EIO
Відкрити в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Показати більше1 053
Підписники
-124 години
-27 днів
+230 днів
Архів дописів
1 053
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 053
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 053
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 053
Repost from EIO
⚠️ ⚠️ သဘာဝဘေးကျရောက်ချိန်များတွင် သတိပြုရမည့် စစ်လက်ကျန်ပစ္စည်းများ၏ အန္တရာယ်
သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည်တို့ကြောင့် မြေမြှုပ်မိုင်းအပါအဝင် စစ်လက်ကျန်ပစ္စည်းများသည် တည်နေရာပြောင်းလဲခြင်း၊ မြေအောက်မှ ပြန်လည်ပေါ်ထွက်လာခြင်း၊ အရပ်သားများနှင့်သက်ဆိုင်သော နေရာများသို့ ရွေ့လျားရောက်ရှိလာခြင်းစသည့် အန္တရာယ်များ ဖြစ်ပေါ်တတ်သဖြင့် အောက်ပါတို့ကို သတိပြုသင့်ပါသည်-
(၁) နေရာပြောင်းရွှေ့ခြင်း – ပေါက်ကွဲစေနိုင်သည့် စစ်လက်နက်ပစ္စည်းများသည် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြစ်ရေတိုက်စားခြင်းတို့ကြောင့် မူလနေရာမှ အခြားနေရာများသို့ ရွေ့လျားရောက်ရှိသွားနိုင်သည်။
(၂) အရပ်သားနေရာများသို့ ရောက်ရှိလာခြင်း – စစ်ရေးနေရာများတွင် အသုံးပြုထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်များသည် ရေစီးနှင့်အတူ လူနေအိမ်များ၊ လယ်ယာ၊ လမ်းမများနှင့် ရေတွင်းရေကန်များအထိ ရောက်ရှိလာနိုင်သည်။
(၃) မြေသားအောက်မှပေါ်ထွက်လာခြင်း – မြေပြိုကမ်းပြိုခြင်းနှင့် မြေလွှာများ ပြတ်ရွေ့ခြင်းတို့ကြောင့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကို မြေသားများဖုံးအုပ်စေနိုင်သကဲ့သို့ ယခင်ကမြေအောက်တွင်ရှိနေသော စစ်ကျန်ပစ္စည်းများသည်လည်း ပြန်လည်ပေါ်ထွက်လာနိုင်ပါသည်။
(၄) မိုင်းသတိပေး အမှတ်အသားများ ပျက်စီးခြင်း – မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်များ၊ အကာအရံများနှင့် အချက်ပြ အမှတ်အသားများသည် သဘာဝဘေးကြောင့် ပျက်စီးသွားနိုင်ပြီး အန္တရာယ်ဇုန်ကို ခွဲခြားသိရှိရန် ခက်ခဲစေသည်။
(၅) မိုင်းရှင်းလင်းရန် ခက်ခဲခြင်း – စစ်ကျန်ပစ္စည်းများကို တွေ့ရှိချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်နေခြင်းကြောင့် တာဝန်ရှိအဖွဲ့အစည်းများကို ဆက်သွယ်ရန်ခက်ခဲခြင်းနှင့် မိုင်းရှင်းလင်းရေးအဖွဲ့များအနေဖြင့်လည်း ယင်းပစ္စည်းများ ဖယ်ရှားရေးလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာနိုင်သည်။
(၆) ဘေးသင့်ပြည်သူများအတွက် ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်မှုများခြင်း - ဘေးသင့်ပြည်သူများသည် သဘာဝဘေးကြောင့် လူမှုဒုက္ခများခံစားရချိန်တွင် စစ်လက်နက်ပစ္စည်းများအန္တရာယ်ကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ထပ်မံကြုံတွေ့ရနိုင်သည်။
သို့ဖြစ်ရာ ဒေသတာဝန်ရှိအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် သဘာဝဘေးကျရောက်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများနှင့် မတော်တဆ ထိတွေ့မိနိုင်ခြေ မြင့်မားသည့်အတွက် အထူးသတိပြု ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
https://www.facebook.com/share/1JQxsXwMA3/
1 053
Repost from EIO
🚨 လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️
မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။✨
⚠️ ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။
🌳 သစ်ပင်ပြိုလဲခြင်း။
အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။
⚡ လျှပ်စစ်အန္တရာယ်။
ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။
🏠 အဆောက်အအုံပျက်စီးခြင်း။
အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။
🌊 ရေကြီးရေလျှံခြင်း။
ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။
✅ ဆောင်ရန်အချက်များ။ (Dos)
🏠 Stay Indoors။
လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။
🔌 Unplug Electronics။
မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။
📻 Stay Updated။
မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။
🔦 Emergency Lights။
ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။
❌ ရှောင်ရန်အချက်များ။ (Don'ts)
🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။
မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။
🚫 ⚡ ဓာတ်ကြိုး/ဓာတ်တိုင်များ။
ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။
🚫 📱 ဖုန်းအသုံးပြုခြင်း။
မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
🚫 🌊 ကမ်းပါး/မြစ်အနီး။
ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။
💡 အကြံပြုချက်။
အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။
✨ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။ ✨
#WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News
1 053
(6,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (4)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (10:30/10:33)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 053
