6 848
Підписники
-1424 години
-467 днів
-22430 днів
Архів дописів
အိမ်ကွင်းမာ နိုင်ပွဲပြန်ရှာမယ့် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်း ❗❗
#MUMS
Repost from MFN
EPL Week - 8
မန်ယူ Vs ဘရန့်ဖိုဒ် ပွဲကို VPN မလိုပဲ တိုက်ရိုက် Live ကြည့်ရှုနိုင်ဖို့ MFN Telegram ကို လှမ်းလာခဲ့လိုက်ပါ 😎
Live ကြည့်မယ်ဆိုရင် Join👇
2️⃣ MFN Live Channel 2
https://t.me/MFNlive2
Noussair Mazraoui က ဒီညကစားမယ့် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်မာ ပါဝင်ကစားဖို့ ရှိနေတယ်လို့ နည်းပြတန်ဟက်က ပြောကြားလိုက်ပါတယ် ။
#MUMS
ပွဲကြိုအချက်အလက်များ
-မန်ယူအသင်းအနေနဲ့ နောက်ဆုံး 5 ပွဲမာ တိုက်စစ်က 4 ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ် ။
-ဘရန်းဖို့စ်အသင်းကတော့ တိုက်စစ်က 11 ဂိုးအထိ နောက်ဆုံး 5 ပွဲမာ သွင်းယူထားတာဖြစ်ပါတယ် ။
-ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ 5 ပွဲမာ မန်ယူအသင်းက တပွဲမှ အနိုင်ရရှိထားခြင်း မရှိသေးပါဘူး ။
-ဘရန်းဖို့စ်အသင်းကတော့ အခုချိန်ထိ ပရီးမီးယားလိဂ်မာ clean sheet လုံးဝမရသေးတဲ့အသင်းဖြစ်ပါတယ် ။
-ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ အဝေးကွင်းပွဲစဉ်တိုင်း ဘရန်းဖို့စ်အသင်းအနေနဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ် ။
#MUMS
ဒီရာသီ ကွင်းလယ်ကစားသမားကိုဘီမိုင်နိုရဲ့ စွမ်းဆောင်ရည်အချက်အလက်များ 👀
#MUMS
+2
အသင်းကြီးမာ ရှိကြတဲ့ ကစားသမားတွေဒဏ်ရာရရှိနေခဲ့ကြလို့ လူငယ်အကယ်ဒမီက ကစားသမားတွေဖြစ်ကြတဲ့ Habeeb Ogunneye, Jack Kingdon, Ethan Williams တို့ကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းအတူဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ် ။
#MUMS
Noussair Mazraoui, Alejandro Garnacho , Amad တို့ဟာ ဒီနေ့ပြုလုပ်တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်ထားကြတယ်လို့ သိရပါတယ် ။ အဆိုပါ ကစားသမားသုံးယောက်ဟာ နိုင်ငံအသင်းအတွက် ကစားပေးရင်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြလို့ အသင်းဘက်ကအနားပေးထားခဲ့တာဖြစ်ပါတယ် ။
#MUMS
နောက်ခံလူမာလာစီယာအနေနဲ့ အသင်းအတွက်ပြန်ကစားပေးနိုင်ဖို့ အလွန်နီးစပ်လာတဲ့အနေထားဖြစ်ပီး ဒီလကုန်လောက် ပထမဆုံးပြန်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
အသင်းရဲ့လူငယ်ကွင်းလယ်လူ ကိုဘီမိုင်နိုက အသေးစားဒဏ်ရာပြသာနာကြောင့် ခဏတာအနားယူရမာဖြစ်ပီး ခန့်မှန်းခြေ 1 လဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
✨ သီတင်းကျွတ်လပြည့်အခါသမယနေ့လေးမှာ မန်ယူဖန်ချစ်ညီကိုမိတ်ဆွေများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Manchester United Myanmar Supporters FC မှဆုမွန်ကောင်းတောင်းအပ်ပါသည် ❤️
#MUMS
ဖလူမင်နီအသင်းရဲ့ အသက် 18 နှစ်အရွယ်လူငယ်တိုက်စစ်မှူး Kauã Elias ကို အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေပီး ကင်းထောက်များနဲ့ ကစားသမားရဲ့ပွဲစဉ်တွေကို ကြည့်ရှုနေတယ်လို့ သိရပါတယ် ။
#MUMS
အက်ဖွန်ဆိုဒေးဗီးစ်က ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် တာဝန်ရှိသူတွေက ယူဆထားပီး လာမယ့်အပြောင်းအရွေ့ကာလမာ ခေါ်ယူဖို့ကြိုးစားသွားမာဖြစ်ပါတယ် ။ အဆိုပါကစားသမားကို ရီးရဲလ်အသင်းကလည်း ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ဥရုဂွေးအတွက် ကစားပေးရင်း ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကစားသမားက အူဂါဒေးရဲ့ ဒဏ်ရာပြင်းထန်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ် ။ မကြာခင်ဆေးစစ်ချက်ကို ထုတ်ပြန်ပေးသွားမာလည်းဖြစ်ပါတယ် ။
#MUMS
ခရစ်တီယန်အဲရစ်ဆင်အနေနဲ့ ဒီရာသီမာ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် 11 ဂိုးအထိ သွင်းယူနိုင်ခဲ့ပီလည်း ဖြစ်ပါတယ် ။
#MUMS
အန်တိုနီ 🗣️
ငါ့အနေနဲ့ လက်ရှိမာပုံစံကောင်းတွေ ပျောက်ဆုံးနေတာတော့ မှန်ပါတယ် ။ ဒါကိုစိုးရိမ်နေမာတော့ မဟုတ်ပါဘူး ။ မကြာခင် အသင်းအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်လာနိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်နေမိပါတယ် ။
#MUMS
မေဆင်မောင့်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပီး အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပီလို့ သိရပါတယ် ။ ပြန်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မာ ဝင်ရောက်ကစားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ် ။
#MUMS
ဘိုင်ယန်အသင်းရဲ့ ကစားသမား ဂေါ်ရက်စကာကို ခေါ်ယူဖို့ စောင့်ကြည့်နေပီး အသင်းရဲ့ကွင်းလယ်လူ ကတ်စမဲရိုးရဲ့နေရာအတွက် အစားထိုးသွားမာဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
Buy - back clause နဲ့ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ကစားသမားဟောင်း အဲဗာရိုဖာနန်ဒက်စ်ကို ခါးသီးပြိုင်ဖက် လီဗာပူးလ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ သိရပါတယ် ။
#MUMS
အသင်းရဲ့နောက်ခံလူမက်ဂွါးယားကို ပြောင်းရွေ့ကြေးပေါင် 10 သန်းလောက်နဲ့ လာမယ့်ဆောင်းရာသီမာ ရောင်းချသွားဖို့ အသင်းဘက်ကရှိနေတယ်လို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းအနေနဲ့ အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နိုကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေဆဲဖြစ်ပီး မကြာခင်စာချုပ်သစ်ချုပ်ဆိုသွားနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ် ။ ကစားသမားဖက်ကလည်း လက်ရှိအသင်းမာပျော်ရွင်နေပီး စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ် ။
#MUMS
