Crypto Mate
Відкрити в Telegram
Crypto အကြောင်းမေးချင်တာမေးဖို့ Group Link : https://t.me/CryptoMateCommunity
Показати більше6 606
Підписники
-424 години
-357 днів
+49930 днів
Архів дописів
6 606
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထင်တယ် TON (Gram) ကို $100 ဖိုးဝယ်ထားပြီး မေ့နေတာ ဒီနေ့မှ သတိရပြီး ပြန်ကြည့်တော့ $19 ပဲ ကျန်တော့တယ် တော်တော်မြတ်သွားတာပဲ
6 606
Binance က Withdrawal တွေ ပြန်ဖွင့်ပေးပြီးနောက် နောက်ထပ် Update တစ်ခု ထပ်မံထုတ်ပြန်လာပါတယ်။ ဒီတစ်ခါတော့ Crypto Withdrawal တွေအပြင် Fiat Withdrawal တွေကိုပါ ပြန်လည်အသုံးပြုနိုင်မယ့် Currency တွေအကြောင်း အသိပေးလာတာပါ။ အရင်ဆုံး Crypto Withdrawal အခြေအနေကို ကြည့်ရအောင်။ နိုဝင်ဘာ 1 ရက်နေ့ မြန်မာအချိန် နေ့လည် 12:30 မှာ Binance က Withdrawal တွေကို အဆင့်လိုက် ပြန်ဖွင့်ပေးခဲ့ပြီး ည 7:06 နာရီမှာတော့ ပထမအဆင့်မှာ ပါတဲ့ Network နဲ့ Asset 15 မျိုးလုံးအတွက် ငွေထုတ်ယူနိုင်ခဲ့ပါတယ်။ Withdrawal ပြန်ဖွင့်တဲ့အချိန်မှာ အသုံးပြုသူတွေ ငွေထုတ်ယူမှုများခဲ့တာကြောင့် အစပိုင်းမှာ Outflow ပမာဏ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လျော့လာပြီး ပုံမှန်အခြေအနေကို ပြန်ရောက်လာနေတယ်လို့ Binance က ဆိုပါတယ်။ တစ်ဖက်မှာလည်း Deposit တွေ ဆက်ရှိနေပါတယ်။ ဒီအချိန်အတွင်း Binance ကနေ ငွေဘယ်လောက်ထွက်သွားခဲ့လဲဆိုတာ ကြည့်မယ်ဆိုရင် နိုဝင်ဘာ 1 ရက်နေ့ နေ့လည် 12:30 ကနေ ည 10:00 နာရီအထိ Withdrawal ပမာဏက $4.649 Billion ရှိခဲ့ပြီး Deposit ဝင်လာတာက $1.01 Billion ရှိခဲ့ပါတယ်။ ဒါကြောင့် Binance ကနေ Net Outflow က $3.64 Billion ဝန်းကျင် ရှိခဲ့တာပါ။ ဒါပေမဲ့ ဒီပမာဏကို Binance ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ကြည့်ဖို့လည်း လိုပါတယ်။ အောက်တိုဘာ 28 ရက်နေ့ရဲ့ Proof of Reserves အချက်အလက်အရ Binance မှာ စုစုပေါင်းပိုင်ဆိုင်မှု $171 Billion ရှိနေပါတယ်။ အဲဒီအတွက် အခုထွက်သွားတဲ့ $3.64 Billion ဟာ စုစုပေါင်းပိုင်ဆိုင်မှုရဲ့ 2.1% ဝန်းကျင်ပဲ ရှိတယ်လို့ Binance က ရှင်းပြထားပါတယ်။ အခု နောက်ဆုံးထုတ်ပြန်ချက်မှာတော့ Fiat Withdrawal တွေအကြောင်းကိုပါ ထပ်အသိပေးလာပါတယ်။ အရင်ကတည်းက အသုံးပြုနိုင်တဲ့ Fiat Currency တွေအပြင် အခုအသစ်ထပ်မံအသုံးပြုနိုင်လာတဲ့ Currency 5 မျိုးကတော့ USD၊ AED၊ VND၊ PHP နဲ့ IDR တို့ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနိုင်တဲ့ Currency တွေထဲမှာ JPY၊ EUR၊ CHF၊ BRL၊ MXN နဲ့ အခြား Currency တွေလည်း ပါဝင်ပါတယ်။ ဆိုလိုတာက Binance ဟာ Fiat Withdrawal ဝန်ဆောင်မှုကိုလည်း Currency အမျိုးအစားတွေ ထပ်မံဖြည့်စွက်ပြီး ပြန်လည်ချဲ့ထွင်ပေးနေတဲ့သဘောပါ။ တစ်ဖက်မှာလည်း ကျန်ရှိနေသေးတဲ့ Network နဲ့ Asset တွေကို Binance က ဆက် စမ်းသပ်စစ်ဆေးနေပြီး Proof of Reserves Report အသစ်အတွက်လည်း လုပ်ဆောင်နေပါတယ်။ ဒီတော့ လက်ရှိအခြေအနေကို ခြုံကြည့်မယ်ဆိုရင် Binance ဟာ Crypto Withdrawal တွေကို အဆင့်လိုက် ပြန်လည်ဖွင့်ပေးနေသလို Fiat Withdrawal တွေကိုလည်း Currency အသစ်တွေ ထပ်မံဖြည့်စွက်ပေးလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ Withdrawal ပြန်ဖွင့်နိုင်ပြီဆိုတာနဲ့ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီလို့တော့ တစ်ခါတည်း ကောက်ချက်ချလို့မရသေးပါဘူး။ ကျန်ရှိနေတဲ့ Network တွေ၊ Asset တွေနဲ့ Binance ရဲ့ နောက်ထပ် Update တွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုပါသေးတယ်။
6 606
ဒီနေ့ CZ နဲ့ Elon ပွဲကြည့်ပြီး ခွီနေရတယ် CZ ဖက်ကတော့ သူ့မိန်းမပါ ပါတော့ နှစ်ယောက်အားပေါ့
6 606
🚨 မြောက်ကိုရီးယား Hacker အဖွဲ့က Binance Hack မှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သတင်းထွက်လာပါတယ်။
ဒီတစ်ခါ စိတ်ဝင်စားစရာကောင်းတာက အရင်က ဒေါ်လာ ၃၈၈ သန်းဖိုး Bitget Hack နဲ့ အခု Binance Hack နှစ်ခုလုံးက ခိုးယူထားတဲ့ ငွေ တွေဟာ Wallet Address တစ်ခုတည်းမှာ သွားဆုံနေတာကို တွေ့ရှိခဲ့တာပါ။ Blockchain ပေါ်က ငွေကြေးလွှဲပြောင်းမှုတွေကို လေ့လာပြီးနောက် ZachXBT က ဒီတိုက်ခိုက်မှုနှစ်ခုနောက်ကွယ်မှာ မြောက်ကိုရီးယားရဲ့ TraderTraitor Hacker အဖွဲ့ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါဟာ တိုက်ခိုက်မှုနှစ်ခုလုံးကို အဖွဲ့တစ်ဖွဲ့တည်းက လုပ်ခဲ့တယ်ဆိုတာ အတည်ပြုပြီးသားတော့ မဟုတ်ပါဘူး။ •••••••••• 14000 ကျပ်ရမယ့် Campaign https://t.me/cryptomatemyanmar/3306
