NOM
Відкрити в Telegram
201
Підписники
Немає даних24 години
-17 днів
-830 день
Архів дописів
201
နိုင်ငံခြားကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို တီဟီရန်မြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
NOM
201
+2
သားဖြစ်သူ မိုဟာမက်အယ်လ်ဇာဝါရီက Kamal Adwan ဆေးရုံအနီးမှာ ထင်းတွေ စုဆောင်းနေချိန်အစ္စရေးဒရုန်းကြောင့် သေဆုံးခဲ့ရလို့ ပါလက်စတိုင်းဖခင်ဖြစ်သူ ကြေကွဲနေတဲ့ ပုံရိပ်ဖြစ်ပါတယ်။
NOM
201
အနောက်အုပ်စုရဲ့ "စံနှုန်းနှစ်ခွ" နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အီရန်သံရုံးရဲ့ ထုတ်ပြန်ချက်
"အမေရိကန်ရဲတပ်ဖွဲ့က ပြောတုန်းက ဒီလိုဗျ၊ ငါတို့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ရင်၊ မီးလောင်ဗုံးနဲ့ပစ်ရင်၊ သေနတ်နဲ့ ချိန်ရင် မင်းတို့ကို ငါတို့က ပစ်သတ်ပစ်မယ်တဲ့၊ အဲဒါကို သူတို့က တရားဥပဒေစိုးမိုးရေးလို့ ခေါ်သဗျ"
"ဒါပေမယ့် ကျနော်တို့ အီရန်မှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်ချီတဲ့ အပြစ်မဲ့အရပ်သားတွေဟာ ဆူပူလက်နက်ကိုင်အကြမ်းဖက်ဆန္ဒပြသမားတွေရဲ့ သတ်ဖြတ်ခံရတဲ့အချိန်ကျတော့ အနောက်မီဒီယာတွေက ပြစ်မှုကျူးလွန်သူတွေကို ငြိမ်းချမ်းစွာဆန္ဒပြသူတွေလို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်၊ ဒါက ဘယ်လိုမျိုး စံသတ်မှတ်ချက်တွေလဲဆိုတာ နားမလည်နိုင်ပါဘူး"
NOM
201
ဘယ်လို နယ်မြေတိုင်းမှာမဆို မူးယစ်ဂိုဏ်းတွေကို အမေရိကန်က တိုက်ခိုက်မှုလုပ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
“သူတို့ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လမ်းကြောင်းတွေကို ကျနော်သိတယ်၊ သူတို့အကြောင်း အားလုံးသိတယ်၊ သူတို့ဂိုဏ်းတွေကို ဝင်တိုက်မယ်” လို့ New York Post နဲ့ အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာပါ။
မက္ကဆီကို၊ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနယ်မြေတွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်သလားလို့ မေးမြန်းခဲ့မှုကိုလည်း ထရမ့်က “ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
NOM
201
ဒေါ်နယ်ထရမ့်နဲ့ နေတိုးအထွေထွေအတွင်းရေးမှူး Mark Rutte တို့ရဲ့ ဂရင်းလန်းသယံဇာတတွေဆီ အမေရိကန်နိုင်ငံသားတွေကို ဝင်ရောက်ခွင့်ပေးမယ်ဆိုတဲ့ အချက်အပါအဝင် သဘောတူညီချက်တွေကို ဂရင်းလန်းက ငြင်းပယ်မယ်လို့ ဂရင်းလန်း သတ္ထုအရင်းအမြစ်ဝန်ကြီး Naaja Nathanielsen ကို ကိုးကားပြီး Politico က ဖော်ပြခဲ့ပါတယ်။
မကြာခင်က အမြင့်ဆုံးခေါင်းဆောင်ကြီး ထရမ့်နဲ့ နေတိုးရဲ့ ရုပ်သေး အထွေထွေအတွင်းရေးမှူး Mark Rutte တို့ ကြေညာခဲ့တဲ့ သဘောတူညီချက်တရပ်အပြီးမှာ ဂရင်းလန်းက သူ့ရဲ့ နယ်မြေနဲ့ပတ်သက်တဲ့ ဘယ်လိုသဘောတူညီချက်ကိုမဆို၊ ဂရင်းလန်းရဲ့ အရင်းအမြစ်တွေကို တတိယနိုင်ငံတခုဆီ လွှဲပြောင်းပေးအပ်ရမယ်ဆိုတာကို ငြင်းပယ်မယ်လို့ ဆိုပါတယ်။
“ဂရင်းလန်းသဘောတူညီချက်မရှိဘဲ ဂရင်းလန်းနဲ့ပတ်သက်တဲ့ အနာဂတ်ဆုံးဖြတ်ချက်တွေကို ကျွန်မတို့ လက်မခံဘူး” လို့ Nathanielsen က ပြောဆိုခဲ့ပါတယ်။
Politico ရဲ့ အဆိုအရ ဂရင်းလန်းမှာ လေအားလျှပ်စစ်ဓါတ်အားပေးစက်တွေ၊ လျှပ်စစ်ယာဉ်တွေနဲ့ အဆင့်မြင့်စစ်ဘက်နည်းပညာတွေမှာ အသုံးပြုတဲ့ စွမ်းဆောင်ရည်မြင့်သံလိုက်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ neodymium နဲ့ praseodymium အပါအဝင် မြေရှားဒြပ်စင်သိုက် အများအပြားရှိတယ်လို့ သိရပါတယ်။
