uk
Feedback
NOM

NOM

Відкрити в Telegram

NOM Official Backup Channel - 2

Показати більше
М'янма37 735Категорія не вказана
204
Підписники
Немає даних24 години
+37 днів
-330 день
Архів дописів
NOM
204
အီရန်အနေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် သူ့ရဲ့ အမိန့်အောက်မှာ အမေရိကန်အနေနဲ့ အီရန်ကို ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့
အီရန်အနေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် သူ့ရဲ့ အမိန့်အောက်မှာ အမေရိကန်အနေနဲ့ အီရန်ကို ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသနေတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် အမေရိကန်ရဲ့ ထုံးစံအရ ဝင်ရောက်ကယ်တင်မှာဖြစ်ပြီး အဲဒီအတွက်လည်း အသင့်ဖြစ်နေပြီသားဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ လက်ရှိ အီရန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး ဆန္ဒပြမှုတွေက ငြိမ်သက်သွားမယ့် အလားအလာမျိုး နည်းပါးနေပါသေးတယ်။ NOM

NOM
204
၂၀၂၆ နှစ်လယ်ပိုင်းမှာ ထရမ့်ကို ကျောထောက်နောက်ခံပေးဖို့အတွက် ရီပတ်ဘလစ်ကန်တွေကို ရန်ပုံငွေထောက်ပံ့ပေးသွားမယ်လို့ အီလွန်မက်စ်က အ
၂၀၂၆ နှစ်လယ်ပိုင်းမှာ ထရမ့်ကို ကျောထောက်နောက်ခံပေးဖို့အတွက် ရီပတ်ဘလစ်ကန်တွေကို ရန်ပုံငွေထောက်ပံ့ပေးသွားမယ်လို့ အီလွန်မက်စ်က အတည်ပြုလိုက်ပါတယ်။ လက်ဝဲဝါဒီတွေသာ အောင်ပွဲရခဲ့ရင် သူတို့ဟာ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ လိမ်လည်မှုတွေကို ထိန်းမနိုင်သိမ်းမနိုင် အောင်လုပ်လိမ့်မယ်လို့ဆိုခဲ့ပြီး အမေရိကားဆိုတဲ့နိုင်ငံလည်းရှိတော့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ NOM

NOM
204
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ နှစ်သစ်ကူးညပွဲတော်တွေအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ စုဖွဲ့ထားတဲ့ လူမိုက်ဂိုဏ်းတွေဟာ မီးရှူးမီးပန်းတွေ အသုံးပြုကာ မြင်ရာတွေ့ရာလူတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ NOM

NOM
204
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဩစတြေးလျနိုင်ငံသား Russell Allan Wilson ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ သုတ
+1
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဩစတြေးလျနိုင်ငံသား Russell Allan Wilson ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ သုတ်သင်မှုကို ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါဟာ ရုရှားတပ်ဖွဲ့ရဲ့ သုတ်သင်မှုကို ခံခဲ့ရတဲ့ ၈ ဦးမြောက် ဩစတြေးလျသား ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်တဦးကတော့ စစ်သုံ့ပန်းအဖြစ် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
204
ဂျပန်မှာ လွှတ်တော်အစည်းအဝေးတွေ မစတင်ခင် အိမ်သာရှေ့မှာ လူတန်းရှည်ကြီး စောင့်ဆိုင်းနေရမှုတွေ ဖြစ်ပေါ်နေတာကြောင့် အမျိုးသမီးအိမ်
ဂျပန်မှာ လွှတ်တော်အစည်းအဝေးတွေ မစတင်ခင် အိမ်သာရှေ့မှာ လူတန်းရှည်ကြီး စောင့်ဆိုင်းနေရမှုတွေ ဖြစ်ပေါ်နေတာကြောင့် အမျိုးသမီးအိမ်သာတွေ ပိုမိုထားရှိပေးဖို့ တောင်းဆိုနေတဲ့ ဥပဒေပြုအမတ် ၆၀ ထဲမှာ ဂျပန်ဝန်ကြီးချုပ်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဂျပန်လွှတ်တော်မှာ အမျိုးသမီးအမတ် ၇၃ ဦးအထိ ရှိနေတာဖြစ်ပါတယ်။ လွှတ်တော်အဆောက်အအုံ တခုလုံးမှာ အမျိုးသမီးအိမ်သာ ၉ ခု ရှိပြီး အစည်းအဝေးတွေမစခင် အိမ်သာသွားဖို့အတွက် စောင့်ဆိုင်းရမှုက ကြာရှည်လွန်းလို့ မသွားဘဲ နေခဲ့ရတယ်လို့ အမျိုးသမီးအမတ်တဦးက ဆိုပါတယ်။ အမျိုးသားအိမ်သာကတော့ ၁၂ ခုရှိကာ ဆီးသွားစင် ၆၇ ခုအထိ ရှိပြီး အမျိုးသမီးဝန်ထမ်းတွေ၊ ဧည့်သည်အမျိုးသမီးတွေနဲ့ပါ မျှဝေသုံးစွဲနေရလို့ အဆင်မပြေဖြစ်နေပြီး အိမ်သာတွေ ပိုမိုထားရှိပေးဖို့ကို တောင်းဆိုနေပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ NOM

