NOM
Відкрити в Telegram
202
Підписники
-124 години
+27 днів
-430 день
Архів дописів
202
၂၀၂၄ အတွင်းက Jalan Masjid India မြေကျွံကျမှုအကြောင်းရင်းမှန်ကို အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပြီး ၂ ပတ်အကြာမှာပဲ ကွာလာလမ်ပူမှာ နောက်ထပ် အပေါက်ကြီးတခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ဝတ်ရတနာဆိုင်တခုရှေ့မှာ ဖြစ်ခဲ့တာပါ။ အဆိုပါနေရာကို သွားလာမှု ပိတ်ပင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ မြို့လယ်ခေါင်က မြေအောက်အခြေခံ အဆောက်အအုံဟောင်းရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
NOM
202
ကန်အထက်လွှတ်တော်က ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေဟာ ဖက်ဒရယ်အစိုးရရဲ့ ရပ်နားထားတဲ့ အစိုးရလုပ်ငန်းဆောင်တာတွေကို ပြန်လည်စတင်မယ့် ဥပဒေကြမ်းတခုအတွက် သဘောတူညီမှုရရှိခဲ့ကာ နာရီပိုင်းအတွင်း မဲခွဲဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ ထရမ့်ကလည်း မကြာခင်မှာ အစိုးရ shutdown ပြုလုပ်ထားမှုက အဆုံးသတ်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
NOM
202
ဝါရှင်တန်မှာ ကျင်းပတဲ့ NFL ပြိုင်ပွဲကို သွားရောက်ကြည့်ရှုချိန်အတွင်း ဒေါ်နယ်ထရမ့်ကို ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။ boo လို့ ဝိုင်းအော်ခဲ့ကြတာဖြစ်ပါတယ်။ ထရမ့်နဲ့အတူ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Mike Johnson လည်း ရှိနေခဲ့ပြီး ပထမပိုင်းအပြီးမှာ ထရမ့်က သူ့ကိုယ်သူ မိတ်ဆက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ မိတ်ဆက်နေချိန်အတွင်းမှာလည်း ပရိသတ်တွေဆီက လှောင်ပြောင်မှုတွေ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
NOM
202
ရုရှားရဲ့ Ka-226 ရဟတ်ယာဉ်တစီး Dagestan မှာ မနေ့က ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံပါ။ ဆင်းသက်ဖို့အတွက် ကြိုးစားချိန် နောက်မြီးနဲ့ မြေကြီး ရိုက်မိခဲ့ရာကနေ ရဟတ်ယာဉ်ဟာ ထိန်းချုပ်လို့မရတော့ဘဲ ပျက်ကျသွားခဲ့တာပါ။ လိုက်ပါခဲ့သူ အားလုံးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
NOM
202
အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တဲ့ ပါကစ္စတန်-အာဖဂန် ငြိမ်းချမ်းရေးစကားဝိုင်းဟာ အဆင်မပြေခဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ဆွေးနွေးပွဲလုပ်နေချိန်အတွင်းမှာပဲ နယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး တော်တော်လေးတင်းမာတဲ့ အခြေအနေ ရှိနေပါတယ်။
