𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔
Відкрити в Telegram
ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာလေးမှာ နောက်တစ်ခါလောက်ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling
Показати більше236
Підписники
Немає даних24 години
Немає даних7 днів
-630 днів
Архів дописів
မွေးနေ့ဆုတောင်းကဗျာစာစဉ်ယနေ့ ၁၉ရက် ၆လ ၂၀၂၆တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၁နှစ်မြောက် မွေးနေ့ရက်မြတ်၌ ကျွန်ုပ်တို့ ကဗျာဗဟိုပြု စာပေကလပ်စည်းမှ မွေးနေ့ဆုတောင်းကဗျာများကို ကဗျာစာစဉ်အနေနှင့် တင်ပြပေးသွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမေစုအတွက် မွေးနေ့ဆုတောင်းပေးလိုသော ဆန္ဒရှိသူ မည်သူမဆို ပါဝင်နိုင်ကြောင်းပြောကြားရင်း အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှစ အသက်ရာကျော်ရှည်ပါစေ၊ အနာရောဂါကင်းဝေးပါစေ ဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ ကဗျာစာမူပိတ်သိမ်းချိန် - ယနေ့ည၉နာရီ ပေးပို့ရန် - @Alp_ll2010
တင့်တယ်လှစေ အမိသခင် အမိနိုင်ငံ၊ ရွှေရောင်ဟန်နှင့် ဂုဏ်ပန်လှရန်၊ ဒေါင်းသွေးထန်ကာ မွမ်းမံကြိုးစား၊ သူတို့တားမည် ခါးသီးအမှန်၊ လက်မခံလည်း တို့စံသခင်၊ ဤအရှင်အား ဘုရင်ကဲ့သို့၊ နှလုံးပို့မည် မြင့်မြတ်သည်ထက် တင့်စေသား။ -အံ့လွန်းပျို#poetry_series #A_poetryhub #literary_club
မွေးနေ့
' မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ '
ဒီစကားနဲ့ပဲ ကဗျာကိုဖွင့်ပါရစေ။
ဒီနှစ်တွေ အတွင်းမှာ..
မမြင်ရတဲ့ မျက်နှာလေးကို
မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
ထောင်ကို အိမ်လိုနေနေရသူအဖို့
ဘယ်လောက်ခက်ခဲမလဲ ဆိုတာ
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
မမြင်ရတာကြာပြီဖြစ်တဲ့
အပြုံးလေးနဲ့ နှင်းဆီပန်းလေးကိုလဲ
မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
ကံ့ကော်တွေတော့ နွမ်းပြီအမေ
အမေ့သားသမီးတွေလည်း
အမေ့ကို လွမ်းလှပြီ....
ရာသီစက်ဝန်းဟာ
မြန်ဆန်စွာပဲလည်ပတ်ရင်း
ငါးနှစ်ကျော်ခဲ့ပါပြီ အမေ....