NOM
204
ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အဆိုပါကိစ္စကို
ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အဆိုပါကိစ္စကို သိရှိတဲ့ ကန်အရာရှိတဦးက CNN ကို ပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ကိစ္စရပ်တွေဟာ ကွဲပြားခြားနားပြီး တချို့က မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့လည်း အဆိုပါအရာရှိက ဆိုပါတယ်။ နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာမှုက တင်းမာမှုတွေကို ပိုပြင်းထန်လာစေဖို့ ရှိနေပါတယ်။ NOM

NOM
204
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား"
+2
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား" သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ မီးလောင်မှုဟာ Le Constellation အမည်ရတဲ့ ဘားတစ်ခုမှာ မနက်အစောပိုင်း ၀၁:၃၀ (၀၀:၃၀ GMT) ခန့်က စတင်ခဲ့ပါတယ်။ ဒီဘားဟာ လူငယ်များကြား ရေပန်းစားတဲ့ ဘားတစ်ခုပြီး ဘောလုံးပွဲတွေကြည့်ရှုဖို့သွားရောက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ လူအများအပြား သေဆုံးပြီး ( အနည်းဆုံး ၄၀ ခန့်) အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ အတည်မပြုနိုင်သော ဗီဒီယိုတစ်ခုမှာ နှစ်သစ်ကူးအကြိုပွဲတော်တွေ ကျင်းပနေတဲ့ ဘားတစ်ခုမှာ မီးလောင်နေတာကို ပြသထားပါတယ်။ Crans-Montana ဟာ ဆွစ်ဇာလန် Alps တောင်တန်းရဲ့ အဓိကနေရာမှာ တည်ရှိတဲ့ ဇိမ်ခံနှင်းလျှောစီးအပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်ပြီး ဆွစ်ဇာလန်မြို့တော် Bern နဲ့ နှစ်နာရီခန့်အကွာမှာတည်ရှိပါတယ်။ NOM

NOM
204
အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တဲ့နောက် မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေကလည်း သူတို့နိုင်ငံတ
အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တဲ့နောက် မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေကလည်း သူတို့နိုင်ငံတွင်း အမေရိကန်နိုင်ငံသားတွေ ခရီးသွားလာခွင့်ကို ပြန်လည်ပိတ်ပင်လိုက်ပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ခဲ့ကြတာဖြစ်ပြီး အပြန်အလှန်အားဖြင့် ပြန်လည်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
204
အိုမင်းသူ အရေအတွက် မြင့်တက်လာပြီး စီးပွားရေးနှေးကွေးမှုတွေကို ရင်ဆိုင်နေရတဲ့ တရုတ်ဟာ လူငယ်တွေ ပိုမိုလက်ထပ်ဖို့နဲ့ ကလေးယူဖို့အ
အိုမင်းသူ အရေအတွက် မြင့်တက်လာပြီး စီးပွားရေးနှေးကွေးမှုတွေကို ရင်ဆိုင်နေရတဲ့ တရုတ်ဟာ လူငယ်တွေ ပိုမိုလက်ထပ်ဖို့နဲ့ ကလေးယူဖို့အတွက် အပြင်းအထန်ကြိုးစားနေရာမှာ ဒီနေ့ကစတင်ပြီး သန္ဓေတားဆေးတွေ အတွက် ၁၃% အထိ အရောင်းခွန်ပေးဆောင်ဖို့ သတ်မှတ်လိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ တအိမ်ထောင်ကို ကလေးတဦးသာ မွေးဖွားခွင့်စည်းမျဉ်းက ကန့်သတ်ချက်တွေကိုလည်း လျှော့ချတာမျိုး လုပ်ဆောင်လိုက်ပါတယ်။ NOM

