uk
Feedback
EIO

EIO

Відкрити в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Показати більше
1 053
Підписники
+224 години
-27 днів
+330 днів
Архів дописів
EIO
1 056
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (3)စီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ် တစ
(20,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (3)စီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (10:05) (10:06) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Magway_Region #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity) လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပ
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity) လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page များ၏ မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။ "တော်လှန်ရေးတပ်ဖွဲ့များ ဘယ်နေရာမှာ ဘယ်လိုတိုက်ပွဲဝင်နေတယ် လေကြောင်းထောက်ပေးပါ၊ကားတန်းထောက်ပေးပါဆိုမျိုး" ကို သတင်းချန်နယ်များ၏ အများဆိုင် Group များ၊ Facebook Page များ၏ မန့်များတွင် (လုံးဝ-လုံးဝ) ရေးသားခြင်းမပြုရပါ။ စစ်ရေးနှင့်ပတ်သတ်ပြီး သတင်းများကို အထူးဂရုစိုက်ပါ။ "မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻 📲 #EIO_Admin_Team ထံသို့ သတင်းပေးပို့ရန် - 🌐 @EIO2021_bot | @EagleInformationOperator_bot 📧 Email - eagleinformationoperators@gmail.com #Eagle_Information_Operator #Revolution_News #DigitalSecurity #EmergencyAlert #StaySafe #SecurityUpdate #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
​✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။ ​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။ ​🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။ ​#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ 🚫​မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။ တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။ ✨​ပြန်လည်မျှဝေခြင်းသာရှိသည်။ အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။ ​📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
​"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"
မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။ ​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻 ​#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution

EIO
1 056
Repost from EIO
photo content
+1

EIO
1 056
Repost from EIO
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨
​🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ​⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ​ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ​⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ ​🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨​Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 ​စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ ​မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ ​🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ​⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 ​အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ ​စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ​ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ ​📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
​⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
​"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ​#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar

EIO
1 056
⚠️ လမ်းပိုင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက် ⚠️ 🔈 ၂၀၂၆ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှစ၍ ယနေ့ အချိန်ထိ 💥 မုံရွာ - ဘုတလင် - စိုင်ပြင် လမ်းပိုင်းတို့အား ဘုတလင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ဘုတလင်မြိုနယ်-ပအဖ)မှ ခေတ္တယာယီ ပိတ်ထားဆဲဖြစ်ကြောင်း သတင်းရရှိထားပါသည်။ 🚫 ကျန်းမာရေးကိစ္စမှ လွဲ၍ ၎င်းလမ်းပိုင်းအား မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာ အသုံးပြုခြင်းကို (လုံးဝ-လုံးဝ) မပြုလုပ်ကြပါရန်။ 🙏 ဘုတလင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်း၏ ကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ ⏱ ဖြတ်သန်းသွားလာနိုင်သော အချိန်အား အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 ဆက်သွယ်ရန် @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🖥 Facebook: https://www.facebook.com/eagleinformation 🌐 Telegram: t.me/eagleinformationoperator #EIO_Admin_Team #Eagle_Information_Operator #Sagaing_Region #ButalinTownship #PublicSafety #RoadClosure

EIO
1 056
⚜️ #EIO_Update_News ဘုတလင်မြို့တွင်းမှ ထွက်လာသော စခအအများသည် ဘုတလင်နယ်၊ ပဲပြစ်တော အရှေ့ရွာနှင့် အနောက်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ May 20, 7:25AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
တပ်ပြေးနှင့် အဖွဲ့အစည်းကိုစွန့်ခွာသူများပြားလာခြင်း ပြဿနာကို ဖြေရှင်းရန်မှာ တော်လှန်ရေး မည်သည့်အဖွဲ့အစည်းတိုင်းတွင်မဆို စနစ်ကျသော စည်းကမ်းထိန်းသိမ်းရေးယန္တရား ရှိရန် လိုအပ်သလို၊ တော်လှန်ရေးရဲဘော်များ၊အဖွဲ့အစည်းမှ အဖွဲ့ဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု (Mental Support) ကိုလည်း အလေးအနက်ထားသင့်ပါသည်။ ထို့အပြင် သတင်းအချက်အလက် လုံခြုံရေး (Operational Security) ကို အမြဲတမ်း အဆင့်မြှင့်တင်နေပြီး တပ်ရင်းတပ်ဖွဲ့ (သို့မဟုတ်) တော်လှန်ရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်တစ်ဦး စွန့်ခွာသွားသည်နှင့် တပြိုင်နက် လုံခြုံရေးဆိုင်ရာ ပြောင်းလဲမှုများကို ချက်ချင်း ပြုလုပ်ရမည် ဖြစ်ပါသည်။ ဤဆောင်းပါးသည် စာရေးသူ၏ အပြုသဘောဆောင်သည့် ကိုယ်ပိုင်အာဘော်သာဖြစ်ပြီး လက်ရှိမြေပြင် အခြေအနေကို သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။ #2025_2026_Revolution #RevolutionarySecurity #InternalThreats #MilitaryDesertion #OPSEC #RevolutionaryUnity #InformationSafety #TacticalAwareness #MyanmarRevolution #StabilityAndDiscipline #Eagle_Information_Operator #EIO

EIO
1 056
Repost from EIO
(၂၀၂၅ - ၂၀၂၆) ခုနှစ်၏ လက်ရှိတော်လှန်ရေး အခင်းအကျင်းတွင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ "တပ်ပြေး" (Desertion) ကြေညာချက်များ ခပ်စိပ်စိပ် ထွက်ပေါ်လာနေခြင်းသည် သတိပြုရမည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဤအခြေအနေသည် တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာတတ်သော စိန်ခေါ်မှုများ၊ အဖွဲ့အစည်းတွင်း စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါသည်။တပ်ပြေးများပြားလာရခြင်း အကြောင်းရင်းများနှင့် ယင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို သုံးသပ်တင်ပြထားပါသည်။ "တော်လှန်ရေးအင်အားစုများအတွင်း တပ်ပြေးများပြားလာရခြင်းနှင့် ယင်း၏ အကျိုးဆက်များ" (၂၀၂၅ - ၂၀၂၆) ခုနှစ်အတွင်း တော်လှန်ရေးနယ်မြေအသီးသီးရှိ အဖွဲ့အစည်းများထံမှ မိမိတို့အဖွဲ့ဝင်အချို့သည် ခွင့်မဲ့ပျက်ကွက်ခြင်း၊ တပ်မှ စွန့်ခွာခြင်းနှင့် တပ်ပြေးအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်းများ ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပါသည်။ ဤဖြစ်စဉ်သည် တော်လှန်ရေး၏ အရှိန်အဟုန်အပေါ် သက်ရောက်မှုရှိနိုင်သဖြင့် အဘက်ဘက်မှ ဆန်းစစ်ရန် အဓိကလိုအပ်သော အခြေအနေဖြစ်ပါသည်။ "တပ်ပြေးများပြားလာရခြင်း၏ အဓိကအကြောင်းရင်းများ" ၁။ ကာလရှည် စစ်ပွဲဒဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု (Combat Fatigue) ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး သပိတ်အစမှ ယခုအချိန်ထိ တော်လှန်ရေးကာလ နှစ်ချီကြာမြင့်လာသည်နှင့်အမျှ ရှေ့တန်းတိုက်ပွဲဝင် ရဲဘော်များနှင့် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်း ကဏ္ဍအသီးသီး မှ အဖွဲ့ဝင်များတွင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်လာတတ်ပါသည်။ အနားယူချိန် နည်းပါးခြင်း၊ မိသားစုနှင့် ဝေးကွာခြင်းနှင့် အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုများက စိတ်ဓာတ်ခိုင်မာမှုကို လျော့ပါးစေပြီး တော်လှန်ရေးကို စွန့်ခွာလိုစိတ်ကို ဖြစ်ပေါ်စေပါသည်။ ၂။ အဖွဲ့အစည်းတွင်း စီမံခန့်ခွဲမှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များ တော်လှန်ရေးအဖွဲ့အစည်းအချို့တွင် ခေါင်းဆောင်မှုပိုင်းများ အားနည်းခြင်း၊ တရားမျှတမှု မရှိခြင်း (သို့မဟုတ်) အောက်ခြေရဲဘော်များ၊အဖွဲ့ဝင်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ခြင်းတို့က တပ်ပြေးဖြစ်စေသည့် (သို့မဟုတ်) မိမိအဖွဲ့အစည်းကို စွန့်ခွာ‌စေသည့် တွန်းအားများ ဖြစ်လာကြပါသည်။ ၃။ ရန်သူ၏ စိစစ်ထိုးဖောက်မှုနှင့် ဝါဒဖြန့်ချိရေး အကြမ်းဖက် စစ်ကောင်စီဘက်မှ စည်းရုံးသိမ်းသွင်းမှု၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသော မက်လုံးများ (သို့မဟုတ်) မိသားစုဝင်များကို အသုံးချ၍ ဖိအားပေးမှုများကြောင့် မိခင်တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များနှင့် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမဆို စွန့်ခွာမှုများ ရှိလာကြပါသည်။ ⚠️တော်လှန်ရေး "အဖွဲ့အစည်းများ" ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များ⚠️ တပ်ပြေးများပြားလာခြင်းနှင့် အဖွဲ့အစည်းကို စွန့်ခွာသည့်သူများပြားလာခြင်းသည် တော်လှန်ရေး အဖွဲ့အစည်းတစ်ခုအတွက် သာမန်အင်အား လျော့နည်းသွားခြင်းထက် ပိုမိုကြီးမားသော အန္တရာယ်များကို သယ်ဆောင်လာနိုင်ပါသည်။ "သတင်းအချက်အလက် ပေါက်ကြားမှု (Intelligence Leak)" တပ်ပြေးတစ်ဦး(သို့မဟုတ်) အဖွဲ့အစည်းကို စွန့်ခွာသွားသူ တစ်ဦးဦးသည် မိမိရှိခဲ့သည့် နေထိုင်ခဲ့သည့် စခန်း၏ တည်နေရာ၊ အင်အားဖြန့်ကျက်မှု၊ ဆက်သွယ်ရေး လျှို့ဝှက်ကုဒ်များ၊ ရိက္ခာလမ်းကြောင်းများနှင့် ခေါင်းဆောင်ပိုင်း၏ သွားလာမှု အစီအစဉ်များကို သိရှိထားသူလည်း ဖြစ်သည်။ ထိုသူသည် စစ်ကောင်စီထံ လက်နက်ချခြင်း (သို့မဟုတ်) ဖမ်းဆီးခံရခြင်းမျိုး ဖြစ်ခဲ့ပါက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးသည် ချက်ချင်း အန္တရာယ် ကျရောက်နိုင်ပါသည်။ "အတွင်းလူမှတစ်ဆင့် တိုက်ခိုက်ခံရခြင်း (Inside Threat)" တပ်ရင်းတပ်ဖွဲ့နှင့် အဖွဲ့အစည်းကို စွန့်ခွာသွားသူသည် စစ်ကောင်စီဘက်မှ လမ်းပြအဖြစ် ပြန်လည်ပါဝင်လာပါက တော်လှန်ရေးစခန်းများ၊အဖွဲ့အစည်းများကို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းနှင့် မြေပြင်မြေပုံ အတိအကျဖြင့် စီးနင်းခံရခြင်းမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။ "အဖွဲ့တွင်း ယုံကြည်မှုနှင့် စိတ်ဓာတ်ရေးရာ ထိခိုက်မှု" တပ်ပြေးများ၊အဖွဲ့အစည်းကိုစွန့်ခွာသူများ ရှိလာခြင်းသည် ကျန်ရှိနေသည့် တော်လှန်ရေးရဲဘော်များအကြား၊အဖွဲ့အစည်းအတွင်းကြား သံသယများ ဖြစ်ပေါ်စေပြီး အချင်းချင်း အပြန်အလှန် ယုံကြည်မှု လျော့နည်းသွားစေပါသည်။ ယင်းက တိုက်ပွဲဝင်လိုစိတ်၊ဆက်လက်လုပ်ကိုင် ပါ‌ဝင်လို "စိတ်" ကို ကျဆင်းစေကာ အဖွဲ့အစည်း၏ စုစည်းမှုကို ပျက်ပြားစေပါသည်။ "လူထု၏ ယုံကြည်မှု လျော့နည်းခြင်း" တော်လှန်ရေး အဖွဲ့အစည်းတစ်ခုတွင် တပ်ပြေးနှင့် စွန့်ခွာလာသူ များပြားနေခြင်းသည် ထိုအဖွဲ့၏ စည်းကမ်းနှင့် ထိန်းချုပ်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာစေပြီး ထောက်ခံအားပေးနေသည့် ပြည်သူများ၏ ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ နိဂုံးနှင့် အကြံပြုချက်။

EIO
1 056
⚜️ #EIO_Update_News ဘုတလင်မြို့တွင်းမှ ထွက်လာသော စခအအများသည် မြောက်ကြည်ရွာ၊တက်လှိုင်းရွာတွင် ညအိပ်ဝပ်ကျင်းချခဲ့ပြီး ယနေ့နံနက် တက်လှိုင်းရွာမှ စခတချို့သည် ပဲပြစ်တော အရှေ့ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ May 20, 6:40AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
🚨မုံရွာ-ချောင်းဦး🚨 (မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပ
🚨မုံရွာ-ချောင်းဦး🚨 (မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပြီး ခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။ ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။  #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး) 📲 သတင်းပေးပို့ရန် - 👉🏻 @EIO2021_bot | @EagleInformationOperator_bot 👉🏻 eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 t.me/eagleinformationoperator #EIO #PublicSafety #Monywa #SecurityTips #StaySafe

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့်တံတားဖြူမှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ May 20, 6:26AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
🚨 အရေးကြီး သတိပေးချက် 🚨 ⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။ (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီ ဂိတ်များ တိုးချဲ့ထားခြင်းနှင့် စစ်ဆေးရေး၊ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာမှုများရှိပါသည်။ မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီ အထိုင်ဂိတ်များနှင့် လမ်းပိုင်းကင်းများတွင် လူငယ်၊ လူရွယ်များကို အဓိက ပစ်မှတ်ထား၍ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။ အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးခြင်းခံရသော လူငယ်၊လူရွယ်များစွာလည်း ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရှိရပါသည်။သို့ဖြစ်ပါ၍ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခြင်းမှ ကင်းဝေးဖို့ရန် မိမိတို့ #EIO_Admin_Team မှ အမြဲ အသိပေး၊သတိပေး ဆော်ဩလျက်ရှိပါသည်။ ⚠️မဖြစ်မနေ ခရီးသွားလာ‌နေကြရပါသော မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် အောက်ပါ "ဆောင်ရန်/ရှောင်ရန်" အချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။🙏🏻 🛡️ ဆောင်ရန်များ။ (Do's) 🔷သတင်းကြိုတင်နားစွင့်ပါ။ ခရီးမထွက်ခွာမီ လမ်းကြောင်းပေါ်ရှိ မြေပြင်အခြေအနေနှင့် ဂိတ်များ၏ အခြေအနေကို သတင်းပြန်ကြားရေး Page များ၊ချန်နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခံများတွင် အမြဲမပြတ် စစ်ဆေးပါ။ 🔷မှတ်ပုံတင်ဆောင်ထားပါ။ မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရမှု သက်သာစေရန် မိမိ၏ မှတ်ပုံတင် (မူရင်း) ကို အမြဲဆောင်ထားပါ။ 🔷ဖုန်းအတွင်းရှိ အချက်အလက်များရှင်းလင်းပါ။ ဖုန်းထဲတွင် အရေးကြီးသည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် လူမှုထူးခြားဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းလင်းထားပါ။ 🔷လူစုလူဝေးဖြင့် သွားလာပါ။ ဖြစ်နိုင်ပါက တစ်ဦးတည်းသွားလာခြင်းထက် မိသားစု (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများဖြင့် သွားလာပါ။ ⚠️ ရှောင်ရန်များ။ (Don'ts) ♦️ညဘက်ခရီးမသွားပါနှင့်။ မဖြစ်မနေကိစ္စမှလွဲ၍ ညဦးပိုင်းနှင့် ညဖက် ခရီးသွားလာခြင်းကို အပြည့်အဝ ရှောင်ကြဉ်ပါ။ ♦️ယူနီဖောင်း/စစ်ဘက်သုံးပစ္စည်းများ ရှောင်ပါ။ စစ်ဘက်နှင့် ဆက်စပ်နိုင်သည့် အရောင်များ (ဥပမာ- သံလွင်ရောင်၊ ကာကီရောင်) နှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ ♦️စကားအပြောအဆို ဆင်ခြင်ပါ။ ခရီးသွားစဉ်အတွင်း ဘေးပတ်ဝန်းကျင်ရှိ မသိကျွမ်းသူများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုပါနှင့်။ ♦️စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် မတွန့်ဆုတ်ပါနှင့်။ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပါက ပုံမှန်အတိုင်း တည်ငြိမ်စွာ ဆက်ဆံပါ။ တုံ့ဆိုင်းနေခြင်းက ပိုမိုသံသယပွားစေနိုင်ပါသည်။ 🛑 [STOP] - မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခေတ္တဆိုင်းငံ့ထားကြပါ။‼️ ✨ခရီးသွားမိဘပြည်သူ ညီအကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ခရီးစဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေကြောင်း မိမိတို့ #EIO_Admin_Teamမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator #Eagle_Information_Operator #EIO #GroundInfo #EmergencyAlert #CivilianMilitaryServiceLaw #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #Public_Safety #TravelSafely

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 20, 6:17AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
photo content

EIO
1 056
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 20, 5:55AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 20, 5:50AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar