230
Підписники
Немає даних24 години
+47 днів
+1230 днів
Архів дописів
230
မင်းအောင်လှိုင်ကို အဖွဲ့ဝင် ၁၂၅ နိုင်ငံ ပါဝင်သော ကမ္ဘာ့ရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှု ကမ္ဘာ့ထိပ်တန်းသတင်းကြီးဖြစ်လာပြီး နိုင်ငံတကာအဖွဲ့များက အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တိုက်တွန်းတောင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၂၈
https://www.facebook.com/khitthitnews/posts/pfbid02H2jcP3P5NE7YuRuw7M2q6HuuKPk5STWUk9LxwxFNJE62ycNH9GEocKjt92JDDCrJl
230
NUG အစိုးရ အဖွဲ့ဝင်အားလုံး ပြည်တွင်းပြန်လာဖို့ သမ္မတ ဒူဝါလရှီးလ တိုက်တွန်း
တော်လှန်ရေးမှာ လုပ်ရိုးလုပ်စဥ် အတိုင်း သွားလို့မရ
တရုတ်လွှမ်းမိုးမှုမခံရရေး ပြောကြား
နိုဝင်ဘာ ၂၆ - ၂၀၂၄
NUG အစိုးရဟာ “အဝေးရောက်အစိုးရ” ဖြစ်လို့ မရကြောင်း နဲ့ မြေပြင်မှာ အင်အား တည်ဆောက်ရမှာ ဖြစ်လို့ အစိုးရအဖွဲဝင်တွေအားလုံး - အင်အားတွေ ကို ပြည်တွင်းမှာ လာစုကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ NUG ကက်ဘိနက် အစည်းအဝေးမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး နိုင်ငံတကာ ကိစ္စရပ်တွေ အတွက် အချိန်ယူသင့် သလောက် ယူပြီးပြီ ဖြစ်လို့ အခုအချိန်မှာ ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပ ရောက်နေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြန်လာဖို့ ပြောကြားသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ လုပ်ရိုးလုပ်စဥ် အတိုင်း သွားလို့ မရတော့ ကြောင်းလည်း သမ္မတက ပြောပါတယ်။
အခုအချိန်မှာ အပြောင်းအလဲတွေ ခပ်စိပ်စိပ် ဖြစ်လာကြောင်း၊ ဒါတွေကို မစိုးရိမ်ဖို့နဲ့ တော်လှန်ရေးဆိုတဲ့ သဘောက အပြောင်းအလဲကို ဖော်ဆောင် တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
NUG နဲ့ စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစု တွေမှာ တရုတ်ရဲ့ စစ်ရေး နိုင်ငံရေး ဖိအားတွေ ကြုံနေရကြောင်း ဒါကို မဟာဗျူဟာ အပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး တော်လှန်ရေး အတွက် ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်လွှမ်းမိုးမှု မခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထား မလဲ ဆိုတာ အင်မတန် အရေးကြီးတယ် လို့လည်း သမ္မတ ဒူဝါလရှီးလ က ပြောကြား သွားခဲ့ပါတယ်။
---------------------------
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
Twitter - https://twitter.com/winburmese
https://www.facebook.com/story.php?story_fbid=921477146749395&id=100066613536888&rdid=lGMSesKuihb85cZX
230
Breaking News- ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ်က လျှောက်ထား၊ လပိုင်းအတွင်း ဖမ်းဝရမ်းထွက်ရှိနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံး က ယနေ့ တရား ဝင် သတင်း ထုတ်ပြန်သည်။
https://www.facebook.com/khitthitnews/posts/pfbid096xkF2r4MwKTnD4oh3AqYXBCdQXQj7rmb5ZBfBAdYyo1hbLrm7hRinsfqXQ6RGwVl
230
Breaking News
စစ်ခေါင်းဆောင်ကို နိုင်ငံတကာခုံရုံး ICC မှ ဖမ်းဝရမ်းထုတ်
ရွှေနွယ်
မဇ္ဈိမ။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများကျူး လွန်ကြောင်း အထောက်အထားများရှိသည့်အတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်ရန် နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ်၌ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ခြင်းဟုဖော်ပြသည်။ အဆိုပါ ဝရမ်းထုတ်မှု၏ နောက်ဆက်တွဲအဖြစ် တာဝန်ရှိသူကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟုဖော်ပြသည်။ ယခု ဖမ်းဝရမ်းထုတ်မှုသည် ICC မှ ပထမဆုံးအကြိမ် မြန်မာ အစိုးရ အဆင်မြင့်အရာရှိတဦးကို ဝရမ်းထုတ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။
#ICC
#ဖမ်းဝရမ်း
#ရိုဟင်ဂျာ
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
https://www.facebook.com/100067928020493/posts/911247421149517/?rdid=euyRgXMLktlMqK3K
230
Phishing Website များအသိပေးခြင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
