𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Відкрити в Telegram
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ Our Web(closed) thinkverse.lovable.app Lunatic's Collection https://t.me/IknowledgeField/476 Merlin's Collection https://t.me/IknowledgeField/154 Contact for business - @IsLunat1c
Показати більше1 345
Підписники
Немає даних24 години
-37 днів
-1330 день
Архів дописів
1 345
လူတော်တော် တော်တော်များများက တွေးတတ်ကြတယ်... "တိုင်းပြည်ကို တိုးတက်စေချင်ရင် အရာရာကို ချက်ချင်း ဆုံးဖြတ်၊ ချက်ချင်း အကောင်အထည်ဖော်နိုင်တဲ့ အာဏာပြည့်ဝတဲ့ ခေါင်းဆောင်မျိုး (Strongman) လိုတယ်" တဲ့။ အပေါ်ကနေ အမိန့်ပေးလိုက်တာနဲ့ အောက်က ချက်ချင်းလိုက်လုပ်တဲ့ စနစ်မျိုးကို သဘောကျကြတယ်။
ဒါပေမဲ့ တကယ့် Political Science သဘောတရားအရ ကြည့်ရင်... ဒီမိုကရေစီ အစိုးရအဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ပုံ ယန္တရားကြီး နှေးကွေးနေတာ၊ ဥပဒေတစ်ခုပြဋ္ဌာန်းဖို့ အချိန်တွေ အကြာကြီးယူပြီး ငြင်းခုံနေကြတာက အဲ့အစိုးရ စနစ်ရဲ့ ချို့ယွင်းချက် မဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းတည်ဆောက်ထားတဲ့ Security Feature တစ်ခု ဖြစ်ပါတယ်။
နိုင်ငံရေးမှာ အရေးအကြီးဆုံး Rule တစ်ခုရှိတယ်။ အဲ့ဒါက "Power Monopoly" လို့ခေါ်တဲ့ အမြဲတမ်း အကျင့်ပျက်ခြစားမှုနဲ့ ဖိနှိပ်မှုဆီကို ဦးတည်သွားတယ် ဆိုတဲ့ Rule ပဲ။
ဒီတော့ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုပြီးနိုင်ငံရေးတွေးခေါ်ရှင်တွေက Separation of Powers (အာဏာခွဲဝေကျင့်သုံးခြင်း) ဆိုတဲ့ Concept ကို ယူဆောင်လာကြတယ်။ နိုင်ငံတစ်နိုင်ငံကို မောင်းနှင်မယ့် စတီယာရင်ကို လူတစ်ယောက်တည်း လက်ထဲမထည့်ဘဲ အဓိက မဏ္ဍိုင် (၃) ရပ်အဖြစ် ခွဲထုတ်လိုက်တာပဲ။
၁။ Legislative Branch လို့ခေါ်တဲ့ ဥပဒေပြု လွှတ်တော်အဖွဲ့ ၊ သူတို့က တိုင်းပြည်ရဲ့ Rulebook ကို ရေးဆွဲရတယ်။ အခွန်ငွေတွေ ဘယ်လိုကောက်မလဲ၊ ဘယ်လိုသုံးမလဲဆိုတဲ့ National Budget ကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ ဥပဒေကို သူတို့ကိုယ်တိုင် အကောင်အထည်ဖော်လို့ မရဘူး။ ၂။Executive Branch လို့ခေါ်တဲ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့ / သမ္မတ ၊ သူတို့က လွှတ်တော်က ဆွဲပေးထားတဲ့ ဥပဒေဘောင်ထဲကနေ တိုင်းပြည်ကို စီမံခန့်ခွဲရတယ်။ သံတမန်ဆက်သွယ်တာ၊ စစ်တပ်နဲ့ ရဲကို ကွပ်ကဲတာတွေ လုပ်တယ်။ ဒါပေမဲ့ သူတို့သဘောနဲ့သူတို့ ကြိုက်တဲ့ဥပဒေကို ထုတ်ပြန်ခွင့် မရှိဘူး။ ၃။ Judiciary Branch လို့ခေါ်တဲ့ တရားစီရင်ရေး တရားလွှတ်တော်ချုပ်အဖွဲ့ ၊ ခုနက အပေါ်က နှစ်ဖွဲ့စလုံး ဥပဒေနဲ့အညီ လုပ်ရဲ့လားဆိုတာကို ကြားထဲကနေ အကဲဖြတ်ဒိုင်လူကြီးလုပ်ပေးရတယ်။ဒီသုံးဖွဲ့လုံးက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အထက်အောက် မျိုးမဟုတ်ဘူး အကုန်လုံးက Level တူတူပဲ။ သုံးဖွဲ့လုံးရဲ့အဓိက ရည်ရွယ်ချက်က အချင်းချင်း Checks and Balances လုပ်ပေးဖို့ပဲ။ ဥပမာ - အုပ်ချုပ်ရေးအဖွဲ့က အာဏာပြပြီး လူနည်းစုကို ဖိနှိပ်မယ့် ပေါ်လစီတစ်ခု ချလာရင်၊ လွှတ်တော်က ဘတ်ဂျက်ဖြတ်ချပြီး တားလို့ရတယ်။ လွှတ်တော်ကနေ မတရားတဲ့ ဥပဒေတစ်ခုကို မဲခွဲအတည်ပြုလိုက်ရင်လည်း၊ တရားစီရင်ရေးအဖွဲ့က "ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီဘူး" ဆိုပြီး Veto အာဏာနဲ့ ပယ်ချပိုင်ခွင့် ရှိတယ်။ အဲ့ဒီလို တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ကြိုးဆွဲချည်ထားတဲ့အတွက် အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းစဉ်တွေက Red Tape လို့ခေါ်တဲ့ ဗျူရိုကရေစီ ကြန့်ကြာမှုတွေ နဲ့ ပြည့်နှက်နေတော့တာပေါ့။ ဥပဒေတစ်ခု အတည်ပြုဖို့ လနဲ့ချီပြီး ငြင်းခုံရတယ်။ ဒါကို သာမန်ပြည်သူတွေ အမြင်မှာတော့ "ဘာတွေလုပ်နေမှန်းကို မသိဘူး၊ နှေးကွေးလိုက်တာ၊ ရှုပ်ယှက်ကိုခတ်နေတာပဲ" လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ် စစ်မှန်တဲ့ Pragmatic approach အရ ကြည့်ရင်တော့ ဒါက လူတစ်ယောက်တည်းက မနက်အိပ်ရာထပြီး စိတ်ကူးပေါက်တိုင်း ဥပဒေတွေကို အလွယ်တကူ ပြောင်းလဲပစ်လို့ မရအောင် ခံတပ်လုပ်ထားတဲ့ သဘောမျိူး ဖြစ်တယ်။ Efficiency ထက် Security ကို ဦးစားပေးထားတဲ့ သဘောမျိုးပေါ့။ အချုပ်ပြောရရင်... တကယ့်အကောင်းဆုံး နိုင်ငံတော်အစိုးရဆိုတာ အလုပ်လုပ်တာ အမြန်ဆုံး အစိုးရ မဟုတ်ဘူး။အာဏာကို အလွဲသုံးစားလုပ်ဖို့ အခက်ခဲဆုံးဖြစ်အောင် တည်ဆောက်ထားတဲ့ အစိုးရမျိုးသာ ဖြစ်တယ်။ စနစ်တစ်ခု အလုပ်လုပ်တာ မြန်ဆန်လွန်းနေပြီ၊ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်သူကမှ ကန့်ကွက်တာမရှိဘဲ ချက်ချင်း အသက်ဝင်နေပြီဆိုရင်၊ အဲ့ဒီနောက်ကွယ်မှာ ဘယ်သူတွေက ပါဝါတွေကို သိမ်းကျုံးယူထားလဲဆိုတာ စတင်ပြီး မေးခွန်းထုတ်ရတော့မယ့် အချိန်ပါပဲ။
✏️ရေးသားသူ - Nihilynth
1 345
အစားခံချင်သည့်နွားကဲ့သို့သောသတ္တဝါ
From: The Restaurant at the end of the Universe - Douglas Adams
ပန်းလေးတွေ ဘာလို့တည်ရှိနေရသလဲလို့ ကလေးတစ်ယောက်ကိုမေးရင် “ကမ္ဘာကြီးလှပအောင် အလှဆင်ဖို့နဲ့ ပျားလေးတွေသောက်သုံးဖို့ဝတ်ရည်အတွက် ရှိနေတာပါ” လို့ဖြေမှာအမှန်ပဲဖြစ်ပါတယ်။
ဒီအဖြေဟာ ကဗျာဆန်ပေမယ့်လည်း မှားနေတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ ပြောပြပါရစေ။ ဒီကလေးရဲ့ အဖြေဟာ သမိုင်းတစ်လျှောက်ရှိခဲ့တဲ့ လူတွေပေးမယ့်အဖြေနဲ့ သိပ်ခြားနားမယ် မထင်ပါဘူး။ အရင်ကတည်းက လူသားတွေဟာ ကမ္ဘာကြီးပေါ်မှာရှိတဲ့ တခြားသက်ရှိသတ္တဝါနဲ့ အရာရာတိုင်းဟာ သူတို့အတွက် ဖြစ်တည်လာတယ်/ရှိနေတယ်ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားတတ်ကြပါတယ်။
ဒါနဲ့ပက်သက်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ရှိပါတယ်။ British စာရေးဆရာ Douglas Adams ရေးတဲ့ Hitchhiker’s Guide to the Galaxy ဆိုတဲ့ series ရဲ့ ဒုတိယမြောက်စာအုပ် The Restaurant at the end of the Universe ဆိုတဲ့ စာအုပ်လေးပါ။ စကြဝဠာရဲ့အဆုံးမှာရှိတဲ့ Milliways ဆိုတဲ့ စားသောက်ဆိုင်တစ်ခုမှာ လူတွေရော ဂြိုလ်သားတွေရော စားကြသောက်ကြရင်းနဲ့ စကြဝဠာရဲ့ အဆုံးကို လာကြည့်တာပဲဖြစ်တယ်။ ဒီစာအုပ်ရဲ့ idea က လူသား ဆိုတာ ဘယ်လောက်ထိ သေးငယ်တယ်၊ အရာမရောက်ဘူး ဆိုတာကို ပြောချင်တာဖြစ်တယ်။ ဘာသာရေး၊ နိုင်ငံရေး၊ စည်းစိမ်ဥစ္စာ နဲ့ ဒဿနတွေကိုပါ လှောင်ပြောင်ထားတာဖြစ်ပါတယ်။
စာအုပ်ရဲ့ စာပိုဒ်တစ်ပိုဒ်မှာ ဇတ်လိုက်တို့အဖွဲ့ စားပွဲမှာထိုင်နေတုန်း မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ နွားနဲ့တူတဲ့ တိရစ္ဆာန်တစ်ကောင်ကလာပြီး သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စားသုံးဖို့အတွက် ယဉ်ယဉ်ကျေးကျေးနဲ့လာပြောတဲ့အပိုင်းတစ်ခုပါပါတယ်။ ထူးဆန်းတယ်၊ စိတ်ထဲအောင့်သက်သက်ဖြစ်စေတယ်၊ ဟာသအလွှာပါးလေးတစ်ခုလည်း လွှမ်းခြုံလျက်ရှိနေတာမို့ ကျွန်တော် သဘောကျလို့ အောက်ကဖိုင်ထဲမှာ @misoonmsg
ဘာသာပြန်ထားတာရော၊ original piece ပါဝေမျှပေးလိုက်ပါတယ်။
#Williamရေးသားသည်
#Thinkverse&external authors
1 345
Repost from 𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Englishလို စာအုပ်တွေdownချင်ရင်
https://z-library.sk
ကို recommend ပေးတယ်ဗျ ။
Login ဝင်ထားရင်တစ်နေ့ကို ဆယ်အုပ်down လို့ရတယ် ကြားဖူးတယ်။ Epub နဲ့လဲရတယ် pdf fileနဲ့လဲရတယ် ။ Tryကြည့်ကြပါ ကျွန်တော်လဲ Readerless Poetryက တွေ့လို့ ပြန်shareပေးတာ
( https://t.me/IknowledgeField/485 )
#Kira
1 345
It can't come quickly enough.
သင့်ရဲ့ လူငယ်ဘ၀ ကို အခြား လူငယ်တွေရဲ့အောင်မြင်မှုတွေနဲ့ ခဏခဏ နှိုင်းယှဉ်ပြီး ကြီးပြင်း ခဲ့ဖူးလား ။
ဒါမှမဟုတ်
ကိုယ်တောက်ပရမဲ့အချိန် ၊ အောင်မြင်ရမဲ့အချိန်ကို ထောင့်တစ်နေရာကနေ ထိုင်စောင့်နေရတဲ့ လူတစ်ယောက်လား ။
Song review by Lunatic ;
သီချင်းတွေနဲ့ပတ်သပ်ပြီး Recommend ပေးတဲ့ Admin Hein ရဲ့ဓာတ်တွေ ကူးသွားတာမလို့ ပထမဆုံးMusicalနဲ့ပတ်သပ်တာ စရေးမိတာလေးပါ ၊ ဒါတောင်စာအုပ်ဖတ်ထားသလိုရေးမိတယ် ထင်တယ် ။
#Lunatic
1 345
It can't come quickly enough.
သင့်ရဲ့ လူငယ်ဘ၀ ကို အခြား လူငယ်တွေရဲ့အောင်မြင်မှုတွေနဲ့ ခဏခဏ နှိုင်းယှဉ်ပြီး ကြီးပြင်း ခဲ့ဖူးလား ။
ဒါမှမဟုတ်
ကိုယ်တောက်ပရမဲ့အချိန် ၊ အောင်မြင်ရမဲ့အချိန်ကို ထောင့်တစ်နေရာကနေ ထိုင်စောင့်နေရတဲ့ လူတစ်ယောက်လား ။
{ ဒါဆိုရင်တော့ ဒီစာကိုအဆုံးထိဖတ်ပေးဖို့ တောင်းဆိုပါရစေ ၊ သီချင်းနဲ့ပတ်သပ်ပြီး သီးသန့်ပြောမှာမဟုတ်တဲ့အတွက်ပါ ။ }
Scissor Sisters ရဲ့
“It Can’t Come Quickly Enough” ဆိုတဲ့ song လေးက အထက်ပါ အခြေအနေ နှစ်ရပ်ကို Metaphor တွေ Rich Vocab တွေနဲ့ အနုပညာဆန်ဆန် ဖော်ကျုးထားတဲ့သီချင်းတစ်ပုဒ်လို့ ဆိုရမယ် ။
သီချင်းရဲ့ စာသားတစ်ကြောင်းချင်းစီကို နားထောင်ရုံတင်မဟုတ်ပဲ ခံစားကြည့်တတ်ဖို့လိုတယ် ၊ Relate လုပ်နိုင်ဖို့လိုတယ် ။
«“It can't come quickly enough
And now you've spent your life
Waiting for this moment
And when you finally saw it come
It passed you by and left you so defeated…”»
သင် နဲ့ရွယ်တူတွေ သင့်ဘေးနားကလူတွေ ရှေ့ကို တစ်ရွေ့ရွေ့သွားနေချိန် ၊ Achievement တွေ ရနေချိန်မှာ သင် ဟာ ဘ၀ကို အခြေအမြစ်မရှိ ဖြတ်သန်းမိနေသလို ဒါမှမဟုတ် အခွှင့်အရေးတစ်ခုခုကို စောင့်ဆိုင်းနေရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ကျူးပြချင်တာပါပဲ ။ ဘေးနားက တစ်ရွေ့ရွေ့သွားနေတဲ့ဘီးလုံးတွေကို အားကျ ကျန်ခဲ့တဲ့ အင်ဂျင်ဟောင်းနေတဲ့ ကားတစ်စီးလိုပေါ့ ။
ဒီစာသားတွေက သီချင်းတစ်ပုဒ်လုံးမှာ အလှပဆုံးနဲ့ အဓိပ္ပါယ်အပြည့်အ၀ဆုံးတွေပဲ ။ အဓိပ္ပါယ်ကောက်တတ်ရင် ကောက်တတ်သလောက် တိုးချဲ့နားလည်နိုင်တယ် ။
သီချင်းက ခုလို Social Media ကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တွေ များနေတဲ့ခေတ်ကြီးအတွက် အတိတ်ကတိုက်ရိုက်ထုတ်လွှင့်လိုက်တဲ့ ရေဒီယိုမက်ဆေ့တစ်ပုဒ်လိုပဲ ။ ကျွန်တော်တို့ကိုယ်တိုင်မသိလိုက်ခင်မှာပဲ ကျွန်တော်တို့ဟာ အခြားလူတွေ နဲ့ အောင်မြင်မှုပဲဖြစ်စေ ရုပ်ရည်ပဲဖြစ်စေ အရည်အချင်းကိုပဲဖြစ်စေ ယှဉ်ပြိုင်အားကျမိတတ်ကြတာပဲ မဟုတ်လား ။
