uk
Feedback
NOM

NOM

Відкрити в Telegram

NOM Official Backup Channel - 2

Показати більше
М'янма38 251Категорія не вказана
201
Підписники
Немає даних24 години
-17 днів
-830 день
Архів дописів
NOM
201
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ စျေးနှုန်းသတ်မှတ်မှု မြှင့်တင်ဖို့နဲ့ ရေနံထုတ်ကုန
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ စျေးနှုန်းသတ်မှတ်မှု မြှင့်တင်ဖို့နဲ့ ရေနံထုတ်ကုန်တွေကို ရပ်တန့်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ ရေနံချက်စက်ရုံ ၄ ခုရဲ့ ရုံးခန်းတွေကို တောင်ကိုရီးယားအာဏာပိုင်တွေက ဒီနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ SK Energy Co., GS Caltex Corp., S-Oil Corp., နဲ့ HD Hyundai Oilbank Co. တို့အပြင် ကိုရီးယား ရေနံအသင်းတို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြခဲ့တာပါ။ အများပြည်သူ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ရေနံချက်စက်ရုံတွေနဲ့ ဓါတ်ဆီဆိုင်တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို နှိမ်နှင်းဖို့ သမ္မတ လီမြောင်ဂျေးက တောင်းဆိုပြီးနောက် ဒီလိုမျိုး စီးနင်းမှုတွေကို စတင်လိုက်တာ ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇺🇸 ❌ 🇮🇷- အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုအချိန်အထိ အဖြစ်နိုင်ဆုံးဟု ယူဆရသော အမေရိကန်၏ စစ်ရေးစီမံချက်ကို
🇺🇸 ❌ 🇮🇷- အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုအချိန်အထိ အဖြစ်နိုင်ဆုံးဟု ယူဆရသော အမေရိကန်၏ စစ်ရေးစီမံချက်ကို Axios သို့ ပြောကြားခဲ့သည်။ အဆိုပါ စီမံချက်တွင် အီရန်၏ စစ်ရေးစွမ်းရည်ကို လျှော့ချရန်အတွက် တစ်လကြာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ပါဝင်ပြီး ထို့နောက်တွင် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးရန်အတွက် အီရန်ပိုင် ခါ့ဂ် Kharg ကျွန်းကို သိမ်းပိုက်မည့် အစီအစဉ်များ ပါဝင်သည်။ ဝါရှင်တန်သည် ယခုအခါ "ရေရှည်" စစ်ပွဲအတွက် ပြင်ဆင်နေသည်။ NOM