Repost from ပြည်သူ့ပန်းတိုင်-People's Goal
တင်ဒါစနစ်မှာ လက်သိပ်ထိုးခြင်း – ကြီးကြီးမားမား လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးတွေ၊ ဈေးတွေ၊ ရုံးတွေ၊ စီမံကိန်းတွေရဲ့ တင်ဒါတွေကို အာဏာရှင်တွေ၊ အာဏာရှင်နဲ့နီးတဲ့သူတွေပဲ ရရှိနေတာပါ။ တင်ဒါမခေါ်ဘဲနဲ့လည်း အပိုင်စီးတာတွေ ဆက်ဖြစ်နေပါတယ်။
စစ်ဆေးရေးဂိတ်များ – လမ်းမတွေပေါ်မှာ၊ မြို့ဝင်/ထွက်တွေမှာ စစ်တပ်ဂိတ်တွေ ရှိနေဆဲပါပဲ။ ကုန်စည်တင်တဲ့ကားတွေဆို ကုန်စည်အတွက်၊ ခရီးသည်တင်တဲ့ကားတွေဆိုလည်း ခရီးသည်အကြောင်းပြလို့ လာဘ်ငွေ တောင်းသလောက် အိတ်သွန်ဖာမှောက် ပေးနေရဆဲပါ။
PSMS (Public Security Management System) – ပြည်သူတွေရဲ့ လှုပ်ရှားမှုတိုင်းကို ခြေရာခံတဲ့ စနစ်က ဆက်ရှိနေပါတယ်။ ဘယ်သူ ဘာလုပ်နေနေ သူတို့သိအောင် ကြိုးစားနေဦးမှာပါ။ စစ်ဆေးရေးဂိတ်တွေမှာ ဒီစနစ်က ပြည်သူတွေကို ဒုက္ခပေးဖို့အပြင် ငွေညှစ်ဖို့အတွက်ပါ သုံးနေကြတာပါ။ ဒီစနစ်နဲ့အတူ လက်ကိုင်ဖုန်းတွေကို မှတ်ပုံတင်ခိုင်းတာမျိုးကလည်း ခြေရာခံမှုပုံစံတစ်မျိုးပါပဲ။
Passport လုပ်ခွင့် – ပြည်ပထွက်ချင်သူတွေ အထူးသဖြင့် လူငယ်တွေအတွက် passport လုပ်ခွင့်ကို ဆက်လက် တင်းကျပ်ထားဆဲပါ။ ဘယ်သူ့ကို ခွင့်ပြုမယ်၊ ဘယ်သူ့ကို မပြုဘူးဆိုတာမျိုးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ထိန်းချုပ်ပြီး သူတို့အကျိုးစီးပွားအတွက် လိုသလိုအသုံးချနေဆဲပါ။ ဒါကြောင့် သာမန်ပြည်သူတွေအနေနဲ့ ကုန်ကျစရိတ်မြင့်မားသလို လုပ်ဖို့လည်း ခက်ခဲနေဦးမှာပါ။
CDM – CDM လုပ်ခဲ့သူတွေကို ပြန်ခေါ်မယ့် အစီအစဉ် မရှိပါဘူး။ ဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်းတွေ ဆက်ရှိနေမှာပါ။ ခေါ်ခဲ့ရင်တောင်မှ အာမခံချက်ပေးပြီး ခေါ်တာမျိုး မဟုတ်ဘဲ ရုပ်ပြသဘောမျိုးခေါ်ပြီး ထောင်ချောက်ဆင်ဖမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ CDM ဆိုတဲ့ စကားရပ်ကို သူတို့ လက်မခံပါဘူး။
စစ်မှုထမ်းဥပဒေ – စစ်တပ်ထဲကို စစ်သားသစ်တွေ စုဆောင်းမယ့် စစ်မှုထမ်းဥပဒေကို ဆက်လက် အသက်သွင်းထားဦးမှာပါ။ စစ်တပ်ကို လူအင်အားဖြည့်ဖို့၊ ပြည်သူတွေကို ဓားစာခံအဖြစ် အသုံးပြုဖို့၊ အောက်ခြေအဆင့်တွေကလည်း ပြည်သူတွေဆီကနေ ငွေညှစ်ဖို့၊ လူတွေကို ခြိမ်းခြောက်အနိုင်ကျင့်ဖို့ ဆက်သုံးဦးမှာပါ။ ဒါကို ဗိုလ်ချုပ်မင်းသူ ကိုယ်တိုင်ပြောသွားတဲ့ စကားက သက်သေခံနေပါတယ်။
ခြုံပြီးပြောရရင် အတိတ်က ဦးသိန်းစိန်အစိုးရလို ဖြေလျှော့မှုမျိုး ဒီတစ်ခါ ဖြစ်လာနိုင်ပါ့မလားဆိုရင် ဖြစ်နိုင်ခြေ နည်းလွန်းလှပါတယ်။ ဦးသိန်းစိန်က နိုင်ငံတကာထောက်ပံ့မှု၊ တရားဝင်မှုတွေ ပြန်ရဖို့အတွက် ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။ အခုအာဏာရှင်က နိုင်ငံတကာရဲ့ထောက်ခံမှုထက် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ရဲ့ ကူညီမှုနဲ့ပဲ သူ့အာဏာကို ဆက်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဖြေလျှော့ပေးမယ်လို့ မထင်မိပါဘူး။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီစစ်အစိုးရဆီကနေ ဖြေလျှော့မှုတွေ မျှော်လင့်ဖို့ထက် ဘက်ပေါင်းစုံကနေ ဖိနှိပ်မှုတွေကိုသာ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ ဒီအပြောင်းအလဲမှာ အကောင်းဘက်ကို မျှော်လင့်လို့ မရနိုင်ပါဘူး။ ဒီလိုအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ စိတ်ပျက်အားငယ်ဖို့ထက် ကိုယ့်ရဲ့ရှင်သန်ရေးကို ကိုယ်တိုင်စီမံရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကလည်း ဆက်ရှိနေမှာဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးကလည်း ဆက်ရှိနေမှာပါ။ ဒီအယောင်ဆောင် စစ်အစိုးရရဲ့ “ရှေ့ဆက်ဘာလုပ်လာမလဲ”ဆိုတဲ့ နည်းဗျူဟာကို နားလည်ပြီးရင် “ကိုယ်ဘယ်လိုရှင်သန်အောင် နေရမလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲ”ဆိုတဲ့ ကိုယ့်ရဲ့နည်းဗျူဟာတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
1 053
Repost from ပြည်သူ့ပန်းတိုင်-People's Goal
"အရပ်ဝတ်စစ်အစိုးရလက်ထက်မှာ ဖြေလျှော့ပေးမလား တင်းကျပ်လာမလား"
🔹ဘုန်းရဲနောင်
သမ္မတရာထူးကတော့ “ဘယ်သူပေးပေး၊ မပေးပေး ငါ့ရွှေခွက်ပေး” ဆိုတဲ့အတိုင်း ပလ္လင်ပေါ်တော့ တက်ထိုင်နေပါပြီ။ “မင်းကြီးများ”ဆိုရင် “ဘုရား”ထူးမယ့် မင်းပရိသတ်ကလည်း သူ့နေရာနဲ့သူ နေရာချထားပြီးသားမို့ တစ်ခန်းရပ်ပြဇာတ်လောက်တော့ ကလို့ရတဲ့ အနေအထားမို့ ဇာတ်စင်မပြိုသ၍ ရသလောက် ကပြဦးနေဦးမယ့် သဘောပါပဲ။
အခုအလှည့်အပြောင်းက ၂၀၁၀ ခုနှစ်က ‘ဗိုလ်ချုပ်ကြီး သိန်းစိန်’ကနေ ‘သမ္မတကြီး ဦးသိန်းစိန်’ဆိုတဲ့ ယူနီဖောင်းဝတ် အပြောင်းအလဲနဲ့ ခပ်ဆင်ဆင်တူသလိုလည်း ရှိပါတယ်။ စစ်ဗိုလ်ချုပ်တွေကနေ ယူနီဖောင်းချွတ်စေပြီး အစိုးရနဲ့ လွှတ်တော်ထဲကို ဝင်ထိုင်စေခဲ့တာကြောင့်ပါ။
မတူတာက အာဏာရှင် ဦးသန်းရွှေက ကန့်လန့်ကာနောက်ကွယ်ကို ဝင်သွားပြီး သူ စိတ်ချယုံကြည်ရတဲ့သူတွေကိုပဲ အစိုးရနဲ့ လွှတ်တော် ၂ ခုစလုံးမှာ ရှေ့ထွက် ကစားခိုင်းခဲ့တာပါ။ နောက်ကွယ်က ပါဝင်ပတ်သတ်မှုတွေ ရှိနေတယ်ဆိုပေမယ့် အစိုးရထဲမှာ ပေါ်ပေါ်တင်တင် ဝင်မပါခဲ့ပါဘူး။ သူနဲ့အတူ ဒုတိယအာဏာရှင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကိုပါ အငြိမ်းစားပေးပြီး ကစားပွဲအပြင်ကို ထွက်စေခဲ့ပါတယ်။
ဒီလို အသွင်ပြောင်းအစိုးရအများစုက တက်လာခါစမှာ လူထုဆီက ဒေါသလျော့ကျအောင်နဲ့ နိုင်ငံတကာမှာ မျက်နှာသာရစေဖို့ ဖိနှိပ်ထားမှုတွေကို ဖြေလျှော့ပေးတတ်ကြပေမယ့် ဒီတစ်ခါမှာတော့ အလုံးစုံ ပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားပုံစံဆန်ဆန် သွားမယ်လို့ ယူဆရနိုင်တဲ့ အခင်းအကျင်းမျိုးတွေ တွေ့လာရပါတယ်။
အာဏာရှင်ဟာ သူ့အရိပ်တောင် သူမယုံတာမို့ အရေးကြီးတဲ့နေရာမှန်သမျှကို သူ့လူယုံတွေနဲ့ တမိုးလုံးဖျောက်ဆိပ်ဆိုသလို အကုန်ထိန်းချုပ်ထားတာပါ။ ပြည်သူအပေါ်မှာ ဖြေလျှော့ပြီး မျက်နှာသာရအောင်၊ ထောက်ခံမှုရအောင် မလုပ်ဘဲ ဆက်လက်တင်းကျပ်ထားမယ့် အခြေအနေအရိပ်အယောင်တွေ တွေ့လာပါတယ်။ ပြည်သူတွေ ရှင်သန်ရခက်အောင် လုပ်ထားပြီး အာဏာရှင်ကို မော်မကြည့်နိုင်အောင် ဆက်လက် ဖိနှိပ်ထားဦးမယ့် သဘောပါပဲ။
တော်လှန်ရေးအစမှာ စစ်တပ်ကို အင်အားကောင်းကောင်းနဲ့ ဆန့်ကျင်ခဲ့တဲ့ ပြည်သူတွေကို စိတ်အစာမကျေဘူးလို့ ယူဆရပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်အုပ်ချုပ်ရေးစတင်ချိန်မှာ သူတို့ကို တိုက်ရိုက်ဆန့်ကျင်ခဲ့လို့ အခဲမကျေတာပါ။ ဒါကြောင့် ဘယ်လိုအခြေအနေရောက်ရောက် ပြည်သူကို ချော့ဖို့ထက် ခြောက်တဲ့နည်းလမ်းနဲ့ပဲ ဓားမိုး အုပ်ချုပ်ပါလိမ့်မယ်။
အာဏာရှင်စနစ်မှာ လူတန်းစား ၂ ရပ်ပဲ ကျန်ရှိပါလိမ့်မယ်။ ပထမ အုပ်ချုပ်သူအတန်းအစားထဲမှာ အာဏာရှင်၊ အာဏာရှင်မိသားစုနဲ့ အပေါင်းအပါတွေ၊ ခရိုနီတွေ ပါဝင်ပြီး နင်းပြားလူတန်းစားထဲမှာတော့ အာဏာရှင် ဂုတ်သွေးစုပ်သမျှ ခံနေကြရတဲ့ ပြည်သူတွေ ပါဝင်ပါလိမ့်မယ်။
ဒီအရပ်သားအယောင်ဆောင်စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာ ကြေညာချက်တွေ၊ အမိန့်တွေ အများကြီးထွက်လာပြီး အဲဒီအမိန့်တွေအားလုံးက ပြည်သူတွေအတွက် လက်တွေ့မှာ ဘာမှ ဖြေလျှော့မှု မရှိဘူးဆိုတာ တွေ့မြင်နေရပါတယ်။ အခုချိန်ထိ ဖြေလျှော့မပေးဘဲ ဆက်လက်တင်းကျပ်ထားတဲ့ အရာတွေ၊ မူဝါဒအမှားတွေ၊ ဖိနှိပ်မှုတွေကို ကြည့်ရအောင်ပါ။
VPN – အင်တာနက်ကို ပိတ်ဆို့ထားပြီး VPN သုံးရင် ဖမ်းဆီးခြင်းတွေ ဆက်ရှိနေပါတယ်။ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့် မပေးသေးသလို ပေးမယ့်ပုံလည်း မရှိပါဘူး။
ကုန်ဈေးနှုန်း – စစ်ကောင်စီရဲ့ ဝါဇီစက်ရုံကနေ ကျပ်ငွေတွေကို လိုသလောက် လှိမ့်ထုတ်နေဆဲပါ။ အကျိုးဆက်အနေနဲ့ မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေပါဦးမယ်။ ငွေကြေးဖောင်းပွမှုနှုန်း မတရားမြင့်မားလာလို့ ပြည်သူတွေ တနေ့တခြား ပိုဆင်းရဲလာနေပါတယ်။ ဝယ်လိုအားလည်း ကျဆင်းပြီး ငတ်မွတ်ခေါင်းပါးမှုဆီ ချဉ်းကပ်လာနေပါပြီ။
အခွန်အခ – ကုန်သွယ်ခွန်၊ စည်ပင်ခွန်၊ အခွန်အခသစ်တွေ ဆက်တိုးပြီး ပြည်သူတွေဆီကနေ ပုံစံမျိုးစုံနဲ့ ငွေညှစ်မှုတွေ ဆက်ရှိနေသလို ထပ်ပြီးလည်း ပိုတိုးလာဦးမှာပါ။ တရားဝင်ပြဌာန်းထားတဲ့ အခွန်အခတွေထက် ဥပဒေမဲ့ အခွန်အခတွေက ပိုများလာနေဆဲပါ။ လာဘ်ပေးလာဘ်ယူမှုတွေကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ပြီး ကြီးထွားနေဆဲပါ။
လောင်စာဆီဈေး – ဆီဈေးကိုလည်း လိုသလိုထိန်းချုပ်ပြီး ကစားနေပါတယ်။ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းမှာ လောင်စာဆီပြတ်လပ်မှုက နိုင်ငံတိုင်းနီးပါးကို ရိုက်ခတ်တာမှန်ပေမယ့် ဒီအစိုးရတုကတော့ ပြည်သူတွေ သက်သာချောင်ချိအောင် ကြိုးပမ်းပေးမှာ မဟုတ်ပါဘူး။ လောင်စာဆီကို ဈေးအမြင့်နဲ့ ထိန်းကစားပြီး စုံ/မစနစ်တွေနဲ့ ပြည်သူတွေကို ဒုက္ခဆက်ပေးနေဆဲပါ။
ကုန်စည်စီးဆင်းမှု ပိတ်ပင်ခြင်း (အထူးသဖြင့် ထိုင်းကုန်စည်) – နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက ဆက်လက်ပြီး အကြမ်းဖက် ထိန်းချုပ်ထားပါတယ်။ ထိုင်းကုန်စည်တွေ ဝင်ခွင့်မပြုတာကြောင့် အကျိုးဆက်အနေနဲ့ ပြည်တွင်းမှာ ကုန်စည်ရှားပါးပြီး ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာနေပါတယ်။
EV (Electric Vehicle) – လျှပ်စစ်မီးမမှန်ပေမယ့်လည်း လျှပ်စစ် EV ကားတွေကို ဆက်ရောင်းပေးနေမယ့် အစီအစဉ်တွေ တွေ့နေရပါတယ်။ တင်သွင်းခွင့်၊ ရောင်းဝယ်ခွင့်တွေကိုတော့ ထိပ်ပိုင်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကပဲ ဆက်လက် ရရှိနေပါတယ်။
1 053
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 6, 12:23PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
Repost from N/a
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"🚨⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံ များမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #SkyWatchMM #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
1 053
Repost from EIO
"မျိုးဆက်သစ် တော်လှန်ရေး ဗေဒင်ဆရာများနှင့် တော်လှန်ရေးတာဇံများ၏ အန္တရာယ်"
"သင့်ရဲ့ #Post တစ်ခု၊ #Comment တစ်ကြောင်းဟာ မြေပြင်က ရဲဘော်တစ်ယောက်ရဲ့ အသက် (သို့မဟုတ်) ရွာတစ်ရွာရဲ့ မီးလောင်ပြင် ဖြစ်သွားနိုင်ပါတယ်။"
ယနေ့ လူမှုကွန်ရက် (#Facebook, #Telegram, #TikTok) ပေါ်မှာ တော်လှန်ရေးအမည်ခံပြီး ပြုလုပ်နေကြတဲ့ ဝမ်းနည်းစရာ မဆင်မခြင် ပြုမူမှုနှစ်ခုကို မြင်တွေ့နေရပါတယ်။
၁။ "ရှေ့ဖြစ်ဟော" တော်လှန်ရေး ဗေဒင်ဆရာများ။
အမူအကျင့် - "ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ရွာကို ဂျက်ဖိုက်တာ လာကြဲမယ်"၊ "ဘယ်ရွာကို စစ်ကြောင်းထိုးမယ်၊ အထိုင်ချမယ်" ဆိုပြီး ရှေ့ဖြစ်ဟောသလို သတင်းကြိုပေးနေကြခြင်း။
⚠️ ဖြစ်ပေါ်လာသည့် အကျိုးဆက်။
အတည်မပြုနိုင်သော သတင်းများကြောင့် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ဓာတ်ကျဆင်းပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရခြင်း။
ရန်သူ့ထံ စစ်ရေးသတင်း ပေါက်ကြားခြင်း - တကယ်တမ်း မြေပြင်သတင်းအချက်အလက် ရရှိထားလျှင်ပင် လူမှုကွန်ရက်ပေါ် မဆင်မခြင် တင်လိုက်ခြင်းဖြင့် ရန်သူ့ဘက်က နည်းဗျူဟာ ပြောင်းလဲသွားစေခြင်း။
စိတ်ဓာတ်စစ်ဆင်ရေး (#Psy-Ops) စိမ့်ဝင်ခြင်း - ရန်သူ၏ ကောလာဟလများကို သတိမမူဘဲ ကူးယူဖော်ပြမိခြင်း။
၂။ စစ်ရေးသတင်း ဇွတ်ဖြန့် "တော်လှန်ရေး တာဇံများ"
အမူအကျင့် - တိုက်ပွဲဆင်နွှဲနေစဉ် (သို့မဟုတ်) စစ်ဆင်ရေး ပြုလုပ်နေစဉ်မှာတင် လိုက်ဖ် (#Live) လွင့်ခြင်း၊ ရဲဘော်များ၏ တည်နေရာ (#GPS_Metadata) ပါသော ဓာတ်ပုံ/ဗီဒီယိုများ တင်ခြင်း၊ (စိတ်ချမှု လုံးဝမရှိသော ဖုန်းလိုင်းများဖြင့် ပြောဆိုခြင်း) ရန်သူမသိသေးသော စစ်ရေးလှုပ်ရှားမှုများကို ကြိုတင်ကြွားဝါခြင်း။
⚠️ဖြစ်ပေါ်လာသည့် အကျိုးဆက်
မြေပြင်ရဲဘော်များ၏ အသက်အန္တရာယ် - ရန်သူက ဖုန်းလိုင်းကြားဖြတ်နားထောင်မှုမှသော်လည်းကောင်း၊ လူမှုကွန်ရက် မီဒီယာများမှတစ်ဆင့် တည်နေရာ၊ အင်အားနှင့် လှုပ်ရှားမှုကို အလွယ်တကူ ထောက်လှမ်းနိုင်သွားခြင်း။
စစ်ဆင်ရေး ပျက်စီးခြင်း - ကြိုတင်ပြင်ဆင်ထားသော စစ်ဆင်ရေးများ ပေါက်ကြားသွားပြီး အကျအဆုံး များပြားရခြင်း။
"အချက်အလက်လုံခြုံရေး (#OPSEC) အတွက် (ဆောင်ရန် / ရှောင်ရန်များ)"
❌ အထူးရှောင်ကြဉ်ရန် အချက်များ။
၁။စစ်ရေးသတင်းများ ကြိုတင်မတင်/မဖြန့်ဝေပါနှင့် - တိုက်ပွဲမဖြစ်မီ (သို့မဟုတ်) ဖြစ်ပွားနေစဉ် တည်နေရာ၊ အချိန်နှင့် အင်အားကို တိတိကျကျ ရေးသားဖြန့်ဝေခြင်း၊ဖုန်းဖြင့်ပြောဆိုခြင်း လုံးဝ-လုံးဝ မပြုရ။
၂။ခန့်မှန်းချက်များကို အမှန်တကယ်ကဲ့သို့ မဖြန့်ပါနှင့် - ဥပမာ။ ။ "ဘယ်နေ့ ဘယ်နေရာကို လေကြောင်းက လာကြဲမယ်" "ဘယ်နေ့ စစ်ကြောင်းထိုးမယ်၊အထိုင်ချမယ်"ဆိုသည့် အတည်မပြုနိုင်သော စိစစ်ချက်မရှိသည့် သတင်းများကို လိုင်းပေါ် မတင်ပါနှင့်။ မဖြန့်ဝေပါနှင့်။
၃။ဓာတ်ပုံ/ဗီဒီယိုများ ရမ်းသန်းမတင်ပါနှင့် - မြေပြင်ရဲဘော်များ၏ မျက်နှာ၊ တည်နေရာပြ သင်္ကေတများ၊ စစ်လက်နက်ပစ္စည်းများ ပါဝင်သော ဓါတ်ပုံများကို မတင်ပါနှင့်။
၄။သတင်းအတု/ကောလာဟလများကို တိုက်ရိုက် မရှဲလ်ပါနှင့် - မီဒီယာကျင့်ဝတ်နှင့်အညီ စိစစ်ထားသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ခိုင်မာသော သတင်းဌာနများ၏ သတင်းများကိုသာ ကိုးကားပါ။
✅ အလေးထား ဆောင်ရွက်ရန် အချက်များ။
၁။မည်သည့်သတင်းမျိုးမဆို သတင်းကြိုတင် ရရှိပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများသို့သာ အကြောင်းကြားပါ - မြေပြင်ဘေးအန္တရာယ် သတိပေးချက်များ လိုအပ်ပါက လူမှုကွန်ရက်ပေါ် လျှောက်မတင်ပဲ၊မဖြန့်ဝေပဲ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းများ၏ စနစ်ကျသော သတိပေးစနစ် (#Alert_System) အောက်မှသာ လှုပ်ရှားပါ။
၂။တာဝန်ရှိသူများ ထုတ်ပြန်မှသာ ဖြန့်ပါ - စစ်ဆင်ရေးတစ်ခု ပြီးမြောက်ကြောင်း စစ်ကြောင်း (သို့မဟုတ်) ပြန်ကြားရေးက တရားဝင် ထုတ်ပြန်ပြီးမှသာ မျှဝေပါ။
၃။သတင်းအချက်အလက် စိစစ်ပါ - သတင်းတစ်ပုဒ်ကို မရှဲလ်မီ "ဒီသတင်းက ဘယ်သူ့အတွက် အကျိုးရှိသလဲ၊ ရန်သူ့အတွက် လမ်းပြပေးရာ ရောက်မလား" ဆိုတာကို အရင်ဆုံးစဉ်းစားပါ။
၄။ပြည်သူကို အသိပညာပေးပါ - မိမိပတ်ဝန်းကျင်ရှိ မဆင်မခြင် သတင်းဖြန့်နေသူများကို သတိပေးတားဆီးပါ။
တော်လှန်ရေးသည် #Social_Media ပေါ်တွင် #Like နှင့် #Share လိုချင်ရုံဖြင့် ကစားရသော ဂိမ်းတစ်ခု မဟုတ်ပါ။ စစ်ရေးလုံခြုံရေး (#OPSEC) ကို မလေးစားပဲ "ရှေ့ဖြစ်ဟောခြင်း" နှင့် "မလိုလားအပ်သော သတင်းများ ဖြန့်ခြင်း" သည် ရန်သူ့ကို သတင်းပေးနေခြင်းနှင့် မခြားပါ။
"သတင်းအချက်အလက်ကို စနစ်တကျ၊ တာဝန်ယူမှုရှိစွာ အသုံးပြုခြင်းဖြင့် တော်လှန်ရေးကို ဝိုင်းဝန်းကူညီကြပါစို့"
#EIO #OPSES #SafetyAwareness #Social_Media #MediaEthics #SpringRevolution #WhatsHappeningInMyanmar
1 053
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန် သိန်းတရာလမ်းမှ ဘက်ဖိုး(၁)စီး မိုးကာအုပ်(၆)ဘီး(၃)စီးပါ စခများသည် ခြေလျင်အနောက်သို့ဆင်းနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 6, 11:23Am
@EIO2021_bot ၊ @EagleInformationOperator_bot
1 053
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 053
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 053
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 053
Repost from EIO
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်း ဖြစ်ပါသည်။
ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါ ကျန်းမာနေစေဖို့ များစွာလိုအပ်ပါသည်။
⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)