသွားကြောင်းသိရသည်။ "ကျွန်တော်တို့အသင်းကိုဖုန်းဆက်အကူညီတောင်းခံလာလိုသွားရောက်ကူညီခဲ့တာပါ။ကျောင်းသားတွေရဲ့ အိပ်ခန်း ငါးခန်းကတော့ အကုန်လောင်တဲ့အပြင် စတိုခန်းတစ်ခုလည်းလောင်ကျွမ်းခဲ့တာပါ။ လူထိခိုက်သေဆုံးတော့မရှိပါဘူး"ဟု တိုင်းနေနာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦး ကပြောသည်။ ကျိုင်းတုံမြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်အတွင်းရှိ ကျောင်းသားအဆောင်နှင့် စတိုဆောင်တို့တွင် မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - တိုင်းနေနာရေးကူညီမှုအသင်း #ပြည်တွင်းသတင်း

photo content

◾️ထောက်လှမ်းရေးအဖွဲ့ ရုံးဌာနများကို တောင်ကိုရီးယားရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုပြုလုပ် မြောက်ကိုရီးယားနိုင်ငံဘက်သို့ မောင်းသူမဲ့လေယာဉ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပြဿနာစုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အရ တောင်ကိုရီးယားရဲတပ်ဖွဲ့သည် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အပါအဝင် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ရုံးဌာနများကို စီးနင်းရှာဖွေမှုများ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်စပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံဘက်သို့ မောင်းသူ မဲ့ လေယာဉ်စေလွှတ်ခဲ့ရာ ယင်းမောင်းသူမဲ့လေယာဉ်အားပစ်ချခဲ့ရကြောင်း မြောက်ကိုရီးယား အစိုးရက စွပ်စွဲထားသည်။ အဆိုပါ မောင်းသူမဲ့လေယာဉ် နယ်စပ်ဖြတ်ကျော်မှုပြဿနာတွင် အစိုးရပါဝင်ပတ်သက်မှုမရှိဘဲ အရပ်သားများကစေလွှတ်ခဲ့သော မောင်းသူမဲ့လေယာဉ်ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရက ပြောကြားထားသည်။ သို့ရာတွင် မြောက်ကိုရီးယားနယ်စပ် မောင်းသူမဲ့လေယာဉ် ဖြတ်ကျော်မှုပြဿနာအတွက် လက်နက်ကိုင်တပ်ဖွဲ့ဝင် သုံးဦးနှင့် ထောက်လှမ်းရေးဝန်ထမ်းသုံးဦးတို့ကို စုံစမ်းစစ်ဆေး နေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ဖေဖော်ဝါရီ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းအပြင် စစ်ထောက်လှမ်းရေး ဌာနချုပ်နှင့် အမျိုးသားထောက်လှမ်းရေးဖွဲ့ ဌာနချုပ် အပါအဝင် ထောက်လှမ်းရေးအဖွဲ့ ရုံးနေရာပေါင်း ၁၈ နေရာတို့၌တောင်ကိုရီးယားရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုများနှင့် သက်သေခံပစ္စည်း သိမ်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလားတူ မောင်းသူမဲ့လေယာဉ်ပြဿနာတွင် ပါဝင်ပတ်သက်ကြောင်းယူဆရသူ အရပ်သား သုံးဦးကိုလည်း တောင်ကိုရီးယားရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️လက်ကျန်ရန်ပုံငွေ အမေရိကန်ထည့်ဝင်မည့်အချိန်စောင့်ဆိုင်းနေကြောင်း ကုလသမဂ္ဂ ပြောကြား ကုလသမဂ္ဂအဖွဲ့သို့ အမေရိကန်ပြည်ထောင်စုက ထည့်ဝင်ပေးရမည့်လက်ကျန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးအနက် အမေရိကန်အစိုးရက မည်သည့်အချိန်တွင် မည်ရွေ့မည်မျှ ပြန်လည်စတင်ပေးသွင်းမည်ကိုစောင့်ဆိုင်းနေကြောင်း ကုလသမဂ္ဂ တာဝန် ရှိသူများက ဖေဖော်ဝါရီ ၉ ရက်တွင်ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂ၏ ပုံမှန်လုပ်ငန်းလည်ပတ်မှု အသုံးစရိတ် အတွက် လက်ကျန်ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဒသမ ၁၉၆ ဘီလီယံ ပေးသွင်းရန် လိုအပ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းစဉ် အသုံးစရိတ်များအတွက်လည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ဘီလီယံပေးသွင်းရန် ကျန်ရှိနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အထက်ပါလက်ကျန်ရန်ပုံငွေများအနက် မည်ရွေ့မည်မျှအားအမေရိကန်အစိုးရက မည်သည့်အချိန်တွင် စတင်ပေးသွင်းမည်ကို သိရှိရေးအတွက် မိမိတို့အနေဖြင့် အမေရိကန် အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးမိုက်ခ်ဝေါ့ဇ်ကို ဆက်သွယ်ထားကြောင်းကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောကြားထားသည်။ ကုလသမဂ္ဂ နှစ်စဉ်အသုံးစရိတ်များအတွက် ထည့်ဝင်ပေးရမည့် လက်ကျန်ရန်ပုံငွေများကို အဖွဲ့ဝင်နိုင်ငံအချို့က ထည့်ဝင်မှု မရှိသေးခြင်းကြောင့် ကုလသမဂ္ဂအနေဖြင့် ဘဏ္ဍာရေးအရ ပြိုကွဲမှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်ကြောင်းကုလအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က သတိပေးထားသည်။ ကုလသမဂ္ဂ ပုံမှန်အသုံးစရိတ်အတွက် အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ပေးရမည့် လက်ကျန် ရန်ပုံငွေအနက် ၉၅ ရာခိုင်နှုန်းမှာ အမေရိကန်ပြည်ထောင်စုကထည့်ဝင်ပေးရမည့် လက်ကျန် ရန်ပုံငွေများဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားထားသည်။ ကိုးကား- ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ရွေးကောက်ပွဲပြီးဆုံးပြီးနောက် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သစ် ပေါ်ထွက်လာနိုင်ဖွယ်ရှိ ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ဖုန်ဂျိုင်ထိုင်းပါတီအနိုင်ရရှိခဲ့ပြီးနောက် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သစ်ပေါ်ထွက်လာနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် အစိုးရအဖွဲ့သစ်အနေဖြင့်အစိုးရတာဝန်များကို လေးနှစ် သက်တမ်းအပြည့် တာဝန်ယူနိုင်လိမ့်မည်ဟု မိမိမျှော်လင့်ထားကြောင်း ဖုန်ဂျိုင်ထိုင်း ပါတီ ခေါင်းဆောင် လက်ရှိထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ကဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်၏ ဖုန်ဂျိုင်ထိုင်းပါတီသည်ဖေဖော်ဝါရီ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ထိုင်းလွှတ်တော်အမတ် နေရာ၅၀၀ အနက် ၁၉၃ နေရာအထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ အသက် (၅၉) နှစ်အရွယ်ဝန်ကြီးချုပ် ချန်ဝီရာကူးလ်၏ ထိုင်းအစိုးရအဖွဲ့သစ်အနေဖြင့် ထိုင်းနိုင်ငံရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို ဦးစွာဖြေရှင်းရမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲသည် ရေတိုအားဖြင့်နိုင်ငံရေးပြဿနာများ ပေါ်ထွက်လာနိုင်ခြေကို လျှော့ချရာတွင် အထောက်အကူပြုခဲ့သော်လည်း ထိုင်းနိုင်ငံ ရင်ဆိုင် နေရသည့် စီးပွားရေးအရ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင်ထိရောက်စွာ ကူညီပေးနိုင်ဖွယ် မရှိ ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်လှုပ်ရှားမှုကာလများအတွင်း ထိုင်းနိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းကို ၃ ရာခိုင်နှုန်းအထက် မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း ဖုန်ဂျိုင်ထိုင်းပါတီက ကတိပေးထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content