NOM
201
တရုတ်နိုင်ငံမှာ ခွေး ၇ ကောင် အုပ်စုတခုဟာ ခွေးသူခိုးတဦးဆီကနေ လွတ်မြောက်ခဲ့ပြီး ၁၇ ကီလိုမီတာ ခရီးကို ကျော်ဖြတ်ကာ ပိုင်ရှင်တွေဆီ
တရုတ်နိုင်ငံမှာ ခွေး ၇ ကောင် အုပ်စုတခုဟာ ခွေးသူခိုးတဦးဆီကနေ လွတ်မြောက်ခဲ့ပြီး ၁၇ ကီလိုမီတာ ခရီးကို ကျော်ဖြတ်ကာ ပိုင်ရှင်တွေဆီ ပြန်လည်ရောက်ရှိခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ပိုင်ရှင်အမျိုးမျိုးရဲ့ ခွေးတွေကို နေအိမ်အသီးသီးက‌နေ ခိုးယူခဲ့ပြီး ခွေးအသားဆိုင်ကို ရောင်းချဖို့အတွက် သူခိုးက ရည်ရွယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဂျာမန်သိုးထိန်းခွေး၊ ရွှေရောင်ခွေးနဲ့ ကော်ဂီခွေးတွေပါဝင်တဲ့ အုပ်စုဟာ မတ်လ ၁၆ ရက်နေ့က ချန်ရှန်အမြန်လမ်းတလျှောက်မှာ အတူတူလမ်းလျှောက်နေခဲ့တာကို မြင်တွေ့ရတယ်လို့ တရုတ်မီဒီယာတွေက ဆိုပါတယ်။ ဒါကို ဗီဒီယိုရိုုက်ပြီး YouTube မှာ တင်ခဲ့ပြီးနောက် ခွေးလေးတွေကို မှတ်မိနေသူတွေက သတိထားမိခဲ့ပါတယ်။ ဒီနောက် ဒေသတွင်း တိရစ္ဆာန်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေက ခြေရာခံကာ ကူညီပေးခဲ့ပြီး ခွေးတွေကို နြပ်တွေ့ကာ ပိုင်ရှင်ဆီ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
တရုတ်နိုင်ငံမှာ ခွေး ၇ ကောင် အုပ်စုတခုဟာ ခွေးသူခိုးတဦးဆီကနေ လွတ်မြောက်ခဲ့ပြီး ၁၇ ကီလိုမီတာ ခရီးကို ကျော်ဖြတ်ကာ ပိုင်ရှင်တွေဆီ ပြန်လည်ရောက်ရှိခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ပိုင်ရှင်အမျိုးမျိုးရဲ့ ခွေးတွေကို နေအိမ်အသီးသီးက‌နေ ခိုးယူခဲ့ပြီး ခွေးအသားဆိုင်ကို ရောင်းချဖို့အတွက် သူခိုးက ရည်ရွယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဂျာမန်သိုးထိန်းခွေး၊ ရွှေရောင်ခွေးနဲ့ ကော်ဂီခွေးတွေပါဝင်တဲ့ အုပ်စုဟာ မတ်လ ၁၆ ရက်နေ့က ချန်ရှန်အမြန်လမ်းတလျှောက်မှာ အတူတူလမ်းလျှောက်နေခဲ့တာကို မြင်တွေ့ရတယ်လို့ တရုတ်မီဒီယာတွေက ဆိုပါတယ်။ ဒါကို ဗီဒီယိုရိုုက်ပြီး YouTube မှာ တင်ခဲ့ပြီးနောက် ခွေးလေးတွေကို မှတ်မိနေသူတွေက သတိထားမိခဲ့ပါတယ်။ ဒီနောက် ဒေသတွင်း တိရစ္ဆာန်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေက ခြေရာခံကာ ကူညီပေးခဲ့ပြီး ခွေးတွေကို နြပ်တွေ့ကာ ပိုင်ရှင်ဆီ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
အမေရိကန်နဲ့ စစ်ရေးအရ ထိတွေ့မှုဖြစ်နိုင်ချေအတွက် အသင့်ရှိနေတယ်လို့ ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Carlos Fernandez က ပြီးခ