ပါကစ္စတန်ရဲ့ တောင်းဆိုမှုတွေက ကျိုးကြောင်းဆီလျော်မှုမရှိခဲ့တာမို့ ဆွေးနွေးပွဲကို ရှေ့မဆက်နိုင်ခဲ့ဘူးလို့ အာဖဂန်ဘက်က ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ပါကစ္စတန်ဘက်ကလည်း အနာဂတ်တွေ့ဆုံဖို့အတွက် အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့သလို အာဖဂန်ဘက်က မချိုးဖောက်သရွေ့ အပစ်အခတ်ရပ်စဲရေးက ဆက်လက်တည်ရှိနေမယ်လို့ ပြောဆိုခဲ့ပါတယ်။
NOM
202
တောင်အာဖရိကမှာ ဒီလနှောင်းပိုင်းကျင်းပမယ့် G20 အစည်းအဝေးကို အမေရိကန်က ဘယ်လိုအရာရှိကိုမှ စေလွှတ်သွားမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
တောင်အာဖရိကမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသရွေ့ ကန်အစိုးရအရာရှိတွေ တက်ရောက်မှာမဟုတ်ဘဲ လာမယ့်နှစ် G20 အစည်းအဝေးကို မိုင်ယာမီမှာ လက်ခံကျင်းပဖို့အတွက် သူ မျှော်လင့်နေတယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။
NOM
202
အမေရိကန်၊ Indiana ပြည်နယ်မှာ လိပ်စာမှားပြီး ရောက်လာခဲ့တဲ့ အိမ်သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်းတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကာ ရဲတပ်ဖွဲ့က တရားစွဲဆိုနိုင်မှုရှိ၊မရှိကို စုံစမ်းနေပါတယ်။ သေဆုံးသူဟာ ဂွါတီမာလာနိုင်ငံကဖြစ်ပြီး ကလေး ၄ ဦးမိခင်ဖြစ်ကာ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးသူဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ သူ့ဇနီးအတွက် တရားမျှတမှုလိုချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ Whitestown မှာ ဖြစ်ပွားခဲ့တာပါ။ သူမဟာ လိပ်စာမှားယွင်းပြီးနောက် အဆိုပါနေအိမ်ကို ရောက်ရှိသွားတာဖြစ်ပြီး အိမ်အတွင်းကိုတော့ ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့ကြေညာချက်မှာ ပါရှိပါတယ်။ အမေရိကန်မှာ အလားတူအမှုမျိုးတွေ မကြာခဏဖြစ်ပွားနေခဲ့တာပါ။
၂၀၂၃ တုန်းကလည်း အသက် ၁၆ နှစ်အရွယ် ကောင်လေးတဦးဟာ အိမ်မှားယွင်းခဲ့ပြီး ခေါင်းလောင်းသွားတီးမိခဲ့ရာကနေ ပစ်သတ်ခံခဲ့ရပြီး ပစ်သတ်သူက အပြစ်ရှိတယ်လို့ဝန်ခံခဲ့ပေမယ့် ပြစ်ဒဏ်ချမှတ်ဖို့ စောင့်ဆိုင်းနေချိန်မှာ သူလည်း သေဆုံးခဲ့ရပါတယ်။ အလားတူအမှုတခုမှာလည်း တရားခံဟာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရဖူးပါတယ်။
NOM
202
+3
နယူးယောက်မှာ မွေးဖွားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် Avisha Tewani ဟာ သူမရဲ့ လက်နဲ့ ခြေထောက်တွေကြောင့် တနေ့ကို ဒေါ်လာ ၃၀၀၀ အထိ ဝင်ငွေရှိနေပါတယ်။ မိသားစုဝင်တဦးရဲ့ မင်္ဂလာလက်စွပ်နဲ့ စေ့စပ်လက်စွပ်တွေအတွက် ဓါတ်ပုံရိုက်ကူးပေးဖို့ အကူအညီတောင်းခံရတာကနေ အစပြုခဲ့တာပါ။
သူမရဲ့ အဆိုပါဓါတ်ပုံတွေကို အေးဂျင့်တဦးဆီ ပေးပို့ခဲ့ပြီးနောက် ၂ ပတ်အတွင်းမှာပဲ hand model တဦးအဖြစ်နဲ့ သူမက ဝင်ငွေစရခဲ့ပါတော့တယ်။ ဒီနောက် နာမည်ကျော် Brands တွေကို Clients အဖြစ်နဲ့ ရရှိလာခဲ့ပါတယ်။ Diro, Chanel, Starbucks, Pepsi နဲ့ Coca Cola တို့ရဲ့ ကြော်ငြာတွေမှာ သူမကို hand model, Foot model အဖြစ် တွေ့နေရပါပြီ။
တခြားသော မော်ဒယ်လ်တွေလိုမျိုး သူမက ရုပ်ရည်ရူပကာ ပြသစရာမလိုဘဲ ရှည်လျားပြီး လှပတဲ့ လက်ချောင်းတွေ၊ ခြေထောက်တွေကိုပဲ ပြသရတာပါ။ အခုဆိုရင် အိမ်မှုကိစ္စတွေလုပ်ရင်တောင် သတိထားပြီး လက်အိတ်ဝတ်ဆင်နေရကာ လက်ချောင်း၊ ခြေချောင်းတွေကို မထိခိုက်စေဖို့ ဂရုစိုက်နေရပါပြီ။
သူမရဲ့ပြောဆိုမှုအရ လက်သည်းတချောင်း ကွဲအက်သွားတာ၊ အရေပြားပါးလွှားပျက်စီးသွားတာ ဒါမှမဟုတ် လက်ချောင်းထိပ်မှာ ပြတ်ရှမိတာတွေရှိခဲ့ရင် ရိုက်ကူးရေးအစီအစဉ်တခုလုံး ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။
NOM
202
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းက ဗျူဟာမြောက်မြို့ Pokrovsk ကို သိမ်းပိုက်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်လာခဲ့ပါပြီ။ ဒီမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ရုရှားက အလေးအနက်ထား အားစိုက်နေခဲ့ပြီးနောက် အကုန်အကျများပြားတဲ့ အောင်ပွဲသင်္ကေတဖြစ်လာတော့မယ်လို့ ဆိုပါတယ်။
မြို့အတွင်းကို ရုရှားတပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီးနောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး သေချာပေါက်သိမ်းပိုက်နိုင်လိမ့်မယ်လို့ မြေပြင်မှာရှိနေသူတွေက CNN ကို ပြောဆိုခဲ့ပါတယ်။ ယူကရိန်းတပ်တွေကို ဝိုင်းရံထားတယ်လို့ ရုရှားက ပြောဆိုတာကို ယူကရိန်းက ငြင်းဆန်ခဲ့ပေမယ့် မြေပြင်က ယူကရိန်းတပ်တွေရဲ့ အနေအထားက ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ရုရှားဘက်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေအနေက ခက်ခဲလွန်းနေပြီလို့ လုံခြုံရေးအကြောင်းပြချက်ကြောင့် အမည်မဖော်လိုတဲ့ တပ်ရင်းမှူးတဦးက CNN ကို ပြောဆိုခဲ့ပါတယ်။
NOM
202
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအပါအဝင် အခြားသော အရာရှိတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တူရကီက ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ စုစုပေါင်း ၃၇ ဦးအထိကို အစ္စတန်ဘူလ်အစိုးရရှေ့နေချုပ်ရုံးက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဂါဇာမှာ လူသားမျိုးနါယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကူအညီပေးရေးရေယာဉ်အုပ်စုကို နှောင့်ယှက်ဖျက်ဆီးမှုတွေအတွက် စွဲချက်တင်ခဲ့ပါတယ်။ အစ္စရေးကတော့ ဒါဟာ လူပြိန်းကြိုက်လုပ်ပြတာဖြစ်တယ်လို့ တုံ့ပြန်လှောင်ပြောင်ခဲ့ပါတယ်။
