uk
Feedback
NOM

NOM

Відкрити в Telegram

NOM Official Backup Channel - 2

Показати більше
М'янма38 251Категорія не вказана
201
Підписники
Немає даних24 години
-17 днів
-830 день
Архів дописів
NOM
201
အစ္စရေးမီဒီယာတွေရဲ့ မနေ့က ဖော်ပြချက်အရ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်နည်းပညာရှင် ၂ ဦးဟာ အီရန်အတွက် သူလျှိုလုပ်မှ
အစ္စရေးမီဒီယာတွေရဲ့ မနေ့က ဖော်ပြချက်အရ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်နည်းပညာရှင် ၂ ဦးဟာ အီရန်အတွက် သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ နိုင်ငံပိုင်ရုပ်သံ KAN က သံသယရှိသူတွေဟာ Tel Nof လေတပ်စခန်းမှာ F-15 နည်းပညာရှင်တွေအဖြစ် လုပ်ကိုင်နေတဲ့ လေတပ်အဖွဲ့ဝင်တွေလို့ ဆိုပါတယ်။ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲခံရဖွယ်ရှိနေပြီး ဒီလုပ်ရပ်တွေကို သိနေတဲ့ အခြားစစ်သား ၈ ဦးကိုလည်း သတင်းပေးပို့ဖို့ ပျက်ကွက်တာကြောင့် စုံစမ်းစစ်ဆေးနေပါတယ်။ သူတို့ ၂ ဦးဟာ လေယာဉ်အင်ဂျင်ပုံစံတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ လေယာဉ်မောင်းသင်တန်းဆရာတဦးရဲ့ ဓါတ်ပုံတွေကို ပေးပို့ကာ အမျိုးသားလုံခြုံရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ဟောင်း ဟာလီဗီတို့ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ News Of Myanmar NOM