Rutte နဲ့ ထရမ့်တို့ကြားမှာ အမေရိကန်ကို ဒေသတွင်း သတ္ထုသိုက်တွေဆီ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးပြီး စစ်စခန်းတွေ တည်ထောင်ခွင့်ပေးမယ့် သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်ကစလို့ ဂရင်းလန်းဘက်ကလည်း ကျွန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်သူမှ ဆွေးနွေးခွင့်မရှိဘဲ ဂရင်းလန်းမပါဝင်ဘဲ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
NOM
201
+3
အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့မှာ ပစ္စတိုသေနတ်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင် အမျိုးသားတဦးဟာ အနည်းဆုံး ၁၁ ကြိမ်အထိ ပစ်ခတ်ခံခဲ့ရပြီး နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ICE အေးဂျင့်တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဟာ Alex Jeffrey Pretti (သူနာပြုတဦး) ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့
DHS ဥပဒေစိုးမိုးရေးအရာရှိတွေဟာ မင်နီယာပိုလစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် အလိုရှိတဲ့ တရားမဝင်နိုင်ငံခြားသားတဦးကို နှိမ်နှင်းဖို့ စစ်ဆင်ရေးတခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ မြင်တွေ့ရတဲ့အတိုင်း လူတဦးက ၉ မီလီမီတာ ဆီမီး-အော်တိုမက်တစ် သေနတ်နဲ့ နယ်ခြားကင်းလှည့်အရာရှိတွေဆီ ချဉ်းကပ်လာခဲ့ပါတယ်။
အရာရှိတွေက သံသယရှိသူကို လက်နက်ချဖို့အကြိုးစားပေမယ့် လက်နက်ကိုင်ထားသူက ပြင်းပြင်းထန်ထန် ခုခံခဲ့ပါတယ်။ လက်နက်နဲ့ ပစ်ခတ်ခဲ့မှုအကြောင်း အသေးစိတ်အချက်အလက်ကို မကြာခင်မှာ ထပ်မံဖော်ပြပေးသွားပါမယ်။
သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသက်ဘေးအန္တရာယ်ကို စိုးရိမ်ရလို့ အေးဂျင့်တဦးက ခုခံပစ်ခတ်ခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဆေးဝန်ထမ်းတွေက လူနာကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ချက်ချင်းလုပ်ဆောင်ပေးခဲ့ပေမယ့် အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
သံသယရှိသူဆီကနေ ကျည်ကတ် ၂ ခုတွေ့ရှိခဲ့ပြီး သက်သေခံအထောက်အထားတွေလည်း မပါရှိပါဘူး။ ဒါဟာ လူတဦးက ပျက်ဆီးဆုံးရှုံးမှုတွေ ကြီးမားစေလိုပြီး ဥပဒေစိုးမိုးရေးအရာရှိတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုဟန်ရှိတဲ့ အခြေအနေမျိုးနဲ့ တူညီပါတယ်။
NOM
201
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားပြီး အာဆတ်နောက်ပိုင်း ဆီးရီးယားကိုအုပ်ချုပ်နေတဲ့ HTS အစိုးရတပ်ဖွဲ့တွေထဲက အစွန်းရောက်အုပ်စုတွေက ကာ့ဒ်လူမျိုးတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ဒီအထောက်အထားတွေက ပြသနေပါတယ်။
ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကိုသာမက အရှေ့မြောက်ပိုင်းက အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာတွေ ပြသထားတဲ့ ဗီဒီယိုတွေနဲ့ စာရွက်စာတမ်းအများအပြား ထွက်ပေါ်လာခဲ့ရာမှာ လယ်ကွင်းအတွင်း ကွပ်မျက်တာ၊ ခန္ဓာကိုယ်တွေက ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ လေးစားမှုကင်းမဲ့စွာနဲ့ လုပ်ဆောင်တာ၊ လူမျိုးရေးအရ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ပါဝင်နေခဲ့ပါတယ်။
ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း HTS အစိုးရတပ်ဖွဲ့တွေဟာ လက်နက်ချခဲ့တဲ့ တိုက်ခိုက်ရေးသမားအများစုပါဝင်တဲ့ ကာ့ဒ်လူမျိုး ထိန်းသိမ်းခံထားရသူတွေကို ကွပ်မျက်မှုတွေနဲ့ ပြင်းထန်တဲ့ အလွဲသုံးစားပြုနေတာတွေကို အထောက်အထားတွေ ရရှိထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားမှာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဆိုင်ရာ ချိုးဖောက်မှုတွေလည်း တိုးပွားလာနေတယ်လို့ ဆိုပါတယ်။
NOM
201
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ Mukesh Ambani မိသားစုက စီမံခန့်ခွဲနေတဲ့ ဘန်တာရာ တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးကို အခြေခံထားတဲ့ နာရီတလုံးကို အိန္ဒိယမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ နာရီရဲ့ အလယ်မှာတော့ သူဌေးကြီး အမ်ဘာနီရဲ့ အငယ်ဆုံးသားဖြစ်တဲ့ Anant ရဲ့ ရုပ်ပုံပါဝင်တာကို မြင်ရမှာပါ။
နာရီအတွင်းမှာ တောရိုင်းတိရိစ္ဆာန်တွေကိုလည်း ထည့်သွင်းထားပြီး ဘင်္ဂလားကျားဖြူ၊ ခြင်္သေ့နဲ့ ဆင်တို့ ပါဝင်ပါတယ်။ ကျောက်မျက်ရတနာတွေလည်း ပါဝင်ပြီး နာရီရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၁.၅ သန်းခန့်ရှိမယ်လို့ Watchopea က ခန့်မှန်းထားပါတယ်။ ရူပီးငွေအားဖြင့် ၁၃၇ သန်းအထိ ရှိမှာပါ။
အမ်ဘာနီမိသားဟာ ဘန်တာရာ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး စင်တာကို တည်ထောင်ထားပြီး ခြင်္သေ့ ၊ဆင်နဲ့ ကျားတွေအပါအဝင် မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ဧက ၃၅၀၀ ကျော် ကျယ်ဝန်းတဲ့ နေရာတခုဖြစ်ပါတယ်။
NOM
201
အမေရိကန်-အစ္စရေးတို့ ကျောထောက်နောက်ခံပေးခဲ့တဲ့ အီရန်က ပုန်ကန်မှုအတွင်း တရားဝင်သေဆုံးသူ အရေအတွက် -
စုစုပေါင်း သေဆုံးသူ - ၃၁၁၇ ဦး
အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့များ - ၂၄၂၇ ဦး
အကြမ်းဖက်သမားများ - ၆၉၀ ဦး
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
NOM
201
ဥရောပဟာ W လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာကို စတင်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံရေး၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ တင်းမာမှုတွေ တိုးပွားလာနေချိန်မှာ Elon Musk ရဲ့ X အစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ဖန်တီးလာတာပါ။
W ဟာ အချက်အလက်တွေကို မဖြစ်မနေ မှတ်ပုံတင်ခြင်းနဲ့ ဓာတ်ပုံအတည်ပြုခြင်း လိုအပ်ပါမယ်။ ဥရောပကုမ္ပဏီတွေနဲ့ EU အချက်အလက်ဥပဒေတွေ အောက်မှာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ထားရှိမှာပါ။ ဆွီဒင်နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးပုဂ္ဂိုလ်တွေက အဓိကကျောထောက်နောက်ခံပြုထားတဲ့ ဒီပလက်ဖောင်းဟာ "တန်ဖိုးတွေ" နဲ့ “အတည်ပြုပြီးသော” အသုံးပြုသူတွေကို အခြေခံပြီး လည်ပတ်မှာပါ။ CEO Anna Zeiter က EU အဖွဲ့အစည်းတွေက X ကို စွန့်လွှတ်ပြီး W ကို အစားထိုးသုံးစွဲရင် အောင်မြင်မှုပဲလို့ ပြောကြားခဲ့ပါတယ်။
NOM
201
မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေသူ အမေရိကန်နွယ်ဖွား OnlyFans မော်ဒယ်လ် Nicole Pardo ဟာ မက္ကဆီကိုမှာ နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲခံလိုက်ရပါတယ်။
