မော်ဒန်ကဗျာ ချန်နယ်
Відкрити в Telegram
ဘဝကို တစ်ယောက်တည်း မတွေးခေါ်နဲ့ အချစ်နဲ့ လွဲရင် ကမ္ဘာနဲ့ လွဲမယ် ။ ▪️စိုင်းဝင်းမြင့်
Показати більшеМ'янма35 764Категорія не вказана
327
Підписники
Немає даних24 години
+17 днів
+130 день
Триває завантаження даних...
Схожі канали
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+14
в 3 каналах
червень '26
+16
в 2 каналах
Get PRO
травень '26
+12
в 1 каналах
Get PRO
квітень '26
+40
в 2 каналах
Get PRO
березень '26
+51
в 1 каналах
Get PRO
лютий '26
+6
в 0 каналах
Get PRO
січень '26
+21
в 0 каналах
Get PRO
грудень '25
+31
в 1 каналах
Get PRO
листопад '25
+31
в 0 каналах
Get PRO
жовтень '25
+37
в 2 каналах
Get PRO
вересень '25
+135
в 0 каналах
Get PRO
серпень '250
в 1 каналах
Get PRO
липень '25
+87
в 4 каналах
Get PRO
червень '25
+44
в 4 каналах
| Дата | Залучення підписників | Згадування | Канали | |
| 29 липня | 0 | |||
| 28 липня | 0 | |||
| 27 липня | 0 | |||
| 26 липня | +5 | |||
| 25 липня | 0 | |||
| 24 липня | 0 | |||
| 23 липня | 0 | |||
| 22 липня | 0 | |||
| 21 липня | +1 | |||
| 20 липня | 0 | |||
| 19 липня | +1 | |||
| 18 липня | 0 | |||
| 17 липня | +3 | |||
| 16 липня | 0 | |||
| 15 липня | 0 | |||
| 14 липня | 0 | |||
| 13 липня | +1 | |||
| 12 липня | 0 | |||
| 11 липня | 0 | |||
| 10 липня | 0 | |||
| 09 липня | 0 | |||
| 08 липня | +1 | |||
| 07 липня | 0 | |||
| 06 липня | 0 | |||
| 05 липня | +1 | |||
| 04 липня | 0 | |||
| 03 липня | 0 | |||
| 02 липня | +1 | |||
| 01 липня | 0 |
Дописи каналу
စောစောအိပ်မယ်ဆိုပြီး
ညနက်အထိ ရောက်သွားသော...
နေ့ရက်များ ကုန်ဆုံးကြပါစေ ။ ။ ။
- လောင်ချိတ်
| 2 | ချစ်မိလိုက်တာနဲ့
ငါတို့ဟာ တိမ်တွေလို
တလွင့်လွင့်နဲ့ ကောင်းကင်နဲ့ပဲ
အတူနေချင်ကြတဲ့ အဖြစ်ပေါ့။
ကောင်းကင်က တိမ်တွေရှိမှ
ပြည့်စုံသလို တိမ်တွေကလည်း
ကောင်းကင်ထက်မှာ ဝဲပျံနေမှ
ပြီးပြည့်စုံခြင်းကို ရမှာဆိုပေမဲ့
တစ်ခါတလေမှာ ကောင်းကင်ဟာ
တိမ်စိုင်တွေကို အလိုမရှိခဲ့ပါဘူး
မလိုအပ်ခဲ့ပါဘူး။
တိမ်တွေဟာ ငိုချင်တဲ့အခါ
မိုးရေကနေ မျက်ရည်အဖြစ်
စီးဆင်းရွာချပေးရပါတယ်။
တစ်ရက်ပြီး တစ်ရက်
လွင့်ချင်တိုင်း လွင့်နေတဲ့
တိမ်တွေဟာ တစ်ခါတလေမှာ
တစ်စုံတစ်ရာကို မျှော်တတ်ကြပါတယ်။
ကြယ်လေးဖြစ်ဖြစ်
လမင်းကြီးဖြစ်ဖြစ်ပေါ့လေ။
လူတွေ စိတ်ပင်ပန်းလာကြတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လို့
တိမ်တိုက်တွေစီ စိတ်ကနေဆက်သွယ်ကြတယ်။
တိမ်တိုက်ကလေးတွေ
ပင်ပန်းလာတဲ့ အခါကြရင်လည်း
ကောင်းကင်ကြီးကို မသိမသာ
ခိုးကြည့်လို့ တိတ်တိတ်ကလေး
သက်ပြင်းချကြပါတယ်။
လေနှင်ရာ လွင့်ချင်ပေမဲ့
လွင့်မရတဲ့ အခိုက်တန့်တွေမှာ
တိမ်တွေဟာ သနားစရာကောင်းလှပါတယ်။
- လိပ်ပြာ | 32 |
| 3 | လွမ်းခြင်း - ၁
အလွမ်းဟာ ဉတုအလိုက်ပါပဲ
နွေဆိုလည်း အသက်ကို လွမ်းတယ်
မိုးဆိုလည်း အသက်ကိုလွမ်းတယ်
ဆောင်းရောက်လည်း အသက်ကိုလွမ်းတယ်။
လွမ်းခြင်း - ၂
လူတွေ ဘယ်လောက်ဝေးဝေး
နှလုံးသားတွေ နီးနေရင်
ရပြီမဟုတ်လား အသက်။
လွမ်းခြင်း - ၃
ချစ်ခြင်းမေတ္တာမှာ
လိမ်လို့မရတာဟာ မျက်ဝန်းတွေတဲ့
မင်းမျက်ဝန်းတွေမှာတော့
သူ့ပုံရိပ်တွေနဲ့ ငါ့ကိုချစ်ခဲ့တာ။
လွမ်းခြင်း - ၄
သတိတရ
အမှတ်ရလို့
မနက်ခင်းတိုင်းမှာ
ကိုယ့်ရဲ့ ဘယ်ဘက်ခြမ်းလေးကို
စမ်းကြည့်မိနေစဲ။
လွမ်းခြင်း - ၅
မိုးတွေရွာနေပြီ
ထီးစောင်ရမှာ ပျင်းတဲ့
မင်းလေး ဘယ်ဆီများ
ရောက်နေမလဲလို့
ကိုယ်တွေးမိပါတယ်။
- လိပ်ပြာ | 33 |
| 4 | တစ်စုံတစ်ခုကို ပိုင်ဆိုင်ပြီး
စိတ်ဆင်းရဲနေရခြင်းထက်
ဘာတစ်ခုမှ မပိုင်ဘဲ
စိတ်ချမ်းသာခြင်းက ပိုကောင်းပါတယ်။
▪️ဂျူး | 38 |
| 5 | Голосове повідомлення | 1 |
| 6 | Голосове повідомлення | 61 |
| 7 | ဟစ်တလာသာ
ပန်းချီဆရာ ဖြစ်ခဲ့ရင်
ဒုတိယကမ္ဘာစစ် ဖြစ်ပါ့မလား
ကလက်ရှ်နီကော့သာ
ကဗျာဆရာ ဖြစ်ခဲ့ရင်
AK-47 သေနတ်တွေ ဖြစ်လာပါ့မလား
အင်္ဂုလိမာလ
နောင်တ မရခင်အထိ
လူတွေမှာ ဒုက္ခအတိ ။
▪️လှသန်း | 57 |
| 8 | ရင်ထဲသို့
ကျုပ်လက်ကို မသက်ထားနွေ
မဆုပ်ကိုင်တော့တဲ့နောက်
ကျုပ်ရဲ့
နေ့စဥ်ဘဝဟာ မသက်ထားနွေကို
လွမ်းတဲ့ စိတ်နဲ့ပဲကုန်ဆုံးပါတယ်
မသက်ထားနွေသိလား ပင်လယ်ပြင်ကြီး
ဘယ်လောက်ကျယ်ကျယ်ကျုပ်စိတ်မဝင်စားဘူး
ဒါပေမဲ့ မသက်ထားနွေ
ကျုပ်ရင်ခွင်ထဲ မရှိတော့တဲ့နောက်
ကျုပ်တို့မြို့လေး
အတော်ကျယ်သွားတယ်ဆိုတာကိုတော့
ကျုပ်သတိပြုမိပါတယ်။
မတွေ့တော့ဘူး... ရှာလေဝေးလေ..