NOM
201
နေတန်ယာဟုရဲ့ အီရန်ကို စစ်ရေးအရတိုက်ခိုက်မယ့် အကြံအစည်ကို ကန်သမ္မတဟောင်း ၃ ဦးက ငြင်းဆန်ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်က သဘောတူခဲ့တယ်လို
နေတန်ယာဟုရဲ့ အီရန်ကို စစ်ရေးအရတိုက်ခိုက်မယ့် အကြံအစည်ကို ကန်သမ္မတဟောင်း ၃ ဦးက ငြင်းဆန်ခဲ့ပေမယ့် ဒေါ်နယ်ထရမ့်က သဘောတူခဲ့တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်းတွေဖြစ်တဲ့ အိုဘားမား၊ ဂျော့ဘုရှ်နဲ့ ဂျိုးဘိုင်ဒင်တို့က ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ဂျွန်ကယ်ရီက ဆိုခဲ့ပြီး ဗီယက်နမ်၊ အီရတ်စစ်ပွဲတွေက သင်ခန်းစာတွေအရ ပြည်သူလူထုကို မလိမ်ညာသင့်ဘဲ သူတို့ရဲ့ သားသမီးတွေကို တိုက်ပွဲဆီ စေလွှတ်ဖို့ မတောင်းဆိုသင့်ဘူးလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စု
ဂျပန်မှာ တကိုယ်တည်းသမား (single) တွေကို dating apps တွေ အသုံးပြုမယ်ဆိုရင် ငွေကြေးပေးမယ်ဆိုပြီး ဆွဲဆောင်နေပါပြီ။ ကိုချီစီရင်စုမှာ မွေးဖွားနှုန်းကျဆင်းမှုကို တိုက်ဖျက်ဖို့အတွက် ကြိုးပမ်းနေရာမှာ ဒါကို နည်းလမ်းတခုအဖြစ် အသုံးပြုလာတာပါ။ အသက် ၂၀ ကနေ ၃၉ နှစ်ကြား ရှိသူတွေဟာ Tapple လိုမျိုး လူကြိုက်များတဲ့ app အပါအဝင် dating apps တွေ အသုံးပြုလို့ ကုန်ကျမယ့် ငွေကြေးကို ကာမိစေဖို့အတွက် တဦးကို ယန်း ၂ သောင်း (၁၂၅ ဒေါ်လာ) အထိ ရရှိကြမှာပါ။ ဒါကြောင့် dating apps တွေကို အသုံးပြုတဲ့အခါမှာ ငွေကြေးကုန်ကျမှာကို ပူစရာလိုမှာမဟုတ်တော့ပါဘူး။ ဒီအစီအစဉ်က အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို စစ်တမ်းကောက်ယူပြီး အကဲဖြတ်သွားမယ်လို့ စီရင်စုအရာရှိတွေက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
ထရမ့်ဟာ သူ့ရဲ့ Golden Dome အစီအစဉ်အတွက် $1,500,000,000,000 (ဒေါ်လာ ၁.၅ ထရီလီယံ) အထိ အသုံးပြုခွင့် တောင်းဆိုလိုက်ကြောင်း Washi
ထရမ့်ဟာ သူ့ရဲ့ Golden Dome အစီအစဉ်အတွက် $1,500,000,000,000 (ဒေါ်လာ ၁.၅ ထရီလီယံ) အထိ အသုံးပြုခွင့် တောင်းဆိုလိုက်ကြောင်း Washington Post က ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းဌာနရဲ့ အဆိုအရတော့ ဒီ ကြီးမားတဲ့ဥပဒေကြမ်းကို ကွန်ဂရက်က မီးစိမ်းပြဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ တကယ်လို့ ကွန်ဂရက် အတည်ပြုခဲ့မယ်ဆိုရင် Golden Fleet ရေတပ်တိုက်သင်္ဘောအသစ်နဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွေ အပါအဝင် ထရမ့်ရဲ့ စစ်ရေးအစီအစဉ် အများအပြားအတွက် ရန်ပုံငွေ အခိုင်အမာရရှိသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အေးတိုက်ပွဲနောက်ပိုင်း ပင်တဂွန်ရဲ့ အကြီးမားဆုံး စစ်ရေးရန်ပုံငွေတောင်းဆိုမှုလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
