uk
Feedback
EIO

EIO

Відкрити в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Показати більше
1 058
Підписники
+324 години
+67 днів
+330 днів
Архів дописів
EIO
1 058
လေးစားမှုကို ရယူရာတွင်လည်း လိုအပ်သည်ထက်ပိုသော ဂါရဝပြုမှုမျိုးကို ကန့်သတ်တားမြစ်နိုင်မှသာ “အရိုသေခံယဉ်ကျေးမှု” ဟူသော အာဏာရှင်စနစ်၏ ရေသောက်မြစ်ကို အမှန်တကယ် ဖြတ်တောက်နိုင်မည် ဖြစ်ပေသည်။ မတရားမှုကို တော်လှန်ကြသူတိုင်း စစ်မှန်သော လေးစားယုံကြည်မှုကို ထိုက်ထိုက်တန်တန် ရယူနိုင်ကြပါစေ။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

EIO
1 058
“တော်လှန်ရေးနှင့် အရိုသေခံယဉ်ကျေးမှုစိတ်ကင်ဆာ" 🔹အရာရှိဟောင်းတစ်ဦး ပြည်တွင်းတွင် လှုပ်ရှားသွားလာရင်း တော်လှန်ရေးတပ်ဖွဲ့ငယ်တစ်ခု၏ ခေါင်းဆောင်တစ်ဦးနှင့် ထမင်းလက်ဆုံ စားဖြစ်ခဲ့သည်။ ထိုထမင်းဝိုင်းလေးသည် ပုံမှန်အားဖြင့် နွေးထွေးရင်းနှီးဖွယ် ဖြစ်သင့်သော်လည်း ကျွန်တော့်အတွက်တော့ အာဏာရှင်စနစ်၏ အငွေ့အသက်တချို့ကို ခံစားလိုက်ရသည့်နှယ် စိတ်မသက်မသာ ဖြစ်မိခဲ့သည်။ ဘာကြောင့်ပါလဲ။ တချိန်က ကျွန်တော်သည် အရာရှိဘဝဖြင့် ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်းခဲ့ဖူးသလို၊ ပြင်ပပုဂ္ဂလိက စီးပွားရေးလောကတွင်လည်း ထို့ထက်မနိမ့်သော ရာထူးနေရာများဖြင့် နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် တပည့်တပန်း မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပြီး သူတို့၏ အလေးပေးအရိုအသေပြုမှုများကိုလည်း အစဉ်အဆက် ခံယူခဲ့ရဖူးသည်။ အကျိုးဆက်အနေဖြင့် မိမိ၏ ရာထူးအရှိန်အဝါကို မသိသူတချို့က မိမိအား သူလိုငါလိုပင် သာမန် ဆက်ဆံကြသည့်အခါတွင် အစော်ကားခံရသလို ခံစားလာရတော့သည်။ ဤသည်မှာ လူမှုအသိုက်အဝန်းအတွင်း အသံတိတ် စွဲကပ်ပျံ့နှံ့တတ်သည့် “အရိုသေခံယဉ်ကျေးမှု” ဟူသော စိတ်ကင်ဆာရောဂါဆိုး၏ ထင်ရှားသော လက္ခဏာတစ်ခုပင် ဖြစ်သည်။ လူမှုဝန်းကျင်တွင် "ငါ ဘာကောင်လဲ မင်းသိလား" ဟူသော ဌာနအသီးသီးမှ အရာထမ်းအချို့၏ မောက်မာသော စကားလုံးများ နောက်ကွယ်တွင် နှစ်ရှည်လများ မှီဝဲခဲ့ဖူးသော အရိုသေခံရမှုတွေ မလွဲဧကန်ရှိ၏။ ယနေ့ မြန်မာပြည်တွင် ရာထူးအာဏာရှိသူ အများစုသည် ထိုရောဂါဆိုးကို အနည်းနှင့်အများ စွဲကပ်နေကြသည်ဟု ဆိုနိုင်သည်။ မိမိယာဉ်တန်း ဖြတ်သန်းမည်ဆိုပြီး အရပ်သားကားများအားလုံး ရပ်ခိုင်းထားသည့် ပုဂ္ဂိုလ်များမှအစ သေနတ်ကိုင်ထားသော ဝါးတားဂိတ်စောင့်ရဲဘော်အဆုံး လူအများ၏ ဂါရဝပြုမှုကို အလွန်အမင်း လိုချင်နေကြသည်။ အရိုသေခံရလေ ပိုပြီး အရိုသေခံချင်လေဖြစ်သော ထိုစိတ်ရောဂါသည် ကင်ဆာကဲ့သို့ပင် တဖြည်းဖြည်း ပွားများအမြစ်တွယ်လာကာ လူ့ကိုယ်ကျင့်တရားနှင့် လူမှုဆက်ဆံရေးစံနှုန်းများကို တိုက်စားဝါးမျိုသွားတတ်သည်။ စစ်အာဏာရှင်တို့၏ အပြုအမူများတွင် ထိုလက္ခဏာကို အထင်အရှား တွေ့နိုင်သည်။ စစ်အာဏာရှင် သန်းရွှေသည် ၎င်း၏ ဧည့်ခန်းတွင် ၎င်းနှင့် ဇနီးဖြစ်သူထိုင်ရန် ခုံနှစ်လုံးသာ ထားရှိပြီး လာသမျှဧည့်သည်များကို ကြမ်းပြင်တွင် ထိုင်ခိုင်းခဲ့ကြောင်း လူသိများသည်။ မင်းအောင်လှိုင်သည် လွှတ်တော်အတွင်း ၎င်း စကားပြောချိန်တွင် (၎င်းကိုယ်တိုင် နေရာပေးခန့်အပ်ထားသော) လွှတ်တော်နာယကကို နာယကခုံမှ အောက်သို့ ဆင်းထိုင်ခိုင်းခဲ့သည်။ အောင်လင်းဒွေးသည် တပ်ရင်းမှူးဘဝက သူ့ကားလာသည်ကို လမ်းဘေးချ ရပ်မပေးသော အရပ်သားဆိုင်ကယ်ကို ကားဖြင့်ပွတ်ဆွဲပြီး ဆိုင်ကယ်မှောက်သွားစဉ် ကားပေါ်မှဆင်း၍ ထိုအရပ်သားကို ဒေါသတကြီး ထိုးကြိတ်ကန်ကျောက်ခဲ့ဖူးသည်။ ထိုကဲ့သို့ တသီးပုဂ္ဂလဆိုင်ရာ လူမှုစံနှုန်းများမှအစ နိုင်ငံတော်အဆင့် လုပ်ထုံးလုပ်နည်းအစဉ်အလာများအထိပင် ကျင့်ဝတ်ချိုးဖောက်နေခဲ့ကြခြင်းသည် 'အာဏာ'ထက် 'အရိုသေခံလိုစိတ်'က ပိုကြီးထွားနေတတ်သည့် စိတ်ကင်ဆာရောဂါဆိုးကြီး စွဲကပ်နေခြင်းကြောင့်ပင် ဖြစ်သည်။ နိဒါန်းပါအကြောင်းအရာကို ပြန်ဆက်ရလျှင် ထိုနေ့ ထမင်းဝိုင်း၌ ရဲဘော်လေးများက တရိုတသေ ထမင်းပြင်ပေးခဲ့ကြပြီး ခေါင်းဆောင်၏ နောက်တွင် လက်ကလေးနောက်ပစ်ကာ waiter ကလေးများသဖွယ် မတ်တပ်ရပ် စောင့်နေကြပုံမှာ မင်းအောင်လှိုင်စစ်တပ်မှ အရာရှိများ၏ အရိုသေခံယဉ်ကျေးမှုကို ပုံတူကူးထားသကဲ့သို့ပင် မြင်မိတော့သည်။ ထိုနေ့က ကျွန်တော့်ပန်းကန်ကို ယူဆေးရန်ပြင်နေသည့် ရဲဘော်လေးကို "ငါတို့က မတရားမှုတွေကို အတူတော်လှန်နေကြတာ။ အခွင့်ထူးခံ အကျင့်တွေကိုလည်း တော်လှန်ဖို့လိုတယ်" ဟု ဆိုရင်း ကိုယ့်ပန်းကန်ကိုယ် ယူဆေးခဲ့လိုက်သည်။ တော်လှန်ရေးသည် အာဏာရှင်စနစ်ကို ဖြိုချရန်ဖြစ်ပြီး အာဏာရှင်စိတ်ဓာတ်ကို ပုံစံပြောင်း၍ ဆက်လက်မွေးမြူရန် မဟုတ်ပါ။ ရာထူးနေရာဆိုသည်မှာလည်း ပုဂ္ဂလိကအာဏာ တည်ဆောက်ရန် ပေးထားသည့် အခွင့်အရေးတစ်ခု မဟုတ်ပေ။ ရာထူးသည် တာဝန်တစ်ရပ်သာ ဖြစ်သင့်ပြီး လေးစားမှုဟူသည်လည်း မိမိ၏ ကိုယ်ကျင့်တရား၊ အနစ်နာခံမှုနှင့် စံနမူနာပြခေါင်းဆောင်မှုအပေါ်တွင်သာ အခြေခံသင့်သည်။ ယနေ့ လူမှုကွန်ယက်များပေါ်တွင် တော်လှန်ရေးဘက်မှ ခေါင်းဆောင်ပိုင်းအချို့၏ ဦးဆောင်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်သံများ မကြာခဏ ကြားလာရသည်။ ဤသည်မှာ လက်နက်ကိုင်အာဏာ၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတစ်ရပ်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်း သတိကြီးကြီးထားကာ ပြုပြင်ကျင့်ကြံရမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။ လက်နက်ကိုင်ရာထူးအာဏာသည် အရိုသေခံယဉ်ကျေးမှုကို အလွယ်တကူ မွေးဖွားပေးတတ်သည်။ ကိုယ်တိုင်က သတိမထားမိခင်မှာပင် အရိုသေခံအာဏာ၏ အရသာကို စွဲလမ်းယစ်မူးလာပြီး တော်လှန်ရေးသမားဘဝမှ အာဏာရှင်စိတ်ဓာတ်ဆီသို့ တဖြည်းဖြည်း လျှောဆင်းသွားတတ်သည်။ ထို့ကြောင့် ရာထူးအာဏာဖြင့် အရိုအသေခံယူခြင်း အလေ့အထကို ရှောင်ကြဉ်ကာ မိမိ၏ ခေါင်းဆောင်မှု၊ အနစ်နာခံမှုနှင့် အရည်အချင်းတို့ဖြင့်သာ လေးစားမှုကို ရယူသင့်ကြပေသည်။ တပ်ဖွဲ့၏ စည်းလုံးမှုသည် ကြောက်ရွံ့မှုနှင့် ဂါရဝပြုမှုအတုများ အပေါ်တွင် မတည်ဆောက်သင့်ဘဲ ယုံကြည်မှုနှင့် တန်းတူဆက်ဆံမှု အပေါ်တွင်သာ တည်ဆောက်သင့်သည်။

EIO
1 058
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝလမ်းနှင့် ချင်းတွင်းမြစ်ကြောင်း ခရီးသွားလာခွင့်ကို ယနေ့(မတ်၁၇ရက်)မှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က သတင်းထုတ်ပြန်သည်။ လုံခြုံရေးအခြေအနေအရ ယင်းလမ်းများပေါ် ခရီးသွားလာမှုကို ပိတ်ပင်ခြင်းဖြစ်ပြီး ခွင့်ပြုချက် မထုတ်ပြန်မချင်း ယခုအမိန့်သည် အတည်ဖြစ်ကာ ခွင့်ပြုချက်မဲ့ ခရီးသွားလာပြီး ပြဿနာ ဖြစ် ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း သတင်းနှင့်ပြန်ကြားရေး ကနီမြို့ နယ် ဖေ့စ်ဘွတ်ခ်၌ ထုတ်ပြန်ထားသည်။ “ဧပြီလကုန်ပိုင်းကတည်းက အင်အား၁၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်။ရွာစဉ်လှည့်တယ်။ မီးရှို့တယ်။တွေ့တဲ့ ပြည်သူတွေကို ဖမ်းတယ်၊သတ်တယ်။အလုပ်ပျက်အကိုင်ပျက် ဒေသခံတွေ သောင်းနဲ့ချီ စစ်ရှောင်နေရတယ်။ဒီအချိန်မှာ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အတိုင်း အလေးအနက် လိုက်နာဖို့ လိုတယ်။ကနီနဲ့ ဆက်သွယ်ဖို့ ခက်လို့ ဒီနေ့ နောက်ဆုံးအခြေအနေကို မသိရဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။ ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အ အုံ စသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ လေကြောင်း တိုက်ခိုက်မှုများရှိနေခြင်း ကြောင့် အများပြည်သူများအနေဖြင့် လုံခြုံရေးအသိနှင့် ခရီးသွားလာကြရန် အထူးလိုအပ်ကြောင်း လည်း ထုတ်ပြန်ထားသည်။ ဒေသခံ ပြည်သူတို့၏ လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ သ တင်းလုံခြုံမှုရှိစေရန် NUG ရုံးလုပ်ငန်းသုံး စတားလင့်အင်တာနက်စက်များနှင့် မဟာမိတ်တပ်ဖွဲ့များ ၏ အင်တာနက်စက်များမှအပ ကျန်စတားလင့်အင်တာနက်စက်များအားလုံးကို မေလ၈ရက်မှစ၍ ယာယီပိတ်သိမ်းရန် မြို့နယ်အရေးပေါ် အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်က ထုတ်ပြန်ထားသည်။ စာတည်း-ML #MPA

EIO
1 058
(17,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တွန်းဇ
(17,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:15,1:17) နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:50,1:53) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက် ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Chin_State #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmyar

EIO
1 058
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 17, 11:05AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 058
⚜️ #EIO_Update_News ဘုတလင်နယ်၊ ဇီးတောရွာသို့ ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့‌သော စခများနှင့်ယာဉ်တန်းသည် မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 17, 8:15AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 058
Repost from EIO
📢 သတိပေးနှိုးဆော်ချက်⚠️ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ သတင်းလုံခြုံမှု (#Information_Security) နှင့် စစ်ဆင်ရေးလုံခြုံမှု (#OPSEC) တို့တွင် သတိပေါ့လျော့မှုများ ရှိလာနေသည်ကို နေ့စဉ် စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။ မိမိတို့ သတင်းလက်ဦးမှုရယူရန်နှင့် နာမည်ကြီးရန်အတွက်သာ ရှေ့တန်းတင်ပြီး စစ်ဆင်ရေးရည်မှန်းချက် မပြီးမြောက်သေးမီ သတင်းဌာနများသို့ အသိပေးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် #Social Media ပေါ်တွင် ဓာတ်ပုံနှင့် #Video များ တင်ခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေကြောင်းပစ်မှတ်နှင့် လက်နက်ကြီးပစ်မှတ်များကို မြေပုံညွှန်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။ လူမှုကွန်ယက်အသုံးပြုရာတွင် မိမိတို့၏ ဂုဏ်သိက္ခာထက် ရဲဘော်များနှင့် ပြည်သူတို့၏ အသက်လုံခြုံရေးကို အလေးထားကြရန် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🚫 ရှောင်ရန် (Don'ts) ❌ အချိန်နှင့်တပြေးညီ (Real-time) တင်ခြင်း။ စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖြစ်ပွားနေဆဲအချိန်တွင် ရှေ့တန်းတွင် မပါဝင်သူများ အနေဖြင့် လုံးဝ (လုံးဝ) #Post မတင်ပါနှင့်။သတင်းဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်။ ❌ တည်နေရာ အမှတ်အသားများ။ ဓာတ်ပုံများတွင် နောက်ခံတောင်တန်း၊ ထူးခြားသော အဆောက်အအုံနှင့် လမ်းဆုံလမ်းခွများ မပါဝင်ပါစေနှင့်။ (#Metadata ပါသော မူရင်းပုံများကို တိုက်ရိုက်မတင်ပါနှင့်)။ ❌ အင်အားနှင့် လက်နက်ထုတ်ဖော်ပြသခြင်း။ မိမိတို့ဘက်မှ အင်အား မည်မျှရှိသည်၊ မည်သည့်လက်နက် အမျိုးအစားများ အသုံးပြုနေသည်ကို ထုတ်ဖော်မပြပါနှင့်။ ❌ အောင်ပွဲခံစောခြင်း။ ရည်မှန်းချက် မပြီးမြောက်မီ "သိမ်းနိုင်ပြီ" ဟု ကြေညာခြင်းသည် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။ ✅ ဆောင်ရန် (Dos) ✅ အချိန်ဆိုင်းပြီးမှ တင်ပါ။ စစ်ဆင်ရေးပြီးဆုံး၍ ရဲဘော်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် (အနည်းဆုံး ၂၄ နာရီ/ ၄၈ နာရီ) ကြာမှသာ သတင်းထုတ်ပြန်ပါ။ ✅ မျက်နှာနှင့် အမှတ်အသားများကို ဖျောက်ပါ။ ဓာတ်ပုံတင်လျှင် ရဲဘော်များ၏ မျက်နှာ၊ တက်တူးနှင့် ယူနီဖောင်းပေါ်မှ တံဆိပ်များကို #Blur လုပ်ပါ။ ✅ #Chain of Command ကို လေးစားပါ။ အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ သတင်းပေးပို့/တင်ပြပါ။ ✅ Digital Security သတိပြုပါ။ ဖုန်းထဲရှိ ဓာတ်ပုံများမှ #GPS_Location များကို ပိတ်ထားပါ။ "မလိုအပ်ဘဲ မပြောပါနှင့်၊ မဆိုင်လျှင် မတင်ပါနှင့်၊ အောင်ပွဲရမှ ဂုဏ်ယူပါ" မိမိ၏ လက်ချောင်းလေးတစ်ခုကြောင့် မြေပြင်က ရဲဘော်များ အသက်မဆုံးပါစေနှင့်။ သတိရှိရှိဖြင့် တော်လှန်ကြပါစို့။ ✊ #EIO #InformationSecurity #OPSEC #Digital_Security #RevolutionSafety #WhatsHappeningInMyanmar

EIO
1 058
Repost from EIO
🛰️ Starlink အင်တာနက်နှင့် လေကြောင်းတိုက်ခိုက်မှု သက်ဆိုင်မှု ရှိပါသလား ⁉️ 🚨 နည်းပညာအချက်အလက်။ Starlink သည် Satellite မှတစ်ဆင့် Signal ဖမ်းယူခြင်းဖြစ်ပြီး ရေဒီယိုလှိုင်းထုတ်လွှင့်မှု (#Signal Emission) အလွန်နည်းပါးပါသည်။ သို့သော် #Starlink သည် သတင်းအချက်အလက် မြန်မြန်ဆန်ဆန်ရရှိရန် အထောက်အကူပြုသော်လည်း၊ ၎င်းမှ ထွက်ပေါ်သော လှိုင်းအချက်ပြမှု (Signal) ကြောင့် အသုံးပြုသူ၏ တည်နေရာကို ရန်သူက သိရှိသွားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာနိုင်သည့် အန္တရာယ် (Electronic Signature Risk) မှာမူ နည်းပညာအရ ရှိနေဆဲ ဖြစ်ပါသည်။ ⚠️ စစ်ကောင်စီ၏ နည်းလမ်း။ စစ်ကောင်စီသည် ဗုံးကျဲရာတွင် #Starlink Signal ကို လိုက်လံဖမ်းယူခြင်းထက် မြေပြင်သူလျှို (ဒလန်)၊ #ဖုန်းလိုင်းထောက်လှမ်းမှု နှင့် ကင်းထောက်ဒရုန်း (#Reconnaissance Drone) များမှရရှိသော #Visual_Data (ရုပ်မြင်သတင်း) ကိုသာ အဓိကအားကိုးနေခြင်းဖြစ်ပါသည်။ ⚠️ သတိပြုရန်။ #Starlink_Dish (စလောင်း) ကို အမိုးပေါ်တွင် အကာအကွယ်မရှိ တပ်ဆင်ထားပါက ကင်းထောက်ဒရုန်းများမှတစ်ဆင့် မြင်တွေ့နိုင်ပြီး ပစ်မှတ်ဖြစ်သွားနိုင်ပါသည်။ 🛡️ နည်းပညာမြင့်စစ်ရေးနှင့် ခေတ်သစ်ဗျူဟာ။ ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်သတင်းအချက်အလက် (#Human Intelligence) မရရှိလျှင်ပင် နည်းပညာကို အလွဲသုံးစားလုပ်၍ တိုက်ခိုက်မှုများ ပြုလုပ်လာပါသည်။ 🚨 Thermal Imaging & Night Vision။ ညဘက်တွင် မီးရောင်မရှိသော်လည်း လူခန္ဓာကိုယ်မှ ထွက်သော အပူလှိုင်းကိုကြည့်၍ ပစ်မှတ်ရှာနိုင်ပါသည်။ 🚨 Electronic Warfare (EW)။ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်လာသည်။ 🚨 Surveillance Drones(UAV Scout Drone)။ လူမပါဘဲ မြေပြင်လှုပ်ရှားမှုများကို ၂၄ နာရီ စောင့်ကြည့်နေနိုင်သော နည်းပညာကို သုံးစွဲနေသည်။ ⚠️ ပြည်သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။ ✅ ဆောင်ရန် (Do) ⚠️ Camouflage (ဖျောက်ဖျက်ခြင်း)။ Starlink စလောင်းနှင့် အင်တာနက် စက်ပစ္စည်းများကို အပေါ်စီးမှကြည့်လျှင် မမြင်နိုင်သော အရောင် (သို့မဟုတ်) ပိုက်ကွန်များဖြင့် အုပ်ထားပါ။ ⚠️ Digital Security။ အင်တာနက်အသုံးပြုရာတွင် #VPN အမြဲခံသုံးပါ။ လုံခြုံသော #Messaging Apps (ဥပမာ - Signal) ကိုသာ သုံးပါ။ ⚠️ Precise Timing။ မြေပြင်မှ လေကြောင်းသတိပေးချက်များနှင့် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း - Telegram Channel များကို အမြဲစောင့်ကြည့်ပါ။ ❌ ရှောင်ရန် (Don’t) 🚫 Location Sharing။ ဆိုရှယ်မီဒီယာပေါ်တွင် မိမိတို့ရှိရာနေရာကို #Check-in ပေးခြင်း၊ ဓာတ်ပုံများတင်ခြင်းများ (လုံးဝ-လုံးဝ) မပြုလုပ်ပါနှင့်။ 🚫 Signal Crowding။ စက်ပစ္စည်းအများအပြားကို တစ်နေရာတည်းတွင် စုပြုံ၍ #Signal အပြင်းအထန် ထုတ်လွှင့်ခြင်းကို ရှောင်ကြဉ်ပါ။ 🚫 Light Leakage။ ညဘက်တွင် ကောင်းကင်မှ မြင်နိုင်သော မီးရောင်အလင်းများ အပြင်သို့ မထွက်ပါစေနှင့်။ 💡"နည်းပညာသည် ကျွန်ုပ်တို့၏ လက်နက်ဖြစ်သလို၊ သတိမမူပါက ရန်သူ့အတွက် လမ်းပြဖြစ်သွားနိုင်ပါသည်။ စစ်ကောင်စီသည် မြေပြင်သတင်းထက် နည်းပညာမြင့် ကိရိယာများကို အသုံးချလာနေပြီဖြစ်၍ မိဘပြည်သူများ၊ တော်လှန်ရေးရဲဘော်များ အနေဖြင့် #Digital Security နှင့် #Physical Camouflage ကို အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။" မိတ်ဆွေတို့အနေဖြင့် ဝေဖန်အကြံပြုချက်များအား မိမိတို့ #EIO_Admin_Team ထံသို့ ယုံကြည်စိတ်ချစွာဖြင့် ပေးပို့နိုင်ပါသည်။ #EIO #Eagle_Information_Operator #Civilian_Intelligence #SecurityAwareness #DigitalSecurity #Revolution_News #Ethics #AviationSafety #DroneSafetyTips #StaySafe #WhatsHappeningInMyanmar

EIO
1 058
Repost from EIO
​✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။ ​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။ ​🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။ ​#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ 🚫​မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။ တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။ ✨​ပြန်လည်မျှဝေခြင်းသာရှိသည်။ အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။ ​📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
​"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။ ​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻 ​#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution

EIO
1 058
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော မိုးကာအုပ် (၆)ဘီးကား (၆)စီးသည် ရေဦးဆန်ဆိုင်ဂိတ်တွင်ရပ်ထားပြီး တောင်ဘက်သို့ ကားခေါင်းများသည် လှည့်ထားကြောင်း သတင်းရရှိထားပါသည်။ May 17, 6:22AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 058
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 058
Repost from EIO
photo content

EIO
1 058
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 058
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 058
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 058
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 058
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 058
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 058
(16,5,2026)၊ မန္လလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (2)စီးသည် ချင်းပြည်နယ်၊ ကန်ပက်လက
(16,5,2026)၊ မန္လလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (2)စီးသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:08) (5:12) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Chin_State #AirStrike #MilitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar

EIO
1 058
Repost from EIO
photo content