EIO
Відкрити в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Показати більше1 053
Підписники
+124 години
-47 днів
+230 днів
Архів дописів
1 052
Repost from ပြည်သူ့ပန်းတိုင်-People's Goal
NUG ကို ဝေဖန်မယ်ဆိုရင်လည်း "ဘာကြောင့် မထိန်းနိုင်တာလဲ" ဆိုတာထက် "ဘယ်လိုအင်စတီကျူးရှင်းတွေ တည်ဆောက်ရင် ပိုထိန်းနိုင်မလဲ" ဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ လိုပါတယ်။
လိုရင်းပြောရရင် NUG အနေနဲ့ CoC နှစ်ရပ် တည်ဆောက်ရင်း တော်လှန်ရေးကို အဆင့်တက်ရာမှာ ညှိနှိုင်းဆွေးနွေးခြင်းဟာ ဦးစားပေးရမယ့် နည်းလမ်းတစ်ခုသာ ဖြစ်ပြီး အလုပ်မဖြစ်ခဲ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကလည်း နံပတ်စဉ်အလိုက် ရှိနေရမှာပါ။ ယနေ့ တော်လှန်ရေးမှာ စည်းကမ်းဥပဒေကနေ ကင်းလွတ်ပြီး ပြည်သူအပေါ် ထင်တိုင်းကြဲနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိလာခဲ့ရင် သူတို့ကို အရေးယူတဲ့အခါ ညှိနှိုင်းဆွေးနွေးခြင်းက အလုပ်ဖြစ်ရဲ့လား ဆိုတာကိုလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
1 052
Repost from ပြည်သူ့ပန်းတိုင်-People's Goal
ဝေဖန်တယ်ဆိုတဲ့နေရာမှာ "မဖြစ်ဘူး" လို့ ပြောတာထက် "ဖြစ်အောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အဖြေကို သွားချင်စိတ်ရှိဖို့ လိုပါတယ်။
"NUG အသုံးမကျဘူး" လို့ ပြောတာမျိုးထက် "ဒီလိုယန္တရားမျိုး တည်ဆောက်သင့်တယ်" လို့ အကြံပြုတာမျိုးက ပိုအကျိုးရှိပါတယ်။
လက်ရှိတော်လှန်ရေးဟာ NUG တစ်ဖွဲ့တည်းရဲ့ တော်လှန်ရေး မဟုတ်သလို၊ မည်သည့်အဖွဲ့အစည်းတစ်ခုရဲ့ မူပိုင်လည်း မဟုတ်ပါဘူး။ ဒါကြောင့် ပြဿနာတိုင်းကို NUG တစ်ဖွဲ့တည်းအပေါ် ပုံချတာကလည်း မမှန်သလို၊ NUG အနေနဲ့လည်း "လုပ်ပိုင်ခွင့်မရှိဘူး" ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်နေလို့ မရပါဘူး။
နိုင်ငံရေးဦးဆောင်မှုဆိုတာမျိုးက အမိန့်ပေးနိုင်တဲ့ အာဏာထက် မတူကွဲပြားတဲ့ အင်အားစုတွေကို ဘုံရည်မှန်းချက်အောက် စုစည်းနိုင်တဲ့ စွမ်းရည်ကို ပိုဆိုလိုပါတယ်။
ဒါ့ကြောင့် NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခကာကွယ်ရေးယန္တရားတွေ၊ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်တွေ၊ ဘုံကျင့်ဝတ်စံနှုန်းတွေ၊ တာဝန်ခံမှုစနစ်တွေကို ပိုမိုတည်ဆောက်ပြီး ပြည်သူလူထုကပါ လေ့လာသိရှိနိုင်အောင် ပွင့်ပွင့်လင်းလင်း ချပြသင့်တာတွေ ချပြရမှာဖြစ်သလို အတွင်းစည်းထဲ ကန့်သတ်ဖြန့်ဝေသင့်တာတွေကိုလည်း အသိပေးထားရမှာ ဖြစ်ပါတယ်။
ဒီယန္တရားတွေ တည်ဆောက်လိုက်ရုံနဲ့ ပြဿနာအားလုံး ချက်ချင်းပြေလည်မယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် ယန္တရားမရှိဘဲ ပြေလည်မယ်လို့လည်း မမျှော်လင့်သင့်ပါဘူး။ ပြီးတော့ ဒီလိုတည်ဆောက်ရေးဟာလည်း NUG တစ်ဖွဲ့တည်းရဲ့ တာဝန်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ပြဿနာကို ထောက်ပြဖို့ထက် ပြဿနာဖြေရှင်းတဲ့ ယဉ်ကျေးမှုကို ပိုပြီး တည်ဆောက်ရပါမယ်။
ဒါက ဝေဖန်မှုကို ရပ်ခိုင်းနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် အဖြေမပါတဲ့ ဝေဖန်မှုတွေ၊ တာဝန်ယူမှုမရှိတဲ့ စကားလုံးတွေ၊ တာဝန်ခံမှုမဲ့တဲ့ ထိုးနှက်မှုတွေ၊ လက်တွေ့နဲ့ ကင်းကွာတဲ့ အကြံပြုချက်တွေဟာ တော်လှန်ရေးကို ရှေ့မတိုးစေဘဲ ပိုပြီး ရှုပ်ထွေးစေနိုင်ပါတယ်။
"ညှိနှိုင်းကြပါ" ဆိုတာ လိုအပ်တဲ့ အခြေခံမူတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ညှိနှိုင်းရေး အသက်ဝင်ဖို့အတွက် စည်းမျဉ်း၊ ယုံကြည်မှု၊ တာဝန်ခံမှု၊ အရေးယူနိုင်တဲ့ ယန္တရား၊ အားလုံးလိုက်နာရမယ့် ဘုံစံနှုန်းတွေကိုလည်း တပြိုင်တည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အဲဒီအချက်တွေ မပြည့်စုံဘဲ "စားပွဲဝိုင်းမှာ ထိုင်လိုက်ပါ" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ တော်လှန်ရေးရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာဟာ လက်တွေ့နိုင်ငံရေးကို အလွန်ရိုးရှင်းအောင် မြင်လိုက်တာသာ ဖြစ်ပါတယ်။
ပြီးတော့ ဒီအချိန်မှာ အမှန်တကယ် လုပ်သင့်တာက NUG ကို ဖြုတ်ချဖို့ မဟုတ်သလို NUG ကို မျက်ကန်းကာကွယ်ဖို့လည်း မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် အပြစ်ပုံချဖို့လည်း မဖြစ်သင့်တော့ပါဘူး။
ကျွန်တော်တို့ လိုအပ်နေတာက ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးဦးဆောင်မှု၊ ပိုအားကောင်းတဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတွေ၊ ပိုထိရောက်တဲ့ တာဝန်ခံမှုစနစ်တွေနဲ့ ပိုရင့်ကျက်တဲ့ နိုင်ငံရေးယဉ်ကျေးမှုကို အတူတကွ တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလို တည်ဆောက်နိုင်မှသာ စစ်ကိုင်းတိုင်းက ပြဿနာဟာ စစ်ကိုင်းတိုင်းမှာပဲ အဆုံးသတ်မှာ ဖြစ်ပြီး၊ မတည်ဆောက်နိုင်သေးသ၍တော့ ဒီနေ့ စစ်ကိုင်းမှာ ဖြစ်တဲ့ပြဿနာဟာ မနက်ဖြန် တခြားဒေသတစ်ခုမှာ ထပ်မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
အဲဒါကြောင့် ကျွန်တော်တို့ အားလုံးမှာ လိုအပ်နေတာက အပြစ်ရှာတဲ့ နိုင်ငံရေးထက် အဖြေရှာတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံမှာ ပဋိပက္ခဖြေရှင်းရေး (Conflict Resolution) နဲ့ ပဋိပက္ခစီမံခန့်ခွဲရေး (Conflict Management) ဆိုတဲ့ အယူအဆတွေကို ခွဲခြားဆွေးနွေးလေ့ရှိပါတယ်။
လူအများက "ဆွေးနွေးညှိနှိုင်းလိုက်ရင် ပြဿနာပြီးပြီ" လို့ ယူဆတတ်ကြပေမယ့် လက်တွေ့မှာတော့ ဆွေးနွေးညှိနှိုင်းခြင်းဟာ ပဋိပက္ခဖြေရှင်းရေးရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ အဖြေတစ်ခုလုံးတော့ မဟုတ်ပါဘူး။
ပဋိပက္ခတစ်ခု ရေရှည်မပြန်ဖြစ်ဖို့ဆိုရင် စားပွဲဝိုင်းပေါ်က သဘောတူညီချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အဲဒီသဘောတူညီချက်ကို အသက်ဝင်စေမယ့် စည်းမျဉ်းတွေ၊ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ၊ တာဝန်ခံမှုစနစ်တွေ၊ ချိုးဖောက်သူကို အရေးယူနိုင်တဲ့ အင်စတီကျူးရှင်းတွေ ရှိဖို့ လိုပါတယ်။
ဒါကြောင့် နိုင်ငံရေးသိပ္ပံမှာ "အဖွဲ့အစည်းကောင်းတွေ (Institutions) မရှိတဲ့နေရာမှာ သဘောတူညီချက်တွေဟာ စာရွက်ပေါ်က စာလုံးတွေထက် မပိုဘူး" လို့ ပြောကြတာပါ။
တကယ်တော့ နိုင်ငံတစ်နိုင်ငံကို တည်ငြိမ်စေတာဟာ လူကောင်းတွေ များနေလို့ မဟုတ်ပါဘူး။ လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် အားလုံး လိုက်နာရမယ့် စည်းမျဉ်းနဲ့ အင်စတီကျူးရှင်းတွေ ခိုင်မာနေလို့ ဖြစ်ပါတယ်။
တော်လှန်ရေးမှာလည်း ဒီသဘောတရားက အတူတူပါပဲ။
"ခေါင်းဆောင်ကောင်းတစ်ယောက် ရှိရင် ရပြီ" ဆိုတဲ့ အတွေးထက် "ခေါင်းဆောင်ဘယ်သူဖြစ်ဖြစ် အလုပ်လုပ်စေမယ့် ယန္တရားကောင်း ရှိရမယ်" ဆိုတဲ့ အတွေးက ပိုအရေးကြီးပါတယ်။
1 052
Repost from ပြည်သူ့ပန်းတိုင်-People's Goal
“ညှိနှိုင်းဆွေးနွေးခြင်းက ပဋိပက္ခတွေအားလုံးကို တကယ်ဖြေရှင်းနိုင်သလား”
🔹အရာရှိဟောင်းတစ်ဦး
ယနေ့ လူမှုကွန်ယက်မှာ အများဆုံး ကြားနေရတဲ့ အဆိုတစ်ခုကတော့...
"တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်နဲ့ အင်အားသုံးမဖြေရှင်းဘဲ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးကြပါ" ဆိုတဲ့ တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။
ဒီစကားက နိုင်ငံရေးနဲ့သံတမန်ရေးလောကမှာတော့ အင်မတန်နားထောင်ကောင်းလို့ကောင်းတဲ့ လက်သုံးစကားလည်း ဖြစ်ပါတယ်။
NUG နဲ့ PLA တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်တွေအပြီးမှာ ဒီစကားကို အများဆုံးကြားခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်...
“ညှိနှိုင်းဆွေးနွေးခြင်းတစ်ခုတည်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို တကယ်ဖြေရှင်းနိုင်ပါ့မလား။”
အဖြေရှာကြည့်ရအောင်ပါ။
ကျွန်တော်ကိုယ်တိုင်လည်း ပြဿနာတိုင်းကို ဖြစ်နိုင်သမျှတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတဲ့ အခြေခံမူကို လက်ခံပါတယ်။
ဒါပေမယ့် ဒီနေရာမှာ မခွဲခြားမိတဲ့ အချက်တစ်ခု ရှိနေပါတယ်။
"ညှိနှိုင်းဆွေးနွေးရေးဟာ လိုအပ်တယ်"
ဆိုတာနဲ့
"ညှိနှိုင်းဆွေးနွေးရုံနဲ့ ပြဿနာအားလုံး ပြေလည်နိုင်တယ်"
ဆိုတာက တူညီတဲ့ သဘောတရားနှစ်ခု မဟုတ်ပါဘူး။
ဒီနှစ်ခုကို ရောထွေးလိုက်တဲ့အခါ လက်တွေ့နိုင်ငံရေးကို လွဲမှားစွာ အကဲခတ်မိတတ်ပါတယ်။
တကယ်တော့ ညှိနှိုင်းဆွေးနွေးခြင်းဟာ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အသုံးပြုရမယ့် နည်းလမ်းတွေထဲက ဦးစားပေးနံပတ်တစ်ခုသာ ဖြစ်သလို ပြဿနာဖြေရှင်းရေးနည်းလမ်းတွေထဲက အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာကလည်း တစ်ဖွဲ့တည်း၊ တစ်ဦးတည်း ဦးဆောင်နေတဲ့ လှုပ်ရှားမျိုး မဟုတ်ပါဘူး။
ယနေ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်အောက် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ NUG လက်အောက်ခံ PDF တွေ ရှိသလို ဒေသခံကာကွယ်ရေးအဖွဲ့မျိုးစုံ၊ တိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံအပြင် သီးခြားရပ်တည်နေတဲ့ အဖွဲ့တွေလည်း ရှိနေကြပါတယ်။
အဲဒီအဖွဲ့အားလုံးကို "တော်လှန်ရေးအင်အားစု" ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ခေါ်နိုင်ပေမယ့် အတွင်းပိုင်းမှာတော့ အရာအားလုံး တူညီနေကြတာ မဟုတ်ပါဘူး။
• နိုင်ငံရေးရည်မှန်းချက် မတူဘူး။
• ဖွဲ့စည်းပုံ မတူဘူး။
• အမိန့်ပေးကွပ်ကဲမှုစနစ် မတူဘူး။
• စည်းကမ်းလိုက်နာမှု မတူဘူး။
• စစ်ဥပဒေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အတိုင်းအတာ မတူဘူး။
• ခေါင်းဆောင်မှု အရည်အသွေးလည်း မတူကြပါဘူး။
အရေးအကြီးဆုံးက လူသားဆိုတာ ကိုယ်ကျိုးစီးပွား၊ အာဏာ၊ ငွေကြေး၊ ဒေသအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွား စတဲ့ တွန်းအားအမျိုးမျိုးရဲ့ သက်ရောက်မှုကို ခံရနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။
တော်လှန်ရေးထဲ ဝင်လာတယ်ဆိုတာနဲ့ အားလုံးဟာ သန့်ရှင်းမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်လို့ ယူဆလို့ မရပါဘူး။
ဒီအချက်ကို လက်မခံဘဲ "ထိုင်ဆွေးနွေးလိုက်ရင် ပြေလည်သွားမယ်" လို့ ပြောတာဟာ တော်လှန်ရေးရဲ့ လက်တွေ့အခြေအနေကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။
ဒီတော့ မေးခွန်းတချို့ မေးကြည့်ရအောင်ပါ။
• အဖွဲ့အစည်းအားလုံးက သဘောတူညီချက်ကို လေးစားလိုက်နာမယ်လို့ ဘယ်သူ အာမခံနိုင်သလဲ။
• ညှိနှိုင်းပြီးသား သဘောတူညီချက်တွေကို တစ်ဖက်က ချိုးဖောက်လိုက်ရင် ဘယ်အဖွဲ့အစည်းက အရေးယူမလဲ။
• အဖွဲ့တစ်ဖွဲ့က ပြည်သူအပေါ် အနိုင်ကျင့်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိလာရင် ဘယ်သူက အရေးယူဆောင်ရွက်မလဲ၊ "ထပ်ညှိနှိုင်းလိုက်ပါ" ဆိုတာကပဲ အဖြေလား။
• ဒါမှမဟုတ် တာဝန်ခံမှုရှိတဲ့ ယန္တရားတစ်ခု လိုအပ်သလား။
ဒီမေးခွန်းတွေကို မဖြေဘဲ "ညှိနှိုင်းကြပါ" လို့ ပြောတာဟာ အခြေခံအကျဆုံး အပိုင်းကို ကျော်သွားတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ညှိနှိုင်းဆွေးနွေးရေးဆိုတာ ယုံကြည်မှုတစ်ခုတည်းနဲ့ မရပါဘူး။
• စည်းမျဉ်းတွေ လိုတယ်။
• ဘုံလက်ခံထားတဲ့ စံနှုန်းတွေ လိုတယ်။
• သဘောတူညီချက်ကို စောင့်ကြည့်မယ့် ယန္တရား လိုတယ်။
• ချိုးဖောက်ရင် တာဝန်ခံရမယ့် စနစ် လိုတယ်။
အဲဒီအရာတွေ ရှိမှသာ ညှိနှိုင်းရေးဟာ အသက်ဝင်လာမှာ ဖြစ်ပါတယ်။
(သာဓကအနေနဲ့ အလုပ်မဖြစ်တဲ့ “အကြမ်းဖက်စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းမှု”ကို ကြည့်ရင် မြင်နိုင်ပါလိမ့်မယ်။)
မဟုတ်ရင်တော့ ညှိနှိုင်းရေးဆိုတာ ဆန္ဒကောင်းတစ်ခုအဖြစ်သာ မှတ်တမ်းအနေနဲ့ ကျန်ရစ်နေပါလိမ့်မယ်။
ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကို ကြည့်တဲ့အခါ "ဘာကြောင့် မညှိနှိုင်းကြတာလဲ" ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
• ညှိနှိုင်းလို့ ရနိုင်တဲ့ အခြေအနေအခွင့်အရေး ရှိခဲ့ရဲ့လား။
• ညှိနှိုင်းနိုင်ဖို့ ဘာတွေလိုအပ်ခဲ့သလဲ။
• သဘောတူညီချက်ကို ဘယ်သူက အာမခံမလဲ။
• ချိုးဖောက်ရင် ဘယ်လို အရေးယူမလဲ။
ဆိုတဲ့ မေးခွန်းတွေကိုပါ တပြိုင်နက်တည်း မေးဖို့ လိုပါတယ်။
အဲဒီမေးခွန်းတွေကို မဖြေရှင်းနိုင်သေးသရွေ့ "စားပွဲဝိုင်းပေါ်မှာ အဖြေရှာကြပါ" ဆိုတဲ့ စကားဟာ နားထောင်လို့ ကောင်းပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲနေဦးမယ့် အဆိုတစ်ခုသာ ဖြစ်နေပါလိမ့်မယ်။
အဲ့ဒီတော့ NUG ကို ဝေဖန်မယ်ဆိုရင် ဘယ်လိုဝေဖန်မှုက တော်လှန်ရေးကို အကျိုးပြုမလဲ။ NUG အနေနဲ့ရော ဘာတွေကို ဦးစားပေး တည်ဆောက်သင့်သလဲ။
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာ နမခအတွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 3:23PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 3:00PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်တောင်ခြမ်း၊ မအူဂိတ်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:58PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်တောင်ခြမ်း၊ မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:52PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်တောင်ခြမ်း၊ ကူတောဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:51PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာနယ်တောင်ခြမ်း၊ မုံရွေးဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:47PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးမြို့ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:38PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးနယ်၊ ငါးယှန်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:32PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးနယ်၊ နတ်ရေကန်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:28PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် ချောင်းဦးနယ်၊ ရေပိုးစားဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:26PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ ဂွေးပင်တောဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:22PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ မြောင်လမ်းခွဲဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:17PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ အလ္လကပ္ပဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:15PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ရွှေဘို စခတ(၈)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Jul 28, 2:11PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ ဝမ်းပြည့်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:07PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
စစ်ကိုင်း၊ တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူမြို့ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 28, 2:04PM