အီရန်စစ်ပွဲကြောင့် ကွန်ဒုံးတွေပါ စျေးတက်လာ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်လာမှုကြောင့် ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်သူ Karex
အီရန်စစ်ပွဲကြောင့် ကွန်ဒုံးတွေပါ စျေးတက်လာ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်လာမှုကြောင့် ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်သူ Karex က စျေးနှုန်းတွေကို သိသိသာသာ မြှင့်တင်မယ်လို့ ကြေညာခဲ့ပါတယ်။ မလေးရှားက Karex Bhd က ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု ကြာရှည်နေမယ်ဆိုရင် စျေးနှုန်းတွေကို ၂၀% ကနေ ၃၀% အထိ မြှင့်တင်ဖို့ စီစဉ်ထားတယ်လို့ မနေ့က ပြောဆိုခဲ့တာပါ။ ကုန်စည်ပို့ဆောင်ခမြင့်တက်လာသလို ပို့ဆောင်မှု နှောင့်နှေးတာကြောင့် ဖောက်သည်တွေဟာ ပုံမှန်ထက် သိုလှောင်မှု နည်းပါးလာပြီး ကွန်ဒုံးဝယ်လိုအား မြင့်တက်လာတာကို တွေ့မြင်ရတယ်လို့ Karex က ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။ “အခြေအနေက အရမ်းဆိုးရွားနေပြီး စျေးနှုန်းတွေက ကြီးလာတယ်၊ ကျနော်တို့မှာ အဲဒီကုန်ကျစရိတ်တွေကို ဖောက်သည်တွေဆီ လွှဲပြောင်းပေးဖို့ပဲ ရှိပါတယ်” CEO ဖြစ်သူ Goh က ဆိုပါတယ်။ Karex ဟာ နှစ်စဉ် ကွန်ဒုံး ၅ ဘီလျံကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
တရုတ်ကောလိပ်ကျောင်းသားတဦးဟာ South Dakota က လေတပ်စခန်းတခုနဲ့ ပြည်နယ်ပေါင်းစုံ ကားလမ်းခရီးစဉ်တခုအတွင်း ဓါတ်ပုံတွေကို တရားမဝင်ရိ
တရုတ်ကောလိပ်ကျောင်းသားတဦးဟာ South Dakota က လေတပ်စခန်းတခုနဲ့ ပြည်နယ်ပေါင်းစုံ ကားလမ်းခရီးစဉ်တခုအတွင်း ဓါတ်ပုံတွေကို တရားမဝင်ရိုက်ကူးမှုနဲ့ တရားစွဲခံလိုက်ရပါတယ်။ အသက် ၂၁ နှစ်အရွယ် Tianrui Liang ဟာ ဧပြီ ၇ ရက်နေ့က အမေရိကန်ကနေ ထွက်ခွာပြီး စကော့တလန်၊ ဂလက်စကိုဆီ ကျောင်းသွားတက်ဖို့ ကြိုးစားချိန် နယူးယောက်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ FBI က တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။ သူဟာ မတ်လနှောင်းပိုင်းက Offutt လေတပ်စခန်းက RC-135 ထောက်လှမ်းရေးလေယာဉ်နဲ့ E-4B တို့ရဲ့ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့တာကို ဝန်ခံခဲ့တယ်လို့ FBI က ဆိုပါတယ်။ Nightwatch လို့ လူသိများတဲ့ E-4B ဟာ အရေးပေါ်အခြေအနေတွေမှာ သမ္မတနဲ့ စစ်ဘက်အရာရှိတွေ လေကြောင်းကွပ်ကဲရေးဌာနအဖြစ် အသုံးပြုပါတယ်။ စုံစမ်းသူတွေက ကောင်းကင်ဓါတ်ပုံရိုက်တာက တရားဝင်ပေမယ့် မြေပြင်မှာ ရပ်နားထားတဲ့ လေယာဉ်တွေကို ရိုက်ကူးမှုက တရားမဝင်ဘူးလို့ Liang ကို ပြောဆိုခဲ့ပြီး Liang ကလည်း ကိုယ်ပိုင်စုဆောင်းမှုအတွက်သာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ၂၀၂၀ တုန်းက တရုတ်နိုင်ငံသား ၂ ဦး ဖလော်ရီဒါက ရေတပ်ရဲ့ လေတပ်စခန်းကို ဓါတ်ပုံရိုက်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံရဖူးပါတယ်။ News Of Myanmar NOM

