uk
Feedback
Create with OMERA

Create with OMERA

Відкрити в Telegram

Create smarter with AI, editing & modern workflows. DM @pyaesone_8989

Показати більше

📈 Аналітичний огляд Telegram-каналу Create with OMERA

Канал Create with OMERA (@glowandcode_51) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 23 996 підписників, посідаючи 1 229 місце в категорії Мистецтво та дизайн та 5 888 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 23 996 підписників.

За останніми даними від 18 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 55, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 14.01%. Протягом перших 24 годин після публікації контент зазвичай збирає 4.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 3 362 переглядів. Протягом першої доби публікація в середньому набирає 1 035 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 33.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Create smarter with AI, editing & modern workflows. DM @pyaesone_8989

Завдяки високій частоті оновлень (останні дані отримано 19 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Мистецтво та дизайн.

23 996
Підписники
Немає даних24 години
-187 днів
+5530 день
Архів дописів
ပညာရှင်ဆန်ဆန်ခိုးကြမယ် "Steal Like an Artist စာအုပ်ထဲမှာ Austin Kleon ကအနုပညာဆိုတာ ခိုးယူခြင်းနဲ့ ပတ်သက်တယ်လို့ ရဲရဲတင်းတင်း ပြောထားတယ်။ ဒါပေမဲ့ သူဆိုလိုတာက ပုံတူကူးချတာမျိုး မဟုတ်ဘူး။ သူပြောချင်တာက ကိုယ့်ရဲ့စိတ်ကို လှုံ့ဆော်နိုင်တဲ့ အရာတွေကို လေ့လာပါ၊ စုပ်ယူပါ ပြီးတော့ ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်ဖန်တီးဆိုတာပါပဲ။ တကယ်တော့ Video Editing နယ်ပယ်မှာလည်း ဒီသဘောတရားက အလွန်အရေးပါတယ်ဗျာ့။ ဘာကြောင့် Reference ယူသင့်သလဲ ? ဗီဒီယိုတည်းဖြတ်သူ တစ်ယောက်အနေနဲ့ အမြဲတမ်း လတ်ဆတ်ပြီး ဆန်းသစ်တဲ့ Content တွေကို ဖန်တီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ တစ်ခါတလေမှာ စိတ်ကူးတွေ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ တခြားသူတွေရဲ့ အလုပ်တွေကို လေ့လာတာဟာ အလွန်အသုံးဝင်တယ်ဗျာ့။ အကျိုးတွေကတော့ - (၁) - စိတ်ကူးသစ်တွေ ရရှိခြင်း တခြားသူတွေ ဘယ်လို Editing Style တွေသုံးထားလဲ ဘယ်လို Transition တွေထည့်ထားလဲ ဘယ်လို Color Grading လုပ်ထားလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကူးတွေကို လှုံ့ဆော်နိုင်တယ်။ (၂) - နည်းပညာအသစ်တွေ လေ့လာခြင်း ခေတ်ပေါ် Editing Software တွေမှာ Feature အသစ်တွေ အများကြီး ရှိတယ်။ တခြားသူတွေ အဲဒီ Feature တွေကို ဘယ်လို အသုံးချထားလဲဆိုတာကို လေ့လာခြင်းအားဖြင့် ကိုယ်လည်း နည်းပညာအသစ်တွေကို တတ်မြောက်လာနိုင်တယ်။ (၃) - ကိုယ့်ရဲ့အားနည်းချက်တွေကို သိရှိခြင်း တခြားသူတွေရဲ့ အားသာချက်တွေကို မြင်တွေ့ခြင်းအားဖြင့် ကိုယ်ရဲ့ အားနည်းချက်တွေကို သိလာပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆို မှန်ကန်တဲ့နည်းလမ်းနဲ့ ဘယ်လို "ခိုး" ယူမလဲ ? "ခိုးယူတယ်" ဆိုတဲ့ စကားလုံးက နားထောင်ရတာ နည်းနည်းကြမ်းပေမဲ့ Austin Kleon ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ လေးစားမှုရှိရှိနဲ့ လေ့လာသင်ယူဖို့ဖြစ်တယ်ဗျာ့။ အဲ့ဒီအတွက် - (၁) - အများအပြား လေ့လာပါ တစ်ယောက်တည်းရဲ့ အလုပ်ကိုပဲ အာရုံမစိုက်ပါနဲ့။ မတူညီတဲ့ တည်းဖြတ်သူတွေရဲ့ အလုပ်တွေကို အများကြီး လေ့လာပါ။ (၂) -ဘာကို ကြိုက်လဲ၊ ဘာကို မကြိုက်လဲ မှတ်သားပါ ကိုယ်ကြိုက်တဲ့ Editing Style တွေ Transition တွေ၊ Music Choices တွေကို မှတ်သားထားပါ။ ဘာကြောင့် ကြိုက်လဲဆိုတာကိုလည်း သေချာစဉ်းစားပါ။ မကြိုက်တဲ့အရာတွေကိုလည်း မှတ်သားထားပါ။ (၃) - ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ ကိုယ်လေ့လာထားတဲ့ အရာတွေကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ။ တခြားသူတွေရဲ့ ပုံတူကို ကူးချတာမျိုး မလုပ်ပါနဲ့။ (၄) - Credit ပေးပါ (လိုအပ်ရင်) တကယ်လို့ခင်ဗျားက တခြားသူရဲ့ အလုပ်ကနေ တိုက်ရိုက် Inspiration ရခဲ့တယ်ဆိုရင် ဖြစ်နိုင်ရင် Credit ပေး။ ဒါဟာ လေးစားမှုပြသရာ ရောက်တယ်။ အနှစ်ချုပ်ရရင် ဗီဒီယိုတည်းဖြတ်တဲ့ လုပ်ငန်းမှာ တခြားသူတွေဆီက Reference ယူတာဟာ လုံးဝ မမှားဘူး။ တကယ်တော့ ဒါဟာ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။ အရေးကြီးတာက ဘယ်လို "ခိုး"ယူလဲဆိုတာပဲ။ ဒါကြောင့် လေးစားမှုရှိရှိ လေ့လာပါ သင်ယူပါ၊ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အနုပညာလက်ရာကို ဖန်တီးပါ။ အဲဒါမှသာခင်ဗျားဟာ တကယ့် အနုပညာရှင်တစ်ယောက်လို "ခိုး"ယူရာ ရောက်မှာဖြစ်တယ်။ #Sanminyaungchyi

ကျွန်တော်တို့အနေနဲ့ နောက်လထဲမှာနာမည်ရှိပြီးသား Influencer တစ်ယောက်နဲ့ Collect လုပ်ဖို့ရှိပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ Video တွေထွက်လာမှသာ အားပေးကြပါလို့ပြောချင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဖွင့်ထားတဲ့ အတန်းအတွက်လုပ်မှာပါပဲ။ အစကတော့ ဒီလအတွက် Plan ထားတာပါ။ သို့သော်အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ ဘေးပေါင်းစုံ ကြုံလိုက်ရတဲ့အတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အလုပ်တွေအားလုံးနားလိုက်ရပါတယ်။ အတန်းထဲမှာ အသစ်ထည့်မယ့် Lesson တွေကိုလည်း တစ်ဖက်ကအချိန်မှီ ရောက်မလာတဲ့အတွက် ကာလတစ်ခုအထိနားလိုက်ရပါတယ်။ အဲ့ဒီအတွက်လည်း အတန်းသားအားလုံးကို တောင်းပန်ချင်ပါတယ်ဗျာ။ 🙏🙏🙏🙏🙏 ဒါပေမယ့် နောက်လမှာတော့ အမိုက်စား Content တွေ အကြမ်းဆုံးအစီစဉ်တွေနဲ့ ကျုံးဖို့ အားလုံးစီစဉ်ထားပြီးပါပြီဗျာ့။ အဲ့တော့ Keep Watching And Keep Learning ကြပါလို့ အလေးနက်ထားတိုက်တွန်းချင်ပါတယ်ဗျာ။ ဒါနဲ့စကားမစပ် ကျွန်တော်တို့ Course လေးက ဖုန်းတစ်လုံးရှိရုံနဲ့ လမ်းကြောင်းတစ်ခု ဖောက်နိုင်စေမယ့် Course လေးပါဗျာ့။ Normal edit 👑 Motion edit 👑 3d Edit 👑 Documentary Edit 👑 Graphic design 👑 အကုန်‌ပါမယ်ဗျာ့။ ဒါပေမယ့် နောက်လမှာဆိုရင်တော့ Content Creator လုပ်ချင်တဲ့သူတွေအတွက်ပါ Facebook, TikTok စတဲ့ Social Media Run နည်းကအစ အကုန်လာပါမယ်ဗျာ့။ Social Media Run နည်း Script ရေးနည်း အစုံပါပါမယ်။ ဒါကြောင့် လူပိမလာခင် ဈေးမတက်ခင်အမှီ Course join ချင်တယ်ဆိုရင်တော့ @Jack9682 And @Pyaesone_8989 ဖော်ပြပါ Telegram တွေမှာလာ ရောက် မေးမြန်းနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်ဗျာ့။

ကျန်တော်ကိုလာမေးတဲ့ထဲမှာ အများဆုံးတခုက Editing ကိုဘယ်ကနေစလေ့လာရမလဲဆိုပြီးလာမေးကြတာများပါတယ်ဗျ ကျန်တော်အကြံပေးချင်တာကတော့ Software Basic အနည်းငယ်လေ့လာပြီတော့ လက်တွေ့လိုက်လုပ်ပါဗျ လုံး၀ perfect ဖြစ်နေတဲ့ထိမစောင့်ဘဲနဲ့ ကိုယ်လုပ်တက်သလောက်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပြပါဗျ အဲလိုလုပ်ပြပြီ social media တွေမှာချ‌ပြရင်သူများတွေအမှားတွေထောက်ပြလာမယ်အဲတာကနေသင် ပြန်လေ့လာ ပြန်လုပ် skill ထက်ဖြည့်ရင်းနဲ့သွားကြပါဗျ အဲတာကတော့တက်မို့အတွက်အလွယ်ဆုံးနည်းပါ ကျန်တော်ဘယ်လိုတက်ခဲ့သလဲဆိုတာသိချင်ရင်တော့ ကျန်တော်ရဲ့ YouTube Pyaesone_51 မှာတင်ပေးထားပါတယ်

Admin ရဲ့ Channel လေးကိုလည်း Support လို့ရပါတယ် 😍😍

ကျန်တော်ရဲ့ portfolio website linkလေးပါဗျ Video editing service/ Course နဲ့ပတ်သတ်တာအကုန်ဒီထဲမှာတင်ပေးထားပါတယ်ဗျ https://omera
ကျန်တော်ရဲ့ portfolio website linkလေးပါဗျ Video editing service/ Course နဲ့ပတ်သတ်တာအကုန်ဒီထဲမှာတင်ပေးထားပါတယ်ဗျ https://omera51.my.canva.site/

ကျန်တော်ရဲ့ portfolio website linkလေးပါဗျ Video editing service/ Course နဲ့ပတ်သတ်တာအကုန်ဒီထဲမှာတင်ပေးထားပါတယ်ဗျ https://omera51.my.canva.site/

အဲထဲမှာပါမဲ့ဟာတွေကတော့အပေါမှာလဲရှင်းပြပေးထားပါတယ် အကုန်အသုံး၀င်တာတွေကြီးဘဲမလို့ လက်မလွတ်တန်းကြည့်မို့တောင်းဆိုချင်ပါတယ်ဗျ Course တခု Gw လေးလဲပါပါတယ်ဗျ 🫶

maxresdefault.jpg0.77 KB

Video လေးကရပါပြီဗျ Thumbnail အခက်ခဲကြောင့်မနက်ဖြန်ရက်ရွေ့လိုက်ရပါတယ်ဗျ အဲ Video ထဲမှာပါတာကတော့ Chat Gpt သုံးနည်းနဲ့ ကျန်တော် video editလုပ်တိုင်းသုံးဖြစ်တဲ့ Ai website ‌တွေအကြောင်းပါပါတယ်ဗျ နောက်တခုကတော့ ကျန်တော်ရဲ့ Video editing Course တခုပါ Freeမဲလေးလုပ်ပေးထားပါတယ် 🫶 ကြာသွားလို့တောင်းပန်ပါတယ်ဗျ🙏

Video Editing သမားများအတွက်မရှိမဖြစ် Tool များ Video Editing ဆိုတ ဖန်တီးမှုစွမ်းရည်နဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေပေါင်းစပ်ထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့လုပ်ငန်းတစ်ခုပါ။ ဒါကြောင့် အရည်အသွေးမြင့်မားတဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်ဖို့အတွက်ဆိုရင် သင့်တော်တဲ့ Tool တွေက အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Video Editing သမားတွေအတွက် အသုံးဝင်မယ့် Tool တွေကို အမျိုးအစားအလိုက် စုစည်းဖော်ပြပေးသွားမှာဖြစ်ပြီး ဖုန်းနဲါတည်းဖြတ်သူများအတွက်လည်း ရေပန်းစားတဲ့ Alight Motion နဲ့ CapCut တို့ကိုထည့်သွင်း ဖော်ပြသွားမှာဖြစ်ပါတယ်။ Editing Software များ - For (Desktop) ဒါတွေကတော့ ကွန်ပျူတာမှာ ဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်အဓိက အသုံးပြုရတဲ့ Software တွေပဲဖြစ်တယ်။ ရွေးချယ်စရာတွေ အများကြီးရှိတဲ့အထဲကမှ လူကြိုက်များပြီးလုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ Software တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ (၁) - Adobe Premiere Pro လုပ်ငန်းသုံးအဆင့် ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲလ်တစ်ခုဖြစ်ပြီး ကျယ်ပြန့်တဲ့လုပ်ဆောင်ချက်တွေ ပံ့ပိုးမှုတွေနဲ့ Plugin တွေနဲ့လည်း အံဝင်ခွင်ကျဖြစ်ပါတယ်။ ရုပ်ရှင်၊ တီဗီရှိုးနဲ့ ကြော်ငြာတွေအတွက် အများဆုံးအသုံးပြုကြပါတယ်။ (၂) - Final Cut Pro X macOS အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲလ်ဖြစ်ပြီးမြန်ဆန်တဲ့ လုပ်ဆောင်မှုနဲ့ အသုံးပြုရလွယ်ကူတဲ့ Interface ကြောင့် နာမည်ကြီးတယ်။ Apple Ecosystem နဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ (၃) - DaVinci Resolve ကျွန်တော်တို့ကိုယ်တိုင်လည်း အတန်းဖွင့်ထားတဲ့ဒီ Software ဟာ အရောင်ညှိခြင်း (Color Grading) နဲ့ အသံပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေမှာ အထူးကောင်းမွန်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုပါ။ Editing လုပ်ငန်းအတွက်လည်း အစွမ်းထက်တဲ့ Tool တွေ ပါဝင်ပါတယ်။ အခမဲ့ဗားရှင်းနဲ့ ဝယ်ယူရတဲ့ ဗားရှင်းဆိုပြီး နှစ်မျိုးရှိတယ်။ (၄) - Avid Media Composer ရုပ်ရှင်နဲ့ တီဗီလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ စံချိန်စံညွှန်းမီ ဆော့ဖ်ဝဲလ်တစ်ခုပါ။ တည်ငြိမ်မှုနဲ့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ အပြည့်အစုံပါဝင်တယ်။ (၅) - Shotcut/OpenShot ဒါတွေကတော့ အခမဲ့အသုံးပြုနိုင်တဲ့ Open-Source ဆော့ဖ်ဝဲလ်တွေဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး အခြေခံနဲ့ အဆင့်မြင့် Editing လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ Editing Apps များ - (For Mobile) မိုဘိုင်းလ်ဖုန်းနဲ့ Tablet တွေမှာလွယ်ကူစွာ ဗီဒီယိုတည်းဖြတ်နိုင်ဖို့အတွက် အောက်ပါ App တွေကအသုံးဝင်ပါတယ်။ (၁) - Alight မိုဘိုင်းလ်ဖုန်းအတွက် အစွမ်းထက်တဲ့ Motion Graphics နဲ့ Visual Effects App တစ်ခုပါ။ Layer-based Editing System ကို အသုံးပြုထားပြီး Animation၊ Keyframe တွေနဲ့ Visual Effect အမျိုးမျိုးကိုဖန်တီးနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့် ရလဒ်တွေအတွက်လည်း အသုံးပြုနိုင်တယ်။ (၂) - CapCut TikTok ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကထုတ်လုပ်ထားတဲ့ အခမဲ့ ဗီဒီယိုတည်းဖြတ် App တစ်ခုပါ။ အသုံးပြုရလွယ်ကူတဲ့ Interface နဲ့ Editing Tools များစွာပါဝင်ပါတယ်။ Filter တွေ၊ Effect တွေ Text တွေနဲ့ နောက်ခံတေးဂီတတွေကို အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ Social Media Content ဖန်တီးသူတွေအတွက်အထူးသင့်တော်ပါတယ်။ အဆက်ကို Comment မှာချပေးထားပါမယ်။ #Sanminyaungchyi

ဒီကြားထဲကျန်တော်ပျောက်နေတာနည်းနည်းကြာပြီဗျ အကုန် Adm တာ၀န်ယူထားတာပါ yt Video နစ်ပုဒ်ထက်နေတာတွေ နဲ့တင်ဒီဖက် အချိန်မပေးနိုင်လို
ဒီကြားထဲကျန်တော်ပျောက်နေတာနည်းနည်းကြာပြီဗျ အကုန် Adm တာ၀န်ယူထားတာပါ yt Video နစ်ပုဒ်ထက်နေတာတွေ နဲ့တင်ဒီဖက် အချိန်မပေးနိုင်လို့လဲတောင်းပန်ပါတယ်ဗျ မနက်ဖြန်ည 9/10နာရီကျရင် Editor တိုင်းသိထားသင်တဲ့ Ai website အကြောင်း Audio ကြည်အောင်လုပ်နည်းနဲ့ Chatgpt+ (paid Version)မှာဘဲလုပ်လို့ရတဲ့ Ai ကို ကိုလိုချင်တဲ့သူရဲ့နေရာမှာထားပြီတော့ Research လုပ်နည်းကို Free version မှာ အဲတာနီးနီး Result ရအောင်ဘယ်လိုသုံးရလဲ/ Prompt ဘယ်လိုရေးရခဲဆိုတဲ့အကြောင်းအရာတွေပါပါမယ်ဗျ ကြားထဲမှာပျောက်သွားတဲ့အတွက်လဲ Video editing course 3ခုထဲက 3d editing style သီသန့်ပါတဲ့ Course တခုကိုလဲလူအကန့်သတ်နဲ့ မနက်ဖြန်ကျရင် Giveaway ပေးပါမယ်ဗျ😉

Professional Editor တစ်ဦးဖြစ်လာဖို့ တကယ်တော့ Professional Video Editor တစ်ယောက်ဆိုတာ သူ့ဆိုင်ရာလောကမှာတော့ အရေးပါတဲ့ဖန်တီးရှင်တစ်ဦးပဲဗျာ့။ သူတို့ဟာရိုက်ကူးထားတဲ့ ဗီဒီယိုအပိုင်းအစတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ Video တစ်ခုအဖြသ် ပြန်လည်ပုံဖော်ပေးရတယ်။ ပြောရရင်အဲ့ဒီလို Editor တစ်ယောက်ဖြစ်လာဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအပြင် မှန်ကန်တဲ့စိတ်နေသဘောထားတွေလည်း ရှိဖို့ အရေးကြီးတယ်ဆိုတာပဲ။ ထားရမယ်စိတ်နေသဘောထားတွေကတော့ - (၁) - Keen Eye for Visuals Editor တစ်ယောက်ဟာ ဗီဒီယိုရဲ့အသေးစိတ် အချက်အလက်တွေကိုသတိထားမိရမယ်။ အရောင်အသွေး အလင်းအမှောင်၊ ရုပ်ပုံရဲ့တည်ငြိမ်မှု စတာတွေကို စူးစမ်းလေ့လာပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိနိုင်ဖို့လိုတယ်။ (၂) - Understanding of Storytelling Video တစ်ခုဟာ ဇာတ်လမ်းတစ်ခုကို ပြောပြနေတာနဲ့ အတူတူပဲဗျာ့။ ဒါကြောင့်Editor ဟာ ရိုက်ကူးထားတဲ့မြင်ကွင်းတွေရဲ့ အစီအစဉ်ကိုဘယ်လိုပြောင်းလဲလိုက်ရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းမလဲ ပရိသတ်ကိုဆွဲဆောင်နိုင်မလဲဆိုတာကို နားလည်ဖို့လိုတယ်၊ လေ့လည်းလေ့လာရမယ်။ (၃) - Creativity and Imagination Editor ဆိုတာရှိပြီးသား ရုပ်သံမှတ်တမ်းတွေကိုအသုံးပြုပြီး ပိုမိုက်အိုင်ဒီယာအသစ်တွေ စိတ်ဝင်စားစရာကောင်းတဲ့ အသွင်အပြင်တွေကို ဖန်တီးနိုင်ဖို့လည်းလိုတယ်။ (၄) - Attention to Detail ဗီဒီယိုထဲမှာပါဝင်တဲ့ အသံပိုင်းဆိုင်ရာ အမှားအယွင်းလေးတွေ ရုပ်ပုံအပြောင်းအလဲမချောမွေ့တာတွေ စာတန်းထိုးအမှားတွေကို စေ့စေ့စပ်စပ် ရှာဖွေနိုင်ဖို့လည်းလိုတယ်။ (၅) - Problem-Solving Skills တည်းဖြတ်နေစဉ်အတွင်းမှာ မမျှော်လင့်တဲ့အခက်အခဲတွေ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေလည်း ကြုံတွေ့နိုင်တယ်။ ဒါကြောင့် အဲ့ဒီလိုအခက်အခဲတွေကို တည်ငြိမ်စွာနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်တဲ့စွမ်းရည်လည်းရှိရမယ်။ (၆) - Respect for Time ပရောဂျက်တစ်ခုကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ အချိန်ကိုတန်ဖိုးထားမှပဲရတယ်ဗျာ့ ဒါကြောင့် သတ်မှတ်ထားတဲ့ Deadline အတွင်း အရည်အသွေးကောင်းမွန်တဲ့ ဗီဒီယိုကို ပေးပို့နိုင်ရပါမယ်။ ပြောရရင် Clients တွေရဲ့ ယုံကြည်မှုဟာအဲ့ဒီ အချိန်တိကျမှုမှာပဲမူတည်တယ်။ (၇) - Openness to Feedback နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ဝေဖန်အကြံပြုချက်တွေကို နားထောင်ပြီးလိုအပ်ရင် ပြင်ဆင်ပြောင်းလဲဖို့ အသင့်ဖြစ်နေရမယ်ဆိုတာပဲ။ #Sanminyaungchyi

AMZ_ORI_20APR.apk153.98 MB

မနက်ဖြန်ကစပြီး ဒီ Channel လေးမှာ Editing နဲ့ပတ်သက်တဲ့ ဆိုင်ရာ Knowledge တွေ ✅ ထားသင့်တဲ့ Mindset ✅ Clients ရှာနည်း Clients အပေါ်ထားရမယ့်စိတ်နေသဘောထား ❤️ Professional Editor တွေဆီကအတုယူရမယ့်အချက်တွေ ✅✅ Editor တစ်ဦးအဖြစ် အသက်မွေးချင်သူများအတွက် ဆိုင်ရာသိသင့်တာများ 🛜🛜 စတဲ့စတဲ့ Editing နဲ့ပတ်သက်လို့ လိုအပ်သမျှ Skills တွေကို Content တွေအဖြစ်နဲ့ Channel Admin မှ နေ့တိုင်းတင်ပေးသွားမှာဖြစ်လို့ Brother တို့အားလုံး စောင့်မျှော်သင်ယူပေးကြပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ Soon 😊😊

-2147483648_-215713.webp0.15 KB

+9
21_Star-Struck.mov11.24 MB

+9
11_Face Savoring Food.mov21.87 MB