uk
Feedback
EIO

EIO

Відкрити в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Показати більше
1 051
Підписники
Немає даних24 години
-37 днів
+430 днів
Архів дописів
EIO
1 051
ကိုယ့်အချင်းချင်းဖြစ်တဲ့ သံသယဟာ အဖွဲ့အစည်းကို ပြိုကွဲစေဖို့ လမ်းစပါပဲ။ ကိုယ့်ကိုထမ်းတင်ပေးထားတဲ့ ပြည်သူအားလုံးကို သံသယဖြစ်လာပြီဆိုရင်တော့ ဖင်ထိုင်ကျဖို့ မဝေးတော့တဲ့ လက္ခဏာလို့ပဲ ပြင်းပြင်းထန်ထန် ဆိုချင်ပါတယ်။ ခြုံပြီးသုံးသပ်ရရင် လုံခြုံရေးအကြောင်းပြပြီး ကျောင်းသား/သူတွေရဲ့ ပညာရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဟာ မိဘပြည်သူတွေရဲ့ ရင်ကို စုံကန်တာပါပဲ။ ဒီထုတ်ပြန်ချက်တစ်ခုတည်းနဲ့ပဲ ပုလဲ ပအဖရဲ့ ခေါင်းဆောင်ပိုင်းနဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို မြင်နိုင်စေပါတယ်။ ပြည်သူ့အသံကို နားထောင်ဖို့၊ မူဝါဒကို ပြန်သုံးသပ်ဖို့၊ ပြည်သူကို ပြန်တောင်းပန်ဖို့ လိုနေပါပြီ။ NUG ကျောင်းကို အပ်စေချင်ရင်၊ တက်စေချင်ရင် ပညာရေးနဲ့ သင်ကြားရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ပြည့်စုံအောင် ဖြည့်ဆည်းပြီး လုံခြုံရေးအာမခံနဲ့ စည်းရုံးရမှာပါ။ နောက်တစ်ခုက ပညာရေးကို လက်နက်ကိုင်အဖွဲ့တွေက ဩဇာပေးနေခြင်းဟာလည်း အလွဲတစ်ခုလို့ ယူဆပါတယ်။ တကယ်ဆိုရင် NUG ရဲ့ ပညာရေးဝန်ကြီးဌာနကို တင်ပြပြီး စာထုတ်စရာရှိရင်လည်း ပညာရေးဝန်ကြီးဌာနကပဲ ဦးဆောင်ညွှန်ကြားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အချုပ်ဆိုရရင် စစ်တပ်က ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာ ဝင်စွက်ဖက်၊ ဝင်ခြယ်လှယ်၊ ဝင်ဩဇာပေး၊ ဝင်လုပ်၊ ဝင်ရှုပ်နေလို့ ပျက်နေတဲ့ တိုင်းပြည်မှာ တော်လှန်ရေးလမ်းကြောင်းမှန်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာနဲ့ မလုပ်သင့်မလုပ်အပ်တာကို ကွဲကွဲပြားပြား ရှိစေဖို့ မူဝါဒတွေ ရင့်ကျက်ခိုင်မာလာအောင် လေ့လာဆန်းစစ် ပြုပြင်သင့်ကြပါပြီ။ “လက်တစ်ဖက်က သေနတ်ကိုင်ပြီး တော်လှန်ရေးလုပ်မယ်ဆို ကျန်လက်တစ်ဖက်က စာအုပ်ကိုင်ပြီး စာဖတ်ဖို့ လိုတယ်” ဆိုတဲ့ သဘောတရားကို ချေဂွေဗားရား ပြောခဲ့ဖူးပါတယ်။ အရာရာခက်ခဲပြီး ရွေးချယ်စရာ နည်းပါးလွန်းတဲ့ လူငယ်တွေရဲ့ဘဝကို ငဲ့ညှာတတ်၊ အလေးထားတတ်ကြပါစေ။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

EIO
1 051
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိ
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။ 📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။
#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မိုးညင်းရွာဘက်သို့ ရောက်ရှိနေသော GTC ကျောင်းအထိုင်မှ စခကင်းများသည် GTC ကျောင်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ May 31, 9:45AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မိုးညင်းရွာဘက်သို့ ရောက်ရှိနေသော GTC ကျောင်းအထိုင်မှ စခကင်းများသည် GTC ကျောင်းဘက်သို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 31, 9:40AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️ ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။ 📖 ၁။ သုတမယပညာ (#Learning) သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။ 🤔 ၂။ စိန္တာမယပညာ (#Thinking) ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။ 🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation) သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။ ⚠️ "သင်လို့မရတဲ့ လူစားမျိုး" လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။ ဒါပေမဲ့... ကိုယ်ကျင့်တရား ညံ့ဖျင်းသူ ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ) ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။ ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။ ✨ ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️ ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။ "ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..." တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။ မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻 #EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar

EIO
1 051
Repost from EIO
🚨 လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️ မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။✨ ⚠️ ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။ 🌳 သစ်ပင်ပြိုလဲခြင်း။ အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။ ⚡ လျှပ်စစ်အန္တရာယ်။ ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။ 🏠 အဆောက်အအုံပျက်စီးခြင်း။ အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။ 🌊 ရေကြီးရေလျှံခြင်း။ ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။ ✅ ဆောင်ရန်အချက်များ။ (Dos) 🏠 Stay Indoors။ လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။ 🔌 Unplug Electronics။ မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။ 📻 Stay Updated။ မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။ 🔦 Emergency Lights။ ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။ ❌ ရှောင်ရန်အချက်များ။ (Don'ts) 🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။ မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။ 🚫 ⚡ ဓာတ်ကြိုး/ဓာတ်တိုင်များ။ ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။ 🚫 📱 ဖုန်းအသုံးပြုခြင်း။ မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ 🚫 🌊 ကမ်းပါး/မြစ်အနီး။ ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။ 💡 အကြံပြုချက်။ အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။ ✨ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။ ✨ #WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News

EIO
1 051
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။ ⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

EIO
1 051
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခကားကြီး(၄)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 31, 7:50AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ GTC ကျောင်းအထိုင်မှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရားရှေ့မှ အနောက်ဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 31, 7:47AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ GTC ကျောင်းအထိုင်မှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရားရှေ့သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31, 7:30AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲ ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31,7:13AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News ချောင်းဦး ပခုက္ကူလမ်းခွဲမှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာတွင်းသို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိ
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။ ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 သတင်းပေးပို့ရန် 👉🏻 @EIO2021_bot | @EagleInformationOperator_bot 👉🏻 eagleinformationoperators@gmail.com 🔵 Facebook – https://www.facebook.com/eagleinformation 🌐 Telegram – t.me/eagleinformationoperator #EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:37AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:36AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 31, 6:17AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 051
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics