uk
Feedback
Aye Thida Swe

Aye Thida Swe

Відкрити в Telegram
1 200
Підписники
Немає даних24 години
-47 днів
-2030 днів
Архів дописів
🌿 အဖေဆုံးပြီး နောက်မှာ သူငယ်ချင်း Dimple Sao Mon Shein ကျေးဇူးကြောင့် အကျွတ်အလွတ် ပုတီး စစိပ်ဖြစ်ပါတယ်။ ကိုယ့်အိမ်နဲ့ နီးတဲ့ ဘုရား မှာ သွားစိပ် ရတာပါ.. ထူးခြားမှု့တွေ အများကြီး လည်း ကြုံရပါတယ် . အိမ်မက်တွေ လည်း မက်ပါတယ်.. 🌿 အမျှပေးတဲ့ အခါ... လမ်းကြို လမ်းကြား၊ ချောင်းကြို မြောင်းကြား၊ တောကြို တောင်ကြား ၊ ကလေကဝ သေသွားကြသော သတ္တဝါခပင်းတို့အား လည်းကောင်း ဆိုပြီး ရွတ်ဆို ရတဲ့ အချိန် အရမ်း Heart ထိပါတယ်။ 🌿 အကျွတ်အလွတ် ပုတီးစိပ်တာ က ကိုယ့်အတွက်မဟုတ်ဘူး.. မကျွတ်မလွတ်သူ တွေအတွက် စိပ်ရတာ မို့ အင်မတန် မွန်မြတ် လှပါတယ်။ ကျမ အနေနဲ့ အခု နှစ်ပိုင်းတွေမှာ ဘုရားကို သွားစိပ် ရတာ အဆင်မပြေ တော့ လို့ မစိပ်ဖြစ်ပေမယ့် ပုတီးစိပ်ပြီး ကုသိုလ် အမျှ ပေးချင်သူများ အတွက် အရင်နှစ်တွေက ရေးထားတာလေး ပြန်ကူးတင်ပေး လိုက်ပါတယ်ရှင်။ ... 🏵ပြည်မြို့၊ မေတ္တာဝါဒီရွှေပေါက်ပင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမာစာရ ဦးစီးပြီး တစ်နှစ်မှ တစ်ကြိမ်ပဲ၊ ဒီအချိန် ဒီကာလ (၉)ရက်တာမှာ အဓိဌာန်ဝင်လို့ရတဲ့ ကျွတ်ပွဲလွတ်ပွဲ အဓိဌာန်ကျင့်စဉ်ပွဲမှာ ပုတီးစိပ်ကြမလား ရှင် . 🌿 🏵ဒီကျင့်စဉ်က အကြောင်းအမျိုးမျိုးနဲ့ ဘဝ တစ်ပါးကူးပြောင်းသွားကြတဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ရသူတွေ အတွက် အခိုက်အတန့် ကတိလွဲမှားရောက်ရှိနေတဲ့ အပါယ်ဘုံကလွတ်မြောက်ပြီး မြင့်မြတ် တဲ့ ဘုံဘဝကို ရောက်ကြပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ စိပ်ပေးရတာဖြစ်တဲ့အတွက် ကျင့်ကြံသူတွေအတွက် ကုသိုလ်ကြီး လှပါတယ်။ အမျှရသူတွေ အတွက်လဲ အကျိုးများလှပါတယ်။ 🏵ကျင့်စဉ် စစိပ်ရမယ့်နေ့က (၁၈/၁၀/၂၀၂၆)မှ (၂၆/၁၀/၂၀၂၆)နေ့ (သီတင်းကျွတ်လပြည့်နေ့)အထိ (၉)ရက် ဖြစ်ပါတယ်။ ကိုယ်အိမ်နဲ့နီးတဲ့၊ ကိုယ့်အတွက် အဆင်ပြေတဲ့၊ ကိုယ့်စိတ်မှာ သွားရောက်အားထုတ်လို ဆန္ဒဖြစ်ပေါ်လာတဲ့ စေတီ/ဘုရား မှာ သွားစိပ်လို့ ရပါတယ်။ သို့သော် ကိုယ်စာရင်းပေးထားတဲ့ ဘုရားမှာပဲ အဓိဌာန်ကာလ (၉)ရက်လုံးစိပ်ရမှာဖြစ်ပြီး ဘုရားပြောင်းလဲစိပ်လို့ မရတာကြောင့် စာရင်းမတင်ခင်ကတည်းက ကိုယ့်အတွက် သွားရေးလာရေး အဆင်အပြေဆုံးဖြစ်မယ့် ဘုရားကိုသာ သေချာရွေးစေလိုပါတယ်။ စာရင်းပေးပြီး သွားရင် ပြန်ဖျက်လို့မရတော့ပါ။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ ပဌာန်းဆက်တွေ, ကိုယ်အမျှဝေမှ ကျွတ်ရမယ့် သူတွေက ကိုယ် စိပ်မယ့် ဘုရားမှာ သူ့ရက်နဲ့ သူ လာစောင့်ကြတာပါ။ 🏵အဲ့အချိန် မှာ ဘုရားစောင့်နတ်တွေက လည်း ကုသိုလ်အမျှ လာရောက်ယူခွင့်ပြုပေးထားပါတယ်။ မကျွတ်မလွတ်သေးသူ နာနာဘာဝများက ကျင့်စဉ်ဝင်သူများကို ပူးခြင်း၊ ကပ်ခြင်း၊ ကိုယ် ထင်ပြခြင်းမျိုး၊ ခြောက်လှန့်တာမျိုး လုပ်လို့မရအောင် သက်ဆိုင်ရာ ဘုရားစောင့်၊ မြို့စောင့်၊ နယ်စောင့်၊ သာသနာစောင့် နတ်များနှင့် စတုမဟာရာဇ်နတ်မင်းကြီးများက စီမံဆောင်ရွက် ကူညီပေးတဲ့အတွက် ကြောက်လန့်စိုးရိမ်စရာ မလိုပါ။ 🏵ပုတီးမစိပ်ခင် ဘုရား ကို ပန်း ဆီမီး တွေ ပူဇော် လျှင် ပိုကောင်းပါတယ်။ အချိန်ကာလ သတ်မှတ်ထားတာ မရှိတဲ့ အတွက် ဘုရားတွေဖွင့်ချိန်နဲ့ ပိတ်ချိန်ကြားမှာ ကိုယ်အားတဲ့အချိန်သွားစိပ်လို့ရပါတယ်။ 🏵ကျင့်စဥ် ကျင့်ချင်ပါက ကိုယ့်နာမည် စိပ်မယ့်ဘုရားအမည် နှင့် လိပ်စာ viber ph no တွေနဲ့ စာရင်းပေးရပါတယ်။ 🏵အဓိဌာန်ကျင့်စဉ်ဝင်သူ တစ်ဦးချင်းစီ အတွက် စိပ်ရမယ့်ကျင့်စဉ်ကို ရွှေပေါက်ပင် ဆရာတော်ဘုရားကြီးမှ မိန့်ကြားပေးပါလိမ့်မယ်။ ဆရာတော်ကြီးထံမှ ရသော ကျင့်စဉ်နှင့်စိပ် နည်း ကို တစ်ဦးချင်းဆီ Viber မှ ပြန်လည် ပေးပို့ပေးသွားမှာဖြစ်ပါတယ် 🏵ဆက်သွယ်စာရင်း​ပေးရန် ဒေါ်စောမွန်သိမ့် 📞 09 782 883 525 Viber +95 9 973 620 008 .. 🌿 အကျွတ်အလွတ် ပုတီးစိပ်နည်း အကြောင်း Facebook post. https://www.facebook.com/share/1e9cMMaadd/ ..

