uk
Feedback
Myanmar Education Guide

Myanmar Education Guide

Відкрити в Telegram

Education Guide for Everyone. Join us for the educational updates and news.

Показати більше

📈 Аналітичний огляд Telegram-каналу Myanmar Education Guide

Канал Myanmar Education Guide (@eudcationguide) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 16 953 підписників, посідаючи 11 688 місце в категорії Освіта та 7 975 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 16 953 підписників.

За останніми даними від 29 серпня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 152, а за останні 24 години на -1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 39.60%. Протягом перших 24 годин після публікації контент зазвичай збирає 10.88% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 6 713 переглядів. Протягом першої доби публікація в середньому набирає 1 845 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 22.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Education Guide for Everyone. Join us for the educational updates and news.

Завдяки високій частоті оновлень (останні дані отримано 30 серпня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

16 953
Підписники
-124 години
+437 днів
+15230 день
Архів дописів
မြန်မာနိုင်ငံသားတွေကို သီးသန့်ပေးအပ်တဲ့ USAID ရဲ့ ပညာသင်ဆုပရိုဂရမ် (၄) ခု ==================== သူ့ပညာသင်ဆုဂရိုဂရမ်မှာ Bachelor Program တော့မပါပေမဲ့ အထက်တန်းပြီးရင် လျှောက်လို့ရတဲ့ Associate Degree Programs ၊ Certificate Programs ၊ Diploma Programs နဲ့ Master’s Degree Programs ဆိုပြီး (၄) မျိုး ရှိပါတယ်။ ဒါ့အပြင် ကျောင်းတက်တဲ့အခါမှာလည်း In-person နဲ့ Online ဆိုပြီး ခွဲခြားထားတဲ့အတွက် ကိုယ်အဆင်ပြေတာတစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-usaid.html

စက်မှုနည်းပညာကျောင်း (SITE) မှ ဖွင့်လှစ်မည့် ကာလတိုသင်တန်း (၃) ခု ================ စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း (School of Industrial Training & Education - SITE) မှ Certificate ကာလတိုသင်တန်းများကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-site-certificate.html

စာပေဆုရ ဆရာကြီးများကိုယ်တိုင် သင်ကြားပေးမယ့် စာရေးနည်းသင်တန်း =================== မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဖွင့်လှစ်သော ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုနှင့် သတင်းရေးသားနည်း အခြေခံလမ်းညွှန်သင်တန်းကို လာမည့် နိုဝင်ဘာလ (၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/basic-writing-class.html

AI ဘာသာရပ် ဘွဲ့ကြိုသင်တန်းကို ထိုင်းမှာ Scholarship နဲ့ တက်ကြမယ် ====================== AI ကို စိတ်ဝင်စားပြီး နိုင်ငံတကာက ပညာရှင်တွေနဲ့အတူ လက်တွေ့လုပ်ဆောင်ချက် အတွေ့အကြုံတွေကို ရယူလိုတဲ့သူတွေအတွက် ထိုင်းနိုင်ငံ CMKL တက္ကသိုလ်ရဲ့ ဘွဲ့ကြိုပညာသင်ဆုအကြောင်း မျှဝေပေးချင်ပါတယ်။ Host University - CMKL Undergraduate Program - B.Eng in Artificial Intelligence and Computer Engineering (AiCE) Duration - 4 years (or) Less Deadline - 15 January 2025 အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/ai-scholarship.html Photos Credit to CMKL University

MUFL မှ ဖွင့်လှစ်မယ့် အချိန်ပိုင်း/အချိန်ပြည့် ဘာသာစကားသင်တန်းများ ==================== မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် မဟာဝိဇ္ဇာသင်တန်း (အင်္ဂလိပ်)နှင့် အချိန်ပိုင်း/အချိန်ပြည့် ဘာသာစကား ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ (၇) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/mufl-languages-course.html