အမေရိကန်နဲ့ စစ်ရေးအရ ထိတွေ့မှုဖြစ်နိုင်ချေအတွက် အသင့်ရှိနေတယ်လို့ ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Carlos Fernandez က ပြီးခဲ့တဲ့တပတ်အတွင်းက ပြောဆိုခဲ့ပါတယ်။ ကာရစ်ဘီယံကျွန်းကို သိမ်းပိုက်မယ်လို့် ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်လိုက်တာပါ။ ထရမ့်ရဲ့ ရေနံပိတ်ဆို့မှုကြောင့် ကျူးဘားဟာ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး စွမ်းအင်ကဏ္ဍမှာလည်း အများကြီး အခက်တွေ့နေရပါတယ်။ “သမိုင်းကြောင်းအရ ကျနော်တို့နိုင်ငံဟာ စစ်ရေးအရကျူးကျော်မှုအတွက် တနိုင်ငံလုံးအနေအထားနဲ့ စည်းရုံးဖို့ အသင့်ရှိပါတယ်၊ ကျနော်တို့ မပြင်ဆင်ထားရင် မိုက်မဲရာကျပါလိမ့်မယ်” လို့ ဒုတိယဝန်ကြီးက NBC နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အမေရိကန်နိုင်ငံသားများကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အနည်းဆုံး ၇ ခုကို အမေရိကန်-အစ္စရေးတို့က လေကြောင်းတိ
+1
အမေရိကန်နိုင်ငံသားများကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အနည်းဆုံး ၇ ခုကို အမေရိကန်-အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ဝေါစထရိ ဂျာနယ် (Wall Street Journal) ၏ စုံစမ်းစစ်ဆေးမှုအရ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်အကျဉ်းထောင် အနည်းဆုံး ၇ ခု ထိမှန်ခဲ့ကြောင်း သိရသည်။ ကင်ဆာဝေဒနာရှင် ကမ်ရန် ဟက်ခ်မာတီ (Kamran Hekmati) နှင့် ဂျာနယ်လစ် ရီဇာ ဗာလီဇာဒေး (Reza Valizadeh) အပါအဝင် အမေရိကန်နိုင်ငံသား အနည်းဆုံး ၃ ဦး ထိန်းသိမ်းခံထားရသည့် အီဗင် (Evin) အကျဉ်းထောင်မှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သည်။ အီရန်နိုင်ငံအတွင်း အမေရိကန်၏ အကျိုးစီးပွားများကို ကိုယ်စားပြုဆောင်ရွက်ပေးနေသည့် ဆွစ်ဇာလန်သံတမန်များသည်လည်း မတ်လ ၃ ရက်နေ့တွင် အီရန်မှ ထွက်ပြေးသွားကြပြီဖြစ်သဖြင့် အဆိုပါအကျဉ်းသားများအတွက် မြေပြင်တွင် ကူညီဆောင်ရွက်ပေးမည့်သူ တစ်ဦးမျှ မရှိတော့ပေ။ အကျဉ်းထောင်များ တိုက်ခိုက်မခံရမီ တစ်ပတ်အလို မတ်လ ၁၅ ရက်နေ့တွင် CBS သတင်းဌာန၏ Face the Nation အစီအစဉ်က အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ Araghchi ကို "အီဗင်အကျဉ်းထောင်ထဲက အမေရိကန်တွေ ဘေးကင်းရဲ့လား" ဟု တိုက်ရိုက်မေးမြန်းခဲ့သည်။ သူ၏ အဖြေမှာ- "အကယ်၍ အမေရိကန်နဲ့ အစ္စရေးက ကျွန်တော်တို့ရဲ့ အကျဉ်းထောင်တွေကို မတိုက်ခိုက်ဘူးဆိုရင်တော့ သူတို့ ဘေးကင်းမယ်လို့ ထင်ပါတယ်" ဟူ၍ဖြစ်သည်။ မိမိကိုယ်ကို ပြန်မေးကြည့်ပါ- အဘယ်ကြောင့် ထိုမေးခွန်းကို ထိုနေ့ရက်တွင်မှ တိတိကျကျ မေးမြန်းခဲ့ရသနည်း။ အကယ်၍ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်အကျဉ်းထောင်အတွင်းရှိ အမေရိကန်ဓားစာခံတစ်ဦး သေဆုံးသွားခဲ့လျှင် မည်သူ့တွင် တာဝန်ရှိသနည်း (သို့မဟုတ်) မည်သူ့ကို အပြစ်ပုံချကြမည်နည်း?။ NOM

NOM
201
Repost from News Of Myanmar
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမ
+4
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမယ်ဆိုရင် ဒေသတွင်းက အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကတော့ - 🇸🇦 ဆော်ဒီအာရေးဗီးယား - ရတ်စ် အယ်လ်ခိုင်ယာ (Ras Al-Khair) ရေငန်သန့်စင်စက်ရုံနဲ့ ရှုအိုင်ဘာ (Shuaibah) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇶🇦 ကာတာ - အယ်လ် ခါဆာ (Al Kharsaah) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရတ်စ် လာဖန် (Ras Laffan C) ရေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇦🇪 ယူအေအီး - တာဝီလာ (Taweelah) ရေငန်သန့်စင်စက်ရုံနဲ့ ဘာရာကာ (Barakah) နျူကလီးယားဓာတ်အားပေးစက်ရုံ။ 🇧🇭 ဘာရိန်း - အယ်လ်ဒေါ (Al Dawr) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇰🇼 ကူဝိတ် - မြောက်ပိုင်း ဇူး (North Zour) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇯🇴 ဂျော်ဒန် - အာကာဘာ (Aqaba) အပူပေးဓာတ်အားပေးစက်ရုံနဲ့ ဆမ်ရာ (Samra) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ NOM

NOM
201
Repost from News Of Myanmar
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ဒုံးကျည်က အမေရိကန်ရဲ့ Stealth (ရေဒါမမိတဲ့) နည်းပညာကို အခုလို လှောင်ပြောင်လိုက်ပါတယ်။ "
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ဒုံးကျည်က အမေရိကန်ရဲ့ Stealth (ရေဒါမမိတဲ့) နည်းပညာကို အခုလို လှောင်ပြောင်လိုက်ပါတယ်။ "F-35 တိုက်လေယာဉ်တဲ့လား... လာနောက်မနေနဲ့။ ရေဒါပေါ်ကနေ တကယ် ပျောက်သွားမှာက ငါကွ 😊" NOM

NOM
201
Repost from News Of Myanmar
အမေရိကန်တပ်တွေ အီရတ်ကနေ ထွက်ပြေးပြီးလား??? အီရတ်နိုင်ငံ အနောက်ဘက် အန်ဘာပြည်နယ်၊ ထရီဘီလ် နယ်စပ်ကနေ အမေရိကန် စစ်ယာဉ်တန်း အုပ်စုကြီးတစ်ခုဟာ အီရတ်ကနေ ဂျော်ဒန်ဘက်ကို ထွက်ခွာသွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်နေပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်ရဲချုပ် အာမတ်-ရေဇာ ရာဒန် က EU ကို ပြောကြားသည်မှာ အကယ်၍ ခင်ဗျားတို့အနေနဲ့ ဂရင်းလန်းကျွန်းကို မကာကွယ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဆီ အကူအညီတောင်းခံလိုက်ပါ။ ကျွန်တော်တို့ လာခဲ့ပါ့မယ် ဟူ၍ ဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်မှုကြောင့် ရန်သူ့ F-15 တိုက်လေယာဉ်တစ်စီးထိမှန်ခဲ့ အီရန်နိုင်ငံပိုင်သတင်းဌာန (IRIB) ရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ကျွန်းအနီး တောင်ဘက်ကမ်းရိုးတန်းမှာ အီရန်တပ်ဖွဲ့တွေက ရန်သူ့ F-15 တိုက်လေယာဉ် တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ရာထိမှန်ခဲ့တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ လေယာဉ်ရဲ့ နောက်ဆက်တွဲအခြေအနေကို အတည်ပြုနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ NOM

NOM
201
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆ
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရဟတ်ယာဉ်ဟာ ပုံမှန်တာဝန်တွေ ထမ်းဆောင်နေချိန်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
photo content
+1

NOM
201
Repost from News Of Myanmar
အီရတ်ရှိ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရပြီး မီးလောင် အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်ရှိ အမေရိကန် Victory စစ်စခန်းကိုအီရတ်ခုခံရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်သဖြင့် မီးလောင်လျက်ရှိသည်။ NOM

NOM
201
Repost from News Of Myanmar
အစ္စရေးမြို့ အီရန်ဒုံးကျည်ထိ အစ္စရေးနိုင်ငံအာရက်မြို့တွင်အစ္စရေးဒုံးကျည်ထိမှန်သဖြင့်ခြောက်ဦးသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရကြောင်း အစ္စရေးရုပ်သံကကြေညာသည်။ NOM

NOM
201
Repost from News Of Myanmar
ထရန့်က အီရန်ကို ခြိမ်းခြောက် - ၄၈ နာရီအတွင်း ဟော်မုဇ် ရေလက်ကြား ကို ပြန်မဖွင့်ပေးရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက
ထရန့်က အီရန်ကို ခြိမ်းခြောက် - ၄၈ နာရီအတွင်း ဟော်မုဇ် ရေလက်ကြား ကို ပြန်မဖွင့်ပေးရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်သွားမယ်။ ဒီကနေ့မနက်ပိုင်းကပဲ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို "လျှော့ချ" တော့မှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့ ထရန့်ဟာ အခုအခါမှာတော့ အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကြဲမယ်လို့ ပြန်လည်ခြိမ်းခြောက်လိုက်ပြန်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🇮🇷 အီရန်နိုင်ငံအားပြုလုပ်နေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စဉ်းစားနေကြောင်း ထရမ့်က ပြောကြားခဲ့သော်လည်း သူ၏ မူလစစ်ပွဲရည်မှန်းချက် အတော်များများမှာမူ အောင်မြင်ခြင်း မရှိသေးပေ။ - နယူးယောက်တိုင်းမ်စ် သတင်းဌာန NOM

NOM
201
ထိုင်ဝမ်ကို ရောင်းချဖို့ သဘောတူထားတဲ့ F-16V တိုက်လေယာဉ်တွေကို ပေးပို့အတွက် နှောင့်နှေးနေခဲ့ပြီးနောက် ဒီနှစ်အတွင်းမှာ အပြည့်အ၀
ထိုင်ဝမ်ကို ရောင်းချဖို့ သဘောတူထားတဲ့ F-16V တိုက်လေယာဉ်တွေကို ပေးပို့အတွက် နှောင့်နှေးနေခဲ့ပြီးနောက် ဒီနှစ်အတွင်းမှာ အပြည့်အ၀စွမ်းရည်နဲ့ စတင်ထုတ်လုပ်သွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတွေ အမေရိကန်ဆီ သွားရောက်ခဲ့ပြီးနောက် ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ၂၀၁၉ တုန်းက ထိုင်ဝမ်အတွက် အဆိုပါလေယာဉ်တွေကို ဒေါ်လာ ၈ ဘီလျံဖိုး ရောင်းချဖို့ အတည်ပြုခဲ့ပြီး ဆော့ဖ်ဝဲလ်ပြသနာအပါအဝင် အခြားပြသနာတွေကြောင့် စီမံကိန်းနှောင့်နှေးနေခဲ့တာပါ။ News Of Myanmar NOM

NOM
201
မော်စကိုဟာ တီဟီရန်ရဲ့ သစ္စာရှိသူငယ်ချင်းအဖြစ် ဆက်လက်ရှိနေပြီး အီရန်ဘက်က ရပ်တည်ပေးနေတယ်လို့ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပါတယ်။ အ
မော်စကိုဟာ တီဟီရန်ရဲ့ သစ္စာရှိသူငယ်ချင်းအဖြစ် ဆက်လက်ရှိနေပြီး အီရန်ဘက်က ရပ်တည်ပေးနေတယ်လို့ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပါတယ်။ အီရန်နှစ်သစ်ကူးအတွက် သဝဏ်လွှာပေးပို့ရာမှာ ပူတင်က ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး အီရန်ရဲ့ မဟာမိတ်အဖြစ် ရှိနေမယ်လို့ အခိုင်အမာပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
တောင်ကိုရီးယားနိုင်ငံ၊ Daejeon က ကားအပိုပစ္စည်းစက်ရုံတခုမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှု သောကြာနေ့က ဖြစ်ပွားခဲ့ပြီး အနည်းဆုံး
တောင်ကိုရီးယားနိုင်ငံ၊ Daejeon က ကားအပိုပစ္စည်းစက်ရုံတခုမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှု သောကြာနေ့က ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၁ ဦးသေဆုံးကာ ၂၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ AFP က ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာလည်း အဆောက်အဦပြိုကျနိုင်တဲ့ အခြေအနေရှိတာကြောင့် စက်ရုံအတွင်း ဝင်ရောက်ဖို့ အခက်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ စက်ရုံမှာ သိုလှောင်ထားတဲ့ ဆိုဒီယမ်ကြောင့်လည်း မီးငြိမ်သတ်ဖို့ရာမှာ ကြန့်ကြာနေခဲ့ပြီး ဒါကို မှားယွင်းကိုင်တွယ်မိပါက ပေါက်ကွဲစေနိုင်တယ်လို့ သိရပါတယ်။ မျက်မြင်သက်သေတဦးကတော့ ပေါက်ကွဲသံတွေကိုပါ ကြားခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး မီးဟာ စနေနေ့ မွန်းလွဲပိုင်း (ဒီနေ့) မှာမှ အပြီးတိုင်းငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM