7 615
Підписники
-624 години
-307 днів
-17430 день
Архів дописів
မန်ယူအသင်းရဲ့ ပြသာနာက နည်းပြကြောင့်လား ၊ ကစားသမားကြောင့်လား 🤔
#MUMS
ဟွိုက်လန်းအနေနဲ့ မကြာခင်အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ် ။ အခုအခါ ကစားသမားအနေနဲ့ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေပီး ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေတယ်လို့ ဆိုပါတယ် ။
#MUMS
မာလာစီယာ ၊ ရှော တို့နဲ့အပြိုင်အားကျမခံ မေဆင်မောင့်တို့လည်း ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ သိရပီး အနည်းဆုံး 1 လလောက်အနားယူရဖွယ် ရှိနေပါတယ် ။
#MUMS
မန်ယူအသင်းကလွဲပီး ဘယ်အသင်းမှာမှ မကစားဖူးသူ ၊ ငယ်ငယ်ထဲက ယူနိုက်တက်ရပ်ဝန်းမာဘဲ ကြီးပြင်းခဲ့ရသူ ၊ ထားရာနေ စေရာသွားဆိုတဲ့အတိုင်း မန်ယူအသင်းအတွက်ဆို အစွမ်းကုန်ပေးဆပ်ကစားသူ တွန်မီနေးတယောက် သူ့ရဲ့အိမ်လိုဖြစ်တဲ့ မန်ချက်စတာကနေ နောက်ဆုံးတော့ ထွက်လာခဲ့ရပါတယ် ။
နယ်မြေသစ်မာ အောင်မြင်မှုရပါစေ Scotty 🥺
#MUMS
အန်တိုနီက လီဗာပူးလ်နဲ့ ပွဲအတွက် အဆင်သင့်ဖြစ်နေပီလို့ ကြုံးဝါးလိုက်ပါတယ် ။
ကွင်းထဲမာတော့ မဟုတ်ပါဘူး ။ social media ပေါ်မာပါ 😅
#MUMS
ကာရာဘောင်ဖလားတတိယအဆင့်မဲခွဲပွဲမာ တွေ့ဆုံမယ့်အသင်းက ဘန်စလေအသင်းဖြစ်တာကြောင့် နောက်တဆင့်ကို အလွယ်တကူတက်ရောက်နိုင်ဖို့ အခက်အခဲမရှိတာ ဖြစ်ပါတယ် ။
#MUMS
+1
တချိန်က အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဝိန်းရွန်းနီနဲ့ တွန်ကလီဗာလေ 👀❤️
#MUMS
အိုနာနာက Super Sunday မာကစားမယ့် မဟာပြိုင်ဘက်လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အတွက် လေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပီး အိမ်ကွင်းမာ အနိုင်ရရှိဖို့ အသင်းသားတွေအနေနဲ့ အစွမ်းကုန်ကစားကြဖို့ လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
အူဂါဒေးအနေနဲ့ ကစားသမားဘဝဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ရက်ပေါင်း 11 ရက်သာရှိခဲ့ပီး 3 ပွဲသာ လွှဲချော်ထားခဲ့တယ်လို့ သိရပါတယ် ။
#MUMS
ရောက်ပီလား ၊ ရောက်ပီလားလို့ မေးနေကြတဲ့ ဘော်ဒါတွေ တကယ်ဘဲ အူဂါဒေးအသင်းကို ရောက်လာခဲ့ပါပီ 🥳👏
Here we go 🚨🚨
#MUMS
အသင်းရဲ့ဂိုးသမားအိုနာနာက ပရီးမီးယားလိဂ်ပွဲ 40 အောက် ပေးဂိုး 60 အထိ ခွင့်ပြုထားခဲ့ရတဲ့ ပထမဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ် ။
#MUMS
အပြောင်းအရွေ့နောက်ဆုံးရက်အထိ ရောက်သွားနိုင်တဲ့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွေ့ (4) ခု 👀
⬅️ IN: Manuel Ugarte from PSG
➡️ OUT: Jadon Sancho to Juventus
➡️ OUT: Scott McTominay to Napoli
➡️ OUT: Hannibal Mejbri to Burnley
#MUMS
ဘန်လေအသင်းကို ပြောင်းရွေ့တော့မယ့် ဟန်နီဘယ်အနေနဲ့ ဒီနေ့မာ ဆေးစစ်မှုတွေ အကုန်ပြီးစီးသွားပီး မကြာခင်ဘန်လေအသင်းက ကြေညာပေးသွားမာ ဖြစ်ပါတယ် ။
#MUMS
လူပြောင်းပီး ဆဲရပေးဖို့ အလဲအထပ်လုပ်တာတော့ မဟုတ်လောက်ပါဘူးနော် 🤔
Sancho Vs Sterling ❗❗
#MUMS
တချိန်က ကျွန်တော်တို့ဆဲခဲ့ကြတဲ့ ကွင်းလယ်အတွဲအဖက်အဖြစ် McFred duo တွဲလုံးလေးရဲ့ ဇာတ်လမ်းကတော့ ပြီးဆုံးသွားခဲ့ပီလည်း ဖြစ်ပါတယ် ။
End of an era..
#MUMS
စကော့တလန်တုတ်ကြီးကတော့ အီတလီကလပ်နာပိုလီအသင်းကို ပြောင်းရွေ့ဖို့ အတော်လေးနီးစပ်လာခဲ့ပီလို့ သိရပါတယ် ။ မနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်က တုတ်ကြီးရဲ့ မန်ယူကစားသမားဘဝနောက်ဆုံးပွဲစဉ် ဖြစ်လာတော့မာ ဖြစ်ပါတယ် ။
#MUMS
ဘရိုက်တန်နဲ့တွေ့တိုင်း ရုန်းကန်ရတာ အစဉ်အလာလိုဖြစ်နေတဲ့ မန်ယူအသင်းရဲ့မှတ်တမ်း 😮💨👊
#MUMS
ဂါနာချို သွင်းယူခဲ့တဲ့ဂိုးနဲ့ ပတ်သက်ပီး ဝေဖန်မှုတွေနဲ့ အများအပြားရင်ဆိုင်နေရတဲ့ အသင်းတိုက်စစ်မှူးဇာကီက "သူ့အနေနဲ့ အဆိုပါဖြစ်ရပ်က မတော်တဆထိမိသွားတာဖြစ်ပီး ယခုလိုဖြစ်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း " ပြန်လည်ရှင်းပြသွားခဲ့ပါတယ် ။
#MUMS
Repost from Amazing Football
ရိုးရာမပျက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်တဲ့ ယူနိုက်တက်
ဘရိုက်တန် 2-1 မန်ယူ FT Highlights
ဘောလုံးပွဲ Highlights ပေါင်းစုံကြည့်ဖို Amazing Football ကို Join ကြစို 📲👇
For more video join us 📲👇
https://t.me/amazingfootball2024
#Amazingfootball
ဂျေဒန်ဆန်ချိုအနေနဲ့ မနေ့ကကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ကို အသင်းနဲ့အတူလိုက်ပါလာခဲ့ပေမဲ့ အသင်းရဲ့ အရန်စာရင်းထဲ ပါဝင်လာခဲ့ခြင်းမရှိဘူးလို့ သိရပါတယ် ။ ဂျူဗင်တပ်စ်အသင်းဆီကို ပြောင်းရွေဖို့ လုပ်ဆောင်နေတဲ့ ဆန်ချိုကို ဒဏ်ရာအနာတရ ရသွားမာစိုးတာကြောင့် ယခုလိုချန်လှပ်ထားရတာဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