ပိုပြီးတော့ဆိုးစေတဲ့တစ်ချက်က "ကျွန်တော်တို့လျှောက်နေတဲ့လမ်းက မှန်ကန်မှုရှိရဲ့လား" ဆိုတာမျိုးကို ဘယ်သူမှ အာမခံချက် မပေးနိုင်တာပဲ ။
«“There’s no indication of what we were meant to be”»
ကျွန်တော်တို့ ဘာကြီးဖြစ်လာရမယ် ဆိုတာမျိုး တံဆိပ်ကပ်ထားခြင်း ခံရတာမဟုတ်ပဲ လွတ်လပ်စွာမွေးဖွားလာတာ ။ ( Sartre ရဲ့ Existentialism Philosophy ကိုပြေးသတိရမိတယ် ၊ လူက လွတ်လပ်ခြင်းနဲ့အချုပ်ကျနေတယ်ဆိုတာမျိုး )
အဲ့အချက်ကြောင့်ပဲ ကျွန်တော်တို့ဘ၀မှာ ဘယ်ကိုသွားနေရတယ် ၊ ဘယ်လုပ်ရပ်တွေက ကိုယ့်အတွက်သင့်လျော်မှုရှိတယ်ဆိုတာတွေက ကြိုးတံတားပေါ်မှာ မျက်၀တ်စည်းပြီး လမ်းလျှောက်ရသလိုဖြစ်နေတာပေါ့ ။ အချို့အတွက် ကျောင်းထွက်အလုပ်လုပ်တာက မှန်ကန်ပြီး သူဠေးကြီးဖြစ်ချင်ဖြစ်သွားမယ် ၊ အချို့အတွက် ကျောင်းမှာစာလုပ်နေရတာကပဲ အနာဂတ်ကို ပုံကောင်းကောင်းသွင်းပေးနိုင်မယ် ဒါပေမဲ့ ဒါတွေကို ဘယ်သူက ဘယ်လိုသိနိုင်မှာလဲ ။
ကိုယ်ဘယ်လမ်းကိုလျှောက်ရမလဲဆိုတာ ကိုယ်ဆုံးဖြတ်ရမှာဖြစ်ပြီး သူ့အတွက်အလုပ်ဖြစ်တာ ကိုယ့်အတွက် အလုပ်ဖြစ်မယ်မသေချာပါဘူး။
ဒါပေမဲ့စိတ်ဓာတ်ကျ စရာတွေကို အောက်က စာပိုဒ်လေးတစ်ခုထဲနဲ့ အားဆေးတစ်ခုအဖြစ်ပြောင်းလဲလို့ရပါတယ်။
" We knew all the answers
And we shouted them like anthems
Anxious and suspicious
That God knew how much we cheated" ( သီချင်းထဲကပဲ )
"ကျွန်တော်တို့အားလုံးက ဘ၀ကြီးကို နားလည်သလိုဟန်ဆောင် ခဲ့ကြပေမဲ့ အတွင်းစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သံသယတွေပြည့်နေတာ ကိုတော့ ဘုရားသခင် ကိုယ်တိုင်အသိပဲ ဖြစ်တယ်"
အကယ်၍ မိတ်ဆွေက စက်နှိုးမရတဲ့ အင်ဂျင်အစုတ်နဲ့ ကားကြီးမဟုတ်ပဲ စက်ကိုဘယ်လို နှိုးရမလဲ မသိတာ သို့မဟုတ် မနှိုးရဲသေးတာ သပ်သပ်ပဲ ဆိုရင်ရော ။
ဘေးနားက ရွေ့နေတဲ့ကားတွေဟာလဲ သူတို့မသေချာမှုတွေနဲ့ သူတို့ ဘယ်လမ်းကိုသွားလို့သွားနေမိမှန်းမသိ တစ်စုံတစ်ခုကို
မျှော်လင့်ရင်းရှေ့ဆက်နေတာပဲဆိုရင်ရော ။
မိတ်ဆွေနဲ့သူတို့နဲ့ မတူတာက သူတို့ကရှေ့ဆက်ပြီးမိတ်ဆွေက ဘာမှန်းမသိတဲ့တစ်စုံတစ်ခုကို မျှော်လင့်နေမိတာပဲ ဖြစ်ပါလိမ့်မယ် ။
လျှောက်လမ်းခြင်းလဲမတူတာဖြစ်တဲ့အတွက် မိတ်ဆွေစောင့်မျှော်နေတဲ့ အောင်မြင်မှု ၊ အခွှင့်အရေး ၊ အချစ်စစ် ဘာပဲဖြစ်ဖြစ်ဗျာ ကိုယ်တောင့်နေမိတဲ့အရာတစ်ခုက လူတစ်ယောက်ခြင်းစီကို ရောက်လာတဲ့အချိန် ၊ အနေအထား ကွာခြားနေတာကို လဲသီချင်းကပြောပြချင်နေတယ် ။
မိတ်ဆွေစောင့်မျှော်နေတဲ့အရာ တစ်ခု ရောက်မလာသေးတာက မိတ်ဆွေ ရှာဖို့ မကြိုးစားကြည့်ဖူးသေးလို့ ဖြစ်နိုင်ပါတယ် ။
(ဒါမှမဟုတ်)
မိတ်ဆွေစီကို ရောက်လာဖို့အချိန်မတန်သေးတာဖြစ်နိုင်ပါတယ် ။
ဘ၀ဟာ အထက်ပါပြောခဲ့သလို မသေချာခြင်းတွေ ၊ သံသယတွေကြားထဲမှာ ရှင်သန်ရတာပဲဖြစ်တယ် ။
ဒါက မိတ်ဆွေတစ်ယောက်ထဲ မဟုတ်ပါဘူးဆိုတဲ့အတွေးက ၃%လောက်ပဲ အကူအညီဖြစ်မယ်ဆိုရင်တောင် အကူအညီအဖြစ်လက်ခံလိုက်သင့်တဲ့ အတွေးတစ်ခုဖြစ်ပါတယ်။
#Lunatic1 345
Music theory
ဆိုတော့ အားလုံးလဲ ကြားဖူးနေကြ သိချင်နေကြ ဘယ်နားသွားသွားပြောနေကြတဲ့ Music theory music theory ဆိုတာဘာလဲ music theory ဆိုတာ ဘယ်လိုဖြစ်လာရတာလဲ music နဲ့ music theory ဘာကွာလဲ သူကဘာမလို့အဲ့လောက်ထိအရေးပါနေတာလဲ အဲ့တာတွေကို ကျနော် Admin Heinကရှင်းပြပေးသွားပါမယ်
အရင်ဆုံး Music theory ကိုမပြောခင် Music နဲ့ Music theoryဘယ်ဟာအရင်လာလဲဆိုတာသိရပါမယ် ဘယ်ဟာအရင်လာလဲဆိုတော့ ဟိုးရှေးတုန်းကတည်းက ကျောက်ခေတ်ကတည်းစတယ်လို့ပဲပြောရင်မှန်ပါလိမ့်မယ် ဥပမာ လက်ခုပ်သံတွေစည်းချက်တွေအဲ့တာတွေကနေ music ကိုဖန်တီးပြီးသား ၊ တစ်ဖြည်းဖြည်းနဲ့ လူနေမဲ့အဆင့်အတန်းပြောင်းလဲလာတဲ့အခါ Musicကလဲခေတ်နဲ့အတူပြောင်းလဲလာပါတယ်
Music တွေကဘာလို့တအားနာမည်ကြီးလာတာ အရေးပါလာတာလဲ
ပြောရရင် music ဆိုတာက လူတွေရဲ့စိတ်၊ နှလုံးကိုဖမ်းစားနိုင်တယ် လူတွေကိုနားထောင်လိုက်တာနဲ့ တစ်ခုခုခံစားနိုင်အောင် ပေးစွမ်းနိုင်လို့ဖြစ်ပါတယ် နားထောင်လိုက်တဲ့သူအပေါ် Effectတစ်ခုပေးနိုင်တယ် အရင်ခေတ်တုန်းက ပြောရရင် လူတွေကို effectတစ်ခုခုပေးနိုင်တဲ့ သီချင်းဆိုရင် အလုပ်ဖြစ်တဲ့ music လို့ခေါ်လို့ရတယ် သူ့ခေတ်ခါနဲ့ဆိုတော့ အလုပ်ဖြစ်တဲ့musicတွေကခုခေတ်လိုထင်သလောက်မများဘူးပေါ့ ဒါပေမဲ့လဲအချိန်တွေကြာလာတာနဲ့အမျှ အလုပ်ဖြစ်တဲ့သီချင်းတွေလဲများလာတယ် ဆယ်စုနှစ်တွေကြာတော့ စိတ်ဝင်စားမှုရှိလာတဲ့လူငယ်လူတန်းစားရပ်တွေက အရင်ခေတ်က music တွေဘယ်လိုအလုပ်လုပ်တာလဲဆိုတာသိချင်လာတယ် အဲ့ကနေစတင်ပြီး ဂီတဘာသာရပ်ဆိုပြီးဖြစ်ပေါ်လာတာပေါ့ အဲ့အလုပ်ဖြစ်တဲ့သီချင်းတွေကိုလေ့လာပြီးထွက်လာတဲ့ပညာရပ်က ကျနော်တို့အခုခေါ်တဲ့ Music theory ဆိုတာဖြစ်လာတာပေါ့၊ ဒါကတော့သူ့သမိုင်းကြောင်းပေါ့ ဟုတ်ပြီအခုသူကဘာလဲဆိုတာကိုနောက်ပိုစ့်တစ်ခုမှာရှင်းပြပါမယ်
#Hein
1 345
Elizabeth by Moroha
တစ်ခါတလေ
ကိုယ့်ဘဝကို ကိုယ် ကိုယ်တိုင်နေမယ့်အစား
တစ်ယောက်ယောက်ကနေ ကြည့်နေသလို ခံစားဖူးလား…
ရယ်တဲ့အချိန်လည်း ရယ်တယ်
စိတ်ညစ်တဲ့အချိန်လည်း ပြောတယ်
ဒါပေမယ့် တကယ်ခံစားနေတဲ့အရာတွေကို
ဘယ်သူမှ မနားလည်နိုင်တဲ့ feeling တစ်ခု…
ဒီသီချင်းရဲ့“Elizabeth” ဆိုတာ အဲ့ဒီလိုပါပဲအရာအားလုံးကို မြင်ရတယ်ဒါပေမယ့် ဘာတစ်ခုမှ မခံစားနိုင်ဘူး။
နီးနီးကပ်ကပ်ရှိနေသလိုပဲ
တကယ်တော့ ဝေးဝေးကွာနေတဲ့အရာတစ်ခုလို…ကျနော်စာရေးသူကိုယ်တိုင်လည်း တစ်ခါတလေ သူတို့က ကြည့်နေသလို ခံစားမိတတ်တယ်၊ ဒါပေမယ့် အတွင်းကခံစားချက်တွေကို ဘယ်သူမှ မနားလည်ဘူး
ငါတို့ဘဝထဲမှာလည်း
အဲ့ဒီလို “မြင်ပေမယ့် မနားလည်နိုင်တဲ့အရာ” တွေရှိတယ်
လူတွေ၊ ခံစားချက်တွေ၊ အချစ်တွေ…
ဒီသီချင်းက အဲ့ဒီ gap ကိုပြောတာ
ကိုယ်တိုင်တောင် မရှင်းနိုင်တဲ့ feeling တစ်ခုကို
တိတ်တိတ်လေး ဖော်ပြထားသလိုပဲ။
သူ့ရဲ့ ငြိမ့်ညောင်းနေတဲ့ဂစ်တာmelodyတွေနဲ့ softဖြစ်တဲ့lyrics flowတွေ သူများနဲ့မတူတဲ့ဆိုတဲ့ပုံစံဒီသီချင်းရဲ့ဆိုလိုရင်းကိုပိုပြီးအသက်ဝင်စေနေတာ
မသေခင်နားထောင်သွားသင့်တဲ့တစ်ပုဒ်ဆိုလဲမမှားဘူး
နားထောင်ပြီးရင်ဘယ်လိုခံစားရလဲ ရေးပေးသွားကြပါဦး သီချင်းကိုအောက်မှာပေးထားပါမယ်
1 345
Review of the month :
Wuthering Heights{လေထန်ကုန်း}
တကယ်တော့ မိတ်ဆွေကို အချစ် ၊ အမုန်း ၊ စွဲလမ်းမှု ဆိုတဲ့ Concept သုံးမျိုးကြားမှာ ကာရံထားတဲ့ တံတိုင်း တစ်ခုစီ ဟာ အတော် "ပါးလွှာတယ်" လို့ပြောရင် မိတ်ဆွေယုံမလား။
လူတစ်ယောက်ကို ချစ်လိုက်တာက မေတ္တာတရားတွေပွားလိုက်ရုံတင် မဟုတ်ဘူး ၊ ထိုလူကို ရယူလိုစိတ် နဲ့ ထိုလူနဲ့ ဆန့်ကျင်ရပ်တည်သူတွေ၊ ဒုက္ခပေးမဲ့လူတွေကို သူတို့ ညဘက်အိပ်နေတုန်း စောင်နဲ့ဖြစ်ဖြစ် ဖိသတ်ဖို့ စိတ်ကအသင့်ပြင်ထားပြီးပြီ ဖြစ်ရမယ် ။ တစ်ကယ်မလုပ်နိုင်ရင်တောင်စိတ်ကူးထားကြတယ် အဲ့လိုမှမဟုတ်ရင် အချစ်ဘယ်ပီသပါ့မလဲ ကျွန်တော်တို့က ပုထုစဉ်တွေ ပဲ လေ ၊ ပုထုစဉ်လောကမှာ အသက်ရှင်နေရတာ ။ အချစ်ရူးမယ်ဆိုရင်တိုက်ခိုက်နိုင်ရမယ်ဗျ။
တကယ်တော့ လူတစ်ယောက်ကို တစ်ပြိုင်နက်တည်းမှာ ချစ်နေလို့ရသလို သူ့ရွေးချယ်မှုတွေနဲ့ သူ့ဖြစ်တည်လာမှုကို မနှစ်ခြိုက် မုန်းတီးပစ်လိုက်လို့လဲရသတဲ့ ၊ လူ့စိတ်က အင်မတန်မှ တစ်ကိုယ်ကောင်းဆန်ပါတယ် ။
တရားဟောမိသလိုများဖြစ်နေလားမသိဘူးခင်ဗျာ ။
ကျွန်တော်တို့ စာဖတ်သူတွေနဲ့ စာရေးဆရာတွေ ဟာ တစ်စုံတစ်ယောက်ကို ဘယ်လောက်ချစ်ကြောင်း စာရွက်ပေါ်က ဘာသာစကားတွေ နဲ့ လှပအောင် ပုံဖော်ထားတဲ့ကဗျာစာသားလေးတွေကနေ တစ်ဆင့် ဖော်ပြ၊ ခံစားကြရတယ် ။
ရုန်းရခက်လွန်းတဲ့ နွံထဲမှာနစ်မြုပ်နေရင်း နွံထဲက အညစ်အကြေးတွေနဲ့ လှပတဲ့ အနုပညာတစ်ခုကို ဆွဲ လိုက်သလိုပဲပေါ့။
ဒါပေမဲ့အချို့အနုပညာ တွေကြတော့ လှပမနေဘူး ၊ ရွှံ့နွံထဲမှာနစ်နေကြောင်း ကို တိုက်ရိုက် ဖော်ကျူးတယ် ။ Wuthering Heights ဆိုတဲ့စာအုပ်ကလဲ အဲ့သလိုစာအုပ်မျိုး ။ စာအုပ်က
" ငြိမ်းချမ်းစွာ ခွဲခွာခြင်း " ကို Romanticize မလုပ်ဘူး ။ စာအုပ်တစ်ခုလုံးက Tragic Itself ပဲ ဒါပေမဲ့ ကျွန်တော်တို့ကို အသဲကွဲတယ် ၊ သက်ဆိုင်သူ တစ်ဦးတစ်ယောက်ကိုသတိရမိတယ် ဆိုတာမျိုးတွေထပ် ပိုပြီးတော့ ပေးစွမ်းနိုင်တဲ့ Tragic Story တစ်မျိုး။
Introduction to the book
ဒီဝတ္ထု ကိုဖတ်ရတာ ဘာနဲ့တူသလဲဆိုတာကို မိတ်ဆွေတို့ မြင်သာအောင် "နှိုင်းပြ" ရရင် လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ခုမှာ တစ်ယောက်ထဲ အသက်ရှင်သန်ရတဲ့ လူတစ်ဦးနဲ့ဆင်တယ်။ အဲ့သလို အထီးကျန်မှုကို မြင်ယောင်ကြည့်စေချင်တယ် ။
ထိုလူက တကယ်မရှိတာတွေ မြင်ချင်မြင်နေမယ် ၊ အမှန်တရားအတုအယောင်တွေကို လက်နဲ့ကျစ်နေအောင်ဆုပ်ကိုင်ထားမိမယ် ။
အပေါ်ကပြောထားသမျှက ဇာတ်လမ်းမဟုတ်ဘူးနော် ၊ ကျွန်တော်တို့ရဲ့ဇာတ်ဆောင်ကြီး Heathcliff က သူမွေးကတည်းက အဲ့လို လေယာဉ်ပျက်ကျလာတဲ့ လူမျိုးလိုပဲ။
Heathcliff က လေထန်ကုန်းဆိုတဲ့ လူချမ်းသာတို့အိမ်ကို ရောက်လာခဲ့တဲ့ မိဘမဲ့တစ်ယောက် ၊ Catherine ရဲ့ဖခင် ကိုယ်တိုင်ခေါ်လာခဲ့တာလဲဖြစ်တယ် ။ Heathcliff ကိုတစ်အိမ်လုံးမှာ အမြင်ကြည်တာ Catherine ရယ် ၊ အိမ်ဖော်အမျိုးသမီးတစ်ဦးရယ် နဲ့ ဖခင်ကြီး ပဲရှိတယ် ။ Heathcliff ရဲ့ လောကကြီး အပေါ်မုန်းတီးစိတ်တွေ ပိုအားသန် လာစေခဲ့တာက ဖခင်ကြီး သေဆုံးသွားတဲ့ အခါ ရင်ဆိုင်ခဲ့ရတဲ့ Catherine အကိုစီက ခွဲခြားဆက်ဆံခံရမှု တွေနဲ့ သူသိပ်ချစ်ပါတယ်ဆိုတဲ့ အမျိုးသမီး Catherine လက်ထက်သွားတဲ့အချိန်ပဲ ။ Heathcliff ဟာ အချိန်တစ်ခုအကြာမှာ စီးပွားရေးသမားတစ်ဦးအနေနဲ့ပြန်လာပြီး အိမ်ထောင်ရှိပြီးသားဖြစ်တဲ့ Catherine ကိုရယူပိုင်ဆိုင်ဖို့ကြိုးစားခဲ့သလို Catherine အနေနဲ့လည်း ဆုံးဖြတ်ချက်ပြတ်သားမှုမရှိခဲ့ဘူး ။
Heathcliff ရဲ့နောက်ထပ်ရည်ရွယ်ချက်ကတော့ သူ့ရှေ့မှာလာပိတ်သမျှ အရာတွေနဲ့ သူ့ကိုညှင်းပန်းခဲ့တဲ့လူတွေကို ပြန်လည် ညှင်းပန်းဖို့ပဲ ။ ဖျက်စီးပစ်ဖို့မဟုတ်ဘူးနော် ၊ ညှင်းပန်းဖို့ ပဲ ။
Concept သုံး ခုဖြစ်တဲ့ အချစ်၊အမုန်း နဲ့ စွဲလမ်းမှုကြားက ပါးလွှာမှုကို လူမှုပတ်၀န်းကျင်နဲ့ ဓလေ့အစဉ်အလာတွေ ၊ လူတန်းစားအဆင့်အတန်း တွေ ၊ Societal Norms တွေက Heathcliff ရဲ့အချစ်မှာ ချိုးဖျက်ပေးခဲ့တာပါ ။My Final Thoughts အချစ်ဆိုတာက အင်မတန်မှ လှပနိုင်တဲ့အရာလဲဖြစ်နိုင်သလို ရုပ်အဆိုးဆုံးလိုအင်ဆန္ဒတစ်ခုလဲဖြစ်လာနိုင်တယ်။ ဒါတွေက လူမှုအဖွဲ့အစည်းရဲ့ တစ္ဆေဆန်ဆန် ယုံကြည်မှုတွေကြောင့်လား သို့မဟုတ် အချစ်ကိုယ်တိုင်က အချိန်မရွေးအဆိပ်ထုတ်နိုင်တဲ့ အပင်တစ်မျိုးလား ဆိုတာက စာအုပ်ကချန်ထားခဲ့မဲ့ မေးခွန်းမျိုးပါ ။ Heathcliff ရဲ့အချစ်ဟာ အချစ်အမုန်းနဲ့စွဲလမ်းမှုဆိုတာတွေ ရောယှက် ရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်ဆန်ဆန် အမုန်းတရားနဲ့ တည်ဆောက်ထားတဲ့ အချစ်မျိုး ပေါ့။ စာအုပ်ရဲ့ အခန်းတိုင်းနဲ့အရေးအသားတိုင်းက ကျွန်တော်အပေါ်က ဖော်ပြခဲ့တဲ့ Concept 3 မျိုးကြားက ပါးလွှာတဲ့ တံတိုင်းလေး တွေကို ချိုးဖျက်ပြထားခဲ့တယ်။ မိတ်ဆွေ တစ်စုံတစ်ယောက်ကိုချစ်မယ်ဆိုရင်တော့ စွဲလန်းလွန်းလို့ချစ်မှာလား ၊ မုန်းလို့ချစ်မိမှာလား ၊ ဒါမှမဟုတ် Heathcliff လို ထိုသုံးခုစလုံးကို မျက်ရည်တွေနဲ့ရောယှက်ပြီး လူမှုအဖွဲ့အစည်းရဲ့ တစ္ဆေမျက်လုံးတွေကို ကျိန်စာတိုက်ရင်း ချစ်ပစ်မှာလား ။ " ဘယ်လိုပဲချစ်ပါစေ ၊ Heathcliff ကတော့ ကျွန်တော်တို့ ကိုယ်တိုင်တောင် ကြောက်နေမိ လောက် တဲ့ ကျွန်တော်တို့ရဲ့ပုံရိပ်ကို ဖော်ကျူးနေမဲ့ Character အမျိုးအစားတစ်ခုပါပဲ ။ " <Sorry for Rush #Lunatic
1 345
Repost from VampsAnthem
Bloodstrike Squad Fight rank boost service for Myanmar
မြန်မာမှာက Battle royale ဆော့တဲ့လူများတာတော့ဟုတ်ပါတယ်ဒါပေမဲ့ အခုနောက်ပိုင်း Squad Fight မှာမြန်မာတွေတော်တော်များများတွေ့လာလို့ Service တစ်ခုလေးနဲ့မိတ်ဆက်ချင်ပါတယ် အဲ့တာကတော့ ခေါင်းစဉ်အတိုင်း Squad Fight သီးသန့်အတွက် Rank boost service လေးပါ။
ကျနော်တို့ကိုဘာကြောင့်ယုံကြည်နိုင်တာလဲ ?
Rank Boost ပေးပါတယ်ဆိုတာကဒီတိုင်းသာမန်အဆင့်လောက်နဲ့အာချောင်တာမဟုတ်ပါဘူး ကျနော်တို့လက်ရှိ Account တွေတော်တော်များများကို Top 10 အတွင်းတော်တော်များများ boost ပေးခဲ့ဖူးပါပြီ Top players တွေကြီးပါပဲ မြန်မာမှာတင်မဟုတ်ပါဘူး။
ဈေးနှုန်းကရော ?
ဈေးကတော့တော်တော်လေးကိုချိုသာမယ်လို့ပြောချင်ပါတယ် ဈေးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Leaderboard မဝင်တဲ့ Rank အတွက် Star တစ်လုံးကိုမြန်မာငွေ ၅၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ် 10 လုံးအတွက်လည်းပဲသီးသန့် 3000 ကျပ်တို့လိုမျိုးရှိပါသေးတယ်။
Leaderboard ဝင်တဲ့ Rank ကိုတော့ 1 လုံးကို ၁ ထောင်နှုန်းပဲကောက်ယူမှာဖြစ်ပါတယ် ဘယ်လောက်မှမများပါဘူးထမင်းစားရေသောက်ပဲရှိပါတယ် ခုနလိုမျိုးပဲ 10 လုံး boost ရင်လည်း 8000 ကျပ် Discount ရှိပါသေးတယ်။
နောက် Season အတွက် Top 10 အတွင်းပဲဝင်ချင်တာလား Top 5 အတွင်းဝင်ချင်တာလား Stats ကောင်းအောင်လုပ်ချင်တာလား Gun Power level တိုးချင်တာလား အကုန်ဝန်ဆောင်မှုကိုဈေးနှုန်းချိုသာစွာလုပ်ပေးပါတယ်ဗျ။
နောက် SS အတွက် (Top 1 to 10 အတွင်းကတော့ဈေးမြင့်ပါမယ်နော်)
လက်ရှိ Service ကိုစဖွင့်တဲ့အနေနဲ့လည်းပဲ ပထမဦးဆုံးလူ ၅ ယောက်ကို Discount ပေးသွားဦးမှာဖြစ်ပါတယ်။
Contact us on @AlinEctd @Erlang322
Portfolio is under there
