NOM
Відкрити в Telegram
204
Підписники
+324 години
+37 днів
-430 день
Архів дописів
204
ဒိန်းမတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒိန်းမတ်ဟာ ၂၀၂၄ အတွင်းက ယူကရိန်းဆီ လွှဲပြောင်းပေးထားတဲ့ F-16 တိုက်လေယာဉ်တွေကို ပြန်လည်ယူဆောင်ဖို့ စီစဉ်နေပါတယ်။ ထရမ့်ရဲ့ လတ်တလောပြောဆိုမှုတွေအပြီး အဆိုပါလေယာဉ်တွေကို ဂရင်းလန်းမှာ ဖြန့်ကျက်သွားမှာလည်း ဖြစ်ပါတယ်။
NOM
204
"ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်ပါတယ်"
- ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒို
NOM
204
“နိုင်ငံတကာအခြေအနေဟာ ယိုယွင်းနေပြီး နိုင်ငံအများအပြားဟာ သူတို့ရဲ့ အချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုဒဏ်ကို ရင်ဆိုင်ခံစားနေရပါတယ်” - ရုရှားသမ္မတပူတင်
NOM
204
အကြမ်းဖက်လုပ်ရပ်တွေ ဖန်တီးကာ အဓိကရုဏ်းဖြစ်အောင် ဆူပူလှုံ့ဆော်ခဲ့သူတွေအနေနဲ့ လူတဦးကို သတ်ရင် ဒေါ်လာ ၃၀၀၀ အထိ ရရှိခဲ့တယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အဓိကရုဏ်းဖန်တီးသူတွေကို ထိန်းချုပ်ဖို့ ဆွေးနွေးရေးစင်တာတခု တည်ထောင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
သေဆုံးသူအများစုဟာ ဓါးနဲ့ ထိုးခံရတာ၊ အသက်ရှူကြပ်တာ၊ ၆၀% အထိက ဦးခေါင်းကို အနီးကပ်ရိုက်နှက်ခံရတာတွေကြောင့် ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
NOM
204
အိမ်ဖြူတော်မှာ ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာချာဒိုဟာ သူမရရှိထားတဲ့ ဆုတံဆိပ်ကို ထရမ့်ဆီ ပေးအပ်ခဲ့ပါတယ်။ နော်ဝေနိုဘယ်ဆုကော်မတီက ဒီလိုမျိုး ပေးအပ်လို့မရဘူးလို့ ပြောခဲ့ပေမယ့် မာချာဒိုက သူမပြောဆိုထားတဲ့အတိုင်း ပေးလိုက်တာပါ။
ထရမ့်ကလည်း မာချာဒိုနဲ့ တွေ့ဆုံခွင့်ရတာ ဂုဏ်ယူစရာဖြစ်ပြီး သူ လုပ်ဆောင်ခဲ့တာတွေအတွက် မာချာဒိုဆီက ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခဲ့ပြီး အပြန်အလှန်လေးစားမှုရဲ့ အံ့ဩဖွယ်ကောင်းတဲ့ အပြုအမူဖြစ်ကာ ကျေးဇူးတင်ပါကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
NOM
204
သမ္မတထရမ့်က အီရန်နိုင်ငံကို ဒေသတွင်းမှာရှိတဲ့ အမေရိကန်ပိုင် နေရာတွေကို မတိုက်ခိုက်ဖို့ တောင်းဆိုခဲ့ပါတယ် –
NOM
204
BREAKING : အမေရိကန်က အီရန်ကို တိုက်ခိုက်မယ့် ရည်ရွယ်ချက်မရှိတော့ကြောင်း အသိပေးလိုက်ပါတယ်။
– Al Jazeera
NOM
204
ဂရင်းလန်းကို သိမ်းပိုက်မယ်လို့ ထရမ့်က ခြိမ်းခြောက်နေချိန်အတွင်း ဥရောပတပ်တွေဟာ ဂရင်းလန်းကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ကြပါတယ်။ ဒီ ဒေသကို ကာကွယ်ဖို့ အင်အားကြီးမားတဲ့ ဥရောပမဟာမိတ်အဖွဲ့ဟာ လက်ရှိအချိန်ထိ စစ်သား ၂၀ ကနေ ၃၀ အထိသာ စေလွှတ်မယ်လို့ ကတိပေးထားကြောင်းလည်း သိရပါတယ်။
NOM
204
နိုင်ငံခြားငွေ ပေးချေမှုကို လက်ခံရရှိထားတဲ့ အဓိကရုဏ်းသမားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အကြောင်းတွေကို အီရန်သံရုံးက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
- ရဲအရာရှိအများအပြား ခေါင်းဖြတ်ခံရ
- ဗလီ ၅၃ လုံး တိုက်ခိုက်ခံရ
- လူနာတင်ယာဉ် ၁၈၀ စီး မီးရှို့ခံရ
- လူများအရှင်လတ်လတ် မီးရှို့ခံရ
ရဲစခန်းကို တိုက်ခိုက်မှုအတွက် အဓိကရုဏ်းသမားတွေဟာ ဒေါ်လာ ၆၀၀ ၊ အစိုးရကားကို မီးရှို့မှုအတွက် ဒေါ်လာ ၃၀၀ အထိ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။
NOM
204
အီရန်ရဲတပ်ဖွဲ့ကို လက်နက်ကိုင် သေနတ်သမားတွေက ချုံခိုတိုက်ခိုက်ခဲ့တာကို အီရန်နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
NOM
204
အမေရိကန်က အီရန်ကို တိုက်ခိုက်လာမယ်ဆိုရင် Al-Udeid လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မယ်လို့ အီရန်က ကာတာကို မကြာသေးခင်က အကြောင်းကြားခဲ့တယ်လို့ Washington Post က ဖော်ပြခဲ့ပါတယ်။
NOM
204
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံတွေကို ဒေါ်လာသန်း ၅၀၀ ဖိုး ရောင်းချခဲ့ပြီးပြီလို့ အစိုးရအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ ပထမဆုံးအကြိမ် ရောင်းချမှုဖြစ်ပြီး လာမယ့်ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်းမှာ နောက်ထပ် ရောင်းချမှုတွေ ရှိလာမယ်လို့လည်း အဆိုပါအရာရှိက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒီရောင်းချရရှိတဲ့ ငွေကြေးတွေကိုလည်း အမေရိကန်သာက ရယူထားမှာဖြစ်ပြီး ဗင်နီဇွဲလားကို ဘယ်လိုမျိုးပေးချေမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
NOM
204
ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းက ဆောက်လုပ်ရေးကရိန်းတခုဟာ မောင်းနှင်နေတဲ့ ရထားပေါ် ပြုတ်ကျခဲ့ပြီး အနည်းဆုံး ၃၂ ဦး သေဆုံးကာ ၆၆ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြုတ်ကျပြီးနောက် ရထားတွဲတခုက မီးလောင်ခဲ့ကာ ဒဏ်ရာရသူတွေထဲက ၇ ဦးက စိုးရိမ်ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားပေါ်မှာ ခရီးသည် ၁၇၁ ဦး လိုက်ပါလာတယ်လို့လည်း သိရပါတယ်။ ကရိန်းပြုတ်ကျမှုအတွက် တာဝန်ရှိတဲ့ အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို တရားစွဲဆိုသွားမှာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုကို လျော်ကြေးပေးမယ်လို့ ကုမ္ပဏီက ပြောဆိုခဲ့ပြီး ဒီဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
NOM
204
အီရန်အရေးကို အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ သတင်းတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်ဟာ ကာတာက Al-Udeid အခြေစိုက်စစ်စခန်းက ဝန်ထမ်းအရေအတွက်ကို လျှော့ချလိုက်ပါတယ်။
အမေရိကန်ရဲ့ တစိတ်တပိုင်းထွက်ခွာမှုဟာ ကြိုတင်ကာကွယ်မှုတခုဖြစ်တယ်လို့ CBS သတင်းဌာနကို ကန်အရာရှိတွေက ပြောဆိုခဲ့ပြီး ဗြိတိန်ကလည်း တီဟီရန်က သံရုံးကို ပိတ်ထားကာ အဝေးကနေသာ လည်ပတ်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
NOM
204
“ဂရင်းလန်းအရေးဟာ ပြင်းထန်ပြီး ဥရောပက ကြောက်ရွံ့နေပါတယ်”
အမေရိကန်ရဲ့ ဂရင်းလန်းအပေါ် ဝင်ရောက်စွက်ဖက်ပြီး ကျူးကျော်သိမ်းပိုက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး EU အရာရှိတွေက ပြောဆိုခဲ့တာပါ။
“ကျနော်တို့ ကျင့်သားရနေတဲ့ အရာမဟုတ်ဘူး” လို့ အဆိုပါအရာရှိတွေက ပြောဆိုကာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို မသိဘူးလို့လည်း ဝန်ခံခဲ့ကြောင်း Politico က ဖော်ပြခဲ့ပါတယ်။
NOM
204
အမေရိကန်ရဲ့ စည်းကြပ်ခွန်မူဝါဒနဲ့ ပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် တရုတ်ဟာ ၂၀၂၅ အတွင်းမှာ စံချိန်တင်ကုန်သွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဘေဂျင်းဟာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတွေဆီကို သူတို့ရဲ့ ပို့ကုန်တွေ မြှင့်တင်နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၁.၂ ထရီလီယံအထိ ကုန်သွယ်မှုပိုငွေ ပြသခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပို့ကုန် ၆.၁% အထိ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။
NOM
204
Henley Passport Index ရဲ့ အစီရင်ခံစာအရ ၂၀၂၆ အတွက် ကမ္ဘာ့ဩဇာအကြီးမားဆုံး ပတ်စ်ပို့စာရင်းမှာ စင်ကာပူက ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ တောင်ကိုရီးယားက ဂျပန်က အဆင့် ၂ အဖြစ် ပူးတွဲရပ်တည်နေပြီး ဒိန်းမတ်၊ လူဇင်ဘတ်၊ စပိန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့က အစဉ်လိုက် ရှိနေခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်နဲ့ နော်ဝေတို့က အဆင့် ၄ မှာ ပူးတွဲရှိနေပါတယ်။
NOM
204
စစ်အုပ်ချုပ်ရေးပြဌာန်းကာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ သမ္မတဟောင်း ယွန်းဆက်ခ်ယိုးလ်ကို သေဒဏ်ချမှတ်ပေးဖို့ တောင်ကိုရီးယားအစိုးရရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။ ဆိုးလ်က တရားရုံးတခုမှာ ရုံးတင်စစ်ဆေးမှု နောက်ဆုံးလျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး သူ့ကို ပုန်ကန်မှုရဲ့ ခေါင်းဆောင်လို့ပါ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။
NOM
204
ဂရင်းလန်းပြည်သူတွေဟာ အမေရိကန်ထက် ဒိန်းမတ်ကိုသာ ရွေးချယ်တယ်လို့ ဂရင်းလန်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဘယ်သူ့ကို ရွေးချယ်မလဲလို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ဝန်ကြီးချုပ် Jens-Frederik Nielsen က ပြန်လည်ဖြေဆိုခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို သူက ဒိန်းမတ်ဝန်ကြီးချုပ်နဲ့အတူ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
NOM
204
+2
တီဟီရန်မြို့က ရင်ခွဲရုံတစ်ခုမှာ အကြမ်းဖက်သမားများ၊ အဓိကရုဏ်းကျူးလွန်သူတွေနဲ့ ရာဇဝတ်သားတွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်း။
အီရန်အာဏာပိုင်တွေဟာ အစိုးရအဆောက်အအုံများ၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ရဲစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ အင်အားနဲ့ ပြန်ရင်ဆိုင်ရလိမ့်မယ်လို့ အကြိမ်ကြိမ်သတိပေးခဲ့ပေကာ အဓိကရုဏ်းကျူးလွန်သူတွေကို အိမ်မှာသာ နေထိုင်ဖို့ ပြောကြားခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ကြပါဘူး။
NOM