Culiacan မှာဖြစ်ပြီး မျက်နှာဖုံးစွပ်သေနတ်သမားတွေက ကုန်တိုက်တခုရဲ့ အပြင်ဘက်မှာ သူမရဲ့ Cyberteuck ယာဉ်ကို ပိတ်ရပ်ပြီး အဖြူရောင် Toyota ကားပေါ် အတင်းဆွဲတင်ကာ မောင်းထွက်သွားခဲ့ပါတယ်။
NOM
201
ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အကြွေး ကန်ဒေါ်လာ သန်း ၂၆၀ ကို ပျက်ကွက်ခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။
NOM
201
မက္ကဆီကိုကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရန်ကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေကို ခေါ်ယူဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ NATO ရဲ့ အစွမ်းသတ္တိကို စမ်းသပ်သင့်ပါတယ်၊ Article-5 ကို ကျင့်သုံးပြီး NATO ကို ဒီနေရာလာစေပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နောက်ထပ်ကျူးကျော်မှုတွေကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ ဖိအားပေးသင့်တယ်၊ ဒီလိုဆိုရင် နယ်ခြားစောင့်တပ်အရာရှိတွေလည်း တခြားတာဝန်တွေကို လုပ်နိုင်လာလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။
သူဟာ အစောပိုင်းကလည်း NATO မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့ လာရောက်မလားလို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။
NOM
201
Davos အစည်းအဝေးအပြီး အီးယူနိုင်ငံတွေရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ထရမ့်ရဲ့ကမ္ဘာမှာ ဘယ်လိုဆက်နေထိုင်ရမလဲဆိုတာကို ဆွေးနွေးဖို့အတွက် အရေးပေါ်ထိပ်သီးအစည်းအဝေးလုပ်ကာ စုဝေးခဲ့ကြပါတယ်။
ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့တဲ့ ဒီအစည်းအဝေးမှာ အီးယူခေါင်းဆောင်တွေက အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ဟာ ပြန်လှည့်လို့မရတော့တဲ့လမ်းကို ရွေးချယ်ခဲ့ပြီးပြီဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ အရင်ဆက်ဆံရေးဆီ ပြန်သွားလို့ မရတော့ဘဲ ဂရင်းလန်းနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေက ထိတ်လန့်စရာ ကုထုံးတခုလို ဖြစ်လာပြီး ဥရောပကို သူတို့ရဲ့ အားနည်းချက်နဲ့ အမှန်တကယ် အမှီအခိုကင်းတဲ့ လိုအပ်ချက်ကို အသိအမှတ်ပြုဖို့ တွန်းပို့ခဲ့ပါတယ်။
“ဒါဟာ ဝါရှင်တန်ကို မှီခိုမှာမဟုတ်တော့တဲ့ ခေတ်သစ်တခုပါပဲ” လို့ အီးယူသံတမန်တဦးက ပြောဆိုခဲ့ပါတယ်။ “ထရမ့်အာဏာရှိနေဦးမယ့် အနည်းဆုံး နောက် ၃ နှစ်အတွင်းတော့ မဟုတ်ဘူး၊ ဂရင်းလန်းအကျပ်အတည်းက စမ်းသပ်မှုတခုပါ၊ ကျနော်တို့ သင်ခန်းစာယူခဲ့ပြီးပါပြီ”
NOM
201
“ကျနော်တို့ ကာကွယ်ပေးနေတဲ့ ဂရင်းလန်းရဲ့ ချမ်းသာကြွယ်၀မှုကို မျှဝေချင်တာပါ၊ ဂရင်းလန်းကို သွယ်ဝိုက်ပြီး ကာကွယ်ပေးနေတယ်ဆိုတဲ့အချက်က ကျနော်တို့ဟာ သူတို့ရဲ့ ကြွယ်၀မှုကိုလည်း မျှဝေရသင့်တယ်လို့ ဆိုလိုပါတယ်” - အမေရိကန်ဒုသမ္မတ JD Vance
NOM
201
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်က မြို့ငယ်လေးတမြို့မှာ ပစ်ခတ်မှုတခုကြောင့် ၃ ဦးသေဆုံးခဲ့ပါတယ်။ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၄း၄၀ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသတ်မှုကို ကျူးလွန်သူလို့ သံသယရှိသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားဂျူလီယန်အင်ဂရမ်ကို ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။
သူဟာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို မော်တော်ကားတစီးအတွင်း ပစ်ခတ်ခဲ့ပြီး သိပ်မကြာခင် ဒုတိယအကြိမ်ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ထပ်မံသေဆုံးကာ အခြားအမျိုးသားတဦးက စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံမှာ ရှိနေပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုလို့ ယူရဆကြောင်း သြစတြေးလျသတင်းစာ The Sydney Morning Herald က ဖော်ပြခဲ့ပြီး သေဆုံးသူတွေထဲကတဦးဟာ အင်ဂရမ်ရဲ့ အရင်တုန်းက လက်တွဲဖော်ဖြစ်နိုင်တယ်လို့ ယုံကြည်ရကြောင်းလည်း ဆိုပါတယ်။
NOM
201
အကြောင်းပြချက် တစုံတရာမပေးဘဲ ထရမ့်ဟာ ကနေဒါကို သူတည်ထောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းထားမှုကို ပြန်ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ဝါစဉ် အစီအစဉ်ကို ကနေဒါဝန်ကြီးချုပ် Mark Carney က ဝေဖန်မှုတချို့လုပ်ပြီးနောက် ထရမ့်ဘက်က အခုလိုမျိုး ပြုမူလိုက်တာလည်း ဖြစ်ပါတယ်။
NOM
201
အများပြည်သူတွေ ကြုံတွေ့နေရသလိုမျိုး သူလည်း လျှပ်စစ်မီး အသုံးပြုဖို့ ခက်ခဲနေတယ်ဆိုတာကို ပြသဖို့အတွက် လုပ်ခဲ့တဲ့ ဇယ်လင်စကီးရဲ့ အဖြစ်အပျက်ကို ယူကရိန်းမှာတောင် လှောင်ပြောင်နေကြပါတယ်။
ဇယ်လင်စကီးက အမှောင်ထဲမှာ ထိုင်နေပြီး လျှပ်စစ်မီးမရဘူးလို့ ယူဆရပေမယ့် သူ့ရဲ့ ကွန်ပျူတာကို အသုံးပြုနေတာပါ။ video call မှာ ပါဝင်တဲ့ အခြားသော အရာရှိတွေကတော့ မီးတွေလင်းထိန်နေကြပါတယ်။
လွှတ်တော်အမတ်တဦးဖြစ်တဲ့ Goncharenko က “မင်းအပေါ် ငါတို့ယုံကြည်စေချင်တယ်ဆိုရင် လက်ပ်တော့ ဒါမှမဟုတ် ဖုန်းကို အသုံးပြုသင့်တယ်” လို့ လှောင်ပြောင်ခဲ့ပါတယ်။
NOM
201
ကနေဒါဟာ ရာစုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကနေဒါလူမျိုးတွေဟာ ပြောက်ကျားစစ်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကနေဒါစစ်တပ်ဟာ အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်မယ့်ပုံစံတခုကို ဖန်တီးနေပါတယ်။ ဒီ ဖန်တီးမှုမှာ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစားမတူညီတဲ့ စစ်ပွဲ၊ ဒရုန်းတွေ၊ ဖျက်ဆီးရေးတွေနဲ့ ဥရောပမဟာမိတ်တွေဆီက အကူအညီတောင်းခံခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဂရင်းလန်းကို အမေရိကန်ရဲ့ ကျူးကျော်မှုက မဖြစ်နိုင်ဘူးလို့ ယူဆရပေမယ့် ထရမ့်နဲ့ ဆက်ဆံရေးတင်းမာနေတာ၊ ကနေဒါက အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်တယ်လို့ ပြောဆိုနေမှုတွေနဲ့ ဂရင်းလန်းကို ခြိမ်းခြောက်မှုတွေကြောင့် ဒီလိုပြင်ဆင်ဖို့ တွန်းအားပေးလာခဲ့တာပါ။ ဒါဟာ ကာကွယ်ရေးကို အားကောင်းစေပြီး ဒီလိုအခြေအနေတွေပြုမူခြင်းအားဖြင့် အနည်းဆုံးခြိမ်းခြောက်မှုကိုတောင်မှ ဟန့်တားဖို့ ကူညီပေးနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
NOM
201
“ကနေဒါက ကျနော်တို့ကို ကျေးဇူးတင်သင့်ပါတယ်၊ အမေရိကန်ကြောင့် ကနေဒါရဲ့ အသက်တွေက ရှင်သန်ရပ်တည်နေနိုင်တာပါ၊ ဝန်ကြီးချုပ် မာ့ခ်အနေနဲ့ နောက်တခါ ကြေညာချက်တွေ ထုတ်ပြန်တဲ့အခါမှာ ဒါကို မမေ့ပါနဲ့”
Davos ကိုရောက်နေချိန်မှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
NOM
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