လက်ရှိတွင် nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍ အချက်အလက်များ လိမ်လည်ရန် ကြိုးပမ်းလျှက်ရှိသည်ကို သိရှိရပါသည်။
ထိုကဲ့သို့ Security Awareness ရှိစွာ Report များပေးပို့လာသည့် ပြည်သူ တဦးတယောက်ချင်းအား လွန်စွာကျေးဇူးတင်ရှိပါသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် Phishing အကြောင်းအရာ များအားပြည်သူများသိရှိစေရန်အတွက် MoCIT ၏ https://mocit.nugmyanmar.org/innovation-hub/ ဝဘ်ဆိုဒ်နှင် MoCIT ၏ Youtube https://www.youtube.com/watch?v=Ertkn_JKwZc တွင် ဖော်ပြထားသည့်အပြင် Awareness Training များကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
လက်ရှိတွင် ကျန်ုပ်တို့အနေဖြင့် သက်ဆိုင်ရာ Hosting Provider နှင့် Domain Provider များအား တိုင်ကြားထားပြီး ၎င်းတို့နှင့်အတူတကွ ဖြေရှင်းဆောင်ရွက်နေပြီဖြစ်ပါသည်။ အတုအယောင် website ကို access လုပ်၍မရရှိစေရေးအတွက်လည်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
ယခု Phishing ကြောင့်မည်သည့် data များမှ ပါသွားခြင်း မရှိသည့်အတွက် ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) မဖြစ်စေဖို့ပြောကြားလိုပါတယ်။
ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) ကြောင့် security awareness ကို သတိလက်လွတ်ဖြစ်စေတတ်သည့်အတွက် ပြည်သူများအနေဖြင့် Panic မဖြစ်ပဲ NUG ၏ တရားဝင် Domain ကို Security Awareness ရှိစွာဖြင့် စစ်ဆေးပြီး အသုံးပြုကြစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။
NUG ၏ တရားဝင် Domain မှာ nugmyanmar.org ဖြစ်ပါသည်။
230
MOCIT အမည်နဲ့ ဒီ email ဝင်လာရင် ဖျက်ပစ်ပေးပါ
Link ကိုလည်း မဝင်ပါနဲ့ခင်ဗျား
Domain မှာ nugmyanmar.org ကို nugmyamnar.org ဆိုပြီး စာလုံးပေါင်းဆင်တူနဲ့ ပုံမှားရိုက်ထားပါတယ်။ သတိထားကြပါ။
ဆက်လက်ဖြန့်ဝေပေးပါ။
230
"မတရားမှုတိုင်းကို မခံမရပ်နိုင်နဲ့ နာကြည်းဒေါသစိတ်နဲ့ တုန်လှုပ်နေတယ်ဆိုရင် မင်းက ငါ့ရဲ့ ရဲဘော်ရဲဘက်ပဲ"
- Ernesto Che Guevara
230
Repost from Hlaing Info
Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ
နိုဝင်ဘာလ ၂၀ ရက်
ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။
"ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတေါ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။
ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့် ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ၊ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို KIA က အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်သည်။
KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ရာတွင် ချီဖွေမြို့ကို စက်တင် ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
#KTM
#HlaingInfo
230
မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ Telegram မှ လိုက်လံဖြန့်ဝေနေ
==========
နိုဝင်ဘာ ၁၄
Radio NUG
မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ Telegram မှ လိုက်လံဖြန့်ဝေနေတယ်လို့ နိုဝင်ဘာ၁၄ရက် NUG Payက တရားဝင် အသိပေးကြေညာပါတယ်။
"မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ ဖော်ပြပါပုံအတိုင်း Telegram မှ လိုက်လန်ဖြန့်ဝေနေသည်ကို တွေ့ရှိရပါတယ်။၄င်းမှာ တရားဝင်မှု လုံးဝမရှိပဲ၊ အသုံးပြုသူများ၍ Mobile device များရှိ ဒေတာအချက်အလက်များကို အန္တရာယ်ဖြစ်စေနိုင်ပါသည်၊ သို့ဖြစ်ရာ တရားမဝင် ဖြန့်ဝေနေသော Link များကို ဝင်ရောက်ခြင်းမပြုကြပါရန် အသိပေးအပ်ပါတယ်" လို့ ဖော်ပြပါတယ်။
NUGPay တရားဝင် Application အား
iOS အသုံးပြုသူများအနေဖြင့် - https://apps.apple.com/app/nugpay/id1635551833?l=en-GB
Android အသုံးပြုသူများအနေဖြင့် - https://play.google.com/store/apps/details...
မှ တရားဝင် ရယူနိုင်တယ်လို့ဆိုပါတယ်။
230
နှစ်စဉ် ခြောက်ကောင်ခန့်သေဆုံးနေသည့် ဧရာ၀တီလင်းပိုင်များ ထိန်းသိမ်းရန် လိုအပ်နေ
https://mpapress.com/%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8/55891/