Education Bulletin ရယူဖို့ Subscribe လုပ်ဖို့ မမေ့နဲ့နော် ========================= Myanmar Education Guide က ရေးသား ဖော်ပြပေးနေတဲ့ ပညာရေးဆိုင်ရာ သတင်းအစုံအလင်ကို Facebook ၊ Website နဲ့ Telegram မှာသာမက Email ကနေပါ နှစ်ပတ်တစ်ကြိမ် တစ်နေရာထဲ လွယ်ကူ လျင်မြန်စွာ ဖတ်ရှုလို့ ရနေပါပြီ။ ပညာရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပသတင်းများ၊ ကြေညာချက်များ၊ မူကြိုမှ တက္ကသိုလ်ပညာရေးအထိ ဆောင်းပါးများ၊ သက်မွေးသင်တန်းများ၊ အခမဲ့သင်တန်းများ၊ ဆရာများအတွက် အကြံပြုချက်များ၊ ပညာရေးပွဲများနဲ့ တခြားသော ဗဟုသုတ အကြောင်းအရာများကို စုစည်းထားတဲ့ Education Bulletin ကို နှစ်ပတ်တစ်ကြိမ် Email ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို လွတ်သွားရတယ် မရှိရအောင် အောက်က လင့်ခ်ကနေတဆင့် (သို့) Myanmar Education Website မှ တဆင့် Subscribe လုပ်ထားလို့ ရပါပြီ။ >> https://shorturl.at/ktCaP

ရေကြောင်းတက္ကသိုလ်သို့ ဝင်ခွင့်ဖြေဆိုခွင့်ရရှိသူများစာရင်း =============== ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းသို့ လျှောက်ထားသူများအနက် ဝင်ခွင့်ဖြေဆိုခွင့်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာလိုက်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/66ffef93b72b8.html

ဂျပန်စာ N5 မှ N1 အထိ PDF Files များနှင့် mp3 File များ =================== ဂျပန်စာကို အခြေခံကနေ ကျွမ်းကျင်အဆင့်အထိ လေ့လာနေသူများအတွက် အသုံးဝင်စေမယ့် N5 မှ N1 အထိ PDF Files များနှင့် mp3 File များကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ဒေါင်းလုတ်ရယူနိုင်ဖို့ မျှဝေပေးထားပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/n5-n1-pdf-files-mp3-file.html

လက်မှတ်ရပြည်သူ့စာရင်းကိုင် ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ ==================== မြန်မာနိုင်ငံစာရင်းကောင်စီက ဦးစီးပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (Certified Public Accountant - CPA) ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) တွင် Face to Face ဖြင့်လည်းကောင်း၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်) တွင် Online ဖြင့်လည်းကောင်း မေလတွင် စတင်ဖွင့်လှစ်ပါမည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/accounting-diploma.html

နိုင်ငံတကာကျောင်း (၃၀) ကျော်နဲ့ ပညာရေးစကားဝိုင်းပါ ပါတဲ့ Higher Education Pwal ====================== HEP ပွဲမှာ အထက်တန်းပြီးသွားရင် ရွေးချယ်နိုင်တဲ့ နိုင်ငံတကာပညာရေးလမ်းကြောင်းတွေနဲ့ ကိုယ်ရွေးချယ်တက်ရောက်နိုင်တဲ့ နိုင်ငံခြား တက္ကသိုလ်/ကောလိပ်တွေကို သေချာစုံစမ်းနိုင်ဖို့ International School ကျောင်းပေါင်း (၃၀) ကျော်ကို တစ်နေရာတည်းမှာ စုစည်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားများရဲ့ အနာဂတ်ပညာရေးခရီးလမ်းကြောင်းမှာ အကောင်းဆုံး တောက်ပနိုင်ဖို့ တက္ကသိုလ်ကျောင်းရွေးချယ်မှု မမှားအောင်၊ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကို ၁၀၀% ဝင်ခွင့်ရရှိအောင်၊ သူများနိုင်ငံမှာ ပညာသင်ကြားရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ သန်မာကောင်းမွန်အောင် အတွေ့အကြုံရင့် ဆရာ/ဆရာမကြီးများက ဆွေးနွေးမျှဝေပေးသွားမယ့် အစီအစဉ်လေးလည်း ရှိပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-higher-education-pwal.html

စာအုပ်များကို အခမဲ့ ဖတ်ရှုနိုင်တဲ့ အွန်လိုင်းစာကြည့်တိုက် (၁၀) ခု =================== သုတေသနအတွက် လေ့လာလိုတာဖြစ်ဖြစ်၊ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို သိလိုတာဖြစ်ဖြစ်၊ ဗဟုသုတတိုးစေမယ့် စာအုပ်တွေကို ဖတ်လိုတာဖြစ်ဖြစ်၊ ဂန္ထဝင်စာပေတွေကို ရှာဖွေလိုတာဖြစ်ဖြစ် အွန်လိုင်းစာကြည့်တိုက်တွေမှာ ကုန်ကျစရိတ်မရှိဘဲ ဖတ်ရှုနိုင်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/10-best-online-libraries.html

Bi-Weekly Education Bulletin ( Oct 01, 2024 ) https://sh1.sendinblue.com/ad1id6635xpfe.html?t=1727768944528

ဘွဲ့မရသေးသူများ လျှောက်ထားနိုင်တဲ့ ကိုရီးယားနိုင်ငံက KAIST Scholarship =========================== လာမယ့် ၂၀၂၅ ပညာသင်နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ KAIST မှာ ဘွဲ့ကြို၊ ဘွဲ့လွန်တက်ရောက်နိုင်ဖို့ ပညာသင်ဆုတွေ စတင်လျှောက်ထားလို့ရနေပါပြီ။ အင်ဂျင်နီယာ၊ နည်းပညာနဲ့ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် ၁၀၀% ပညာသင်စရိတ်အပြည့်အ၀ ရရှိမယ့်အပြင် လစဉ်ထောက်ပံ့ကြေးပါ ပေးအပ်မယ့် KAIST Scholarship အကြောင်း အပြည့်အစုံကို မျှဝေပေးသွားပါမယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-kaist-scholarship.html

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်ရမှတ်အား (၃၄၀) သို့ပြောင်းလဲသတ်မှတ် ================== ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အား လျှောက်ထားသော ပထမနှစ်သင်တန်းသားဦးရေ သတ်မှတ်ချက်အတိုင်း မရရှိသေးသည့်အတွက် ဝင်ခွင့်ရမှတ်လိုအပ်ချက်အား ယခင်ကြေညာခဲ့သော (၃၆၀) မှ ယခု (၃၄၀) သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီး ဒုတိယအကြိမ်ထပ်မံခေါ်ယူလျက်ရှိကြောင်းသိရသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/yezin-agricultural-university.html

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၏ အောင်စာရင်းနှင့် ကျောင်းဖွင့်မည့်ရက် ==================== သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဖွင့်လှစ်ထားသည့် သင်တန်းနှစ်များအလိုက် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/cooperatives-rural-development.html

သွားနှင့် ဆေးတက္ကသိုလ်များ ဝင်ခွင့်အတွက် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ============== ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ခုံအမှတ်၊ ဖြေဆိုရမည့် ရက်နှင့် နေရာတို့ကို ထုတ်ပြန်ကြေညာထားသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/medical-universities-66f62cc1b9b2f.html

အိမ်မှာနေရင်း ပိုက်ဆံမကုန်ဘဲ သင်တန်းတွေတက်နိုင်မယ့် UniAthena =================== လုပ်ငန်းခွင်သုံး ပညာရပ်တွေကို လေ့လာချင်သူတွေ၊ ကာလတို သင်တန်းလေးတွေကို အိမ်မှာ အေးဆေးဆေးဆေး တက်ချင်သူတွေ၊ သင်တန်းကို အခမဲ့တက်ပြီး Certificate ပါ အခမဲ့ လိုချင်သူတွေအတွက် အသုံးဝင်မယ့် သင်ကြားရေးဝက်ဘ်ဆိုက်ဒ်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-uniathena.html

နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်အကြို ပရိုဂရမ်တစ်ခုဖြစ်တဲ့ IB Diploma =================== IBDP သည် အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသားများအတွက် ရည်ရွယ်သော (၂) နှစ်တက်ရောက်ရသည့် တက္ကသိုလ်အကြို ပညာရေး ပရိုဂရမ်တစ်ခုဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိနိုင်စေရန် လေ့ကျင့်သင်ကြားပေးသော သင်တန်းပါ။ အပြည့်အစုံဖတ်ရန် https://www.edge.com.mm/article/-ib-diploma.html

YUFL မှ ဖွင့်လှစ်မည့် Online နှင့် Face to Face ဘာသာစကားသင်တန်းများ ================ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကိုယ်တိုင်သွား၍တက်ရောက်နိုင်သော ဘာသာစကားသင်တန်းများကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း၊ Online သင်တန်းများကို (၂၇-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ - - Diploma in English For Communication Skills (Online နှင့် Face to Face) - တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online) - တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ (Face to Face) - Diploma in China Studies (Face to Face) အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/yufl-online-face-to-face.html

IT စိတ်ဝင်စားတဲ့ G-12 အောင်ထားသူများ MIIT ကို လျှောက်ထားနိုင်ပြီ ==================== ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာလ (၂၂) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရမည်။ သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး Computer Science and Engineering (CSE) နှင့် Electronics and Communications Engineering (ECE) ဘွဲ့ကြိုသင်တန်းများကို တက်ရောက်ရမည်ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/it-g-12-miit.html