NOM
202
ပူတင်ဟာ နေတိုးနယ်မြေကို မနက်ဖြန်မှာတောင် တိုက်ခိုက်လာနိုင်တယ်လို့ ဂျာမန်ထိပ်တန်းဗိုလ်ချုပ်ကြီး Alexander Sollfrank က သတိပေးလိုက်ပါတယ်။ ရုရှားဟာ သေးငယ်ပြီး မြန်ဆန်တဲ့ ဒေသတွင်းကန့်သတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေးအင်အားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ လက်ရှိစွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းအားဟာ နေတိုးပိုင်နက်တွေကို ချက်ချင်းဆိုသလို ဝင်ရောက်တိုက်ခိုက်နိုင်စွမ်းရှိနေတယ်လို့ သူက သုံးသပ်ခဲ့ပါတယ်။ ဥရောပမဟာမိတ်တွေဟာ ရုရှားရဲ့ တိုက်ခိုက်လာနိုင်မှုအပေါ် စိုးရိမ်နေကြချိန် သူက ပြောဆိုခဲ့တာပါ။
မော်စကိုရဲ့ ပင်လယ်နက်ရေတပ်ဖွဲ့ဟာလည်း ထိခိုက်မှုကြီးကြီးမားမားရှိနေခဲ့ပေမယ့်လည်း အခြားသော ရေတပ်ဖွဲ့တွေက အင်အားတောင့်တင်းနေဆဲဖြစ်ပြီး ၂၀၂၉ လောက်ဆိုရင် နေတိုးကို ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုတခု စတင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့လည်း ဆိုပါတယ်။
NOM
202
လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီဆီကနေ ငွေကြေးတွေ ယူခဲ့မှုအတွက် ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ပြင်သစ်သမ္မတဟောင်း ဆာကိုဇီဟာ အကျဉ်းထောင်အတွင်း ထောင်သားတွေကို ကျွေးမွေးတဲ့ အစားအသောက်တွေကို စားသောက်ရမှာ ကြောက်ရွံ့နေတာကြောင့် ဒိန်ချဉ်ကိုသာ စားသုံးနေတယ်လို့ သိရပါတယ်။
NOM
202
အမေရိကန်မှာ အစိုးရ shutdown လုပ်ထားမှု ဆက်လက်ရှိနေပြီးနောက် လေကြောင်းခရီးစဉ်ပေါင်း ထောင်နဲ့ချီကာ ဖျက်သိမ်းလိုက်ရပါတယ်။ လေဆိပ်ကြီးအများအပြားမှာ လေကြောင်းပျံသန်းမှု နည်းပါးသွားခဲ့ပြီး ဖက်ဒရယ်အစိုးရရဲ့ လေကြောင်းပျံသန်းမှု လျှော့ချရက်က ဆက်ရှိလာမယ်ဆိုရင် ၂၀% အထိ ထပ်မံလျှော့ချနိုင်တာကြောင့် လာမယ့်ရက်တွေမှာ ပိုမိုပြီး ဆိုးရွားခက်ခဲလာဖွယ်ရာရှိနေပါတယ်။
NOM
202
တောင်ကိုရီးယားနိုင်ငံ၊ အူလ်ဆန်မြို့မှာ အသုံးမပြုတော့တဲ့ ဓါတ်အားပေးစက်ရုံဟောင်းတခုကို ဖြိုဖျက်မှုအတွင်း ပြိုကျမှုဖြစ်ပွားခဲ့ချိန်မှာ ၃ ဦးသေဆုံးကာ အခြားနှစ်ဦးလည်း သေဆုံးနိုင်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
အမြင့် မီတာ ၆၀ ရှိတဲ့ တာဝါတခု ပြိုကျခဲ့တာဖြစ်ပြီး ၅ ဦးအထိ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတာကို အတည်ပြုနိုင်ပြီး ကျန်ပျောက်ဆုံးနေသူ ၂ ဦးကို ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။ မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘွိုင်လာမျှော်စင်ပြိုကျချိန်မှာ လုပ်သား ၉ ဦးအထိ လုပ်ငန်းခွင်အတွင်း ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
NOM
202
Autobahn လမ်းမကြီးပေါ်ကနေ ဂျာမနီအနောက်ပိုင်းက ဒေါ့မွန်ဆီ တနာရီ မိုင် ၉၀ နှုန်းနဲ့ ဦးတည်သွားနေချိန် စုံတွဲတတွဲဟာ ကားပေါ်မှာ လိင်ဆက်ဆံခဲ့ပြီး ယာဉ်တိုက်မှုဖြစ်လုနီးပါးအထိ ဖြစ်ပွားခဲ့ပါတယ်။
သူတို့လိုက်ပါလာတဲ့ Ford ကားပေါ်မှာ လိင်ဆက်ဆံနေခဲ့တာဖြစ်ပြီး ကားဟာ မကြာခဏဆိုသလို လမ်းကြောင်းမှားယွင်းနေခဲ့ပြီး နောက်ဆုံးမှာ ညာဘက်ခြမ်းဆီ အရှိန်လွန်ခဲ့ပြီး ထရပ်ကားတစီးနဲ့ တိုက်မိတော့မလိုအထိ ဖြစ်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတို့ဟာ လိင်ဆက်ဆံနေခဲ့တာ ထင်ရှားတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါစုံတွဲကို ဖမ်းဆီးထားပြီး လမ်းအသွားအလာကို အန္တရာယ်ရှိစေတဲ့ နှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ပြစ်မှုထင်ရှားရင် ထောင် ၅ နှစ်အထိ ချမှတ်ခံရမှာလည်း ဖြစ်ပါတယ်။
NOM
202
+2
စပိန်ကနေ ထွက်ပြေးပြီး ဒူဘိုင်းမှာ ခိုလှုံနေတဲ့ စပိန်ဘုရင်ဟောင်း Juan Carlos က ဆယ်ကျော်သက်အရွယ်မှာ သူ့ရဲ့ ညီဖြစ်သူ Alfonso ကို ဘယ်လိုမျိုး ပစ်သတ်ခဲ့မိလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့အသက် ၁၈ နှစ်၊ ညီဖြစ်သူက ၁၄ နှစ်အရွယ်မှာ ဖြစ်ခဲ့တာပါ။
စာမျက်နှာ ၅၀၀ ပါဝင်တဲ့ သူ့ရဲ့ ဘ၀အမှတ်တရ စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့တာပါ။ 'Juan Carlos I d’Espagne: Réconciliation' ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြင်သစ်မှာ ထုတ်ဝေခဲ့တဲ စာအုပ်အတွင်း သူ့ရဲ့ အတိတ်က နာကျင်စရာ အမှတ်တရတွေ ပါဝင်ခဲ့ပါတယ်။
၁၉၅၆ ခုနှစ်က ပေါ်တူဂီမှာ ပိုင်ဆိုင်တဲ့ မိသားစုနေအိမ်မှာ ညီအစ်ကိုတွေ ပစ္စတိုသေနတ်နဲ့ ဆော့ကစားခဲ့ပြီး ကျည်အိမ်ကို ထုတ်ပစ်ခဲ့လို့ အန္တရာယ်မရှိတော့ဘူးလို့ သူက ထင်မှတ်ခဲ့ပေမယ့် သေနတ်အတွင်းမှာ ကျည်ဆန်တတောင့် ကျန်နေခဲ့တယ်ဆိုတာကို သူတို့ လုံး၀မသိခဲ့ဘဲ ပစ်ခတ်မိချိန်မှာ ညီဖြစ်ရဲ့ နဖူးကို ထိမှန်ခဲ့ကာ ဖခင်ရဲ့ လက်ပေါ်မှာပဲ ဆုံးပါးသွားခဲ့တယ်လို့ သူက ရေးသားခဲ့ပါတယ်။
Juan ဟာ ၂၀၁၄ မှာ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အဂတိလိုက်စားမှုတွေကြောင့် စွပ်စွဲခံရပြီးနောက် သားဖြစ်သူဆီ ထီးနန်းလွှဲအပ်ခဲ့ကာ တိုင်းပြည်တွင်းကနေလည်း ထွက်ခွာခဲ့တာဖြစ်ပါတယ်။
NOM
202
ရွှေ့ပြောင်းနေထိုင်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သားတဦးကို မှားယွင်းပြီး ထောင်ကနေ လွှတ်ပေးခဲ့လို့ ဗြိတိန်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဗြိတိန်ထောင်တွေဟာ အကျဉ်းအများအပြားကို အပတ်တိုင်းမှာ မှားယွင်းပြီး လွှတ်ပေးနေတယ်လို့ ဝန်ကြီးတဦးက ပြောဆိုလိုက်ပါတယ်။
အီသီယိုးပီးယားက ရောက်လာပြီး ခိုလှုံခွင့်တောင်းခံသူတဦးကို မှားယွင်းလွှတ်ပေးခဲ့မိပြီးနောက် အကျဉ်းထောင်နဲ့ ပျက်စီးနေတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်တွေကြောင့် ဗြိတိန်အစိုးရဟာ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ဒီအပတ်အတွင်းမှာလည်း အကျဉ်းသား ၂ ဦးကို မှားယွင်းကာ လွှတ်ပေးခဲ့ပြီး ဗီဇာသက်တမ်းကျော်လွန်ကာ နေထိုင်ပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ အယ်လ်ဂျီးရီးယားသားတဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၂၆၂ ဦးအထိကို မှားလွှတ်ပေးခဲ့မိတယ်လို့ အစိုးရက ခန့်မှန်းထားပြီး ၄ နှစ်ဆက်တိုက် မှားယွင်းလွှတ်ပေးမှု မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။
NOM
202
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်စ်က လေတပ်စခန်းတခုဆီ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ပြီး အခြေစိုက်စခန်းတခု တည်ထောင်ဖို့အတွက် ဝါရှင်တန်က စီစဉ်နေတယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဆီးရီးယားနဲ့ အစ္စရေးကြား လုံခြုံရေးသဘောတူညီမှုတခု ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ ဒီလိုမျိုးလုပ်ဆောင်မှုကို အရင်က တခါမှ မကြားဖူးဘူးလို့ ကောက်ချက်ချနေပြီး ဝါရှင်တန်ရဲ့ လုပ်ဆောင်မှုအပေါ် မေးခွန်းထုတ်နေကြပါတယ်။
NOM
202
“ကျနော်တို့ တံခါးဖွင့်ထားပါတယ်၊ ကျေးဇူးပြုပြီး ယူကရိန်းနိုင်ငံသားတွေ လာကြပါ၊ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုနေမှာပါ”
ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ယူကရိန်းမိသားစုတွေနဲ့ ကလေးတွေကို သူတို့နိုင်ငံသားတွေနဲ့ တန်းတူဘ၀မျိုး ပေးအပ်ဖို့ အသင့်ရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ယူကရိန်းနိုင်ငံသားတွေက ကျနော်တို့အတွက် ကောင်းချီးတခုပါပဲ” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
NOM
202
Tarbela ဆည်ရဲ့ မြေကြီးတွေထဲမှာ ဒေါ်လာ ၆၃၆ ဘီလျံတန်ဖိုးရှိတဲ့ ရွှေအမှုန်အမွှားတွေကို ပါကစ္စတန်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရေကာတာအတွင်းက မြေနမူနာတွေကို ရေငုပ်သမားတွေက စုဆောင်းခဲ့ပြီးနောက် စမ်းသပ်ခဲ့ရာကနေ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ အနည်အနှစ်တွေအတွင်း ရွှေမှုန်အမွှား အများအပြားပါဝင်နေတာကို ဓါတ်ခွဲစမ်းသပ်ကာ တွေ့ရှိခဲ့ပြီး ဒီအချက်အလက်သာ မှန်ကန်ခဲ့မယ်ဆိုရင် ပါကစ္စတန်ရဲ့ အမျိုးသားကြွေးမြီကို အကုန်ပေးချေနိုင်မယ့် ပမာဏအထိ ရရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
NOM
