The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
273
Підписники
Немає даних24 години
+57 днів
+2430 день
Архів дописів
◾️အီရန်အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟမ်မာဒီ၏ အခြေအနေ စိုးရိမ်နေရဆဲဖြစ်
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဆေးရုံတစ်ရုံ၌ ဆေးဝါးကုသမှု ခံယူနေရသော အီရန်အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နာဂျက်စ်မိုဟမ်မာဒီ၏ အခြေအနေမှာ စိုးရိမ်ရကြောင်းနာဂျက်စ်မိုဟမ်မာဒီ ဖောင်ဒေးရှင်းက မေ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟမ်မာဒီ၏သွေးဖိအားမှာ အမြဲလိုလို အသက်အန္တရာယ်ကြီးမားသည့် အဆင့်မျိုးဖြင့် အတက်အကျရှိနေသော်လည်းကုထုံးများမှာ အကန့်အသတ်ရှိနေကြောင်း အထက်ပါ
သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အီရန်အနောက်မြောက်ပိုင်း ဇန်ဂျန်မြို့အကျဉ်းထောင်၌ အကျဉ်းချ ဖမ်းဆီးခံထားရသူအသက် (၅၃) နှစ်အရွယ် မိုဟမ်မာဒီ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာသည်ဖြစ်ရာ မေ ၁ရက်တွင် အကျဉ်းထောင်မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
မိုဟမ်မာဒီအနေဖြင့် ၎င်း၏ ဆေးအဖွဲ့ဖြင့်ကုသမှုခံယူမှသာလျှင် ရောဂါကို ထိရောက်စွာ
ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း နာဂျက်စ်မိုဟမ်မာဒီဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောကြားသည်။
မိုဟမ်မာဒီသည် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု၊ သေဒဏ်စီရင်မှု ပယ်ဖျက်ရေး လှုပ်ရှားမှုများကြောင့် ထောင်သွင်းအကျဉ်းချခံထားရချိန်၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သူဖြစ်သည်။
အီရန်အာဏာပိုင်များသည် မိုဟမ်မာဒီကိုပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြန်လည်ဖမ်းဆီးခဲ့ပြီး
ထောင်ဒဏ် ခုနစ်နှစ်ခွဲပြစ်ဒဏ် ထပ်မံချမှတ်ထားကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တရုတ်၌ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲပြီး ၂၁ ဦးသေဆုံး
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ လူ ၂၁ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြသည်။
အဆိုပါ ဖြစ်စဥ်ကို စေ့စပ် သေချာစွာ စုံစမ်းစစ်ဆေးမှုလုပ်ရန် သမ္မတ ရှီကျင့်ဖျင်ထံမှ ညွှန်ကြားချက် ထွက်ပေါ်လာခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြကြသည်။
မီရှူးမီးပန်းစက်ရုံအများအပြား တည်ရှိသော ပြည်နယ် မြို့တော် ချန်းရှာမှ ပေါက်ကွဲမှုသည် တနင်္လာနေ့ ညနေ ၄ နာရီ ၄၀ ခန့်က ဖြစ်ပေါ်ခဲ့သည်ဟု ဆင်ဟွာ နှင့် CCTV သတင်းဌာန တို့က ဖော်ပြသည်။
ပြိုကျနေသော အဆောက်အဦးများနှင့် အပျက်အစီးများ ပြန့်ကျဲနေသော ကျယ်ပြောသောစက်ရုံမှ မဲမှောင်နေသော မီးခိုးလုံးများ တက်လာသည်ကို တရုတ်အင်တာနက် ပလက်ဖောင်း ဗီဒီယိုများတွင် မြင်တွေ့ရပြီး ၎င်းတို့အနေဖြင့် စိစစ်နိုင်ခြင်း မရှိကြောင်း သတင်းက ဖော်ပြသည်။
မီးလောင်သည့် စက်ရုံသို့ ကယ်ဆယ်ရေးသမား၊ ဆေးအဖွဲ့များ နှင့် မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ခန့် သွားရောက် မီးငြှိမ်းသတ်လုပ်ကိုင်ခဲ့ရကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းက ဖော်ပြထားသည်။
Huasheng Fireworks Manufacturing and Display တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း မှတ်ချက်ရယူရန် ကုမ္ပဏီနာမည်နှင့် တယ်လီဖုန်းနံပါတ် မတွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ရခြင်း အကြောင်းရင်းကို အလျင်အမြန် စုံစမ်းစစ်ဆေးရန်နှင့် ယင်းဖြစ်ရပ်အတွက် တင်းကျပ်စွာတာဝန်ခံခိုင်းရန် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုး မီးရှူးမီးပန်းများကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပြီး ကမ္ဘာ့စုစုပေါင်းတန်ဖိုး၏ သုံးပုံ ၊ နှစ်ပုံ ရှိသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း
◾️ရုရှား၏ ဘောလ်တစ်ဒေသ ရေနံဆိပ်ကမ်းကို ယူကရိန်း တိုက်ခိုက်
ရုရှားနိုင်ငံ၏ ပရီမော့ခ်အမည်ရှိ ဘောလ်တစ်ပင်လယ်ဒေသ ဆိပ်ကမ်းတစ်ခုကို ယူကရိန်းနိုင်ငံက မေ၃ ရက်တွင် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပရီမော့ခ်ဆိပ်ကမ်းကို တိုက်ခိုက်စဉ် ယူကရိန်း မောင်းသူမဲ့လေယာဉ်များက ယင်းဆိပ်ကမ်းရှိရုရှားစစ်ရေယာဉ်ငယ်များကိုလည်းပစ်မှတ်ထားခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။
ယူကရိန်း မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့်ပရီမော့ခ်ရေနံဆိပ်ကမ်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက အတည်ပြုထားသည်။ရုရှား၏ ရေနံလုပ်ငန်းအခြေခံ
အဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် ရုရှား၏ စစ်ပွဲ ဆင်နွှဲနိုင်စွမ်းကိုကန့်သတ်ထားနိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက သုံးသပ်ထားသည်။
ပရီမော့ခ်ဆိပ်ကမ်းသည် ရုရှား၏ အကြီးမားဆုံး နိုင်ငံတကာ ပို့ကုန်ဆိပ်ကမ်းများထဲတွင် အပါအဝင်ဖြစ်ပြီး နေ့စဉ် ပြည်ပပို့ကုန် ရေနံစိမ်းစည်တစ်သန်းအထိ ကိုင်တွယ်ပေးနေသော ဆိပ်ကမ်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ပရီမော့ခ်ဆိပ်ကမ်းကိုအကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။
ရုရှားနိုင်ငံ၏ ရေနံလုပ်ငန်းအခြေခံ အဆောက်အအုံများကိုယူကရိန်းနိုင်ငံက ဆက်လက်တိုက်ခိုက် နေမည် ဆိုပါက ကမ္ဘာ့စွမ်းအင်ဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများထပ်မံမြင့်တက်လာနိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက သတိပေးထားသည်။
ယူကရိန်းနိုင်ငံက မောင်းသူမဲ့လေယာဉ်များဖြင့် ပရီမော့ခ်ရေနံဆိပ်ကမ်းအား တိုက်ခိုက်ခဲ့မှုကို ရုရှား
အစိုးရ တာဝန်ရှိသူများက အတည်ပြုထားပြီး ယူကရိန်းမောင်းသူမဲ့လေယာဉ် ၆၀ ကျော်ကို ပစ်ချခဲ့ရ
ကြောင်း ပြောကြားထားသည်။
မောင်းသူမဲ့ လေယာဉ်များတိုက်ခိုက်မှုကြောင့် ပရီမော့ခ်ဆိပ်ကမ်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ရ
သော်လည်း အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နယ်သာလန် ဇိမ်ခံသင်္ဘောပေါ် ၌ လူသုံးဦး သေဆုံး
နယ်သာလန်နိုင်ငံ အခြေစိုက်ဇိမ်ခံခရီးသည်တင် သင်္ဘောပေါ်၌ဟန်တာဗိုင်းရပ်စ် (hantavirus) အဖြစ် ယူဆရသော ဗိုင်းရပ်စ် တစ်မျိုးကူးစက်မှုကြောင့် လူသုံးဦးသေဆုံး၍သုံးဦး နာမကျန်းဖြစ်နေကြောင်း မေ၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါခရီးသည်တင် ဇိမ်ခံသင်္ဘောမှာ နယ်သာလန်အခြေစိုက်အိုးရှင်းဝိုက် အိတ်စပတ်ဒီးရှင်းကုမ္ပဏီပိုင် အမ်ဗွီဟွန်ဒီးရပ်စ် အမည်ရှိ သင်္ဘောဖြစ်ကြောင်း သိရသည်။
အမ်ဗွီဟွန်ဒီးရပ်စ် သင်္ဘောသည် ဝင်ရိုးစွန်းဒေသ ခရီးစဉ်အတွင်းဟန်တာဗိုင်းရပ်စ်အဖြစ် ယူဆရသော ဗိုင်းရပ်စ်တစ်မျိုး ကူးစက်မှုပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး အခြေအနေကို ထိန်းချုပ်ရေး အတွက် ကြိုးပမ်းနေကြောင်း အိုးရှင်းဝိုက်အိတ်စပတ်ဒီးရှင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
ဟန်တာဗိုင်းရပ်စ်သည် ကြွက်များမှတစ်ဆင့် ကူးစက်နိုင်သောဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကူးစက်ခံခဲ့ရပါက အသက်အန္တရာယ်ကြီးမားသည့်အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများပေါ်လာတတ်သည်။
ဟန်တာဗိုင်းရပ်စ်အဖြစ်ယူဆရသော ဗိုင်းရပ်စ်ကူးစက်မှုကြောင့်သေဆုံးသူများထဲတွင် နယ်သာလန်
နိုင်ငံသားနှစ်ဦး ပါဝင်ကြောင်းသိရသည်။
အမ်ဗွီဟွန်ဒီးရပ်စ် သင်္ဘောသည် ခရီးသည် ၁၅၀ ခန့်နှင့်အတူအာဂျင်တီးနားနိုင်ငံမှ လွန်ခဲ့သည့်
သီတင်းသုံးပတ်ခန့်က စတင်ထွက်ခွာခဲ့ပြီး ယခုအခါ အန္တာတိကသမုဒ္ဒရာအတွင်း ကျောက်ချထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မအူပင်နှင့် ကာမိုင်းအနီးတို့၌ ငလျင်လှုပ်
မအူပင်မြို့အနီး နှင့် ကာမိုင်းမြို့အနီး ဗဟိုပြု၍ ယနေ့(မေ ၅ ရက်) နံနက် ၃ နာရီနှင့် နံနက် ၁၀ နာရီ ၄၀ မိနစ်တို့၌ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(မေ ၅ ရက်) နံနက် ၃ နာရီ ၁ မိနစ်ခန့်က မအူပင်မြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ အနက် (၁၆) ကီလို မီတာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ကာမိုင်းမြို့၏ အနောက်ဘက်(၁၃) မိုင်ခန့်အကွအနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄ ဒသမ ၅ (M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေ ၁ ရက် ညပိုင်းနှင့် မေ ၂ ရက် မွန်းလွဲပိုင်းတို့တွင်လည်း ဧရာဝတီတိုင်း၊ မအူပင်မြို့အနီး ဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-မိုးဇလ
#ပြည်တွင်းသတင်း
◾️ဧရာ၀တီတိုင်းဒေသကြီးတွင်ဂရန်အင်းနှင့် တင်ဒါချက်များအားအပြီးသတ် လေလံတင်ရောင်းချမည်
ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆-၂၀၂၇ ငါးလုပ်ငန်းရာသီအတွက် လေလံတင်ရောင်းချမည့် ဂရန်အင်းများနှင့် တင်ဒါချက်များကိုသက်ဆိုင်ရာခရိုင်ရုံးစိုက်ရာ မြို့များတွင် မေလအတွင်း အပြီးသတ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် လေလံရောင်းချမှုတွင်ယခင်ဒုတိယလွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းအတည်ပြုခဲ့သည့်ရေချိုငါးလုပ်ငန်းဥပဒေနှင့် နည်းဥပဒေများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ငန်းစဉ်တစ်ခုလုံးကို ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျဖြစ်စေရန် စီစဉ်ထားကြောင်း သိရသည်။
ခရိုင်ရုံးစိုက်ရာ မြို့များဖြစ်သည့် ပုသိမ်မြို့တွင် မေ ၁၈ရက်တွင်လေလံစတင် ရောင်းချမည်ဖြစ်ပြီး
ကျုံပျော်မြို့တွင် မေ ၁၉ ရက်၊ဟင်္သာတမြို့တွင် မေ ၂၀ ရက်၊ မြန်အောင်မြို့တွင်း မေ ၁၉ ရက်၊ မြောင်း
မြမြို့တွင်း မေ ၂၁ ရက်၊ မအူပင်မြို့တွင်မေ ၂၅ မှ ၂၆ ရက်အထိ နှစ်ရက်ရောင်းချပေးမည်ဖြစ်ပြီး လပ္ပတ္တာမြို့တွင် မေ ၂၄ ရက်နှင့် ၂ ၅ ရက်တို့တွင်နှစ်ရက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထောက်အကူပြုစေမည်အင်းလုပ်ငန်းများသည် ဧရာ၀တီတိုင်းဒေသကြီးအတွက် အဓိကဘဏ္ဍာငွေ အများအပြားရရှိ စေသည့်လုပ်ငန်းများဖြစ်သည့်အတွက် ယခုကဲ့သို့ စနစ်တကျလေလံတင်ရောင်းချခြင်းဖြင့် ဒေသတွင်း စီးပွားရေးနှင့်အစိုးရဘဏ္ဍာငွေရရှိမှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရ သည်။
သတင်း-သက်ပိုင်
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စမွတ်ပရာကန်တွင် မြန်မာအမျိုးသမီး စက်ရုံအလုပ်သမားနှစ်ဦး ကားတိုက်ခံရပြီး တစ်ဦးသေဆုံး
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ရှိ လူကူးမျဉ်းကျားတွင် မေ ၄နံနက် အစောပိုင်း၌ လမ်းကူးနေ သည့် မြန်မာအမျိုးသမီးစက်ရုံ အလုပ်သမားနှစ်ဦးကို ကားတစ်စီးက တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အသက် (၁၉) နှစ်အရွယ် မြန်မာနိုင်ငံသူမှာ အရေးပေါ်အသက်ကယ်ပြုစုမှု (CPR) ပြုလုပ်ခဲ့သော်လည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။အသက် (၂၂) နှစ်အရွယ် အခြားမြန်မာအမျိုးသမီးတစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အသက် (၃၈) နှစ်အရွယ် ကားဆရာက အမျိုးသမီးများသည် ၎င်း၏လမ်းကြောထဲသို့ ရုတ်တရက် ဝင်လာခဲ့သဖြင့် အချိန်မီ ဘရိတ်မအုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-Khaosod
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ပင်လယ်ကွေ့ ၌ ပိတ်မိနေသော သင်္ဘောများကို ကယ်ထုတ်ရန်ကူညီမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား
အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ရေပြင်များအတွင်း ပိတ်မိနေသောသင်္ဘောများကို ကယ်ထုတ်ရေးအတွက် မေ ၄ ရက်မှစ၍ အမေရိကန် ပြည်ထောင်စုကကူညီမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်သည်။
သို့ရာတွင် ပင်လယ်ကွေ့ရေပြင်အတွင်း ပိတ်မိနေသော သင်္ဘောများကိုကယ်ထုတ်ရာတွင် မည်သို့မည်ပုံ ကူညီမည်ကို သမ္မတဒေါ်နယ်ထရန့်က အသေးစိတ်ထုတ်ပြောခြင်းမရှိပေ။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်သင်္ဘောရာပေါင်းများစွာနှင့် သင်္ဘောသား ၂၀၀၀၀ ခန့်တို့မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခြင်းမရှိတော့ဘဲ ပင်လယ် ကွေ့ရေပြင်များအတွင်း ပိတ်မိနေခဲ့ရသည်။
အဆိုပါသင်္ဘောများကို ပင်လယ်ကွေ့ရေပြင်မှ ကယ်ထုတ်ရေးအတွက်အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀၀၊ မြေပြင်နှင့်ရေပြင်အခြေပြု လေယာဉ်အစင်း၁၀၀ ကျော်တို့အပြင် စစ်သင်္ဘောများနှင့် မောင်းသူမဲ့ လေယာဉ် များက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်အလယ်ပိုင်းစစ်ဒေသ စစ်ဌာနချုပ် တာဝန်ရှိသူ များက ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် အမေရိကန်တပ်များ ဟော်မုဇ်ရေလက်ကြားအတွင်းသို့ မဝင်ရန် အီရန်အစိုးရက မေ ၄ ရက်မှာ ပင် သတိပေးထားသည်။ပင်လယ်ကွေ့ရေပြင်များအတွင်း ပိတ်မိနေသည့် သင်္ဘောများကိုကယ်ထုတ်ရာတွင် အမေရိကန်ပြည်ထောင်စုက အကူအညီပေးမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် အီရန်အစိုးရ၏ အထက်ပါသတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားလုံခြုံရေးကို အီရန်နိုင်ငံက ရယူထားပြီဖြစ်ရာယင်းရေလက်ကြားအား ခြိမ်းခြောက် မှုမှန်သမျှကို ပြင်းထန်စွာတုံ့ပြန်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က သတင်းထုတ်ပြန် ထားသည်။
ယင်းအပြင် ပင်လယ်ကွေ့ရေ ပြင်အတွင်းရှိ သင်္ဘောများအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်း လုံခြုံစွာ ဖြတ်သန်းရေးအတွက် အီရန်တပ်များနှင့်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တော်လှန်ရေး အစောင့်တပ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့ရာတွင် ပိတ်မိနေသည့် သင်္ဘောများအား ကယ်ထုတ်ရေးအတွက်အမေရိကန်ပြည်ထောင်စု၏ ကြိုးပမ်းမှုများကို ကြားဝင်နှောင့်ယှက် လာပါကစစ်အင်အားဖြင့်ရှင်းရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အမေရိကန်သို့ မြန်မာ့ပေါ်ဆန်းဆန်ပြန်လည်တင်ပို့နိုင်ရန် စီစဉ်နေ
မြန်မာ့ပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချနိုင်ရေးနှင့် စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၉ ရက်ကမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် Virtualစနစ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှတာဝန်ရှိသူများ၊ အမေရိကန်ကုမ္ပဏီWell Luck မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက
အမေရိကန်နိုင်ငံ၊ Well Luck Co.,Ltd. ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံထံ မြန်မာ့ပေါ်ဆန်းဆန် ပြန်လည်တင်ပို့ရောင်းချနိုင်ရေးအတွက်ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းစဉ်များနှင့် အမေရိကန်နိုင်ငံ၏ FDAဆိုင်ရာ လိုအပ်ချက်များကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးမှ တစ်ဆင့်အမေရိကန်နိုင်ငံသို့ မြန်မာ့ပေါ်ဆန်းဆန်နမူနာများ ဦးစွာပေးပို့ပြီးအစပျိုးအနေဖြင့် ကွန်တိန်နာတစ်စီးခန့် တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
သတင်း-လင်းလက်ကြယ်
ဓာတ်ပုံ- MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ပတ်လမ်းမှားသွားတဲ့ ဘလူးဘာ့ဒ်ဂြိုဟ်တု ပတ်လမ်းမှခွာထွက်၍ လေထုလွှာထဲကို ပြန်ဝင်မည်
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