လိုက်လေပြေးလေပဲ မသက်ထားနွေရဲ့။
၁၂လရာသီက သူ့ဘာသာလည်ပတ်ပြီး
တစ်ကျော့ပြန်လည် လာတာတောင်
မသက်ထားနွေကို ကျုပ်မတွေ့ရတာ
၁၀နှစ်ဆိုတဲ့ ကာလတစ်ခုထိရှိခဲ့ပြီ
၁၀နှစ်ဆိုတဲ့ အချိန်အတွင်း
မသက်ထားနွေရော အရင်လိုပဲလား
ပြောင်းလဲသွားပြီလားဆိုတာတောင်
ကျုပ်သိခွင့်မရဘူး။
ဆံပင်တွေရှည်လာပြီလား
ကမ္ဘာသစ်မှာရော ပျော်နေပြီလား
အခုလက်ရှိ ဘယ်မြို့မှာအခြေချနေသလဲ
တောင်တန်းတွေဆီ ခရီးသွားတုန်းပဲလား
အရင်လို ဒိုးလုံးသီချင်းတွေနားထောင်တုန်းလား
ကျုပ်ဘာမှမသိရတာ ၁၀နှစ်ရှိခဲ့ပြီ။
ကျုပ်ချစ်ရသူလေး
နေကောင်းကျန်းမာရဲ့လားတောင်
မသိရတဲ့ ဘဝမှာ ကျုပ်ကပျော်နေရမှာတဲ့လား။
ဒါတွေခင်ဗျားမသိပါဘူး
ခင်ဗျားသိတာက ခင်ဗျားပင်ပန်းလာပြီဆို
ကျုပ်လက်ကို အလွယ်လေးလွှတ်ချသွားဖို့ပဲလေ
ကျုပ်စကားတွေ မှန်တယ်မလား မသက်ထားနွေ
လာပြီးဖြေလှည့်ပါဦးခင်ဗျားရဲ့။
ကျုပ်ရင်ထဲဆို့နင့်စွာ
ကြေကွဲနေမိလို့ပါ သက်ထားနွေ။
- လိပ်ပြာ | 56 |
| 9 | 2_5300840085443327524.m4a | 63 |
| 10 | ကိုယ့်ကို ထားခဲ့နိုင်သူရဲ့ရင်ထဲမှာလည်း
အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ရှိနေမှာပဲ
ကျွန်တော် သူ့ကို ခွင့်လွှတ်တယ် ။
-နွေသစ်ငြိမ်း | 145 |
| 11 | ရှာလေဝေးလေ
သတိရခြင်းကို
အင်္ကျီအိတ်ကပ်ထဲထည့်လို့
ကျုပ်ခင်ဗျားကိုလိုက်ရှာမိတယ်။
ငိုတစ်လှည့် ပြိုတစ်လှည့်
မရပ်မနားရှာဖွေမိပါတယ်။
ကျုံးဘက်ကိုလဲရောက်တယ်
ဦးပိန်ကိုလဲ ၂ခါလျှောက်ခဲ့တယ်။
ခင်ဗျားကျုပ်ရင်ထဲက ထွက်သွားပြီးတည်းက
ကျုပ်တို့ ချစ်ခဲ့ကြိုက်ခဲ့ကြတဲ့ မြို့ကလေးဟာ
သိပ်ကို ကျယ်သွားသလားတောင်မှတ်ရပါတယ်။
မတွေ့ဘူး... မတွေ့တော့ဘူး..
မသက်ထားနွေကို ကျုပ်မတွေ့တော့ဘူး။
၁၀နှစ်.. ၁၀နှစ်ရှိပြီ ကျုပ်မတွေ့တော့တာ။
လိုက်ရှာသူကျုပ်ကပဲ ညံ့တာလား
ထွက်သွားလေသူ ခင်ဗျားကပဲတော်တာလား။
ကျုပ်ခင်ဗျားကို
ဘယ်မှာရှာရှာ.. ဘယ်လိုရှာရှာ..
မတွေ့တော့ဘူး မသက်ထားနွေရေ။
ဖြစ်နိုင်မယ်ဆို...
တွေ့ခွင့်သာရှိမယ်ဆို...
နောက်ကျောလေးပဲတွေ့ရတွေ့ရ
ခြေဖမိုးလေးပဲမြင်ရမြင်ရအဆင်ပြေပါတယ်။
အဓိကက...
ခင်ဗျားကို ကျုပ်တွေ့ရဖို့ပဲ
ကျုပ်တို့
တစ်ခါလောက်ပြန်ဆုံကြရဖို့ပါပဲ
ဒီလောက်ပါပဲခင်ဗျားရဲ့ကျုပ်ဘာမှမမျှော်လင့်ပါဘူး။
အကယ်၍...
အကယ်၍များ...
အခွင့်အခါသင့်လို့ ပြန်ဆုံရကြေးဆို
မျက်နှာချင်းဆိုင်မဟုတ်တောင်
ကျောချင်းကပ်လျက်ပြန်ဆုံရလဲ
အဆင်ပြေပါတယ် မသက်ထားနွေ။
- လိပ်ပြာ | 77 |
| 12 | အတိတ်သမိုင်း
လူသေရင်တောင်
နာမည်မသေတဲ့ သမိုင်းဟာ...
၁၉ ဇူလိုင်တဲ့လား....
ရာသီစက်ဝန်းဟာ
တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်နဲ့
အသက်တွေကို ဖက်နဲ့ထုပ်ထားရင်း...
၁၉ ဇူလိုင်ကို ရင်ထဲက
မျက်ရည်တွေနဲ့ ကြိုဆိုမိပြန်တယ်။
မေ့မရတဲ့ သမိုင်းဟာ ၁၉ ဇူလိုင်..
မေ့မရတဲ့ အာဇာနည်ဟာ ၉ဦး...
ဗိုလ်ချုပ်ကို ရှေ့မှာထားလို့
ကျန် ၈ဦးကို ဂါရဝပြုရင်း
အတိတ်သမိုင်းဆီ တစ်ကျော့
လည်ကာငေးလို့ လွမ်းမောရဦးမယ်။
နိုင်ငံရဲ့ သမိုင်းဟာ
အတိတ်ရဲ့ သမိုင်း
၇၉နှစ်တိုင် ၁၉ ဇူလိုင်...။
- လိပ်ပြာ | 68 |
| 13 | ခေါင်းစဉ်မဲ့
ဒဏ်ရာချင်းတူပါတယ်
ဒါပေမဲ့ တစ်ချို့က ထုတ်မပြတတ်ကြဘူး။
ဝေဒနာချင်းတူပါတယ်
ဒါပေမဲ့ နာကျင်ပုံချင်းတော့
မတူနိုင်ကြဘူးမလား။
ပျော်နေသူရဲ့ ကမ္ဘာမှာလဲ
မပြီးပြည့်စုံမှုတွေရှိကြောင်း
ဘယ်သူတွေကများ သိမှာတဲ့လဲ။
လောကကြီးဟာ တရားပါတယ်
အိပ်မက်တွေကလည်း ဈေးကြီးပါတယ်
ပေါပေါလောလောရနေတာဆိုလို့
သစ္စာမဲ့မှုတွေပဲရှိမယ် ထင်တယ်။
ကိုယ်ချစ်တဲ့ လူရဲ့ ကမ္ဘာမှာ
သူချစ်တဲ့ လူရဲ့ ကမ္ဘာလေးရှိကြောင်း
ဘယ်သူကများကြားချင်မှာတဲ့လဲ။
လူတစ်ယောက်ကို
မြို့တစ်မြို့.. သီချင်းတစ်ပုဒ်..
အရောင်တစ်ရောင်နဲ့တွဲမမှတ်ရဘူးတဲ့
ဒီစကားကို ချစ်မိမှပဲ သိတော့တယ်။
အရာရာဟာ တရားပါတယ်...
လှပပါတယ်... သဘာဝကျပါတယ်။
အဆုံးသတ်မှာ
ပိုချစ်ရတဲ့သူဟာ ချန်ထားခဲ့ခံရပြီး
ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ
ကွေးကွေးလေး ကျန်နေခဲ့တော့တာပါပဲ။
- လိပ်ပြာ | 58 |
| 14 | "Jul 19 "
-မြန်မာသမိုင်းမှာ
ဘယ်တော့မှ မသေခဲ့တဲ့
ကြေကွဲဝမ်းနည်းဖွယ် နေ့တစ်ရက် ။
ဘယ်တော့မှ ပြန်မရတော့မယ့်
မြန်မာနိုင်ငံကြီးရဲ့
ကယ်တယ်ရှင် နတ်ဘုရားများ
လုပ်ကြံခံလိုက်ရတဲ့ ရက်...။
ရက်တစ်ရက်ဟာ နှစ်ပတ်လည်ပြီး
ပြန်ရောက်လာခဲ့ပါပြီ...
ကျနော်တော်တို့တွေ ဝမ်းနည်းပူဆွေးကြရပေါ့...။
- လောင်ချိတ်
"မနက်ဖြန် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့သည် (၇၉) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ | 68 |
| 15 | တယုတယ သိမ်းထားမိတဲ့
အိပ်မက်အပိုင်းအစလေးတွေ
အခုများတော့ သစ်ရွက်ခြောက်တွေနဲ့အတူ
မီးရှို့ပြာကျသွားရပြီ။
- လိပ်ပြာ | 70 |
| 16 | "Jul 19 "
(အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်တမ်းတလျက်...)
-ကမ္ဘာဟာ မပျက်သေးပါဘူး
ဒါပေ့မယ် ကျနော်တို့တွေ
ယနေ့လို
ရက်မျိုး ရောက်တိုင်း...
ကမ္ဘာပျက်ကြရတယ် ။
-တုတ်ကြီး | 97 |
| 17 | အတိတ်ရဲ့ ဒိုင်ယာရီ
ရတာမလို လိုတာမရတဲ့
ဘဝတွေမှာ နေသားတကျ...
ရန်ကုန်ရဲ့ ညအမှောင်ဟာ
အိပ်မက်ထဲကို ဝင်ဝင်လာတယ်။
ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့
အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။
ထူးအိမ်သင်ရဲ့
ချစ်သူ့လက်ဆောင် သီချင်းကို
ကြားတိုင်း နေရောင်ခြည်တွေကို
ပြေးမြင်ရပါတယ်။
အပြုံးနုနုတွေဟာ
ကိုယ့်အပိုင်မဟုတ်ကြောင်း
တကူးတကလာပြောသူကိုလည်း
ကျေးဇူးတင်မိပါသေးတယ်။
အချစ်တွေထပ်တူကျခဲ့ပါတယ်...
ကျွန်တော်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့...
ခင်ဗျားတို့ ၂ယောက်အချစ်တွေ
ထပ်တူကျခဲ့ပါတယ်။
လူတစ်ယောက်ကို
နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ
သိမ်းထားရင်း လူတစ်ယောက်ကို
ချစ်ရတာဟာ ဘယ်လောက်ခက်ခဲကြောင်း
ချစ်ဖူးသူမှ သိပါလိမ့်မယ်။
ကျွန်တော်တို့ဟာ
ရတာမလို လိုတာမရတဲ့
ဘဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။
မရုန်းထွက်နိုင်သ၍
သည်းခံခဲ့ခြင်းတွေကိုလည်း
အချစ်လို့ပဲ ခေါင်းစဉ်တပ်ပေးပါ
စွဲလမ်းစိတ်လို့ မခေါ်သွင်စေချင်လို့ပါ။
ရန်ကုန်မြို့ရဲ့ ညအမှောင်ဟာ
တရွေ့ရွေ့ ပြန့်လွင့်လာတယ်။
ချစ်ရသူဟာ တဖြည်းဖြည်းလွှင့်စင်
ပျောက်ကွယ်သွားခဲ့ပြီ။
ထူးအိမ်သင်ရဲ့
ချစ်သူလက်ဆောင် သီချင်းဟာ
ရေဒီယိုကနေပြန့်လွင့်လာတယ်။
ဒါဟာ.. ချစ်သူ့လက်ဆောင်များတဲ့...
ဘဝတွေဟာ နေသားကျခဲ့ရပါပြီ
အချစ်တွေလည်း ထပ်တူကျခဲ့ပါတယ်
ကျွန်တော်မပါဝင်ခဲ့တာပဲရှိတာပါ
ခင်ဗျားတို့ အချစ်တွေထပ်တူကျခဲ့ပါတယ်။
ကျွန်တော်တို့ဟာ
ရတာမလို လိုတာမရတဲ့
ဘဝတွေမှာ နေသားတကျဖြစ်ခဲ့ပါပြီ။
တစ်ချိန်က
ပိုင်ဆိုင်ခဲ့ရတဲ့ အပြုံးတွေဟာလည်း
တကယ်တမ်း လက်တွေ့မှာ
တခြားသူအပိုင်ဆိုတာကို
လက်ခံလိုက်ပါပြီ။
သွားရင်း... လာရင်း...
စားရင်း... သောက်ရင်းပဲ..
သတိရတ ရှိနေမိပါတယ်။
နေဝင်ချိန်တွေမှာ ကျွန်တော်တို့
အတူမရှိနိုင်တော့ဘူးဆိုတာ
အသေချာကြီးကို သေချာခဲ့ရပြီ။
လူတစ်ယောက်ကို ချစ်ရင်း
လူတစ်ယောက်ကိုတော့
တယုတယသိမ်းထားတုန်းပါပဲ...
ငိုတလှည့် ပြိုတလှည့်ပေါ့။
အဆင်ပြေပြေရှိမယ် ထင်ခဲ့ရတဲ့
နေ့ရက်တွေမှာလည်း...
အဆင်ပြေပြေမရှိခဲ့ကြောင်း
တစွန်းတစသိခဲ့ရပါတယ်။
နွေဦးဟာ လေရူးကို
ကျီစယ်ရင်း ပထမဝါဆိုဟာ
မင်းကိုသတိရစေတယ် အသက်...
ဆောင်းညတွေမှာ မင်းအသံလေးနဲ့
အနွေးဓာတ်ပြုချင်ပေမဲ့ ရာသီစက်ဝန်းဟာ
ကျော်လွန်ခဲ့ပြီဆိုတာကို လက်ခံပါတယ်။
လက်မခံချင်လည်း
ကျွန်တော်လက်ခံခဲ့ရပါတယ်။
ငိုတလှည့် ပြိုတလှည့်နဲ့ပဲ
ရတာမလို လိုတာမရတဲ့ဘဝတွေမှာ
နေသားတကျရှိခဲ့ပါပြီ။
ချစ်ရသူဟာ ပြုံးနေလေတယ်..
ကိုယ်မဟုတ်တဲ့ သူနဲ့ဆိုတဲ့ အတွေးကို
ဖျောက်ဖျက်ရင်း ကျေနပ်ခဲ့ရပါတယ်။
ဘာလိုလဲ.. ဘာရှာလဲ.. မမေးပါနဲ့
အချစ်စစ်စစ်နဲ့ အချိန်စစ်စစ်ကိုလိုပါတယ်။
သွားရင်း... လာရင်း...
စားရင်း... သောက်ရင်း...
ကဗျာရေးရင်း.. ဂစ်တာတီးရင်းပဲ...
သတိရတ ရှိနေမိပါတယ်။
အချစ်တွေထပ်တူကျခဲ့ပါတယ်..
ကိုယ်မပါခဲ့တာပဲရှိတာပါ အသက်။
- လိပ်ပြာ
၈ရက်၊ ၇လ၊ ၂၀၂၆
[ မနက် ၁၁နာရီ ၆မိနစ် ] | 105 |
| 18 | ကမ္ဘာဟာ ပြည့်စုံပါတယ်...
ချစ်သူလေးရဲ့ အသံလေးနဲ့အတူ
နိုးထရတဲ့ မနက်ခင်းတွေဟာ
လူ့ပြည်ကပေးတဲ့
ပြီးပြည့်စုံခြင်းတွေပဲမဟုတ်လား။
- လိပ်ပြာ | 95 |
| 19 | ❝ အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ❞
ငါက တောသားလို နေချင်ပြီး
မင်းက မြို့ကြီးပြကြီးဆန်ချင်တယ်။
ငါက ထမင်းကြမ်းခဲနဲ့ပဲပြုတ်
မင်းက ဘူဖေးနဲ့ ကက်ပူစီနို
မင်းက သားလှီးဓါး စားပွဲအောက်ကို
ပြုတ်ကျသွားချိန်
ငါက ထမင်းကိုလက်နဲ့စားရမှ အားရတယ်။
ငါကပုဆိုးတိုတိုဝတ်ပြီး ဖိနပ်ကိုခေါင်ပြုတ်အောင်အထိ
စီးပစ်ချင်တယ်
မင်းမှာတော့ ဖိနပ်ကို အလှပြထားသလို သ ထားချင်တယ်။
မော်တော်ကားကို အပြေးသန်တဲ့ငါကပြေးလိုက်ချင်တာမျိုး
ခေတ်မမီတော့ဘူးဆိုရင်လည်း
ခေတ်က ငါ့ကိုမမီတော့တာပဲနေမယ်။
မင်းကလက်ညှိုးလေးတစ်ချောင်းနဲ့
စာလုံးများပြုစားနေချိန်
ငါက လက်ငါးချောင်းကိုဆုပ်ပြီး
စက္ကူပေါ်မှာ ဇောချွေးပြန်တယ်။
မင်းက ကဗျာလို့ပြောတယ်
ငါက ဘဝပါပဲ။
▪️ဝင်းမြင့် | 114 |
| 20 | Немає тексту... | 111 |
