NOM
Відкрити в Telegram
201
Підписники
Немає даних24 години
-17 днів
-830 день
Архів дописів
201
Repost from News Of Myanmar
CBS သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ် ဟစ်ဂင်စ် ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး အင်ဂျင်နှင့် လျှပ်စစ်စနစ်များ ချို့ယွင်း
အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောတစ်စင်းဖြစ်သည့် ယူအက်စ်အက်စ် ဟစ်ဂင်စ် USS Higgins ပေါ်တွင် ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဘော၏ လျှပ်စစ်စနစ်နှင့် မောင်းနှင်မှုစနစ်များ ပြတ်တောက်သွားကာ ရှေ့ဆက်မောင်းနှင်၍မရဘဲ ရပ်တန့်သွားခဲ့ကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ CBS သတင်းဌာနက ဖော်ပြထားသည်။
ဖြစ်ပွားရာဒေသမှာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း တိကျသည့် တည်နေရာကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။
သင်္ဘောပေါ်ရှိ အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံသည် ၎င်းတို့၏ 'နောက်ဆုံးအဆင့် အဆိုပြုချက်' ကို ပါကစ္စတန် ကြားခံစေ့စပ်ပေးသူများမှတစ်ဆင့် အမေရိကန်ထံသို့ မနေ့ညက ဆက်သွယ်ပေးပို့ခဲ့သည်။
NOM
201
Repost from News Of Myanmar
ဒေါ်လာ ထရီလီယံချီတဲ့ စစ်အသုံးစရိတ် ရှိသော်လည်း အမေရိကန်သည် ခေတ်သစ်စစ်ပွဲများအတွက် အဆင်သင့်မဖြစ်သေးကြောင်း နူးယောက်တိုင်းမ်စ် New York Times (NYT) သတင်းစာက ဝေဖန်ထောက်ပြ
အမေရိကန်သည် တစ်နှစ်လျှင် စစ်တပ်အတွက် ဒေါ်လာ ၁ ထရီလီယံခန့် အသုံးပြုနေပြီး ၎င်းပမာဏမှာ အီရန်နိုင်ငံ အသုံးပြုသည်ထက် အဆ ၁၀၀ ကျော် ပိုများနေပါသည်။
အီရန်သည် ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ ၎င်း၏ အင်အားကို ခိုင်မာစွာ ထိန်းထားနိုင်ဆဲ ဖြစ်သည်။
အမေရိကန်၏ ပြဿနာမှာ အလွန်ဈေးကြီးသော စနစ်များကိုသာ အားကိုးနေခြင်းနှင့် လက်နက်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်စွမ်း အားနည်းခြင်းတို့ ဖြစ်သည်။
ခေတ်သစ်စစ်ပွဲများတွင်မူ အရေအတွက်များများဖြင့် ဈေးနှုန်းချိုသာသော လက်နက်များကို အသုံးပြုရန် လိုအပ်ပါသည်။
အမေရိကန်အနေဖြင့် ဒရုန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် ကာကွယ်ရေးကဏ္ဍ ထုတ်လုပ်မှုများကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။
အမေရိကန်ဟာ နည်းပညာမြင့်ပြီး ဈေးကြီးတဲ့ လက်နက်တွေ ရှိပေမဲ့အီရန်လို နိုင်ငံမျိုးက အသုံးပြုတဲ့ ဈေးသက်သာပြီး ထိရောက်တဲ့ ဒရုန်းနဲ့ ဒုံးကျည် နည်းဗျူဟာတွေကို ရင်ဆိုင်ဖို့ ရုန်းကန်နေရပါတယ်။
NOM
201
Shomera မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးတပ်သား ၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ Jerusalem Post က ဖော်ပြခဲ့ပါတယ်။
News Of Myanmar NOM
201
အီရန်စစ်ပွဲအတွက် အမေရိကန်ရဲ့ ကုန်ကျငွေဟာ ဒေါ်လာ ၂၅ ဘီလျံအထိ ရှိနေပြီလို့ ပင်တဂွန်ဘဏ္ဍာရေးမှူး Jay Hurst က ပြောဆိုခဲ့ပါတယ်။ မနေ့က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီရှေ့မှာ ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့အတူ ထွက်ဆိုခဲ့တာဖြစ်ပြီး သူ့ထွက်ဆိုချက်ထဲမှာတော့ စစ်ပွဲက ဘယ်အချိန်ပြီးဆုံးမလဲဆိုတာကို ညွှန်ပြတာမျိုး မပါဝင်ခဲ့ပါဘူး။
News Of Myanmar NOM
201
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာလင်နဲ့ အငြင်းပွားမှုတွေ မြင့်တက်လာချိန်မှာ ကန်အစိုးရအဖွဲ့ဟာ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လျှော့ချနိုင်ခြေကို ပြန်လည်သုံးသပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အချိန်တိုအတွင်းမှာ ဆုံးဖြတ်သွားမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။
အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေမှာ အီရန်က အမေရိကန်ကို အရှက်ခွဲနိုင်ခဲ့တယ်လို့ ဂျာမနီအဓိပတိ Merz က ပြောဆိုပြီး နောက်တရက်မှာပဲ ထရမ့်ဘက်က အခုလိုမျိုး ပြောဆိုခဲ့တာပါ။
Merz က “အီရန်တွေဟာ ညှိနှိုင်းရာမှာ အရမ်းကျွမ်းကျင်ပြီး အစ္စလာမ္မဘတ်ကနေ အမေရိကန်ကို ဘယ်လိုရလဒ်မှ မရှိစေဘဲ ပြန်ထွက်သွားစေခဲ့တယ်” လို့ Marsberg မှာ ကျောင်းသားတွေနဲ့ တွေ့ချိန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
News Of Myanmar NOM
201
အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲကို ဝင်ရောက်စီးနင်းကာ ထရမ့်ကို သတ်ဖြတ်ဖို့ ကြိုးစားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဟာ ဒီလုပ်ရပ်မလုပ်ခင် မိနစ်ပိုင်းအလိုမှာ သူ့ရဲ့ ဟိုတယ်အခန်းထဲမှာ ကျည်ဆန်အိတ်၊ သေနတ်အိတ်နဲ့ ဓါးအိမ်တွေ တပ်ဆင်ထားတဲ့ သူ့ရဲ့ ပုံကို ရိုက်ကူးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
သမ္မတ ထရမ့်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို 'ထရမ့် ရေလက်ကြား' (Strait of Trump) ဟု အမည်ပြောင်းလဲလိုက်ဟန်ရှိသည့် ပုံရိပ်တစ်ခုကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန်လွှတ်တော်ဥက္ကဋ္ဌက ရေနံတွင်းများကို တိုက်ရိုက်ထုတ်လွှင့် (LIVESTREAM) ပြသရန် ကမ်းလှမ်းလိုက်
သမ္မတ ထရမ့်က အီရန်အနေဖြင့် ၎င်း၏ရေနံများကို ပြည်ပသို့ မတင်ပို့နိုင်အောင် ပိတ်ဆို့ခံထားရခြင်းကြောင့် ပိုက်လိုင်းများနှင့် ရေနံတွင်းများတွင် ဖိအားများကာ ပေါက်ကွဲပျက်စီးသွားလိမ့်မည်ဟု သတိပေး (သို့မဟုတ်) ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် Mohammad Bagher Ghalibaf က ထရမ့်၏ ပြောဆိုချက်မှာ အဓိပ္ပာယ်မရှိသော "အမှိုက်" ကဲ့သို့ အကြံဉာဏ်များသာဖြစ်သည်ဟု လှောင်ပြောင်ခဲ့ပြီး ရေနံတွင်းများ ပေါက်ကွဲခြင်းမရှိဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သက်သေပြရန် ဗီဒီယိုဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု တုံ့ပြန်ခဲ့သည်။
ယခုပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ အထက်သို့ မြင့်တက်နေပြီး အီရန်ဘက်က ၁၄၀ ဒေါ်လာအထိ ဆက်လက်တက်ဦးမည်ဟု ခန့်မှန်းပြောဆိုနေသည်။
NOM
201
Repost from News Of Myanmar
ဗီဒီယိုတစ်ခုတွင် ဘုရင် ချားလ်စ် (King Charles) က လက်ဆွဲနှုတ်ဆက်ရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတ ထရမ့်က ၎င်း၏ အစိုးရအဖွဲ့ဝင်များကို အရင်ဦးဆုံး နှုတ်ဆက်ရန်အတွက် ကြားဖြတ်ဝင်ရောက်သွားသောကြောင့် နောက်ဆုံးတွင် (လက်ဆွဲနှုတ်ဆက်ရန်) လက်လျှော့လိုက်ရသည်ကို တွေ့ရသည်။ မိဖုရား (Queen Camilla) သည်လည်း ထိုသို့ပင် ကြုံတွေ့ခဲ့ရသည်။
ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရား ကာမီလာတို့သည် အမေရိကန်နိုင်ငံ၏ ၂၅၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန် အိမ်ဖြူတော်သို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဤဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် အတော်လေး ပျံ့နှံ့နေပြီး သမ္မတ ထရမ့်အနေဖြင့် တော်ဝင်မိသားစုဝင်များအပေါ် လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသကဲ့သို့ အချို့ကလည်း ၎င်း၏ ပုံစံအတိုင်းပင် ရဲရဲတင်းတင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးနေကြသည်။
NOM
201
ဗုဒ္ဓဟူးနေ့က (ယနေ့) လန်ဒန်မြောက်ပိုင်းမှာ ဂျူးနေရာတွေကို ပစ်မှတ်ထားပြီး မီးရှို့တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကာ လူ ၂ဦး ဓါးထိုးခံခဲ့ရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Starmer က ဒါဟာ အရမ်းစိုးရိမ်စရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဂျူးလူမျိုးတွေကို ဓါးနဲ့ထိုးဖို့ ကြိုးစားနေတဲ့ ဓါးကိုင်ဆောင်အမျိုးသားတဦးကို ဖမ်းမိခဲ့တယ်လို့လည်း သိရပြိး ဂျူးအသိုင်းအဝိုင်းကြီးရှိရာ Gloders Green မှာ ဖြစ်ပွားခဲ့တာပါ။
အရှေ့အလယ်ပိုင်းတင်းမာမှုတွေနဲ့ ဆက်စပ်ပြီး ဥရောပတလွှားက ဂျူးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိနေခဲ့ရာမှာ ဒီဖြစ်ရပ်က နောက်ဆုံးထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
ဇိမ်ခံဘ၀ကို ပိုင်ဆိုင်ချင်တာကြောင့် ၆နှစ်အရွယ် သားဖြစ်သူရဲ့ ကင်ဆာရောဂါရှာဖွေတွေ့ရှိမှုကို အတုအယောင်ပြုလုပ်ခဲ့တဲ့ ဩစတြေးလျမိခင်တဦးဟာ ထောင်ဒစ် ၄ နှစ်ကျော် ချမှတ်ခံလိုက်ရပါတယ်။
South Australia က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဟာ မိသားစုနဲ့ သူငယ်ချင်းတွေဆီကနေ ဒေါ်လာ ထောင်ပေါင်းများစွာ ရရှိဖို့ လှည့်စားခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့ ဦးခေါင်းနဲ့ မျက်ခုံးမွှေးတွေကို ရိတ်ပစ်ခဲ့ပြီး ပတ်တီးစည်းကာ ဆေးတွေလည်း တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်အတွက် အပြစ်ရှိတယ်လို့ သူမကလည်း ဝန်ခံခဲ့ပါတယ်။ သားဖြစ်သူက မတော်တဆမှုတခုကြောင့် မျက်စိအထူးကုဆရာဝန်ဆီ သွားရောက်ပြီး ဒီလိုလိမ်လည်မှုက စတင်ခဲ့တာလို့ ဆိုပါတယ်။ သားဖြစ်သူမှာ မျက်စိကင်ဆာရှိနေတယ်လို့ သူမက မိသားစုနဲ့ သူငယ်ချင်းတွေကို လိမ်ညာပြီး သားဖြစ်သူကို ဘီးတပ်ကုလားထိုင်မှာသာ ထားခဲ့သလို ဓါတ်ရောင်ခြည်ကုသမှုခံယူနေတယ်လို့ ထင်မြင်အောင်လည်း ဖန်တီးခဲ့ပါတယ်။
သူမဟာ ကိုဗစ်အပြီးမှာ လောင်းကစားစွဲလမ်းမှုဖြစ်လာခဲ့ပြီး အခုလိုကြံစည်ခဲ့တာလို့လည်း ဝန်ခံခဲ့ပါတယ်။
News Of Myanmar NOM
201
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ မကြုံစဖူး စွမ်းအင်အကျပ်အတည်းဟာ ပင်လယ်ကွေ့နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေကိုပါ ဖြစ်နေချိန်မှာ UAE က OPEC အဖွဲကနေ နုတ်ထွက်မယ်လို ပြောဆိုလိုက်ပါတယ်။
ရေနံအကြီးမားဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ UAE ရဲ့ နုတ်ထွက်မှုဟာ OPEC ကို အားနည်းစေမှာဖြစ်ပြီး ဆော်ဒီနဲ့ UAE ကြား သဘောထားကွဲလွဲနေမှုတွေကိုလည်း ပိုပြီး ကျယ်ပြန့်လာစေတော့မှာပါ။
UAE အနေနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ့် လွတ်လပ်ခွင့်ကို ရရှိမှာဖြစ်ပြီး OPEC ရဲ့ ထိန်းချုပ်မှုကို အားနည်းစေလိမ့်မယ်လို လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
News Of Myanmar NOM
201
ပြီးခဲ့တဲ့နှစ် မေလအတွင်းက ခရုခွံတွေနဲ့ 86 47 ဆိုတဲ့ ဂဏန်းတွေကို ဖော်ပြထားတဲ့ အင်စတာဂရမ်ပို့စ်တခုကို တင်ခဲ့တဲ့ FBI ညွှန်ကြားရေးမှူးဟောင်း James Comey ဟာ ထရမ့်ရဲ့ အသက်ကို ခြိမ်းခြောက်မှုနဲ့ တရားစွဲဆိုခံလိုက်ရပါတယ်။
မြောက်ကယ်ရိုလိုင်းနား ဂျူရီလူကြီးတွေက အသက် ၆၅ နှစ်အရွယ် Comey ကို တရားစွဲခဲ့တာပါ။ အဲဒီတုန်းက Fox နဲ့ အင်တာဗျူးမှာ ထရမ့်က 86 ဆိုတာက သတ်ဖြတ်ခြင်းလို့ အဓိပ္ပာယ်ရပြိး 47 ဆိုတာက ၄၇ ယောက်မြောက် အမေရိကန်သမ္မတဖြစ်တဲ့ သူ့ကို ရည်ညွှန်းတာလို့ စွပ်စွဲခဲ့ပါတယ်။
Comey ကလည်း ဒီတရားစွဲခံရမှုက အဆုံးသတ်မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပြီး သူ့မှာ အပြစ်မရှိတာကြောင့် ကြောက်ရွံ့နေမှာမဟုတ်ဘဲ လွတ်လပ်တဲ့ ဖက်ဒရယ်တရားစီရင်ရေးစနစ်ကို သူ ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
+1
ဒီလအစောပိုင်းက အီဂျစ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဂျာမန်အမျိုးသားခရီးသွားတဦးဟာ ဖျော်ဖြေပွဲတခုမှာ မြွေဟောက်ကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၇ နှစ်အရွယ် ဂျာမန်အမျိုးသားဟာ ဆွေမျိုးနှစ်ဦးနဲ့အတူ အီဂျစ်ကို ရောက်နေခဲ့ပြီး ပင်လယ်နီက ထင်ရှားတဲ့ Hurghada ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့တာပါ။ ဟိုတယ်တခုမှာ သူက တည်းခိုနေခဲ့ပြီး ရိုးရာဖျော်ဖြေပွဲဖြစ်တဲ့ မြွေကို လေတူရိယာနဲ့ ထိန်းချုပ်တဲ့ ပြပွဲကို ကြည့်ရှုနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
မြွေဆရာဟာ မြွေတကောင်ကို ဂျာမန်အမျိုးသားရဲ့ ဘောင်းဘီထဲကို တွားသွားခွင့်ပြုခဲ့ပြီး မြွေက ဝင်ရောက်သွားချိန်မှာ ခြေထောက်ကို ကိုက်ခဲ့တာပါ။ အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိခဲ့ပြီးနောက် ဆေးရုံကိုမပို့ခင် အဆိုပါနေရာမှာပဲ သက်သာအောင် ပြုလုပ်နိုင်ခဲ့ပေမယ် ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
News Of Myanmar NOM
201
ကိုလံဘီယာဟာ Marlon လို့ လူသိများတဲ့ သူပုန်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးရင် စံချိန်တင်ဆုကြေးငွေ ဒေါ်လာ ၁.၄ သန်းပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီး Pedro Sanchez က ပြောဆိုခဲ့တာဖြစ်ပြီး Ivan Jacob Idrobo Arredondo လို့ ခေါ်တဲ့ Marlon ဟာ စနေနေ့က လူ ၂၀ သေဆုံးခဲ့တဲ့ Pan-American အဝေးပြေးလမ်းမကြီး ဗုံးခွဲတိုက်ခိုက်မှုကို အမိန့်ပေးခဲ့သူလို့ သံသယရှိခံနေရပါတယ်။
သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၁လကျော်အလိုမှာ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုလံဘီယာက ပေးမယ့် ဒေါ်လာ ၁.၄ သန်းဟာ အမြင့်ဆုံးဆုကြေးငွေပမာဏလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
+1
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ မွေးနေ့ကိတ်နဲ့ မျက်နှာကို အသုတ်ခံရလို့ စိတ်ဆိုးခဲ့တဲ့ အမျိုးသားတဦးဟာ ဆွေမျိုးနီးစပ်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်သူ ၃ ဦးကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး သတ်ဖြတ်လိုက်ပါတယ်။
လူသတ်ခဲ့တဲ့ Jeetu Saini ဟာ မွေးနေ့ပါတီအဖြစ် ဒေသတွင်းက gym တခုမှာ ကိတ်မုန့်တခုနဲ့ ပါတီလုပ်ဖို့ ပြင်ဆင်နေချိန်မှာ အသက် ၂၆နှစ်အရွယ် အာမာဒိပ် ဆိုင်နီ၊ အသက် ၂၃ နှစ်အရွယ် မာနစ်ရှ်ဆိုင်နီနဲ့ အာကက်ရှ်ဆိုင်နီတို့က မျက်နှာကို ကိတ်မုန့်နဲ့ သုတ်လိမ်းခဲ့ကြတာပါ။
ဒါကို ဒေါသထွက်သွားခဲ့တဲ့ Jeetu ဟာ အားကစားရုံကနေ ဒေါသတကြီးနဲ့ ထွက်သွားခဲ့ပြီး သေနတ် ၇ လက်၊ ၈ လက်အထိ ယူဆောင်လာပြီး ပြန်ရောက်ရောက်ချင်းမှာပဲ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာလို့ သေဆုံးသူတဦးရဲ့ အစ်ကိုက ပြောဆိုခဲ့ပါတယ်။
ပစ်ခတ်မှုသတင်းရပြီးနောက် ရဲတွေက အခင်းနေရာကို သွားရောက်ခဲ့ပြီး ပိတ်ဆို့ကာ တရားခံကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ CCTV နဲ့ ဖြစ်ပွားရာနေရာမှာ သဲလွန်စတွေကို ရှာဖွေထားပြီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
News Of Myanmar NOM
201
+1
ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမှာ ရှာကီယာရဲ့ ဖျော်ဖြေပွဲအတွက် စင်မြင့်ဆောက်လုပ်နေချိန်အတွင်း lifting system တခု ချို့ယွင်းခဲ့ပြီးနောက် တဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရရှိပြီးနောက် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် သေဆုံးခဲ့တာပါ။ ဒီနေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် Copacabana ကမ်းခြေမှာ ပြင်ဆင်နေခဲ့တာပါ။
News of Myanmar NOM
201
ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားဟာ ရုရှားရဲ့ မူဝါဒတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။
News Of Myanmar NOM
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
