uk
Feedback
HM Movies

HM Movies

Відкрити в Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

Показати більше
7 250
Підписники
+2924 години
+1597 днів
+47730 днів
Архів дописів
photo content

The Art of Sarah (2026) “ဆာရာ့ရဲ့ မုသားနန်းတော်ကြီး ပြိုလဲချိန်.. ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ထွက်လာမလဲ” Mr. Queen က မယ်မယ် S
The Art of Sarah (2026) “ဆာရာ့ရဲ့ မုသားနန်းတော်ကြီး ပြိုလဲချိန်.. ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ထွက်လာမလဲ” Mr. Queen က မယ်မယ် Shin Hye Sun နဲ့ Love Scout ကားထဲက ကလေးအဖေ Lee Joon Hyuk ရဲ့ မုသားတွေနဲ့ ထုံမွှမ်းထားတဲ့ အလှတရားတစ်ခုရဲ့ နိဂုံးကို ကြည့်ရှုရမဲ့ Netflix ရဲ့ အဂေါ်ဆုံး သည်းထိပ်ရင်ဖို ကားသစ်လေး။ အမှန်တရားတွေ ပျောက်ဆုံးနေတဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့် Executive တစ်ယောက်အဖြစ် Identity အတုတွေ၊ Fake Brand တွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဆာရာဂင်ရဲ့ ဘဝက ကြည့်ရှုသူတွေကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ Shin Hye Sun နဲ့ Lee Joon Hyuk ရဲ့ Chemistry အပြင် My Name ဒါရိုက်တာရဲ့ အမိုက်စား ဖန်တီးမှုတွေကြောင့် ဗီဇူရယ်ပိုင်းက ရှယ်ဆိုမှရှယ် အဆင့်အတန်းမျိုး မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်ကြီးအတွက် စောင့်ရကျိုးနပ်စေမှာ ဖြစ်ပါတယ်

Can This Love Be Translated? (2026) မသေခင်ကြည့်ကို ကြည့်သွားရမဲ့ အလှလေးနဲ့ ပါးချိုင့်ကိုကိုတို့ရဲ့ ရိုရိုချိုချို ဒရမ်မာလေး လ
Can This Love Be Translated? (2026) မသေခင်ကြည့်ကို ကြည့်သွားရမဲ့ အလှလေးနဲ့ ပါးချိုင့်ကိုကိုတို့ရဲ့ ရိုရိုချိုချို ဒရမ်မာလေး လာပါပြီ။ နှစ်ယောက်သားရဲ့ visua‌l တွေနဲ့တင် နောင်တမရစေမဲ့၊ ချိုလွန်းလို့ ဆီးချိုတွေ ဆောင့်တက်သွားနိုင်တဲ့ နာမည်ကြီး မင်းသမီးနဲ့ စကားပြန် ကောင်လေးတို့ရဲ့ အစအဆုံး တစ်ဝကြီးကြည့်ရမဲ့ Netflix series လေး တစ်ကမ္ဘာလုံးရဲ့ အထင်ကရ နေရာတွေကိုထည့်သွင်းရိုက်ကူးထားတာမို့ ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း လုပ်လို့ရမဲ့ Netflix ရဲ့ ၂၀၂၆ အတွက် ပထမဆုံး K-Series မတူညီတဲ့ လူသားလေးနှစ်ဦးက များပြားတဲ့ ဘာသာစကားတွေထဲ အချစ်ကိုဖွင့်ဆိုပုံခြင်း ထပ်တူကျနိုင်မှာလား.. ဂျူဟိုဂျင်းက အင်္ဂလိပ်၊ ဂျပန်၊ အီတလီ စတဲ့ ဘာသာမျိုးစုံတတ်ကျွမ်းတဲ့ ဘာသာပြန်ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းကတော့ ကြားနေအဖြစ်နဲ့ တော်ရုံဆို လူတွေမျက်စိထဲ မြင်သာအောင် မနေဖို့ပါပဲ။