NOM
204
ပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပြီးနောက် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဒီမီထရီမက
ပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပြီးနောက် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဒီမီထရီမက်ဗီဒက်စ်က ဇယ်လင်စကီးကို သတ်ဖြတ်ကာ ရုပ်အလောင်းကို အများပြည်သူရှေ့ပြသဖို့ X မှာ ရေးသားကာ တောင်းဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ “ညစ်ပတ်လွန်းတဲ့ ကိယက်ဗ်ကောင်က ပဋိပက္ခဖြေရှင်းရေးကို လမ်းကြောင်းလွဲအောင် ကြိုးစားနေတယ်” လို့ သူက ရေးသားခဲ့ပြီး “သူက စစ်ပွဲကို အလိုရှိနေတာ၊ ကောင်းပြီ၊ အခုတော့ အနည်းဆုံးအနေနဲ့ သူ့ရဲ့ အသုံးမကျတဲ့ ဘ၀တလျှောက်လုံးကို ပုန်းအောင်းနေရတော့မယ်” လို့လည်း ထပ်မံရေးသားထားခဲ့ပါတယ်။ NOM

NOM
204
အီရန်ထုတ် Mohajer-6 ဒရုန်းကို ဗင်နီဇွဲလားမှာ တွေ့ရှိခဲ့ရတယ်လို့ သတင်းဌာနတွေက ဖော်ပြနေပါတယ်။ NOM
အီရန်ထုတ် Mohajer-6 ဒရုန်းကို ဗင်နီဇွဲလားမှာ တွေ့ရှိခဲ့ရတယ်လို့ သတင်းဌာနတွေက ဖော်ပြနေပါတယ်။ NOM

NOM
204
ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းလာမှုအပေါ် အီရန်မှာ ဆန္ဒပြမှုတွေက ကြီးထွားလာပြီး မြို့တော်တီဟီရန်ကနေ အခြားမြို့ပေါင
ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းလာမှုအပေါ် အီရန်မှာ ဆန္ဒပြမှုတွေက ကြီးထွားလာပြီး မြို့တော်တီဟီရန်ကနေ အခြားမြို့ပေါင်းများစွာအထိ ပျံ့နှံ့ကာ တတိယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြပါတယ်။ အီရန်ငွေကြေး ရီယယ်ရဲ့တန်ဖိုးဟာ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံးကို ရောက်ခဲ့ပြီး တီဟီရန်မှာ စျေးဆိုင်ပိုင်ရှင်တွေက တနင်္ဂနွေနေ့မှာ စတင်ကာ ဆန္ဒပြခဲ့ပြီးနောက် တိုင်းပြည်အဝှမ်းအထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ NOM

NOM
204
အနောက်ဂျာမနီရဲ့ အဓိကလမ်းမကြီးပေါ်က ဘဏ်ခွဲတခုကို သူခိုးတွေ ဖောက်ထွင်းခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ယူရိုသန်း ၃၀ တန်ဖိုးရှိတဲ့ င
အနောက်ဂျာမနီရဲ့ အဓိကလမ်းမကြီးပေါ်က ဘဏ်ခွဲတခုကို သူခိုးတွေ ဖောက်ထွင်းခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ယူရိုသန်း ၃၀ တန်ဖိုးရှိတဲ့ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ဟောလိ၀ုဒ်ဓါးပြတိုက်ရုပ်ရှင် Ocean’s Eleven နဲ့ နှိုင်းယှဉ်ခဲ့ကာ သူခိုးတွေဟာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်သွားခဲ့တယ်လို့ AFP ကို ပြောဆိုခဲ့ပါတယ်။ Gelsenkirchen မြို့က Sparkasse ဘဏ်ဖြစ်ပြီး သူခိုးတွေဟာ ငွေသေတ္တာပေါင်း ၃၀၀၀ ကျော်ကို ဖောက်ထွင်းခဲ့ကာ တနင်္လာနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ခရစ္စမတ်အားလပ်ရက်ကာလအတွင်း ပစ်မှတ်ထားကာ လှုပ်ရှားခဲ့တာဖြစ်ပြီး မျက်မြင်သက်သေတွေ ပြောဆိုမှုမှာတော့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဘဏ်အနီးတဝိုက် အိတ်ကြီးတွေ သယ်ဆောင်နေတဲ့ အမျိုးသားတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့ အစောပိုင်းမှာ သူခိုးတွေက Audi RS 6 ကစားနဲ့ ရောက်လာပြီး ဖောက်ထွင်းခဲ့တာပါ။ လက်ရှိအချိန်ထိတော့ တဦးမှ ဖမ်းမိခြင်းမရှိသေးဘဲ လိုက်လံရှာဖွေဖမ်းဆီးနေဆဲလို့ သိရပါတယ်။ NOM

NOM
204
ပိုလန်ဟာ တောင်ကိုရီးယားအတွက် medium-range ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ပေးဖို့အတွက် ယူရို ၃.၃ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူစာချုပ
ပိုလန်ဟာ တောင်ကိုရီးယားအတွက် medium-range ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ပေးဖို့အတွက် ယူရို ၃.၃ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ NOM

NOM
204
ရုရှားအနောက်မြောက်ပိုင်း၊ Novgorod ဒေသက ပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက UAV ၉၁ စင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှား
ရုရှားအနောက်မြောက်ပိုင်း၊ Novgorod ဒေသက ပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက UAV ၉၁ စင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ပူတင်က ဘယ်မှာရှိလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ သူတို့တိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပြီး ရုရှားဘက်က တမင်စွပ်စွဲမှုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ NOM

NOM
204
အားလပ်ရက်ခရီးစဉ်အဖြစ် နိုင်ဂျီးရီးယားကို သွားရောက်လည်ပတ်နေချိန်မှာ အန်သိုနီဂျိုရှူဟွာတယောက် ကားမတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ သူစီးနင်းလာတဲ့ Lexus SUV ကားက အမြန်လမ်းပေါ်မှာ ရပ်နားထားတဲ့ ထရပ်ကားတစီးကို ဝင်တိုက်မိခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် ၂ ဦး သေဆုံးခဲ့ပြီး ဂျိုရှူဟွာကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကားထဲကနေ သူ့ကို ဆွဲထုတ်ခဲ့ရပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ သေဆုံးခဲ့သူနှစ်ဦးဟာ ဂျိူရှူဟွာရဲ့ team members တွေဖြစ်တယ်လို့လည်း သိရပါတယ်။ NOM

NOM
204
ထိုင်ဝမ်ရေတပ်ဟာ ထိုင်ဝမ်အနောက်တောင်ပိုင်း Zuoying မှာရှိတဲ့ အခြေစိုက်စခန်းက HF-2 နဲ့ HF-3 သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို ဖြန့်
+1
ထိုင်ဝမ်ရေတပ်ဟာ ထိုင်ဝမ်အနောက်တောင်ပိုင်း Zuoying မှာရှိတဲ့ အခြေစိုက်စခန်းက HF-2 နဲ့ HF-3 သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို ဖြန့်ကျက်လိုက်ပါတယ်။ တရုတ်တပ်မတော်က Jusitce Mission စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ပြီးနောက်မှာ သူတို့ရဲ့ ဖျက်ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က ဖြန့်ကျက်လာခဲ့တာပါ။ NOM

NOM
204
Donetsk ဒေသက Dibrova ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Dibrov
Donetsk ဒေသက Dibrova ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Dibrova ဟာ ကိယက်ဗ်တပ်တွေအတွက် အဓိကဗဟိုချက်နေရာဖြစ်ပြီး ရုရှားဘက်က ထိုးစစ်ဆင်ကာ သိမ်းပိုက်နိုင်ခဲ့ပြီး လွတ်မြောက်စေခဲ့ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ NOM

NOM
204
F+ck Israel နဲ့ F=ck Zionism ဆိုတဲ့ စာတန်းပါ တီရှပ်ကို ဝတ်ဆင်ထားတဲ့ ဩစတြေးလျအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေတာပါ။ ဂျူးလော
F+ck Israel နဲ့ F=ck Zionism ဆိုတဲ့ စာတန်းပါ တီရှပ်ကို ဝတ်ဆင်ထားတဲ့ ဩစတြေးလျအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေတာပါ။ ဂျူးလော်ဘီတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။ NOM

NOM
204
တရုတ်အစိုးရပိုင် သတင်းစာက တရားမျှတမှုမြှားလို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုပုံတခုကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ အဆိုပါပုံထဲမှ
တရုတ်အစိုးရပိုင် သတင်းစာက တရားမျှတမှုမြှားလို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုပုံတခုကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ အဆိုပါပုံထဲမှာဆိုရင် အောက်ပါအတိုင်း ရေးသားထားခဲ့ပါတယ်။ - တရားမျှတမှု မြှား - ဓါးကို ဆွဲထုတ်လိုက်ပါ (အရင်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို ရည်ညွှန်းတယ်လို့ ယူဆရ) - ပြင်ပဝင်ရောက်စွက်ဖက်မှုကို တန်ပြန်ခြင်း ပုံထဲမှာ အစိမ်းရောင်တီကောင်တွေကို ဖျက်ဆီးနေပုံလည်း ပါဝင်ခဲ့ကာ ကျွန်းတကျွန်းကို စစ်ဆင်တိုက်ခိုက်နေတာကိုလည်း သရုပ်ဖော်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တရုတ်ဟာ ထိုင်ဝမ်သမ္မတ Lai Ching-te ကို အစိမ်းရောင်တီကောင်အဖြစ် သရုပ်ဖော်ကာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ NOM