EIO
Відкрити в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Показати більше1 055
Підписники
-124 години
Немає даних7 днів
+630 днів
Архів дописів
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 6:23AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 6:23AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 6:20AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 6:20AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 055
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 055
⚜️ #EIO_Update_News
မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်မှ စခအိမ်စီးကားများသည် နတ်လူထိပ်ပန်မှ မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 22, 5:25PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်မှ စခအိမ်စီးကားများသည် နတ်လူထိပ်ပန်ဘက်သို့ လှည့်ပတ်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 22, 5:17PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(10)စီးသည် ချောင်းဦးမြို့ အနော်ရထာခန်းမတွင်ရပ်ထားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 22, 1:50PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(10)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲရွာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 22, 1:26AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
🚨 မုံရွာတောင်-ချောင်းဦး လမ်းပိုင်း ⚠️
(မုံရွာတောင် - ချောင်းဦး) မုံမန်းလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာ ဝပ်ကျင်းအသီးသီးမှ ပုံမှန်ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေခြင်း၊ အိမ်စီးကားများဖြင့် ခြေရှုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် အလုပ်သွား၊အလုပ်ပြန်များ အထူးဂရုစိုက်ကြပါ။ မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ စခ၊ပခများ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမခံရစေရန် မိမိဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin_Team
#Eagle_Information_Operator
@EIO2021_bot | @EagleInformationOperator_bot
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 055
⚜️ #EIO_Update_News
မုံရွာတောင်မှ လာသော စခအိမ်စီးကားများယာဥ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်ဖြတ်၍ မုံရွာမြို့ထဲသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 22, 11:016AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
Repost from EIO
🚨အရေးကြီးသတိပေးချက် 🚨
📌တယ်လီဂရမ်အသုံးပြုသူများ လုံခြုံရေး အထူးသတိပြုရန်-
လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (Spies/Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ချန်နယ်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်နေပါသည်။
"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-
🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(2)စီး၊ဒိုင်နာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲရွာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 22, 11:00AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
စားချင်သလို စားတယ်။ အိပ်ချင်တဲ့အချိန်မှ အိပ်တယ်။ အရက်တွေသောက်တယ်။ မူးပြီး ကားမောင်းတယ်။ ကွမ်းတွေစားတယ်။ ဖြစ်သလို နေတဲ့ဘဝကတော့ နေသလို ဖြစ်လာမှာပဲပေါ့။
🔳 စည်းကမ်းဟာ အလုပ်ပြီးမြောက်မှု (Productivity) အတွက်လည်း သိပ်အရေးပါတယ်။ ကျွန်တော်ဆို ဒီနှစ် ၂၀၂၃ ကစပြီး အင်္ဂါ၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ဆောင်းပါးတစ်ပုဒ် မဖြစ်မနေ ရေးမယ်လို့ စည်းကမ်းလုပ်ထားတယ်။ စိတ်မပါလည်း စားပွဲမှာထိုင်ချ။ ရေးဖို့ မု(ဒ်) သိပ်မဝင်သေးလည်း စိတ်ထဲပေါ်တာ အကုန်ချရေး။ ရေးစရာ ခေါင်းထဲမစဉ်းစားမိရင် ကုန်ကြမ်းအနေနဲ့ သိမ်းထားတဲ့ ဖိုင်အဟောင်းတွေထဲ လိုက်ရှာဖတ်။ အဲဒီအခါ ဦးနှောက်ကရော၊ စိတ်ဆန္ဒပါ အလုပ်လုပ်လာပြီး စာလည်း ရေးဖြစ်သွားရော။
စိတ်ပါမှသာ ရေးမယ်ဆိုရင် ခုလောက်အပုဒ်ရေများများ ရေးဖြစ်မှာ မဟုတ်ဘူး။ ပါပါ မပါပါ ရေးကိုရေးရမယ်လို့ စည်းကမ်းလုပ်ထားလိုက်မှ အဆင်ပြေသွားတာ။ မဟုတ်ရင် လေလွင့်နေတော့တာပဲ။
🔳 ကြိုက်တဲ့ အထက်လူကြီးတစ်ယောက်ယောက်ကို မေးကြည့်လိုက်။ သူတို့အောက်က ဝန်ထမ်းတွေဆီကနေ အလိုချင်ဆုံး အရည်အသွေးက ဘာလဲဆို “စည်းကမ်း” လို့ တော်တော်များများ ဖြေကြလိမ့်မယ်။
ရုံးချိန်ဆို ဘယ်တော့မှ နောက်မကျဘူး။ ကျမယ်ဆိုလည်း အကြောင်းကြားတယ်။ အလုပ်လုပ်ရင် အသေးစိတ်ကလေးတွေကအစ ဂရုစိုက်တယ်။ နောက်ကနေ လိုက်တွန်းနေစရာ မလိုဘူး။ သတိပေးနေစရာ မလိုဘူး။ သူ့အသိစိတ်နဲ့သူ လုပ်တယ်။ ဒီလိုလူငယ်ကို ဘယ်သူမဆို သဘောကျတာပဲ။ ဘယ်သူမဆို သင်ပေးချင်တာပဲ။ လက်တွဲခေါ်ချင်တာပဲ။ ဒါ့အပြင် စည်းကမ်းဟာ အလုပ်ပေါ်ထားတဲ့ ကိုယ့်စေတနာကိုလည်း ဖော်ပြရာရောက်ပါတယ်။
🔳 နောက်ဆုံးတစ်ချက်ကတော့ ငွေရေးကြေးရေး။ အထွေအထူးတောင် ပြောနေစရာ မလိုဘူး ထင်ပါတယ်။ ဝင်ငွေထက် ထွက်ငွေပိုများနေမယ်။ မြင်မြင်သမျှ အကုန်ဝယ်ချင်၊ လိုချင်နေမယ်။ လောင်းကစားတွေ လုပ်မယ်။ တစ်လအသုံးစရိတ် ဘယ်လောက်မှန်းမသိ၊ ဘယ်သူ့ကို ဘယ်လောက်ချေးထားပြီး ဘယ်သူက ပြန်ပေးပြီးလား မပေးပြီးလားလည်း မသိ ဖြစ်နေရင်တော့ ငွေကြေးပိုင်းမှာ အဆင်ပြေနေဖို့ မလွယ်ပါဘူး။
🔳 Self-discipline ဆိုတဲ့ ကိုယ်ပိုင်စည်းကမ်းကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြသလဲ ဆိုရင် -
“Taking action in spite of how you feel.”
ကိုယ့်ခံစားချက်က ဘယ်လိုကြီးပဲ ဖြစ်နေပါစေ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေခြင်းဟာ ကိုယ်ပိုင်စည်းကမ်းပဲတဲ့။ အတော်လေး သဘောကျမိတယ်။
🔳 မကြာခဏလည်း ရေးဖူးပါတယ်။ ကျွန်တော်တို့ ဘဝတွေကို အလေ့အကျင့်တွေနဲ့ တည်ဆောက်ထားတာပါ။
တစ်ကြိမ်တစ်ခါလောက် လုပ်တဲ့ အပြုအမူတွေကြောင့် ရလဒ်ထွက်လာတာ ရှားပါတယ်။ အကြိမ်ကြိမ် အထပ်ထပ် လုပ်နေတာတွေကြောင့်သာ ဖြစ်လာတာတွေချည်းပါပဲ။
တစ်ညလောက် မအိပ်ခင် သွားတိုက်လိုက်လို့ ခံတွင်းသန့်ရှင်းသွားတာ မဟုတ်ဘူး။ အခုစားလိုက်တဲ့ ဆီကြော်ကြောင့် ဝနေတာ မဟုတ်ဘူး။ အခုသောက်လိုက်တဲ့ အရက်တစ်ပက်ကြောင့် အသည်းပျက်သွားတာ မဟုတ်ဘူး။
တောက်လျှောက်လုပ်ခဲ့တာတွေကြောင့်သာ ဖြစ်တယ်။ ဒီတော့ ကိုယ့်ဘ၀ မြင့်မားချင်ရင်၊ ပျော်ရွှင်ချင်ရင်၊ အဆင်ပြေချင်ရင် အလေ့အကျင့်ကောင်းတွေ တည်ဆောက်ဖို့ လိုတယ်။ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့ လိုတယ်။
ဒီအတွက် ကိုယ်ပိုင်စည်းကမ်းဟာ သိပ်အရေးကြီးတာပါ။
🔳 စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ မလုပ်ရမှာကို မလုပ်ဘဲ နေနိုင်ဖို့နဲ့ လုပ်ရမှာတွေကို လုပ်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားထားဖို့ လိုအပ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၈.၂၀၂၂
#Old_Memories
1 055
“လုပ်သမျှကိစ္စတိုင်းမှာ စည်းကမ်းရှိဖို့”
🔳 ဆရာတော် ဦးဇောတိကရဲ့ မင်္ဂလာတရားတော် စာအုပ်ဟာ ကျွန်တော် မကြာခဏ ပြန်ပြန်ဖတ်လေ့ရှိတဲ့ စာအုပ်ဖြစ်ပါတယ်။
မင်္ဂလာဆိုတာကို အောင်မြင်ဖို့၊ ကြီးပွားဖို့၊ တိုးတက်ဖို့ရာအကြောင်းလို့ အဓိပ္ပါယ်ဖွင့်တယ်။ ဒါကြောင့် မင်္ဂလသုတ်သည်လည်း မေတ္တသုတ်လိုပဲ၊ ရွတ်ရတာ မဟုတ်ဘူး၊ လက်တွေ့ကျင့်ကြံရတာ ဖြစ်ပါတယ်။
၃၈ ဖြာမင်္ဂလာ ဆိုပြီး ကလေးဘဝကတည်းက ကျွန်တော်တို့ ကြားဖူး၊ ရွတ်ဆိုဖူးကြတာပါပဲ။ သို့သော်လည်း လက်တွေ့ဘဝထဲ စိမ့်ဝင်နေမှုကတော့ လိုအပ်နေသေးတယ် ပြောရမယ်။
🔳 အခု အဲဒီထဲက စည်းကမ်းနဲ့ ပတ်သက်တဲ့တစ်ချက်ကို ပြောချင်ပါတယ်။
ပါဠိလိုတော့ “ဝိနယော စ သုသိက္ခိတော”
သူ့အဓိပ္ပါယ်က ကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာခြင်း၊ လုပ်သမျှကိစ္စတိုင်းမှာ စည်းကမ်းရှိခြင်းဟာ မင်္ဂလာတစ်ပါးပဲတဲ့။
ဘာလုပ်လုပ် စည်းစနစ်တကျ လုပ်တတ်တယ်၊ စည်းကမ်းရှိတယ်ဆို အဲဒါ အောင်မြင်ကြီးပွားဖို့ရာ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။
🔳 ငယ်ငယ်ကတည်းက မိဘတွေကလည်း ဆုံးမကြတယ်။ စည်းကမ်းဆိုတာ လူ့တန်ဖိုးပဲတဲ့။ ကိုယ့်အိပ်ရာ ကိုယ်သိမ်းရမယ်။ ပစ္စည်းတစ်ခုကို ယူပြီးရင် ယူတဲ့နေရာမှာ ပြန်ထားရမယ်။ ဖိနပ်ကို ဘယ်လိုချွတ်ရမယ်၊ အစားစားရင် ဘယ်လိုစားရမယ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ရမယ်၊ စာအုပ်တွေကို ဘယ်လိုသပ်သပ်ရပ်ရပ် ကိုင်ရမယ် စသဖြင့် စည်းကမ်းတွေမှ အများကြီး ရှိပါတယ်။
ကလေးအရွယ်တုန်းကတော့ စိတ်ညစ်တာပေါ့။ ကြီးလာတော့မှ ဒီအကျိုးကျေးဇူးကို ခံစားရတယ်။
🔳 ပထမဆုံးတစ်ချက် ပြောပါဆို First impression ပဲ။ လောကကြီးထဲ ကျင်လည်တဲ့အခါ အဲဒီအချက်ဟာ သိပ်အရေးပါတယ်။
မှန်တယ်။ ဖန်ခွက်တစ်ခွက်ရဲ့ အပြင်မှာ ခြယ်သထားတာကိုပဲ ကြည့်ပြီး အထဲမှာ ဘာပါသလဲ ဆုံးဖြတ်လို့ မရဘူး။ ဒါပေမဲ့ ဖန်ခွက်ရဲ့ အပြင်က ညစ်ပတ်နေရင်လည်း အထဲက ရေကို ဘယ်သူကမှ သန့်တယ် မထင်တော့ဘူး။ မသောက်ချင်တော့ဘူး။ ကိုယ့်ဟာကိုယ်လည်း စဉ်းစားကြည့်ပေါ့။ ကိုယ့်ကို လာတိုက်တဲ့ ခွက်ကြီးက ညစ်ပတ်နေတယ်ဆို အထဲက ရေကို သောက်ချင်သေးလို့လား။
ပြောချင်တာက ရေသန့်မသန့် သိတာသည် နောက်ကိစ္စ။ ဖန်ခွက်အခြေအနေကိုက အရင်မြင်တာ။ ဒီအပေါ်မှာ မူတည်ပြီးပဲ အကဲဖြတ်ကြတာပဲ။
🔳 First Impression ကောင်းဖို့မှာ လိုအပ်တာတွေ အများကြီးရှိတဲ့အထဲက စည်းကမ်းရှိခြင်းဟာလည်း ထိပ်ပိုင်းနားလောက်က ပါဝင်တယ်။
ချိန်းထားတဲ့နေရာကို အချိန်တိတိကျကျ သွားမယ်။ သပ်သပ်ရပ်ရပ် ဝတ်စားသွားမယ်။ လိုအပ်တဲ့ စာရွက်စာတမ်း၊ ပစ္စည်းပစ္စယတွေ ပါအောင် ယူလာမယ်။ အစားစားရင်လည်း စမတ်ကျကျ။ Power Point ပဲ ပြပြ၊ စာရင်းစာရွက်ပဲ ပြပြ အကုန်လုံးက သေသေသပ်သပ်။ ဒါတွေဟာ စည်းကမ်းရှိသူတွေမှာမှ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဖြစ်တယ်။ အဲဒီမှာတင် တစ်ဖက်လူဆီက အထင်ကြီး လေးစားမှုကို မလိုချင်ရင်တောင် ရနေပြီ။
🔳 စည်းကမ်းနဲ့ ပတ်သက်လာရင် ဂျပန်တွေက ကမ္ဘာမှာပါ စံထားရလောက်တယ်။ ဒီမှာ လာဖွင့်တဲ့ ကျောင်းတချို့၊ ကုမ္ပဏီတချို့နဲ့ အလုပ်တွဲလုပ်ဖူးတော့ အတော်လေး သိတယ်။ ရုံးထဲဝင်သွားရင် ဖိနပ်ချွတ်တာကအစ စည်းကမ်းတကျ။ အလုပ်လုပ်တဲ့အပိုင်းတွေကတော့ ပြောမနေပါနဲ့တော့။ စိတ်ရှုပ်စရာ၊ ဖိစီးစရာလို ဖြစ်ခဲ့ပေမဲ့ သူတို့အားဖြင့် ကိုယ့်မှာ ပြင်ဆင်သင့်တာတွေကို သတိထားမိသွားစေတယ်။
မြန်မာတွေကတော့ ဆန်ရင်းနာနာဖွပ်ရရင် စည်းကမ်းပိုင်း အတော်အားနည်းတယ်။ တိုက်ခန်း လှေကားထောင့်တွေမှာ ကွမ်းတံတွေး ထွေးထားတာကစလို့ ကြုံသလို အမှိုက်ပစ်တာအလယ် တန်းမစီတတ်တာအဆုံးပေါ့။ ဒါကြောင့် မြန်မာတွေဟာ ယဉ်ကျေးတယ်။ ဒါပေမဲ့ အရိုင်းဆန်တယ်၊ နိုင်ငံကြီးသား မပီသဘူးလို့ ပြောကြတာပါ။ စနစ်ဆိုးအောက်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရခြင်းရဲ့ ရလဒ်တွေပဲ ဆိုပါတော့။
🔳 ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ဘဝရဲ့ အစိတ်အပိုင်း အသီးသီးမှာလည်း စည်းကမ်း လိုအပ်ပါတယ်။
တစ်နေ့ကို ဘယ်နှနာရီ၊ ဘယ်အချိန်က ဘယ်အချိန် စာလေ့လာမယ် ဆိုတာမျိုး စည်းကမ်းလုပ်ထားတဲ့ ကျောင်းသားနဲ့ မလုပ်ထားတဲ့ ကျောင်းသား ကွာကိုကွာတယ်။ Time blocking လို့ ခေါ်တယ်။ သီးသန့်ဖယ်ထားတာပေါ့။ အဲဒီအချိန်ဆို မဖြစ်မနေ စာလုပ်မယ် ဆိုတာမျိုး။ အချိန်ဇယားတော့ ဆွဲတယ်။ လက်တွေ့မလုပ်ရင်လည်း အလကားပဲ။ ဒါကြောင့် ဝေလေလေ လုပ်ချင်နေတဲ့ ကိုယ့်ကို စာကြည့်စားပွဲဆီ ထိုင်ချစေမှာ စည်းကမ်းဖြစ်တယ်။ ခဏခဏ ထသွားချင်နေတဲ့စိတ်ကိုလည်း ဖင်မြဲမြဲ ထိုင်စေမှာ စည်းကမ်းဖြစ်တယ်။
သင်ရိုးညွှန်းတမ်းနဲ့ သေချာပြဌာန်းထားတဲ့ Formal Education က တော်သေးတယ်။ ဘယ်သူကမှလည်း လာမတိုက်တွန်း၊ ဘယ်သူကမှလည်း စာမေးပွဲ လာမစစ်တဲ့၊ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ရမဲ့ Non-formal Education ကျ စည်းကမ်းသာ မရှိရင် တကယ့်ကို တိုင်ပတ်သွားလိမ့်မယ်။
Online Learning တွေ ပေါ်လာတော့ သိသာတယ်။ သင်တန်းကြော်ငြာကောင်းတော့၊ ကိုယ့်အတွက်လည်း လိုအပ်နေတော့ အပ်လိုက်တယ်။ ငွေသွင်းတယ်။ ဒီဗီဒီယိုတွေ ဘယ်အချိန်ကြည့်ကြည့် ရတယ်ဆိုတော့ အချိန်တွေ ဆွဲထားလိုက်တာ၊ အဆုံးထိ လေ့လာဖြစ်တဲ့ ကျောင်းသားအရေအတွက်ဟာ 5-15 % ပဲ ရှိတယ်လို့ သိရတယ်။
🔳 နောက်တစ်ခါ၊ ကျန်းမာရေး။ ကျန်းမာချင်ရင် ဘာလုပ်ရမယ်၊ ဘာတွေရှောင်သင့်တယ် ဆိုတာ လူတိုင်းသိပါတယ်။ လက်တွေ့သာ မလုပ်နိုင်ကြတာပါ။