NOM
201
ရုရှားနိုင်ငံ၊ Rostov-on-Don မြို့က ဆပ်ကပ်ပွဲတခုမှာ ကျားတကောင်က ပရိသတ်တွေဘက်ကို ခုန်တက်သွားလို့ အားလုံး ထိတ်လန့်ခဲ့ရပါတယ်။ ဘေးမှာ ကာရံထားတဲ့ လုံခြုံရေးပိုက်ကွန် ပြုတ်ကျသွားတဲ့အချိန်မှာ ကျားက ပရိသတ်ဘက်ကို ခုန်ဝင်သွားခဲ့တာပါ။ ဒါပေမယ့် ကျားကို လေ့ကျင့်ပေးသူက အချိန်မီပဲ ပြန်ခေါ်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာမရှိခဲ့ကြပါဘူး။ News Of Myanmar NOM

NOM
201
တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုမှာ အသက်ရှင်ကျန်ရစ်သူ တဦး ဝတ်ဆင်ခဲ့တဲ့ အသက်ကယ်အကျီကို ဗြိတိန်မှာ ဒေါ်လာ ၇ သိန်းကျော်နဲ့ ရောင်း
တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုမှာ အသက်ရှင်ကျန်ရစ်သူ တဦး ဝတ်ဆင်ခဲ့တဲ့ အသက်ကယ်အကျီကို ဗြိတိန်မှာ ဒေါ်လာ ၇ သိန်းကျော်နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ Money Boat လို့ လူသိများတဲ့ အသက်ကယ်လှေ နံပါတ် ၁ က ခရီးသည်တဦး ဝတ်ဆင်ခဲ့တာဖြစ်ပြီး ခရီးသည် ၁၂ ဦးသာ တင်ဆောင်နိုင်ခဲ့တဲ့ လှေဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
ဂျပန်မြောက်ပိုင်းမှာ မနေ့က အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ပိုမိုမြင့်မားတဲ့
ဂျပန်မြောက်ပိုင်းမှာ မနေ့က အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ပိုမိုမြင့်မားတဲ့ ငလျင်လှုပ်ခတ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ အထူးသတိပေးချက်ပါ ထုတ်ပြန်သွားခဲ့ပါတယ်။ ပြင်းအား ၇.၄ အဆင့်ရှိပြီး တိုကျိုက အဆောက်အအုံတွေတောင် လှုပ်ခါခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။ News Of Myanmar NOM

NOM
201
မက္ကဆီကိုစီးတီးရဲ့ မြောက်ဘက်က ရှေးဟောင်းသုတေသနနေရာတခုမှာ လက်နက်ကိုင်အမျိုးသားတဦးရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားတွေ ထိခိုက်ခဲ့ပြ
မက္ကဆီကိုစီးတီးရဲ့ မြောက်ဘက်က ရှေးဟောင်းသုတေသနနေရာတခုမှာ လက်နက်ကိုင်အမျိုးသားတဦးရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားတွေ ထိခိုက်ခဲ့ပြီး ကနေဒါခရီးသွားတဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကိုလံဘီယာ၊ ရုရှားနဲပ ကနေဒါနိုင်ငံသားတွေ ပါဝင်ပြီး ပိရမစ်တခုနားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
တနင်္ဂနွေနေ့က မလေးရှား ကမ်းရိုးတန်းမြို့ Sandakan က ရေပေါ်ရွာလေးတခုဖြစ်တဲ့ Kampung Bahagia မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ
တနင်္ဂနွေနေ့က မလေးရှား ကမ်းရိုးတန်းမြို့ Sandakan က ရေပေါ်ရွာလေးတခုဖြစ်တဲ့ Kampung Bahagia မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂၀၀ ရှိတဲ့အနက် ၁၀၀၀ ခန့်အထိ ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Bernama က ဖော်ပြခဲ့ပါတယ်။ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူပေါင်း ၉၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။ ရေနည်းပါးတဲ့အချိန်ဖြစ်တာကြောင့် မီးသတ်လုပ်ငန်းအတွက် ရေအလုံအလောက်ရရှိဖို့ ခက်ခဲခဲ့တယ်လို့ ဒေသ မီးသတ်ကယ်ဆယ်ရေးအကြီးအကဲက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တခုကလို့ သံသယရှိသူ ၁၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီနေ့ပြောဆိုခဲ့ပါတယ်။
အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တခုကလို့ သံသယရှိသူ ၁၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီနေ့ပြောဆိုခဲ့ပါတယ်။ စစ်တပ်ပိုင် အွန်လိုင်သတင်းပလက်ဖောင်း Kalinaw News က ဖော်ပြခဲ့တာဖြစ်ပြီး မနေ့က Negros Occidental ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါဒေသမှာ လက်ရှိလုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်စစ်တပ်ရဲ့ စစ်ဆင်ရေးတစိတ်တပိုင်းဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံသည် ၎င်း၏ ခုခံကာကွယ်ရေးစွမ်းရည်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်မဟုတ် ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ အီရန်နိုင်ငံအနေဖြင့် ဒုံးပျံအစီအစဉ် အပါအဝင် အလျှော့ပေးမှုများ ပြုလုပ်နိုင်ပါသလားဟူသော မေးခွန်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းအဆိုပြုချက်သည် ထူးဆန်းသည်ဟု ဖော်ပြခဲ့ပြီး၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ ခုခံကာကွယ်ရေးစွမ်းရည်နှင့် ပတ်သက်၍ မည်သည့်အခါမျှ ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
🇮🇷⚡️🇺🇸 လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် အီရန်နှင့် အမေရိကန် ကြားတစ်ဦးတည်းသော ကြားခံညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေသည်။ 🔹 စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြားရာတွင် အခြားနိုင်ငံများကလည်း ကူညီရန် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်ရှိတွင် ပါကစ္စတန်သည် ဤလုပ်ငန်းစဉ်ကို ဦးဆောင်နေသည့် တစ်ဦးတည်းသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ 🔹 လွန်ခဲ့သည့် လပိုင်းများနှင့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အမေရိကန်ပြည်ထောင်စုသည် သံတမန်ရေးရာ လုပ်ငန်းစဉ်အပေါ် သစ္စာဖောက်ဖျက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် ကြားခံညှိနှိုင်းပေးသည့် နိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသည်ဟု ၎င်းက ယူဆသည်။ 🔹 ထို့အပြင် ဤလုပ်ရပ်များသည် စေ့စပ်ညှိနှိုင်းပေးနေသည့် နိုင်ငံကိုသာမက ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရည်ရွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် အဖွဲ့အစည်းများကိုပါ ထိခိုက်နစ်နာစေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
"လက်ရှိအချိန်အထိ ကျွန်ုပ်တို့အနေဖြင့် နောက်တစ်ကျော့ ဆွေးနွေးပွဲများတွင် ပါဝင်ရန် အစီအစဉ်မရှိသေးပါ။ အမေရိကန်၏ အပြုအမူများသည် သံတမန်ရေးရာလုပ်ငန်းစဉ်ကို အလေးအနက်ထား လုပ်ဆောင်လိုသည့် အရိပ်အယောင် မပြသနေပါ။" နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ဒုတိယအကျော့ ဆွေးနွေးပွဲများအတွက် အတည်ပြုပြီးပြီလား၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့တွင် ကျင်းပမည့် အစည်းအဝေးအတွက် အစ္စလာမ္မာဘတ်မြို့သို့ သွားရောက်မည်ဆိုသော မီဒီယာသတင်းများကို အတည်ပြုနိုင်ပါသလား" ဟူသော သတင်းထောက်​၏ မေးခွန်းကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည် - "ကျွန်တော် အခုပြောနေတဲ့ အချိန်အထိတော့ နောက်တစ်ကျော့ ဆွေးနွေးပွဲအတွက် အစီအစဉ်မရှိသေးသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှလည်း မချရသေးပါဘူး။" "အမေရိကန်ပြည်ထောင်စုဟာ သံတမန်ရေးရာနဲ့ ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိတယ်လို့ အခိုင်အမာ ပြောဆိုနေပေမဲ့ တစ်ဖက်မှာလည်း သံတမန်ရေးရာလုပ်ငန်းစဉ်ကို အလေးအနက်ထား လုပ်ဆောင်လိုစိတ် မရှိကြောင်း ထင်ရှားစေတဲ့ လုပ်ရပ်တွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပါတယ်။" NOM

NOM
201
လက်ဘနွန်တောင်ပိုင်းက ရွာတရွာမှာ ယေရှုခရစ်တော် ရုပ်ထုကို အစ္စရေးစစ်သားတဦးက ရိုက်ခွဲနေတဲ့ ဗီဒီယို ပျံ့နှံ့လာပြီးနောက်မှာ အစ္စရေ
လက်ဘနွန်တောင်ပိုင်းက ရွာတရွာမှာ ယေရှုခရစ်တော် ရုပ်ထုကို အစ္စရေးစစ်သားတဦးက ရိုက်ခွဲနေတဲ့ ဗီဒီယို ပျံ့နှံ့လာပြီးနောက်မှာ အစ္စရေးစစ်တပ်က ဝန်ခံမှု ပြုလုပ်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ IDF က ပြောဆိုခဲ့ပေမယ့်လည်း ရှင်းလင်းတဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြု
အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြုမည်ဟု ခြိမ်းခြောက် — အမေရိကန်အရာရှိများက WSJ သို့ ပြောကြား အကယ်၍ အီရန်စစ်ပွဲကြောင့် ယူအေအီးနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းသည့် အကျပ်အတည်းများ ကြုံတွေ့လာရပါက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘဲဆင့်တ် Bessent နှင့် အပြန်အလှန် ငွေကြေးဖလှယ်မှု အစီအစဉ်ပြုလုပ်ရန် ယူအေအီး ဗဟိုဘဏ်ဥက္ကဋ္ဌက အကြံပြု တင်ပြခဲ့သည်။ ယူအေအီး အရာရှိများက အမေရိကန်သို့ ပြောကြားရာတွင်— အကယ်၍ ၎င်းတို့နိုင်ငံ၌ အမေရိကန်ဒေါ်လာ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက တရုတ်ယွမ်ငွေ ကို အသုံးပြုရန် ဖိအားပေးခံရနိုင်ကြောင်း (သို့မဟုတ် အသုံးပြုရန် အကြောင်းဖန်လာနိုင်ကြောင်း) သတိပေးခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း
အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားရန် မျှော်လင့်နေခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ဖိအားပေးမှုများ ဆက်လက်ရှိနေပါက ကုန်ကျစရိတ်များ မြင့်တက်လာလိမ့်မည်ဟုလည်း သတိပေးထားသည်။ တစ်ချိန်တည်းမှာပင် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ် ရေလက်ကြားတို့တွင် ရေကြောင်းသွားလာမှုများ ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ပေါ်နေပြီး ရေနံတင်သင်္ဘောများ သွားလာမှု သိသိသာသာ လျော့နည်းသွားကာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။ NOM

NOM
201
Repost from News Of Myanmar
Breaking 🚨 အီရန်နိုင်ငံ ခါတမ် အယ်လ်-အန်ဘီယာ Khatam al-Anbiya ဗဟိုဌာနချုပ်က အမေရိကန်ရဲ့အပစ်အခတ် ချိုးဖောက်မှုတွေအပေါ် တုံ့ပြန်သွားမယ်လို့ အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ် "ကျူးကျော်သူ အမေရိကန်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ပင်လယ်ဓားပြဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။ အိုမန်ပင်လယ်ပြင်အတွင်း သွားလာနေတဲ့ အီရန် ကုန်သွယ်ရေးသင်္ဘောတစ်စီးကို ပစ်ခတ်ခဲ့သလို၊ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်အချို့ဟာ သင်္ဘောပေါ် တက်ရောက်စီးနင်းပြီး သင်္ဘောရဲ့ လမ်းကြောင်းထိန်းချုပ်မှုစနစ်ကို နှောင့်ယှက်ဖျက်ဆီးကာ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့ပါတယ်။" "အမေရိကန်စစ်တပ်ရဲ့ ဒီလို လက်နက်ကိုင် ပင်လယ်ဓားပြဆန်တဲ့ ရာဇဝတ်မှုအပေါ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေက မကြာခင်မှာ ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီး သင့်တော်တဲ့ တုံ့ပြန်မှုတွေနဲ့အတူ အခြေအနေကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။" NOM

NOM
201
Repost from News Of Myanmar
ယူအေအီး (UAE) နိုင်ငံရဲ့ ထင်ရှားတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် "အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာ မဟာဗျ
ယူအေအီး (UAE) နိုင်ငံရဲ့ ထင်ရှားတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် "အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာ မဟာဗျူဟာမြောက် အင်အားစုတစ်ခု မဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပြီ ဖြစ်တာကြောင့် အဲဒီစခန်းတွေကို ပိတ်သိမ်းဖို့ စဉ်းစားရမယ့်အချိန် ရောက်ပြီ" NOM