စပါတာကပ် ၂၀၂၅ ရောမကား ကြိုက်သူတေအတွက် ဇာတ်ကားအသစ်ရပါပီ S-p-a-r-t-a-c-u-s: H-o-u-s-e o-f A-s-h-u-r (2025) S1 ++++++++++++++ အပ
စပါတာကပ် ၂၀၂၅ ရောမကား ကြိုက်သူတေအတွက် ဇာတ်ကားအသစ်ရပါပီ S-p-a-r-t-a-c-u-s: H-o-u-s-e o-f A-s-h-u-r (2025) S1 ++++++++++++++ အပိုင်း ( 10 ) end
မူရင်း Channel အား Join ရန်
https://t.me/mfuchannel Game of Throne channel cr ထိသွားလို့ ဇာတ်ကားတေဒီမှာ တင်ပေးပါ့မယ်ဗျ

Bat*tle Of Fat*es (2026) $ရမ်းမိုက်တဲ့ reality show တစ်ခုထွက်တယ်၊ ကိုရီးယားနိုင်ငံရဲ့ နတ်ဝင်သည်တွေ၊ ကံကြမ္မာဟောသူတွေ၊ ဇာတာဖတ်
Bat*tle Of Fat*es (2026) $ရမ်းမိုက်တဲ့ reality show တစ်ခုထွက်တယ်၊ ကိုရီးယားနိုင်ငံရဲ့ နတ်ဝင်သည်တွေ၊ ကံကြမ္မာဟောသူတွေ၊ ဇာတာဖတ်သူတွေ ၊ တားရော့ဟောတဲ့သူတွေ စုစုပေါင်း ၄၉ ယောက်ကို စုပြီးအားပြိုင်ခိုင်းတဲ့ show ၊ Mission တွေက တကယ်ကြမ်းတယ်၊ 6သသွားတဲ့သူတစ်ယောက်ရဲ့ ပုံကိုပြပြီး၊ အဲ့လူ ဘယ်လို6သသွားခဲ့တာလဲ ခန့်မှန်းခိုင်းတာတို့ ၊ ကလေးပုံကိုပြပြီး အဲ့ကလေး အခုချိန် ဘယ်လိုလူဖြစ်နေပြီလဲ ခန့်မှန်းခိုင်းတာတို့၊ လူ၅ယောက် ယှဉ်ရပ်ခိုင်းထားပြီး ဘယ်သူကထီဆုကြီး ပေါက်ဖူးတဲ့သူလဲ ရွေးခိုင်းတာတို့ ၊ စသဖြင့် မေးခွန်းအစုံကို သူတို့နည်းအတိုင်း တွက်ချက်ပြီး ဟောတာအမှန်ဆုံးသူက နောက်တစ်ဆင့်တက်တာပါ၊ အဆင့်ဆင့်ဖြုတ်ချပြီး နောက်ဆုံးမှာ ဟောတာအမှန်ဆုံး တစ်ယောက်ပဲ နိုင်မှာ၊ winner prize လည်းပမာဏကြီးတယ်၊ $ရမ်းမိုက်တာက အဲ့လောက လူတွေကြီးပဲဆိုတော့ မြင်လိုက်တာနဲ့ အဲ့တစ်ယောက်ရဲ့ အစောင့်အရှောက်က အရမ်းအရှိန်ဝါကြီးတယ်ဆိုပြီး သူတို့အချင်းချင်းသတိထားမိနေတာမျိုး၊ တကယ့်နာမည်ကြီးတွေလည်း လာပြိုင်တော့ဂုဏ်သိက္ခာပြိုင်ပွဲလိုဖြစ်နေတာ။ အတော်ကိုဆန်းသစ်ပြီး ကြည့်ရတာတော်တော်မိုက်ပါတယ် 😎 ဇာတ်ကားlink အပိုင်း1to 4ထိရနေပါပြီဗျ

Synopsis N_i-l-a-k_a-n-t_a (2-0-2-6) Telugu IMDB ⭐️ 9.4/10 ကိုယ်မလုပ်ဘဲနဲ့စွပ်စွဲခံရပြီး ဘဝအညွန့်ချိုးခံရတဲ့အထိ ဖြစ်လာရတဲ့အခါ
Synopsis N_i-l-a-k_a-n-t_a (2-0-2-6) Telugu IMDB ⭐️ 9.4/10 ကိုယ်မလုပ်ဘဲနဲ့စွပ်စွဲခံရပြီး ဘဝအညွန့်ချိုးခံရတဲ့အထိ ဖြစ်လာရတဲ့အခါ သင်ဆိုရင်ရော ဘယ်လိုရင်ဆိုင်သွားမလဲ ဒီကားကတော့ “Saraswathipuram”ဆိုတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။ ဒီရွာက ပညာရေးကို အသက်တမျှ တန်ဖိုးထားတဲ့ရွာ၊ စည်းကမ်းကြီးတဲ့ရွာပေါ့ ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ “နီလာ”ပါ။ သူက လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ခဲ့တဲ့ ပြဿနာတစ်ခုကြောင့် “စာခိုးတဲ့သူ၊ သူခိုး” ဆိုပြီး တစ်ရွာလုံးရဲ့ အပယ်ခံဘဝနဲ့ နေနေရသူပါ ။ ရွာလူကြီး ရာဂါဗီရာရဲ့ အမိန့်အရ နီလာဟာ အသက် ၃၀ ပြည့်တဲ့အထိ ဒီရွာကနေ ခြေတစ်လှမ်းမှ အပြင်ထွက်ခွင့်မရှိသလို၊ စာသင်ကျောင်းနားတောင် ကပ်ခွင့်မရှိတဲ့ အပြစ်ပေးခံထားရသူပေါ့။ ကိုယ်မလုပ်နဲ့အပြစ်တစ်ခုကို တိတ်တဆိတ် ကြိတ်ခံရရုံကလွဲ ရွေးစရာမရှိတဲ့ နီလာ့ဘဝထဲကို ငယ်ချစ်ဦးဖြစ်တဲ့ “ဆီသာ” ရွာကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အရာအားလုံး စတင်လှုပ်ခတ်လာပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတော့ နီလာကအပယ်ခံဖြစ်နေချိန်မှာ ဆီသာက ရွာလူကြီးရဲ့ သမီးဖြစ်နေတဲ့အခါ… သူခိုးလို့ သတ်မှတ်ခံထားရတဲ့ ကောင်လေးနဲ့ ဂုဏ်ကြီးရှင် ရွာလူကြီးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲ

T_h-e Spo-ng_eBob M-ov_ie: S-ear_ch for Squ-a_re-Pa_nts (2-0-2-5) IMDB ⭐️ 5.8/10 by သားသားမီးမီး ဦးဦးကိုကို ဒေါ်ဒေါ်မမတို့ရဲ့
T_h-e Spo-ng_eBob M-ov_ie: S-ear_ch for Squ-a_re-Pa_nts (2-0-2-5) IMDB ⭐️ 5.8/10 by သားသားမီးမီး ဦးဦးကိုကို ဒေါ်ဒေါ်မမတို့ရဲ့အချစ်တော် SpongeBob ရဲ့စတုတ္ထမြောက်ဇာတ်ကားကြီး ထွက်ရှိလို့လာခဲ့ပါပြီ။ ဒဏ္ဍာရီလာ နာမည်ကြီး ပင်လယ်ဓါးပြကြီး ဖလိုင်းရင်းဒတ်ချ်မန်းဟာ ရှေးဟောင်းကျိန်စာတစ်ခုမိနေရာကနေ အဲဒီကျိန်စာကိုဖြေဖျောက်ဖို့အတွက် အပြစ်ကင်းစင်ပြီး ဖြူစင်တဲ့နှလုံးသားပိုင်ရှင်ကို အရှာထွက်လို့နေခဲ့ပါတယ်။ စပွန့်ချ်ဘော့ကတော့ ရိုလာကိုစတာစီးဖို့အတွက် သူ့အရပ်ဟာ သတ်မှတ်ထားတဲ့အရပ်ကို ရောက်သွားပြီမလို့ တက်ကြွစွာ သွားရောက်ခဲ့ပေမဲ့ တကယ်တမ်းစီးရမယ်လည်းဆိုရော ကြောက်စိတ်တွေ ဝင်ပြီးတော့ အဲဒီနေရာကနေ ထွက်ပြေးလို့လာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူဟာ လူကောင်ကြီးဖြစ်ချင်စိတ်က အရမ်းကို ကြီးစိုးလို့နေခဲ့ပါတော့တယ်။ ဒီအချိန်မှာ မစ္စတာခရက်ဘ်ဟာ သူ့ငယ်ဘဝတုန်းက စွန့်စားခန်းတွေအကြောင်းပြောရင်းကနေ စပွန့်ချ်ဘော့တစ်ယောက် ရဲရင့်တဲ့ဓားသမားလက်မှတ်ရအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ဖြစ်ခဲ့ရပါတယ်။

photo content

photo content

Synopsis ရာဂျာဆာ့ဘ် (၂၀၂၆) မင်းသားကြီး Prabhas နဲ့အတူ Sanjay Dutt ပါ အပြိုင်ဝင်ကြဲထားပြီးတော့ Nidhhi Agerwal နဲ့ Malavika Moh
Synopsis ရာဂျာဆာ့ဘ် (၂၀၂၆) မင်းသားကြီး Prabhas နဲ့အတူ Sanjay Dutt ပါ အပြိုင်ဝင်ကြဲထားပြီးတော့ Nidhhi Agerwal နဲ့ Malavika Mohanan တိုလို အချောအလှလေးတွေပါ ပါဝင်သွားမဲ့ ရာဂျာဆာ့ဘ်ရုံတင်ကားကြီးထွက်ရှိလာခဲ့ပါပြီ။ ကျွန်တော်တို ဘောလိဝုချစ်သူများ ကြည့်နေကျဇာတ်ကားတွေလို ကြမ်းမယ်ဖြဲမယ် ဇာတ်ကားမျိုးမဟုတ်ဘဲ ဒီတစ်ခါတော့ Fanstasy Horror လေးဖြစ်တာမို vibe အသစ်တစ်မျိုးနဲ့ ခံစားရမှာပါ။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပြီးတော့ အရာရာကို မေ့မေ့သွားတတ်တဲ့ အဘွားဖြစ်သူဟာ သူ့ချစ်ခင်ပွန်းကိုတော့ လုံးဝမမေ့ခဲ့ပါဘူး။ အဘိုးဟာလည်း နတ်ဘုရားမရဲ့ ပစ္စည်းတွေကို ခိုးယူသွားတဲ့ သူခိုးကို ပြန်မမိမချင်း ပြန်မလာဘူးဆိုတဲ့ စာတစ်စောင်ချန်ထားခဲ့ပြီး ထွက်သွားခဲ့တာ ကြာခဲ့ပါပြီ။ ပြန်လာမဲ့အဘိုးကို အမြဲ မျှော်နေတတ်တဲ့အဘွားနဲ့အတူ နေထိုင်သူကတော့ ရာဂျူးဆိုတဲ့ကောင်လေးပါ။ တစ်နေ့မှာတော့ အဘိုးဖြစ်သူကို ဓာတ်ပုံတစ်ပုံမှာ မြင်တွေ့လိုက်တာနဲ့ ရာဂျူးတစ်ယောက် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် အဘိုးဖြစ်သူကို ရှာပုံတော်ထွက်ရာကနေ ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံရမလဲ ….. အဘိုးဖြစ်သူက အသက်ရော ရှိသေးရဲ့လား ……… Link⤵️⤵️⤵️ https://t.me/+HKwjTU9S7TYxNzI1

ရာဂျာဆာ့ဘ် (၂၀၂၆) မင်းသားကြီး Prabhas နဲ့အတူ Sanjay Dutt ပါ အပြိုင်ဝင်ကြဲထားပြီးတော့ Nidhhi Agerwal နဲ့ Malavika Mohanan တိုလ
+3
ရာဂျာဆာ့ဘ် (၂၀၂၆) မင်းသားကြီး Prabhas နဲ့အတူ Sanjay Dutt ပါ အပြိုင်ဝင်ကြဲထားပြီးတော့ Nidhhi Agerwal နဲ့ Malavika Mohanan တိုလို အချောအလှလေးတွေပါ ပါဝင်သွားမဲ့ ရာဂျာဆာ့ဘ်ရုံတင်ကားကြီးထွက်ရှိလာခဲ့ပါပြီ။ ကျွန်တော်တို ဘောလိဝုချစ်သူများ ကြည့်နေကျဇာတ်ကားတွေလို ကြမ်းမယ်ဖြဲမယ် ဇာတ်ကားမျိုးမဟုတ်ဘဲ ဒီတစ်ခါတော့ Fanstasy Horror လေးဖြစ်တာမို vibe အသစ်တစ်မျိုးနဲ့ ခံစားရမှာပါ။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပြီးတော့ အရာရာကို မေ့မေ့သွားတတ်တဲ့ အဘွားဖြစ်သူဟာ သူ့ချစ်ခင်ပွန်းကိုတော့ လုံးဝမမေ့ခဲ့ပါဘူး။ အဘိုးဟာလည်း နတ်ဘုရားမရဲ့ ပစ္စည်းတွေကို ခိုးယူသွားတဲ့ သူခိုးကို ပြန်မမိမချင်း ပြန်မလာဘူးဆိုတဲ့ စာတစ်စောင်ချန်ထားခဲ့ပြီး ထွက်သွားခဲ့တာ ကြာခဲ့ပါပြီ။ ပြန်လာမဲ့အဘိုးကို အမြဲ မျှော်နေတတ်တဲ့အဘွားနဲ့အတူ နေထိုင်သူကတော့ ရာဂျူးဆိုတဲ့ကောင်လေးပါ။ တစ်နေ့မှာတော့ အဘိုးဖြစ်သူကို ဓာတ်ပုံတစ်ပုံမှာ မြင်တွေ့လိုက်တာနဲ့ ရာဂျူးတစ်ယောက် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် အဘိုးဖြစ်သူကို ရှာပုံတော်ထွက်ရာကနေ ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံရမလဲ ….. အဘိုးဖြစ်သူက အသက်ရော ရှိသေးရဲ့လား ………

Synopsis K_a-n_g S-o_l-a_h F-r_o-m K-a_n-g M-a_k x N-e_n-e-k G-a_y-u_n-g IMDB ⭐️ 7/10 “လူသေပြီး သရဲဖြစ် ဖြဲခြောက်တာတွေနားထား
Synopsis K_a-n_g S-o_l-a_h F-r_o-m K-a_n-g M-a_k x N-e_n-e-k G-a_y-u_n-g IMDB ⭐️ 7/10 “လူသေပြီး သရဲဖြစ် ဖြဲခြောက်တာတွေနားထား … လူရှင်လတ်လတ်ကြီးကို သရဲပါဆိုပြီး ဝိုင်းကြောက်နေလို့ အလွဲလွဲအချော်ချော်တွေဖြစ်ရတဲ့ စခွီသရဲကားလေးလာပါပြီခင်ဗျာ” ထိုင်းနာမည်ကြီး Pee Mak ကို အင်ဒိုဗားရှင်းနဲ့ ပြန်ရိုက်ထားပြီး အူတက်အောင် ရယ်ခဲ့ရတဲ့ နာမည်ကြီး Kang Mak ဇာတ်ကားကို ပရိသတ်ကြီး မှတ်မိကြဦးမှာပါ။ အဲဒီကားထဲက ဟာသအလွဲတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ ဇာတ်ကောင်တွေကို သဘောကျခဲ့တယ်ဆိုရင်တော့… အခု Kang Mak ရဲ့ Spin-off ဇာတ်ကားသစ်လေးဖြစ်တဲ့ “Kang Solah From Kang Mak x Nenek Gayung” ဆိုတဲ့ Horror-Comedy ကားသစ်လေး ထွက်ရှိလို့ လာပါပြီဗျာ။ ဇာတ်လမ်းအကျဉ်းလေးကတော့… ဆိုလာဆိုတဲ့ ဘဲကြီးဟာ သူ့ရဲ့မွေးရပ်မြေ ရွာလေးကို ပြန်လာခဲ့ပါတယ်။ ရွာပြန်ရောက်ရင်တော့ ဟီးရိုးကြီးတစ်ယောက်လို ဝိုင်းပြီး ကြိုဆိုကြ အကုန်လုံး ရေကန်အသင့် ကြာအသင့်နဲ့ ချစ်သူလေးနဲ့ညားဆိုပြီး မျှော်လင့်ချက်တွေ အကြီးကြီးနဲ့ ပြန်လာခဲ့တာပေါ့။ Link⤵️⤵️ https://t.me/+YyxVO1Dn6Uk5NTFl

Hyeon Jin ကတော့ သူ့အစ်မရဲ့ထောက်ပံ့ပေးမှုကြောင့် အလုပ်ကို ကြိုးစားပမ်းစားလုပ်နေသူတစ်ယောက်ပါ။ သူ့အစ်မ သေဆုံးပြီးနောက်မှာတော့ U Ju ကို စောင့်ရှောက်တာက သူ့အစ်မကို ကျေးဇူးပြန်ဆပ်တာလို့ ယူဆခဲ့ပါတယ်။ ကြည့်မရတဲ့ Tae Hyeong နဲ့ အတူတူ ကလေးထိန်းရင်း သူ့ကို တခြားအမြင်တမျိုးနဲ့ မြင်လာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ကြား ခံစားချက်တွေ ဘယ်လိုပြောင်းသွားမလဲဆိုတာကို ကြည့်ရှုရအောင်ဖိတ်ခေါ်လိုက်ပါတယ်။

O_u-r U-n_i-v_er_se (2-0-2-6) ကလေးတစ်ယောက်နဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်ကြဦးမဲ့ ဦးဦးနဲ့ဒေါ်‌‌ ဒေါ် ဇာတ်ကားလေးလာပါပြီ။မိ
+2
O_u-r U-n_i-v_er_se (2-0-2-6) ကလေးတစ်ယောက်နဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်ကြဦးမဲ့ ဦးဦးနဲ့ဒေါ်‌‌ ဒေါ် ဇာတ်ကားလေးလာပါပြီ။မိသားစုမပြောတဲ့ တစ်သက်လုံးထပ်မတွေ့ဖို့ ဆုံးဖြတ်ထားတဲ့ ဦးဦးနဲ့ ဒေါ်ဒေါ်နှစ်ယောက် ကလေးထိန်းရတဲ့အခါမှာတော့ ဘယ်လိုဂယက်ထကြဦးမှာလဲ။ Hyeon Jin နဲ့ Tae Hyeong တို့နှစ်ယောက်က အက်ဆီးဒင့်တစ်ခုကြောင့် ဘယ်တော့မှပြန်မတွေ့ဖို့ ဆုံးဖြတ်ထားပေမဲ့လည်း တူလေးဖြစ်သူ U Ju အတွက် မတတ်နိုင်ဘဲ နှစ်ယောက်သားအတူတူ စောင့်ရှောက်ဖို့ ဖြစ်လာခဲ့တယ်။ နှစ်ယောက်သား ကလေးထိန်းတာနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့အတွက် ပြဿနပေါင်းသောင်းခြောက်ထောင် ကြုံတွေ့ရင်းနဲ့ပဲ ကလေးကို စောင့်ရှောက်ပေးကြပါတယ်။ Seon Tae Hyeong ကတော့ သူ့သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေအတိုင်း နေတတ်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။ သူ့အစ်ကို သေဆုံးပြီးသွားတဲ့နောက်ပိုင်းမှာ U Ju ဆိုတဲ့ကလေးလေးကျန်ခဲ့ပြီး သူ့မရီးရဲ့ညီမဖြစ်သူနဲ့ ကလေးကို စောင့်ရှောက်ခဲ့ပါတယ်။ ကလေးကိုစောင့်ရှောက်ဖို့အတွက် နှစ်ယောက်သားအတူနေရင်း Tae Hyeong တစ်ယောက် မထင်မှတ်ထားဘဲ Hyeon Jin ကိုသဘောကျသွားပါတော့တယ်။

I_k-k_i-s (2-0-2-6) IMDB ⭐️ 7/10 RT 🍅 100% အာဇာနည်မောင်အာရွန် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့အိန္ဒိယရဲ့အာဇာနည်ဒုဗိုလ်ကြီးအာရွန
I_k-k_i-s (2-0-2-6) IMDB ⭐️ 7/10 RT 🍅 100% အာဇာနည်မောင်အာရွန် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့အိန္ဒိယရဲ့အာဇာနည်ဒုဗိုလ်ကြီးအာရွန်ကတ်တာပယ်ရဲ့ဇာတ်လမ်းလေးပါ အာရွန်ဟာ အိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ပါရမ်ဗီချာကရာကို အငယ်ဆုံးလက်ခံရရှိခဲ့သူပါ အဲဒီအပြင်တင့်ကားတိုက်ပွဲတွေလည်း ကြည့်ရဦးမှာမလို့ အမြတ်ချည်းပါပဲ ဇာတ်လမ်းကို လက်ရှိကာလနဲ့ အာရွန်ရဲ့အချိန်ကာလ အသွားအပြန်ရိုက်ပြထားပြီး အာရွန်ရဲ့အဖေက သူ့သားအာဇာနည်ဇာတ်လမ်းအကြောင်းပြောရင်း အာရွန်ရဲ့အာဇာနည်မဖြစ်ခင် အချိန်ကာလ တက္ကသိုလ်တက်စဥ်ကာလကို ရိုက်ပြထားပါတယ် အာရွန်တစ်ယောက် အသက် ၂၁ နှစ်မှာတင် သင်တန်းတောင်မပြီးလိုက်ဘဲ နယ်စပ်မှာစစ်ဖြစ်နေတာကြောင့် စစ်ထဲသွားဖို့ဖြစ်လာပါတော့တယ် တင့်ကားတပ်ရင်းထဲရောက်သွားခဲ့ပြီး အာရွန်တစ်ယောက် စစ်ပညာကိုသင်ယူ ကိုယ့်အဖွဲ့ရဲ့လက်အောက်ငယ်သားတွေကို ကိုင်တွယ်ရင်း ဖော့စ်ထရော့ဆိုတဲ့အဖွဲ့မှာ ခေါင်းဆောင်ပီသစွာ ဘယ်လိုဦးဆောင်သွားမလဲ အာဇာနည်တစ်ယောက်ဖြစ်လာအောင် သူဘယ်လောက်ထိကြိုးစားခဲ့လဲ စတဲ့သူ့ဘဝဇာတ်ကြောင်းတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာမို့လို့ ကြည့်ကိုကြည့်သင့်တဲ့ biography အိန္ဒိယစစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

Valentine’s Day (2026) IMDB ⭐️ 5.3/10 ပြဿဒါးဗယ်လင်တိုင်း ဇာတ်လမ်းဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ Rom-com ဇာတ်လမ်းလေးတ
Valentine’s Day (2026) IMDB ⭐️ 5.3/10 ပြဿဒါးဗယ်လင်တိုင်း ဇာတ်လမ်းဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ Rom-com ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ် နာမည်နဲ့တင်သိလောက်ပြီမလို့ စင်ဂယ်တွေလည်း ပျော်နေကြမယ်ထင်ပါတယ် ဇာတ်လမ်းကတော့ မွေးနေ့ကဗယ်လင်တိုင်းနေ့မှာမှ လာကျနေတဲ့အတွက် ဂျီနာတစ်ယောက် သူ့မွေးနေ့တိုင်းအသည်းပုံတွေမြင်နေရ လက်ဆောင်ကိုတူးအင်ဝမ်း အုတ်ရောရောကျောက်ရောရော ပေးခံရတာတွေကြောင့် တော်တော်လေးတင်းနေတာပါ ပိုဆိုးတာကလည်း အချစ်ရေးမှာကံမကောင်းတော့ ဗယ်လင်တိုင်းနေ့မှာ ဂျီနာတစ်ယောက်ကတော့ မပျော်ရပါ ဒါပေမဲ့ သူ့ရဲ့တစ်ကိုယ်တည်းနေ့ရက်တွေက အန်ဒရူးနဲ့အတူ အဆုံးသတ်သွားပါတယ် အန်ဒရူးနဲ့ဂျီနာက အကြိုက်မတူပေမဲ့ ဂျီနာတစ်ယောက် အန်ဒရူးရဲ့ရိုးသားမှု သူ့အပေါ်ချစ်ပေးမှုတွေကြောင့် ချစ်သူနှစ်ယောက် မြဲနေကြတာပါ တွဲလို့ တစ်နှစ်နီးပါးကြာပြီးအန်ဒရူးက သူ့ကိုအပျော်ခရီးဗယ်လင်တိုင်းနေ့မှာ လက်ထပ်ခွင့်တောင်းမှာကို သိသွားချိန်မှာတော့ ဂျီနာတစ်ယောက် သူအရမ်းမုန်းတဲ့နေ့မှာ လက်ထပ်ခွင့်အတောင်းမခံရအောင် ဘယ်လိုလုပ်မလဲ

Spartacus : House of Ashur (2025) Original Spartacus စီးရီးမှာ သေဆုံးခဲ့တဲ့ Ashur တစ်ယောက် မသေဆုံးဘဲ ပုန်ကန်သူတွေကို ချေမှုန်
Spartacus : House of Ashur (2025) Original Spartacus စီးရီးမှာ သေဆုံးခဲ့တဲ့ Ashur တစ်ယောက် မသေဆုံးဘဲ ပုန်ကန်သူတွေကို ချေမှုန်းဖို့ ရောမဘက်ကနေ ဝင်ရောက်ကူညီပေးရင်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဆုလာဘ်အနေနဲ့ gladiator လေ့ကျင့်ရေးကျောင်းတော်ဖြစ်တဲ့ ludus ကို ရရှိခဲ့ပြီး သခင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အာဏာကြီးထွားလာပေမဲ့လည်း Ashur တစ်ယောက် ရောမတွေက သူ့ကို ကျွန်လိုမျိုး ခွဲခြားနှိမ့်ချဆက်ဆံတာကို ကြည့်မရခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ပိုင် gladiator တွေကလည်း သူ့ကို မယုံကြည်ခဲ့ပါဘူး။ တစ်နေ့တော့ Arena မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူ့လူ ရှုံးနိမ့်ခဲ့ရပါတယ်။ Ashur တစ်ယောက် ပထမဆုံး အမျိုးသမီး gladiator ဖြစ်လာမဲ့ Achillia နဲ့ အပေးအယူ လုပ်ခဲ့ပြီး သူ့ကို လေ့ကျင့်ပေးပါတော့တယ်။ အမျိုးသားတွေကြားထဲ Achillia တစ်ယောက် နှိမ့်ချစော်ကားခံရပေမဲ့လည်း ဇွဲမလျှော့ဘဲ သူ့ကိုယ်သူ သက်သေပြဖို့ လေ့ကျင့်ခဲ့ပါတယ်။ အဆုံးသတ်မှာ Ashur ရဲ့ ဆန္ဒအတိုင်း Achillia က အောင်ပွဲကို ယူလာပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

M_a_a_ J_a_y_e (2_0_2_5) IMDB ⭐️ 7.7/10 ချစ်ခြင်းညီရာ ဤမေတ္တာ ဒီတစ်ခါတော့ ညီအစ်ကိုနှစ်ယောက်ကြားက မေတ္တာဘွဲ့ဇာတ်လမ်းလေးကို ကြည
M_a_a_ J_a_y_e (2_0_2_5) IMDB ⭐️ 7.7/10 ချစ်ခြင်းညီရာ ဤမေတ္တာ ဒီတစ်ခါတော့ ညီအစ်ကိုနှစ်ယောက်ကြားက မေတ္တာဘွဲ့ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းက ကက်ရှ်မီးယားဒေသကနေ ပန်ဂျပ်ကို ပြောင်းရွှေ့လာတဲ့ ဆစ်ခ်မိသားစုတစ်ခုအကြောင်းပါ။ အဓိက ဇာတ်ကောင်တွေကတော့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ “ဘီလာ” နဲ့ “အမား” တို့ပါပဲ။ အစ်ကိုဖြစ်သူ ဘီလာဟာ မွေးရာပါ ကျောရိုးဆစ်ကွဲရောဂါကြောင့် ခါးအောက်ပိုင်းသေပြီး ဝှီးချဲနဲ့ နေရသူပါ။ ကျောင်းမှာ သူများတွေ ဝိုင်းစ,ကြလို့ ကျောင်းထွက်လိုက်ရပေမဲ့ သူ့ညီလေး အမားကိုတော့ ပညာတတ်ကြီးဖြစ်စေချင်တဲ့စေတနာနဲ့ အနောက်ကနေ တွန်းအားပေးခဲ့သူပါ။ ညီဖြစ်သူအမားကလည်း အစ်ကို့ကို ပြန်ကုပေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကြိုးစားလိုက်တာ ရွှေတံဆိပ်ဆုရှင်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အမားက အစ်ကို့ရောဂါကို ကုသဖို့ ခေတ်မီနည်းပညာတွေရှိတဲ့ အမေရိကန်ကိုသွားချင်ပေမဲ့ ဖခင်ဖြစ်သူက သဘောမတူပါဘူး။ ဒါပေမဲ့ ဘီလာ့ရဲ့တိုက်တွန်းမှု၊ အမားရဲ့ကြိုးစားမှုတွေကြောင့် နောက်ဆုံးမှာတော့ အမေရိကန်ကို ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အရမ်းချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို မျက်ရည်တစ်လည်လည်နဲ့ကြည့်ရှုခံစားနိုင်ဖို့ RMC မှ တင်ဆက်ပေးလိုက်ပါတယ်။

photo content