အမေ မရှိတဲ့နေ့က
မနေ့တစ်နေ့ကလိုပါပဲ
သတိရစိတ်နဲ့ အားကိုးချင်စိတ်တို့ဟာ
တစ်ရက်ထက်တစ်ရက်တိုးပါတယ်
တစ်နှစ်ထက်တစ်နှစ်လဲ တိုးပါတယ်။
နှင်းဆီလို အမေ့အတွက်
သမီးတို့ ဆုတောင်းဟာ
ကံ့ကော်တွေဖြစ်မယ် အမေ။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
အိမ်ပြန်လမ်းအတွက်
ကံ့ကော်တွေပျိုးထားမယ်
နှင်းဆီနီနီတွေစိုက်ထားမယ်။
အပြုံးတွေအတွက် စောင့်နေမယ်
ရောင်နီတွေအတွက် စောင့်နေမယ်။
နှင်းဆီလို အမေ့အတွက်
သမီးတို့ ဆုတောင်းဟာ
ကံ့ကော်တွေဖြစ်မယ် အမေ။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ။
- လိပ်ပြာ
ကဗျာအမျိုးအစား - မော်ဒန်
ပန်းပေးတာ
အရှုံးပေးတာပဲတဲ့ အချစ်ရဲ့
ငါမင်းကို ပန်းခင်းကြီးတစ်ခင်းလုံး
အပိုင်ပေးထားပါတယ်။
- လိပ်ပြာ
ပန်းတစ်ပွင့်က အရှုံးတစ်ခုနဲ့
ညီမျှခဲ့ရင် ငါဟာ အရှုံးကို
လွယ်လွယ်နဲ့ ပေးတတ်တဲ့
လူညံ့မဟုတ်ဘူး။
မင်းကေသာထက်မှာတော့
ပန်းတွေဝေပါစေ ခင်...။
- အံ့လွန်းပျို
မင်းရဲ့မျက်မှန်ကိုင်းထက်၌
ငါ့ရဲ့အသက်ဝိညာဉ်
စွဲငြိကပ်တွယ်နေပါတယ်။
- ဒေါင်းနက်
လူ့လောကမှာနေတတ်ရင်
နေပျော်ပါတယ်။
ဖြစ်ချင်တာမှန်သမျှ
ဖြစ်မလာတာကစလို့
မင်းကို မပိုင်ဆိုင်ရတာအဆုံး
ကိုယ့်အတွက် ပျော်စရာပဲ။
-အံ့လွန်းပျို
နောက်ဆုံးမှာ
သိခဲ့ရတာက
ကိုယ်ဟာ
ပထမလူလဲမဖြစ်ခဲ့သလို
ဒုတိယလူလည်း မဟုတ်ခဲ့ပါဘူး
အရံလူတစ်ယောက်ပါ
မင်းအတွက်တော့ အရံလူပါ
လိုမှသုံးတဲ့ လိုသုံးပေါ့။
- လိပ်ပြာ
သင်ဟာ စာပေဝါသနာပါသူတစ်ယောက်လား...
ဒါဆို ကျွန်တော်တို့ရဲ့ အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါပြီ။ နေ့တိုင်း ကဗျာဆရာ/မကြီးများ၏ ကဗျာ/စာတို များကို ဖတ်ရှုခံစားရမှာဖြစ်သလို သင့်အတွက်အထူးအခွင့်ရေးတွေကလည်း ကျွန်တော်တို့ အဏ္ဏဝါဂယက်စာစောင်မှာရှိပါတယ်။
၁။ လစဉ် ထုတ်ဝေနေတဲ့ စာစောင်များမှာ ကလောင်ရှင်တို့အနေနဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေးတို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။
၂။ အဏ္ဏဝါဂယက်စာစောင်က ထုတ်လုပ်ဖြန့်ချီနေတဲ့ စာအုပ်တွေဟာ တစ်နေ့မှာ သင့်အတွက်ဖြစ်လာနိုင်ပါတယ်။
၃။ အဏ္ဏဝါဂယက်စာစောင်က စီစဉ်သည့် စကားဝိုင်းတွေကိုဖတ်ရှုရင်း သင်ဟာ တစ်နေ့ ဒီစကားဝိုင်းတွေမှာပါဝင်လာနိုင်ပါတယ်။
ဒါကြောင့် အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို Join ပေးထားကြပါ။
https://t.me/AnNaWarGaYat_sarsaungကဗျာ
အံ့ဩလွန်းလှ
သူ့ဘဝ
သူမှခုံမင် ကဗျာအင်။
စာပေရေးသား
ကဗျာများ
ဓားသွားထက်လျှင် ကလောင်ယဉ်။
မြတ်နိုးမိရာ
လူကိုသာ
ပေါင်းကာတွဲချင် သူ့စိတ်တွင်။
သူ့လက်ရာ၏
ကာရန်ထိ
အက်တိစာစဉ် ပြိုလဲသွင်။
လူတို့စိတ်ဓာတ်
မြင်ရလျက်
အခက်တွေ့ဉာဉ် ပျက်သုဉ်းနှင်။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
Repost from N/a
ဖြစ်လွယ်ပျက်လွယ်နေတဲ့
လောကထဲ ငါဟာမင်းအတွက်
တစ်ဘဝစာလူတဲ့လား ခင်။
မင်းရဲ့ ခဏတာတွယ်တာခြင်းမှာ
ငါက တစ်ဘဝစာနစ်နာပေးရဦးမယ်။
-အံ့လွန်းပျို
မေတ္တာဆိုတာ တကယ်မရှိဘူးလို့
ပြောခဲ့သူဟာ မေတ္တာမျှမယ်ကြံတော့
နောင်တသာရခဲ့ပါတယ် ။ ခိုလှုံစရာ
ရင်ခွင်မရှိတဲ့ညတွေမှာ
ကျွန်တော်ဟာ အသက်ကို
သိပ်သတိရတယ်။
-အံ့လွန်းပျို
အဝါရောင်ပန်းများ
အသက်ရေ...
မင်းဆိုတဲ့ရပ်ဝန်းကို
ကိုယ်တွေးလိုက်တိုင်းမှာ
အဝါရောင်တွေကိုမြင်ပါတယ်။
မင်းဟာ
ကိုယ့်အတွက်တော့
အဝါရောင်ပန်းလေး...
အဝါရောင်ချည်လုံးလေး...
အဝါရောင်အရုပ်ကလေး...
အဝါရောင်ဒိုင်ယာရီလေးပါ။
မင်းလေးရဲ့အပြုံးတွေဟာ
အဝါရောင်ပန်းတွေအလား
နူးညံ့တယ်.. သိမ်မွေ့တယ်။
မင်းကိုစတွေ့ထဲက
အဝါရောင်မိုးတွေ
ကိုယ့်ဆီရွာချတယ်။
မင်းဟာ
ကိုယ့်အတွက်တော့
အဝါရောင်ပန်းလေး...
အဝါရောင်ချည်လုံးလေး...
အဝါရောင်အရုပ်ကလေး...
အဝါရောင်ဒိုင်ယာရီလေး...
အဝါရောင်ဆုတံဆိပ်ကလေး...
ပျော်ရွှင်ခြင်းဟာ
အဝါရောင်တွေဆို
ဝမ်းနည်းခြင်းကိုလည်း
အဝါရောင်တွေခြယ်ပစ်မယ်။
အရာရာကို
အဝါတွေသုတ်သိမ်းလိုက်ရင်
မင်းကိုမြင်နေရသလို
ကိုယ်ခံစားလာရမယ်။
ကိုယ်ဟာအဝေးမှုန်
ဒါပေမဲ့ အဲ့ဒီနေ့ကအဝါရောင်
ဂါဝန်လေးနဲ့ မင်းရဲ့ကျောပြင်လေးကို
မျက်ရည်တွေကြားက
အသေချာကြီးကိုမြင်တွေ့ခဲ့ပါတယ်။
မင်းဟာ
ကိုယ့်အတွက်တော့
အဝါရောင်ပန်းကလေးပဲ။
- လိပ်ပြာ
၁၂ရက်၊ ၆လ၊ ၂၀၂၆
[ ၆နာရီ ၄၆မိနစ် ညနေ ]လောကတစ်နေ့တာ
မင်းလွင်မြူခိုး အာကာစိုး၌
အုပ်မိုးဖြန့်ကာ ဒေါင်းဖန်ဝါကို
ဖုံးကာကွယ်လည်း အစွမ်းနည်း၍
သူလည်းမသန် အချိန်တန်တော့
ဒေါင်းဖန်ဝန်းမှာ သူ့နေရာယူ
ရောင်ဝါကွန့်မြူး အရုဏ်ဦး။
သူရကံဆက် ဝေယံထက်ဝယ်
ဝင်းလျက်ထိန်သာ ရောင်ခြည်လွှာကို
ဖွင့်ကာဖြန့်ကျက် တစ်ပြိုင်နက်ဝယ်
တံလျှပ်တို့ထ ဟုန်းဟုန်းကြွလို့
မဟိီမြေမှာ မီးပမာလောင်
သာချည်းပူသည့် နေ့မွန်းတည့်။
မှောင်ရီတဝါး ညနေများ၌
ငှက်ကြားတို့သည် တေးများသီ၍
ပျံချီကြချိန် လေပြေငြိမ်၍
တိမ်ယံများသည် ပုစွန်ဆီသွေး
ပန်းချီသဖွယ် အလှကြွယ်လို့
နေစွယ်မာန်ကျိုး နေဝင်ရိုး။
သန်းခေါင်ယံည လွန်ဝင်းပသည့်
ငွေလမင်းသည် ဝင်းဝါထည်၍
ဆေးရည်မကုန် အလှစုံရာ
ဝိုးမှုန်တဝါး ကြယ်စုများလည်း
နဂါးငွေ့တန်း ဖြူရောင်ဆမ်း၌
သန်းခေါင်ယံည မှုန်ပြပြ။
အချိန်တန်တော့ အိမ်ပြန်ကြရသည်တကား။
-ဒေါင်းနက်
ကျေးလက်ညာချီ
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ။
ကျေးလက်အညာ၊ တောရွာဓလေ့
တွေ့ဖူးစရှင်။
မတွေ့ဖူးလို့ တွေ့ဖူးလိုလျှင်
ရွှေငင်စပါး၊ ပေါများစနှင့်
မြရည်သစ်ခက်၊ စိမ်းဖျတ်စနှင့်
စမ်းလှရွှင်အေး၊ ပြုံးဆေးစနှင့်
ချစ်ဖြင့်ဆင်မြန်း၊ ကျေးလက်ပန်းတည့်။
တောမူထုံးတမ်း၊ ကျေးသံလွမ်းခါ
နာဖူးစရှင်။
ကြားနာဖူးဖို့ နာဖူးလိုလျှင်
ရွက်ကိုကြွေချီ၊ ချွေးသီသီနှင့်
လေပြည်ဆောင်တိုင်၊ ရေအိုင်အိုင်နှင့်
ချမ်းလှိုင်ပြည့်ဝ၊ အေးမြမြနှင့်
နှစ်လရာသီ ပြောင်းလဲချည်တည့်။
ချစ်ညာဇာတ်လမ်း၊ ဝမ်းထက်မေတ္တာ
ရှာဖူးစရှင်။
မရှာဖူးလို့ ရှာတွေ့လိုလျှင်
မောင့်ရင်ချစ်ဦး၊ ခင်ပျိုထူးကို
ချစ်ရူးသူမှာ၊ မြေယာကွက်ငယ်
ယှက်နွားအိုနှင့်၊ ချစ်သူလင့်ဖို့
တောင်းလို့စမေး၊ နှင်ရသေးကို
မနှေးနှုတ်ချက်၊ တင်းကြောဆက်သည်
ကျေးလက်နံ့သင်းပါဘိလေး။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-အိုင်ချင်း
ကဗျာစာစဉ် (၂) - အက္ခရာများမည်သည့်ကလောင်ရှင်မဆို လွတ်လပ်စွာ ပါဝင်ရေးသားနိုင်တာကြောင့် ခံယူချက်မတူတဲ့ အက္ခရာကလောင်ရှင်တွေကို မျှော်လင့်လျက်ရှိပါတယ်။ စာဖတ်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်..။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၄ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါတယ်ခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club
ကဗျာဆရာ မဟုတ်တဲ့ ငါ
ကဗျာဆရာလို့
ဘယ်သူခေါင်းစဉ်တပ်
လိုက်သလဲ ငါမသိဘူး
ဒီနှစ်အတွင်းမှာတော့
ဆရာအခေါ်ခံရပေါင်းများပြီ
ဝေဖန်အကြံပြုချက်တွေများပြီ
ဖတ်ရတဲ့ကဗျာတွေများပြီ
ရေးရတဲ့ကဗျာတွေများပြီ
ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး
ကဗျာဆရာလို့
ဘယ်သူခေါင်းစဉ်တပ်
လိုက်သလဲ ငါမသိဘူး
တပည့်မရှိတဲ့ရပ်ဝန်းမှာ
ငါဆရာဖြစ်ခဲ့တာတော့
ငါသိတယ်
ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး
မြတ်နိုးတိုင်း ဆရာဖြစ်ရကြေးဆိုရင်
တပည့်မရှိတဲ့
တိုင်းပြည်ဖြစ်သွားလိမ့်မယ်
ဒါပေမဲ့ ငါကဗျာဆရာမဟုတ်ဘူး
ကဗျာဆရာဆိုတာ
ကိုယ့်ကိုယ်ကိုယ်ပေးရတဲ့ ဂုဏ်ပုဒ်လား
စာဖတ်သူကပေးရတဲ့ ဂုဏ်ပုဒ်လား
သေချာမသည်းကွဲတဲ့
လောကကြီးထဲလမ်းလျှောက်ရင်း
လမ်းပျောက်နေရတဲ့
သာမန်လူငယ်တစ်ယောက်ပါပဲ
ကဗျာရေးနေလို့
ကဗျာဆရာဖြစ်မသွားဘူး
ကာရန်လေးမတောက်တခေါက်နဲ့
ဂန္ထဝင်လောကထဲဝင်ချင်လို့မရဘူး
မော်ဒန်တွေဈေးကျသွားလိမ့်မယ်
မော်ဒန်ဈေးတက်အောင်
သတ်ပုံတွေလည်းမှားရေးမလာနဲ့ဦး
တလောကလုံး
ကဗျာဆရာတွေကြီးဖြစ်ကုန်မယ်
ကာရန်မမှန်ပဲ လင်္ကာစပ်မနေနဲ့ဦး
ဂန္ထဝင်လောကကြီးဈေးကျသွားဦးမယ်
၄-၃-၂လောက်နဲ့ ဂန္ထဝင်သမား
လာလုပ်မနေစမ်းပါနဲ့ကွာ
ဂန္ထဝင်လောကကြီးထကြွလာဦးမယ်
ချိမ့်လိုဖြစ်ချင်ရင်
ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်
ကူးမချနဲ့ ချိမ့်မဖြစ်ဘူး
ကဗျာရေးနေလို့
ကဗျာဆရာဖြစ်မသွားဘူး
မြတ်နိုးတိုင်း ဆရာဖြစ်ရကြေးဆိုရင်
တပည့်မရှိတဲ့
တိုင်းပြည်ဖြစ်သွားလိမ့်မယ်
မြန်မာစာလေးက
မတောက်တခေါက်နဲ့
စာပေသမားမဖြစ်ချင်စမ်းပါနဲ့
ဒီလောကကြီးက
အထင်နဲ့အမြင်ဟာတခြားစီပဲ
အချိန်တွေကိုမဖြုန်းပါနဲ့
ကဗျာဆရာမဟုတ်တဲ့
ငါ့ကိုဆရာမတင်ပါနဲ့
ကဗျာကိုမမြတ်နိုးတဲ့
မင်းတို့ကိုလဲ ငါ့တပည့်မလုပ်ခိုင်းဘူး
မြတ်နိုးတာနဲ့ ကြိုက်တာမတူဘူး
ခွဲခြားကြည့်လိုက်ပါဦး
ကဗျာဆရာတွေ
များတဲ့လောကကြီးထဲ
ကဗျာတွေဈေးကျနေတယ်ကွာ။
- လိပ်ပြာ
ဇွန်လ၊ ၁၂ရက်၊ ၂၀၂၆
[ ၇နာရီ ၃၃မိနစ် ည ]ဝဋ်ဆိုတာရှိနေဦးမှာပါ
လူတွေက သူတို့ဖြစ်မှ
ခံစားတတ်ကြတာ
နာတတ်ကြတာ
ခင်ဗျားလည်း တစ်နေ့
ကျွန်တော့်လိုမျိုး
တစ်စုံတစ်ယောက်အပေါ်
အရူးအမူးဖြစ်ဦးမှာပါ။
ကျွန်တော်စောင့်နေပါတယ်
အဲ့ဒီလူဆီကနေ
ခင်ဗျားငိုပြီးပြန်လာမဲ့
အချိန်ကို.....
-မြနန်းစံ
သို့သော် ချစ်ပါသည်
အလွမ်းမဲ့ညနက်တွေဟာ
ငါ့ဘဝထဲ မင်းရောက်လာတည်းက
ကွယ်ပျောက်ခဲ့ပြီးပြီ။နေ့တွေလတွေ
အရာရာမတည်မြဲတဲ့ လောကကြီးမှာ
ငါတို့ဟာ အခိုင်မြဲဆုံးအပ်ချည်လေးပေါ့။
မင်းငိုတဲ့အခါ ငါနှစ်သိမ့်ပါမယ်။
မင်းဝမ်းနည်းတဲ့အခါ ပုခုံးထိုးပေးပြီး
ငါပင်ပန်းတဲ့အခါမှာတော့ မင်းက
ခပ်ပြုံးပြုံးလေးသာနေပေးပါ။
မချစ်ဖူးသူမှာ ချစ်တတ်လာတော့
တီတီတာတာ ချစ်စကားတွေကအစ
ရင်ခုန်စရာ အခိုက်အတန့်လေးတွေအဆုံး
ဒီအမှတ်တရတွေဟာ ငါ့နှလုံးသားမှာ
ရောင်ပြန်ဟပ်ပါတယ်...။
ငါတို့ချစ်ခဲ့တာလဲ ကြာရောပေါ့။
သစ္စာတရားအကြောင်းပြောတဲ့အခါ
သက်မဲ့ပြက္ခဒိန်ပေါ်ကခုနှစ်တွေအစား
ခန္ဓာချင်းဝေးလဲ လက်တွဲမဖြုတ်တဲ့
ငါတို့ လက်တစ်စုံကိုသာ ပြချင်ပါတယ်။
မင်းဟာ ငါမပိုင်ခဲ့တဲ့နေမင်းကြီး
မဟုတ်သလို ငါဟာလဲ
မင်းလက်လွှတ်ခဲ့ရတဲ့ နေကြာလေး
ဖြစ်မနေပါဘူး။ မင်းရှိရာကို ဦးမော့လို့
မင်းရှိရာအရပ်မှာ ငါ့နှလုံးသားကို
ပေးဆပ်ထားပါတယ်...
မင်းယူသွားပါ အချစ်ရေ။
သွေးထွက်မှ နာတာမဟုတ်ပါဘူး။
တချို့အတွင်းဒဏ်ရာတွေက
သွေးမထွက်ပေမဲ့ ပိုနာကျင်ရတယ်။
အဲ့ဒီ့နေ့က မင်းမျက်နှာလေးညှိုးနေတယ်...။
မင်းက သိပ်အတွေးလွန်တာပဲ။
အနက်မရှိဒြပ်မရှိ အတွေးလှိုင်းတွေကြား
ငေးကြည့်ခွင့်ရရုံနဲ့ မင်းကို
ငါဘယ်လိုများပြောပြရပါ့မလဲ။
နစ်လေ မြုပ်လေပါပဲလား။
ဒီအချစ်ချောက်နက်ကြီးထဲ
ခေါ်သွားသူဟာ မင်းဖြစ်ပြီး
ရုန်းမထွက်နိုင်သူကတော့
ငါဖြစ်ခဲ့ပုံပဲ။ မင်းကိုချစ်ခဲ့ဖူးသူရဲ့
အတိတ်မှာ အဲ့ဒီ့မျက်ဝန်းတွေက
သုခပါကွယ်...။
-အံ့လွန်းပျို
ကဗျာဆရာ
ကဗျာဆရာတဲ့
သူ့ကိုယ်သူတော့
ကဗျာဆရာပါပေါ့လေ
စကားအပြောကောင်းပြီး
စာလေးကလည်းစီတတ်
မြန်မာစာလေးကလည်းတော်
ကာရန်လေးကမတောက်တခေါက်နဲ့
ဝတ္ထုတို... ဝတ္ထုတိုဆိုပြီးလည်း
အချစ်အကြောင်းတွေက
ရေးလာသေးတယ်
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ချိမ့်ကဗျာလေးဖတ်လိုက်
ကဗျာရေးနည်းလေးပြေးကြည့်လိုက်နဲ့
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ကာရန်ကြတော့ ၄-၃-၂ကမတက်ဘူး
မော်ဒန်ရေးရင်လည်း အချစ်ရေးက
မထွက်တဲ့ကောင်က
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ကဗျာဆရာနာမည်နဲ့ မျက်နှာတောင်
တွဲမမှတ်မိတဲ့ကောင်က
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
တိုတိုထွာထွာလေးတွေရေးပြီး
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
သတ်ပုံတောင်ကိုယ့်ဘာသာ
စစ်ရမှာပျင်းတဲ့ကောင်က
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
နူးနူးညံ့ညံ့လေးရေးတတ်
ချစ်ကြောင်းကြိုက်ကြောင်းလေး
လှအောင်စီတတ်လာတော့
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ရယ်ရပါတယ်...
ကဗျာဆရာတွေများတဲ့လောကကြီးက
ဆရာတွေ... ဆရာတွေ...
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ဆရာတွေ... ဆရာမတွေ...
တပည့်မရှိတဲ့လောကကြီးမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ကျောင်းစာကြတော့သေချာမလုပ်ချင်
ကဗျာပဲစပ်ချင်နေတဲ့ကောင်က
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ဆရာတွေ... ဆရာမတွေ...
တပည့်မရှိတဲ့လောကကြီးမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
အမှောင်ဖုံးနေတဲ့အဝန်းဝိုင်းထဲမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
စိတ်တူကိုယ်တူရှိတဲ့အဝန်းဝိုင်းထဲမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
အေးချမ်းမှုနည်းတဲ့အဝန်းဝိုင်းထဲမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
စိတ်ညစ်စရာတွေများတဲ့အဝန်းဝိုင်းထဲမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ဆရာတွေ... ဆရာမတွေ...
တပည့်မရှိတဲ့လောကကြီးမှာ
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့
ရယ်ရပါတယ်
အားရပါးရရယ်ချလိုက်ရင်း
သူ့ကိုယ်သူတော့ကဗျာဆရာတဲ့။
- လိပ်ပြာ
၁၁ရက်၊ ၆လ၊ ၂၀၂၆
[ ၉နာရီ ၂၅မိနစ် မနက် ]
ကျွန်တော်ခင်ဗျားကို မချစ်ဘူး
ကမ္ဘာကြီးရဲ့ မတူညီတဲ့
အပိုင်းခြားက ကျွန်တော်တို့
၂ယောက်ဟာ အချိန်တွေ
လွဲခဲ့ကြတယ် ထင်တယ်။
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
မထင်မှတ်ထားပဲ ဆုံတွေ့ခဲ့ပြီး
မထင်မှတ်ထားပဲ...
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
ကျွန်တော်တို့ မချစ်ခဲ့ကြပါဘူး။
မချစ်ခဲ့ဖူးဘူး...
မတွေ့ခဲ့ဖူးဘူး...
အတူတူမရယ်မောခဲ့ကြဘူး...
အိပ်မက်တွေပါ.. အိပ်မက်...
တကယ် မဟုတ်ခဲ့ဘူးလို့
မှတ်ပေးလိုက်ပါ... မှတ်လိုက်ပါ
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
နေဝင်ချိန်နဲ့ နေထွက်ချိန် မတူဘူး
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
အိပ်မက်လေးတစ်ခုပမာ
အိပ်မက်လေးတစ်ခုသာသာ
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
ကျွန်တော်တို့ တွေ့လိုက်တိုင်း
အတူတူမရယ်မောခဲ့ကြဘူး
စကားကောင်းကောင်းမပြောခဲ့ကြဘူး
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
အချိန်တွေလွဲကောင်း
လွဲသွားပါလိမ့်မယ်
အချစ်တွေကတော့
တကယ်မစစ်ခဲ့ကြပါဘူး
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
မမုန်းပေမဲ့ မချစ်ပါဘူး
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
မာနကြီးတဲ့မိန်းမ.. အတ္တတွေနဲ့မိန်းမ
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
မာနတွေကြောင့်...
မာနတွေကြောင့်...
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
ချစ်တယ်လို့ မပြောမချင်း
Relationship မဟုတ်ပါဘူး
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
အချစ်တွေကတော့
တကယ်မစစ်ခဲ့ကြပါဘူး
မာနတွေ... အတ္တတွေ...
ကျွန်တော်ခင်ဗျားကို မချစ်ဘူး။
- လိပ်ပြာ
၁၀ရက်၊ ၆လ၊ ၂၀၂၆
[ ၁၁နာရီ ၂၁မိနစ် ည ]အသားညိုညိုနဲ့
အပြောချိုသူလေးရယ်
မင်းပြောဖူးတဲ့ အပိုစကားတွေ
ငါ့ရင်ထဲ စွဲနေတုန်း...။
-အံ့လွန်းပျို
ကဗျာဆရာအသည်းကွဲနေသည်
ကဗျာဆရာအသည်းကွဲနေသည်
အရက်နှင့်ကုမရ ဆေးလိပ်နှင့်ကုမရ
ကဗျာနှင့်ကုမှသာ သက်သာမည်
ကဗျာဆရာအသည်းကွဲနေသည်
ကဗျာနှင့်ကုမှသာ သက်သာမည်
ကဗျာနှင့်ကုမှသာ သက်သာမည်
ကဗျာနှင့်ကုမှသာ သက်သာမည်
ကဗျာနှင့်ကုမှသာ သက်သာမည်
ကဗျာဆရာအသည်းကွဲနေသည်
မျက်ဝန်းညိုညို မျက်ခုံးထူထူ
ဆံနွယ်ရှည်ရှည် အရပ်မြင့်မြင့်
ထိုမိန်းကလေးသိပ်ကိုလှသည်
ကဗျာဆရာအသည်းကွဲနေသည်
နှလုံးအထူးကုလဲ မကုနိုင်
မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည်
ကဗျာဆရာအသည်းကွဲနေသည်
မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည်
မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည်
မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည်
နာမည်... လိပ်စာ...
အသက်... ဖုန်းနံပါတ်...
ကျွန်တော်မသိ
ကဗျာဆရာအသည်းကွဲနေသည်
မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည်
ကဗျာရေးမရ စာဖတ်မရ
ကဗျာဆရာအသည်းကွဲနေသည်။
- လိပ်ပြာ
ဇွန်လ၊ ၈ရက်၊ ၂၀၂၆
[ ၁၁နာရီ ၃၃မိနစ် ည ]
