EIO
Відкрити в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Показати більше1 055
Підписники
-124 години
+47 днів
+830 днів
Архів дописів
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 055
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 055
“ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း” (Free from Fear) စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်စနစ်ကို အတူတကွ အဆုံးထိ တော်လှန်ကြပါစို့
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်၊လက်နက်ကြီးအန္တရာယ်နှင့် အမျိုးမျိုးသော ခြိမ်းခြောက်ဖိနှိပ်မှုများကြားမှပင်… တစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူလူထုတစ်ရပ်လုံးက လေးစားတန်ဖိုးထား ချစ်ခင်ရပါသော လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများကို နေရာအနှံ့အပြား၌ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။
ဤသည်မှာ ပြည်သူ့အာဏာကို မတရားလုယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ မည်သည့်လက်နက်၊ မည်သည့်လေကြောင်းဗုံးကြဲမှုကမျှ ပြည်သူလူထု၏ အမှန်တရားနှင့် တော်လှန်ရေးစိတ်ဓာတ်ကို မဖျက်ဆီးနိုင်ကြောင်း ကမ္ဘာကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ခဲ့သည့် “Free from Fear” (ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း) ဆိုသည့် စကားရပ်အတိုင်း၊ ကြောက်ရွံ့မှုများကို ရဲရဲဝံ့ဝံ့တွန်းလှန်ပြီး မိမိတို့၏ ယုံကြည်ချက်ကို လက်တွေ့သက်သေပြခဲ့ကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူတစ်ရပ်လုံးနှင့်အတူ #EIO (Eagle Information Operator) အဖွဲ့သားများကလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
"ပြည်သူ့အားဖြင့် အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြမည်" ✊🏻
#EIO #Eagle_Information_Operator #FreeFromFear #DawAungSanSuuKyi #81stBirthday #Myanmar #SpringRevolution
1 055
⚜️ #EIO_Update_News
မြင်းမူနယ်၊ ဂွေးပင်တော အထိုင်မှ ထွက်လာသော စခစစ်ကြောင်းနှင့်ယာဥ်တန်းသည် မြင်းမူနယ်တောချောင်းဦးရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
Jun 19, 6:00PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မြင်းမူနယ်၊ ဂွေးပင်တော အထိုင်မှ ထွက်လာသော စခစစ်ကြောင်းသည် ကုန်းရွာအတွင်းသို့ ရောက်ရှိနေပြီး စခတချို့သည် လက်ပန်ရွာသို့ ဝင်ရောက်နေကြောင်းသတင်းရရှိထားပါသည်။
Jun 19, 2:38PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
🔊 လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ 🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ 🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ 📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
1 055
⚜️ #EIO_Update_News
မြင်းမူနယ်၊ ဂွေးပင်တော အထိုင်မှ ထွက်လာသော စခစစ်ကြောင်းသည် ကုန်းရွာအတွင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
Jun 19, 2:23PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
Jun 19, 11:04AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
(19,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ ထပ်မံ၍ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (10:15)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
Eagle Information Operator (#EIO)
Date - Jun 19, 9:53AM
📌 ချောင်းဦးနယ်၊ ခင်မွန် ဘက်စုံခြံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
1 055
(19,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ ထပ်မံ၍ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (8:59)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️
♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯
⚠️ ပစ်မှတ်ညှိခြင်း။
"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။
⚠️ ထိရောက်မှုစစ်ဆေးခြင်း။
သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။
♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑
ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်းထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။
♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍
ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။
♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️♂️
အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။
♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔
ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။
ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။
💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️
✅ ၁။ အချိန်ဆိုင်းပါ။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။
✅ ၂။ တည်နေရာ အတိအကျကို ရှောင်ပါ။
"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။
✅ ၃။ ဓာတ်ပုံနှင့် ဗီဒီယို။
ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။
✅ ၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။
မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။
📢 သတိပြုရန်။ ⚠️
သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻
#Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
1 055
Repost from EIO
🚨 မိမိလုံခြုံရေးအတွက် အထူးသတိပြုရန် 🚨
Facebook အသုံးပြုရာတွင် ဘေးကင်းစေရန်အတွက် သတင်း စာမျက်နှာများနှင့် တော်လှန်ရေး Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်၍ ဆင်ခြင်ပေးကြပါ -
🔹 Profile - မိမိအချက်အလက်အမှန်များ မတင်ထားခြင်းနှင့် Profile Lock ချထားခြင်းတို့ကို စစ်ဆေးပါ။
🔹 Safety - မိမိရောက်ရှိနေသည့်နေရာသည် လုံခြုံမှုရှိမရှိ အမြဲသတိပြုပါ။
🔹 Action - လုံခြုံစိတ်ချရသည့် အခြေအနေရှိမှသာ React / Comment / Share ပြုလုပ်ပါ။
#EIO အဖွဲ့သားများအတွက် မိဘပြည်သူတို့၏ ဘေးကင်းလုံခြုံမှုသည်သာ "ပထမဦးစားပေး" ဖြစ်ပါသည်။
📲 သတင်းပေးပို့ရန်နှင့် ဆက်သွယ်ရန်
မြေပြင်အခြေအနေ အရေးကြီးသတင်းများကို EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
🤖 Telegram: @EIO2021_bot | @EagleInformationOperator_bot
🌐 Telegram Channel: t.me/eagleinformationoperator
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: facebook.com/eagleinformation
#EIO #EagleInformationOperator #PublicSafety #DigitalSecurity #Myanmar
1 055
(19,6,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ ထပ်မံ၍ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (7:22)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
Eagle Information Operator (#EIO)
Date - Jun 19, 7:15AM
📌ရွှေဘိုနယ်၊ လေ့ကျင့်ရေး(၈)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot ၊ t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate
