NOM
Відкрити в Telegram
201
Підписники
Немає даних24 години
-17 днів
-830 день
Архів дописів
201
Repost from News Of Myanmar
🚨Breaking
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအမိုးပေါ်တွင် တပ်ဆင်ထားသော ရေဒါစနစ်တစ်ခုမှာ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားခဲ့သည်။
NOM
201
Repost from News Of Myanmar
🇮🇷 🤍 ခါ့ဂ် Kharg ကျွန်းအား အမေရိကန် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်၏ ထုတ်ပြန်ချက်
ဖားစ် Fars သတင်းဌာန၏ မြေပြင်သတင်းပေးပို့ချက်များအရ လွန်ခဲ့သော ၂ နာရီမှ ၃ နာရီခန့်က အမေရိကန်သည် ခါ့ဂ် Kharg ကျွန်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်းပေါ်တွင် ပေါက်ကွဲမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အမေရိကန်သည် အီရန်တပ်မတော်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဂျိုရှန် Joshan ရေတပ်စခန်း၊ လေဆိပ်ထိန်းချုပ်မျှော်စင်နှင့် အီရန်ပင်လယ်ပြင်ရေနံကုမ္ပဏီ (IOOC) ၏ ရဟတ်ယာဉ်ရုံတို့ကို ထိခိုက်ပျက်စီးအောင် ကြိုးပမ်းခဲ့သည်။
မြေပြင်အခြေအနေ လေ့လာချက်များအရ ကျွန်း၏နေရာအနှံ့အပြားတွင် မီးခိုးလုံးကြီးများ ထွက်ပေါ်နေသော်လည်း ဤတိုက်ခိုက်မှုကြောင့် ရေနံဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ကြောင်း သိရသည်။
မိမိတို့နိုင်ငံ၏ စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ဖြစ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို အီရန်က ကြိုတင်သတိပေးထားပြီး ဖြစ်သည်။ ထိုသို့တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ အကျိုးစီးပွားရှိရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများအားလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ဆိုထားသည်။
တိုက်ခိုက်မှုအပြီးတွင် သမ္မတ ထရမ့် က ခါ့ဂ် Kharg ကျွန်းရှိ စစ်ရေးပစ်မှတ်အားလုံးကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ကျွန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို "အပြီးတိုင် ဖျက်ဆီး" နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း တိုက်ခိုက်မှုဖြစ်ပွားပြီး ၁ နာရီအကြာတွင် ကျွန်းပေါ်၌ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရသဖြင့် အမေရိကန်၏ ပြောကြားချက်မှာ မဟုတ်မမှန်ကြောင်း သက်သေပြနေသည်။
ထို့အပြင် သမ္မတ ထရမ့် က အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်များကို အမြစ်ပြတ်ဖျက်ဆီးနိုင်ခဲ့ပြီဟု အကြိမ်ကြိမ် ပြောဆိုနေသော်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုမှာ ယခုအခါ ၄၈ ကြိမ်မြောက်အထိ ရှိလာပြီ ဖြစ်သည်။
NOM
201
Repost from News Of Myanmar
အမေရိကန်က အရှေ့အလယ်ပိုင်းသို့ နောက်ထပ် အင်အား ၅,၀၀၀ စေလွှမည်
အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန်အတွက် အမေရိကန် ရေတပ်စစ်သည်များနှင့် မရိန်းတပ်ဖွဲ့ဝင် (၅,၀၀၀) ခန့်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
NOM
201
Repost from News Of Myanmar
ဟစ်ဇ်ဘိုလာ Hezbollah အဖွဲ့ ပြန်လည်အင်အားကောင်းလာခြင်း
Institute for the Study of War (ISW) ၏ နောက်ဆုံးရရှိထားသော တိုက်ခိုက်မှုအချက်အလက်များအရ ဟစ်ဇ်ဘိုလာအဖွဲ့သည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အင်အားသိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။
ဟစ်ဇ်ဘိုလာအဖွဲ့ Hezbollah ဘက်မှ ရော့ကတ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို ပိုမိုတိုးမြှင့်အသုံးပြုလာခြင်းကြောင့် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေး အရင်းအမြစ်များကို ထိရောက်စွာ အားနည်းသွားစေသည်။
အစ္စရေးနိုင်ငံအနေဖြင့် တုံ့ပြန်တိုက်ခိုက်ရန် ပစ်မှတ်အသစ်များ အဆက်မပြတ်မရှိတော့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ စစ်ပွဲကာလကြာရှည်လာခြင်းသည် အီရန်နိုင်ငံအတွက် စစ်ဗျူဟာအရ ပိုမိုအသာစီးရစေမည် ဖြစ်သည်။
NOM
201
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီလေဆိပ်မှာ အမျိုးသားတဦးကို ခရီးဆောင်အိတ်အတွင်း ပုရွတ်ဆိတ်အကောင်ပေါင်း ၂၂၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အင်းဆက်တွေကို မှောင်ခိုတင်သွင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် Zhang Kequn ဆိုတဲ့ တရုတ်နိုင်ငံသားတဦးဖြစ်ကာ အင်္ဂါနေ့က ထွက်ခွာဖို့ ကြိုးစားချိန် ဖမ်းဆီးခံလိုက်ရတာပါ။
သူဟာ ပုရွတ်ဆိတ်ဘုရင်မကြီးတွေကိုပဲ ရွေးချယ်ကာ စုဆောင်းပြီး လေအဝင်အထွက်ရှိအောင် ဖန်တီးထားတဲ့ ဘူးအတွင်း ထည့်သွင်းသိမ်းဆည်းကာ ခိုးထုတ်ဖို့ အားထုတ်ခဲ့တာပါ။ ဒီ ပုရွတ်ဆိတ်ဘုရင်မကြီးတကောင်ဟာ ပုရွတ်ဆိတ်အင်ပါယာတခုကို တည်ထောင်နိုင်တဲ့ စွမ်းရည်သတ္တိမျိုးရှိပြီး စုဆောင်းသူတွေက တကောင်ကို ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အထိ ပေးချေကြတယ်လို့ သိရပါတယ်။
ဒါဟာ ဂေဟစနစ်ကိုပါ အကြီးအကျယ်ထိခိုက်စေနိုင်တာကြောင့် ကင်ညာက ထိထိရောက်ရောက် ကိုင်တွယ်နေတာလည်းဖြစ်ပါတယ်။ Zhang နဲ့အတူ ကြံရာပါ ၃ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ကင်ညာမှာ ၂ပတ်ကြာ နေထိုင်ကာ စုဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
အီရန်မြောက်အလယ်ပိုင်းက Qum မြို့မှာ Starlink ဂြိုလ်တုစက်တွေ ပိုင်ဆိုင်မှုအတွက် ၁၃ ဦးအထိကို ဖမ်းဆီးလိုက်ပါတယ်။ တော်လှန်ရေးအစောင့်တပ်က အဆိုပါလူတွေဟာ လုံခြုံရေးဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေပြီး Starlink ကို အသုံးပြုကာ လျှို့ဝှက်အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အီရန်မှာ အင်တာနက်သုံးစွဲမှုကိုလည်း လုံခြုံရေးအရ ကန့်သတ်ထားပြီး VPN အသုံးပြုကာ ကျော်ဖြတ်ကြည့်ရှုသူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ဘုရင်ကြီး ထရမ့်နှင့် ၎င်း၏စစ်ဝန်ကြီး ပိ(ထ်) ဟက်ဂ်ဆက်(သ်) တို့က အီရန်နိုင်ငံစစ်ရှုံးနေပြီဖြစ်ကြောင်း၊ မကြာမီလက်နက်ချတော့မည်ဖြစ်ကြောင်း ပြောကြားနေသော်လည်း ပြင်သစ်နှင့် အီတလီနိုင်ငံတို့သည် ၎င်းတို့၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံ၊ တီဟီရန်မြို့က အယ်ကွဒ်နေ့ (Quds Day) လူထုချီတက်ပွဲမှာ အီရန်တရားသူကြီးချုပ် မိုဆန်နီ အီဂျေအီ (Mohseni Ejei) ရုပ်သံအင်တာဗျူး ဖြေကြားနေတဲ့ နေရာကို အမေရိကန်နဲ့ အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးသာဆိုရင် နေတန်ယာဟုကတော့ ဘန်ကာထဲရောက်ဖို့ လူအုပ်ကြီးကို တက်နင်းပြီး ပြေးလွှားနေလောက်ပြီ။
NOM
201
Repost from News Of Myanmar
+1
အစ္စရေးနိုင်ငံတွင် ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထား
အစ္စရေးနိုင်ငံ၊ ဘတ်ရမ်း Bat Yam မြို့ရှိ အများပြည်သူသုံး ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင်ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထားကြောင်း အာဏာပိုင်များက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာ သတိပေးအချက်ပေးသံများ မြည်လာသည့်အချိန်တိုင်း အဆိုပါ ဗုံးခိုကျင်းတံခါးမှာ ထပ်ခါတလဲလဲ ပိတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် နိုင်ငံခြားသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသ၊ အာဘေးလ်ပြည်နယ်ရှိ ဘာဇာနီမိသားစု ပိုင်ဆိုင်သည့် လာနက်ဇ် Lanaaz ရေနံကုမ္ပဏီတွင် မီးလောင်မှုဖြစ်ပွားပြီး မီးခိုးလုံးများ အလိပ်လိုက် တက်နေသည်ကို တွေ့ရသည်။
အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လိုအပ်သော လောင်စာဆီ တစ်စိတ်တစ်ပိုင်းကို အဆိုပါ ရေနံချက်စက်ရုံမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
NOM
201
Repost from News Of Myanmar
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ က ဟော်မုဇ် ရေလက်ကြားရှိ မိုင်းများအား ဖယ်ရှားရှင်းလင်းရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံ၊ ဇာဇီယာမြို့သို့ နောက်ထပ် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့သည်။
အစ္စရေးသတင်းဌာနများ၏ အဆိုအရ အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူဦးရေမှာ ၆၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
NOM
201
ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးခဲ့တယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။ ကဘူးလ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ်တွေ ထိမှန်ခဲ့ကာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
ဟော်မုဒ်ရေလက်ကြားမှာ ထိုင်းရေနံတင်သင်္ဘောတစင်း တိုက်ခိုက်ခံရမှုအတွက် အီရန်ဘက်က တောင်းပန်မှု ပြုလုပ်ဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီးနောက် ရှင်းလင်းချက် အမြန်ဆုံး ပြောဆိုဖို့လည်း တောင်းဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အီရတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်ဒေသက တိုက်ခိုက်မှုတခုမှာ ပြင်သစ်စစ်သားတဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်သမ္မတမာခရွန်က အတည်ပြုလိုက်ပါတယ်။
ဒါဟာ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ပြင်သစ်စစ်သားတဦး ပထမဆုံးသေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။ အခြားစစ်သားအများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ မာခရွန်က X မှာ တင်ခဲ့ပြီး အီရန်လိုလားတဲ့ အီရတ်လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒေသတွင်းက ပြင်သစ်အကျိုးစီးပွားတွေဟာ ပစ်မှတ်တွေဖြစ်လာပြီလို့ သတိပေးဖူးတာ ရှိပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+3
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေးဗဟိုဌာနကို ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
NOM
201
Repost from News Of Myanmar
ဗာဂျီးနီးယားပြည်နယ်၊ Old Dominion တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီး Brandon Shah ဖြစ်သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် သံသယရှိသူအဖြစ် Mohamed Jalloh ကို ဖမ်းဆီးခဲ့သည်။
201
ကြာသပတေးနေ့ (ယမန်နေ့က) က မီချီဂန်မှာ ရှိတဲ့ ဂျူးဘုရားကျောင်းတခုအတွင်း သံသယရှိသူတဦးက ထရပ်ကားနဲ့ ဝင်ရောက်တိုက်ခဲ့ရာမှာ လုံခြုံရေးဝန်ထမ်းတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
ဒါဟာ အီရန်စစ်ပွဲစတင်ပြီးနောက် အမေရိကန်က ဂျူးနဲ့ မွတ်စလင်ဝတ်ပြုရာ နေရာတွေအနီးမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုက အကြီးဆုံး ဂျူးဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ Temple Israel မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာကို မီချီဂန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ထရပ်ကားနဲ့ ဝင်ရောက်တိုက်ခဲ့သူမှာ ရိုင်ဖယ်တလက်ရှိနေခဲ့တယ်လို့ CBS နဲ့ Reuters က ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သေနတ်ကိုင်ဆောင်ခြင်း ရှိ၊မရှိနဲ့ ပစ်ခတ်တိုက်ခိုက်မ့ လုပ်ခဲ့၊ မလုပ်ခဲ့ဆိုတာကို စုံစမ်းနေဆဲလို့ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အကျဉ်းကျခံနေရတဲ့ သမ္မတဟောင်း Jair Bolsonaro ဆီကို ထရမ့်အစိုးရအဖွဲ့က အရာရှိတဦးက လာရောက်လည်ပတ်ခွင့် တောင်းဆိုမှုကို ဘရာဇီးလ်တရားရုံးချုပ်တရားသူကြီး Alexandre de Moreaes က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ဘရာဇီးလ်နိုင်ငံနဲ့ပတ်သက်ပြီး အကြီးတန်းအကြံပေးအဖြစ် ထရမ့်က မကြာသေးခင်မှ ခန့်အပ်ခဲ့တဲ့ Darren Beattie က လာမယ့်အပတ်အတွင်း အကျဉ်းထောင်ဆီ လာရောက်လည်ပတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။ အင်္ဂါနေ့က အဆိုပါတောင်းဆိုချက်ကို ခွင့်ပြုခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ ဝင်ခွင့်ဗီဇာပေးဖို့ ကန်နိုင်ငံခြားရေးဌာနက ကိုးကားဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ငြင်းပယ်တာလို့ Moraes က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ဆော်ဒီရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုအား အီရန်ကတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် အမေရိကန်စစ်ဘက်ဆိုင်ရာအမှုထမ်း ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
NOM
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