‘ပထဝီ’ တလုံးကို ‘ပရမတ်’ ဆိုက်အောင် ဘယ်လိုရှုမလဲ။ 🍀မျက်စိမှိတ်လိုက်။ ကိုယ့်စိတ်တိုင်းကျ တကိုယ်လုံး ကိုယ့်ခန္ဓာမှာ စမ်းကြည့်လိုက်။ မျက်စိဖွင့်ပြီးစမ်းရင် ကိုယ့် ‘လက်’ ကိုယ် မြင်နေရင် ဒီ ‘သညာ’ က ‘လက်’ ပဲတွေ့နေတယ်။ ‘အဆင်း’ ပေါ်မှာ မှတ်ထားတဲ့ ‘သညာ’ ကပိုခိုင်မာတယ်။ ‘အဆင်း’ နဲ့ ‘သညာ’ခွါလို့မရတော့ဘူး။ 🍀အဲ့ဒီတော့ မျက်စိမှိတ်လိုက်ပြီး “သေချာ ခံစား” 🍀“ စိတ်ကို ‘ခံစားမှု’ အပေါ် အပြည့်ထားလိုက်” 🙅‍♀️ဘယ်လိုခံစားမလဲ။ ခံစားရုံနဲ့မရသေးဘူး။ “ပျော့သလား၊ မာသလားလို့ ခံစားစမ်း” ဆိုပြီး ‘မာသလား၊ ပျော့သလား’ ဆိုတဲ့ အသိကို ‘သညာ’ ပြောင်းလိုက်ရတာ မဟုတ်လား။ ⛔️‘နဖူး’ ဆိုတဲ့စကားလုံးအပေါ်ဆိုရင် ‘သညာ’ က ‘နဖူး’ ပဲသွားသိမှာပေါ့။ ⛔️‘နဖူး’ သွားစမ်းဆို ‘နဖူး’ စမ်း ‘နဖူး’ ပဲတွေ့မှာ။ ကိုယ့်စိတ်ကိုယ်စစ်ကြည့်။ ⛔️‘လက်’ ကိုစမ်းခိုင်းရင် ‘လက်’ ပဲတွေ့မှာ။ 🌻🍀🌿ဒီ ‘သညာ’ က ဒီလိုမှတ်တတ်တယ်ဆိုတော့ ‘ပရမတ်’ ဆိုက်အောင် သူ့ကိုပြန်မှတ်ခိုင်းရတာပေါ့။ 🌹‘နဖူး’ ဆိုတဲ့နေရာမှာ ‘နဖူး’ ဆိုတဲ့ စကားလုံး ‘ပညတ်’ ကိုဖယ်ပြီး “မာသလား၊ ပျော့သလား” ကိုသွားခံစားရမယ်။ 🌹‘ခံစား’ မှ ‘ပရမတ်’ ကိုသိမှာ။ 🌹ခံစားမှ “ပျော့တယ်၊ မာတယ်” လို့သိမှာ။ ‘နဖူး’ ဆိုတဲ့နေရာမှာ ‘ပျော့သလား၊ မာသလား’စမ်းကြည့်ခိုင်းလိုက်တော့… 🌷နဖူးလို့သိတာက အသိတခု 🌷ခံစားလို့ မာတယ် ပျော့တယ် လို့သိတာက အသိတခု အသိ(၂)ခုဖြစ်သွားတယ်။ 🌸အဲ့ဒီတော့မှ ‘နဖူး’ လို့သိတာက ‘ပညတ်’ 🌸ခုခံစားပြီးလိုက်တဲ့ ‘မာတယ်၊ ပျော့တယ်’ လို့သိလိုက်တဲ့အသိက ဘုရားသိစေချင်တဲ့ ‘ပထဝီ’ ဆိုတဲ့ ‘ပရမတ်’ အသိ။ ‘သုတမယဉာဏ်’ ကနေ ‘စိန္တာမယဉာဏ်’ ကူးသွားတာ မဟုတ်လား။ ဘုရားမပြောရင်မသိဘူး။ ဘုရားပြောထားတဲ့ သုတ အသိကနေ သိအောင်လုပ်ရတာ မဟုတ်လား။ ကျင့်ကြံရင်း ကျင့်ကြံရင်းအားကောင်းလာပြီး ‘ဘာဝနာမယဉာဏ်’ ကူးသွားမှာ။ စိတ်ကို ‘ခံစားနေတဲ့စိတ်လေး’ မှာပဲ အပြည့်ထား။ ကိုယ်စိတ်တိုင်းကျ တကိုယ်လုံး ကိုယ့်ခန္ဓာမှာ စမ်းကြည့်လိုက်။ မာတာနဲ့ပျော့တာပဲတွေ့တယ်ဆိုရင် မစမ်းနဲ့တော့။ ကိုယ့်မျက်စိထဲ ‘ခေါင်း’ ကို မြင်ယောင်လိုက်။ ငါ ‘ခေါင်း’ ဆိုတဲ့နေရာကိုစမ်းကြည့်ရင် ခံစားကြည့်ရင် ဘာတွေ့မလဲ ကိုယ့်ဟာကိုပြန်မေးလိုက်။ ‘ခေါင်း’ ဆိုတဲ့ ခံစားနေတဲ့ စိတ်လေးကို သေချာကြည့်ကြည့်။ မာတာနဲ့ပျော့တာပဲတွေ့မှာ။ စောစောကစမ်းထားပြီးပြီလေ။ 🪷ဒါဆို ‘ခေါင်း၊ ခါး၊ ခြေ၊ လက်’ တွေစမ်းရင် ဘာတွေ့မလဲဆို မေးလိုက်။ 🪷‘ခေါင်း၊ ခါး၊ ခြေ၊ လက်’ တွေ့မလား။ မာတာနဲ့ ပျော့တာပဲတွေ့မလားမေးလိုက်။ 🪷‘ယောကျာ်း၊ မိန်းမ’ တွေ့မလား။ မာတာနဲ့ ပျော့တာပဲတွေ့မလားမေးလိုက်။ ✅မာတာပျော့တာပဲတွေ့တယ်ဆိုရင် မှန်ပြီ။ ဒါဆို ‘ပရမတ်’ ဆိုက်သွားပြီ။ 🌺ဒါဆိုကိုယ့်ဟာကိုယ် ‘ပရမတ်’ ဆိုက်မဆိုက်စစ်လို့ရပြီ။ 🌺 ‘ပညတ်’ ‘ပရမတ်’ ကွဲမကွဲစစ်လို့ရပြီ။ ‘ခေါင်း’ ဆိုတဲ့နေရာမှာ ‘မာတယ်၊ ပျော့တယ်’ ပဲတွေ့တယ်ပြောပြီး…. ❌ကိုယ့်စိတ်ထဲမှာက ‘ခေါင်း’ပဲတွေ့နေရင် ဒါမမှန်သေးဘူး။ ✅‘ပထဝီ’ တလုံး ‘ပရမတ်’ ဆိုက်တာနဲ့ ကျန်သုံးပါးကလဲ ပရမတ်ပေါ်ကပဲသွားတော့မှာ…. ✅နောက်ပိုင်းဆက်ရှုတဲ့ နာမ်ခန္ဓာလေးပါးနဲ့ အကြောင်းအကျိုးဆင်ခြင်တာအားလုံးသည် ‘ပရမတ်’ ပေါ်ကပဲသွားတော့မှာ။ ❌‘ပထဝီ’ တလုံးကိုသာ ‘ပရမတ်’ မဆိုက်ထားရင်… ကျန်တာအားလုံး ဘယ်လိုပဲရှုရှု ‘ပညတ်’ ပေါ်ကပဲဖြစ်နေမှာမို့ တရားမရနိုင်ဘူး။ “ပထဝီ” ကို ပေါ့ပေါ့လေး မထင်လိုက်ကြပါနဲ့။ ဆရာတော်အရှင်ပညာစက္ကဟောကြားထားသောတရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ 🌷🌷🌷🌷🌷🌷 “သဘာဝကို သိလေလေ စိတ်ချမ်းသာအောင် နေတတ်လေလေ။” 🌹🙏🌹 တရားတွေ့ချမ်းမြေ့ကြပါစေ။😊 ဆရာတော်အရှင်ပညာစက္က၏ အောက်တိုဘာလ (၁)ရက်နေ့ တရားစခန်း ပထမရက်။ Day 1 - 1st/ Oct /2026 Telegram Audio -https://t.me/AshinPyannaSekkaVideos/1921 Telegram Video -https://t.me/AshinPyannaSekkaVideos/1922 ဓာတ်ကြီးလေးပါးတရားစုစည်းမှု။ https://m.facebook.com/story.php?story_fbid=37742343528698328&id=100000484608614&mibextid=wwXIfr 🍀🍀🍀🍀🍀🍀 (၅၉)ကြိမ်မြောက် ၁၀ရက်တရားစခန်း ဆရာတော် အရှင်ပညာစက္က မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 🍀🍀🍀🍀🍀🍀🍀Thinzar July

🌷🌷🌷🌷🌷 သဘာဝကိုသိလေလေ စိတ်ချမ်းသာအောင်နေတတ်လေလေ🤗🌷 တရားတွေ့ ချမ်းမြေ့ကြပါစေရှင်။ 😊🙏🙏🙏 Day 1 - 1st/ Oct /2026 Telegram Audio -https://t.me/AshinPyannaSekkaVideos/1921 Telegram Video -https://t.me/AshinPyannaSekkaVideos/1922 YouTube -https://youtu.be/wgAj_jbWuCc?is=c9RW2o4QnPoIwFCF Facebook-https://fb.watch/v/6cdBMID0m/?mibextid=wwXIfr ရုပ်ပရမတ် (ရူပပရိစ္ဆေဒဉာဏ်) 🙏 ဆရာတော်အရှင်ပညာစက္က ဗုဒ္ဓအလိုကျဝိပဿနာ (Day 1) တရားအနှစ်ချုပ်နာယူနိုင်ပါရန် ⏳(52mins) https://t.me/AshinPyannaSekkaVideos/1920 တရားပွဲမတိုင်ခင် ဖွင့်ပေးသော ပါချုပ် ဆရာတော်ဘုရားကြီး၏ “ဓာတ်ကမ္မဌာန်းတရား” (Day - 1) YouTube https://youtu.be/D9yJagHCWm0?si=Fbw7VpiRilpz_nlN Telegram. https://t.me/meditationroadmap/3 🍀🍀🍀🍀🍀🍀 (၅၉)ကြိမ်မြောက် (၁၀)ရက်တရားစခန်း ဆရာတော် အရှင်ပညာစက္က မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 🍀🍀🍀🍀🍀🍀🍀 Thinzar July

အပေါ့သွားလဲ ဆင်ခြင်တယ်… အပေါ့သွားတော့လဲ ‘ပထဝီ’ ထဲကနေ ‘အာပေါ’ ရဲ့ ယိုစီးမှုတွေက ‘ဝါယော’ ရဲ့ တွန်းကန်အားနဲ့ ထွက်ကျလာပြီး ‘တေဇော’ ရဲ့ ပူသဘောလေးပါ ခံစားရတယ်။ အလေးသွားလဲ အဲ့လိုဆင်ခြင်ဖြစ်တယ်။ ဒီလိုဆင်ခြင်မှုတွေက တရားထိုင်မှ မဟုတ်ပဲ မနက်အိမ်ယာနိုးတာနဲ့ သွားလာလှုပ်ရှားရင်း အချိန်တိုင်း body မှာ ခံစားမိသမျှကို ဓာတ်ကြီးလေးပါး တပါးချင်းစီခွဲခြမ်းစိတ်ဖြာနေခဲ့တယ်။ ဒီလိုရှုမှတ်လို့ရနေတာကိုလဲ အံ့ဩစွာတွေ့လိုက်ရတယ်။ အရင်ဆို တရားထိုင်မှ ဆင်ခြင်ဖြစ်တာလေ။ 🌼နာတာ၊ ကျင်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်ဆာတာ၊ ပူတာ၊ အေးတာ၊ ယားတာ၊ တင်းတာ၊ တောင့်တာ ခန္ဓာမှာ ဘာပေါ်လာပေါ်လာ ဆင်ခြင်လိုက်ရင် ‘ဓာတ်ကြီးလေးပါး’ ပဲတွေ့ရတယ်။ 🌿🌿🌿🌿🌿 နောက်ထပ်ပို သေချာမြင်လာရတာကတော့ ဓာတ်ကြီးလေးပါးတွေက တခုမှမြဲမနေတာပဲ။ အကုန်ဖောက်ပြန်ပျက်စီး။ ငြိမ်ငြိမ်မရှိနေတာပဲ။ ဒီလိုဓာတ်တပါးချင်းစီဖောက်ပြန်နေမှလဲ လှုပ်ရှားမှုတွေပြုလုပ်နိုင်တာကိုမြင်လာရတယ်။ ရှုမှတ်တာများလာတော့ ဉာဏ်လှည့်လိုက်တာနဲ့ ဒီ ‘ပရမတ်’ ပေါ်ရောက်နေပြီ။ ပထမအမြင်က ‘ပညတ်’ အမြင်ပဲ … ဒါပေမယ် ဉာဏ်လှည့်ဆင်ခြင်လိုက်တာနဲ့ ‘ဓာတ်ကြီးလေးပါး’ ဖောက်ပြန်နေတာကနေပြေးမလွတ်ဘူး။ သူတို့ပဲရှိတော့တယ်။ 🌷ဒါက ‘ပညတ်’ 🌷ဒါက ‘ပရမတ်’ ဆိုပြီး ခွဲခြားပြီးမြင်လာရတယ်။ 🌿🌿🌿🌿🌿 ဒီလိုကိုယ့်ခန္ဓာမှာ မြင်တာများလာတော့… နောက်ပိုင်းကျတော့… ပြင်ပက အရာဝတ္ထု ပစ္စည်းတွေကို ကိုင်ကြည့်မိပြီး ဓာတ်ကြီးလေးပါးဆင်ခြင်ဖြစ်လာတယ်။ ဘယ်ပစ္စည်း အရာဝတ္ထုကိုင်လိုက် ကိုင် လိုက် Day 1 မှာ စမ်းခဲ့တဲ့ … ‘ပထဝီ’ ရဲ့မာပျော့သဘောနဲ့ တူတူကြီးဖြစ်နေတယ်။ ကိုယ့်အိမ်ကကြောင်လေးကို သေချာ ခံစားပြီး ကိုင်ကြည့်တော့လဲ ဒီ ‘ပထဝီ’ မာပျော့သဘောနဲ့ ‘တေဇော’ ပူအေးသဘော ၊ ‘နှလုံး’ နေရာကိုင်ကြည့်တော့ လှုပ်ရှားတွန်းကန်နေတဲ့ ‘ဝါယော’ သဘော ‘အာပေါ’ ရဲ့ ဖွဲ့စည်းမှုနဲ့ အကောင်ထည် ဖြစ်နေတဲ့ သဘောတွေ ဆင်ခြင်မိလာတယ်။ သူတို့လဲ ဓာတ်ကြီးလေးပါး နဲ့ ဖွဲ့စည်းထားတာပဲလို့ စိတ်ထဲ ဖြစ်လာတယ်။🥹 ဟင်းချက်ဖို့ ကြက်သွန်နီကိုကိုင်ကြည့်လဲ ‘ပထဝီ’ ပေါ်မှာ လှီးလိုက်ရင်‘အာပေါ’ အရည် တွေထွက်ကျလာတယ်။ ‘တေဇော’ သဘောကရှိပြီးသား ‘ဝါယော’ ရဲ့တွန်းကန်အားလေးနဲ့ဖြစ်တည်နေတဲ့သဘောတွေ ဥာဏ်နဲ့ဆင်ခြင်မိလာရတယ်။ သစ်ပင်ကိုကြည့်လိုက်လဲ ဓာတ်ကြီးလေးပါး။ ရေဗူးလဲ ဓာတ်ကြီးလေးပါး။ အိမ်ကိုကြည့်လဲ ဓာတ်ကြီးလေးပါး။ ကားကိုကြည့်လဲ ဓာတ်ကြီးလေးပါး။ ဌက်ကြည့်လဲ ဓာတ်ကြီးလေးပါး ဒီလိုတွေမြင်လာရတယ်။ ဒီပစ္စည်းတွေကလဲ ကြည့်လိုက်ရင် မဖောက်မပြန် မပျက်ဆီးဘူးလို့ထင်ရပေမယ့် ကြာလာရင် ဟောင်းလာတယ်။ ထိန်းသိမ်းမှုမရှိတော့ရင် ပျက်ဆီးတာ ငြင်းမရတာကိုလဲတွေ့လာရတယ်။ 🌿🌿🌿🌿🌿 ပြင်ပက အရာဝတ္ထုနဲ့ ကိုယ့်ခန္ဓာကြီးကိုနှိုင်းယှဉ်ကြည့်ဖြစ်လာတယ်။ ဒီအရာဝတ္ထုတွေရဲ့ ဓာတ်ကြီးလေးပါးသဘောက… ကိုယ့်ရဲ့ Body မှာ ဖွဲ့စည်းထားတဲ့ ဓာတ်ကြီးလေးပါးနဲ့ တူတူကြီးပါလားလို့ဖြစ်လာရတယ်။ 🥹 အမည်နာမည်တွေသာ အမျိုးမျိုးတပ်ထားတာ။ ဘာပဲကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် ‘ဓာတ်ကြီးလေးပါး’ နဲ့ဖွဲ့စည်းထားတဲ့သဘောနဲ့ ဖောက်ပြန်နေတဲ့သဘောပဲရှိပါလားလို့မြင်လာရတော့တာ။ 🌿🌿🌿🌿🌿 နောက်ပိုင်းဆင်ခြင်ပါများရင် ဉာဏ်က ‘ဓာတ်ကြီးလေးပါး’ တပါးချင်းစီရဲ့ အကြောင်းအကျိုး အပြန်အလှန်ချိတ်ဆက်နေတာတွေကို ဆက်စပ်မြင်လာမှာပါ။ ဓာတ်ကြီးလေးပါး တပါးချင်းစီက တခုမှမြဲမနေပဲ ဖောက်ပြန်နေတဲ့ သဘောတွေကို ပိုမြင်လာတယ်။ ဉာဏ်ရင့်သန်ရင် ရင့်သန်သလောက်၊ ဆင်ခြင်မှုအားကောင်းရင် အားကောင်းသလောက် ကိုယ့်ရဲ့ဉာဏ်က ဓာတ်ကြီးလေးပါး သဘာဝကို ချဲ့ပြီးပိုမြင်လာမှာပါရှင်။ ကိုယ့်ရဲ့အလုပ်ကို ကိုယ့်ခန္ဓာမှာ ‘ဓာတ်ကြီးလေးပါး’ ရဲ့သဘာဝကို ခံစားသုံးသပ်ဆင်ခြင်နေဖို့ပါပဲ။ အဲဲ့ဒီတော့မှ ဘုန်းဘုန်းဟောထားဖူးတဲ့ အတိုင်း ပြန်ပြောရရင်… ✅မြတ်စွာဘုရားကဟောခဲ့တယ်။ ✅”မင်းတို့ရဲ့ ခန္ဓာအထည်သဏ္ဍန်ကြီးက ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတယ်။” ✅”အဲ့ဒီ ဓာတ်ကြီးလေးပါးတွေ ဖောက်ပြန်နေတဲ့သဘောကို ‘ရုပ်’ လို့ခေါ် တယ် “ဆိုတဲ့ ‘ပရမတ် ရုပ်’ အဓိပ္ပါယ်ကို ခန္ဓာနဲ့သေချာသိလာကြမှာပါ။ ယောဂီအသစ်လေးတွေအတွက် အကျိုးတစုံတရာ ရစေခြင်းဌာရည်ရွယ်၍ ကိုယ့်ရဲ့ ဓာတ်ကြီးလေးပါးရှုမြင်ခဲ့ပုံလေး အနည်းအကျဉ်းကို မေတ္တာဖြင့် ရေးသားမျှဝေလိုက်ပါတယ်။ (ကိုယ့်တယောက်ထဲရဲ့ ရှုမြင်ပုံလေးဖြစ်ပါတယ်။ ယောဂီတယောက်နဲ့တယောက် ဓာတ်ကြီးလေးပါးအပေါ် မြင်ပုံချင်းမတူညီနိုင်ပါရှင်။ ) ဆရာတော်အရှင်ပညာစက္က၏ (၀၁/၁၀/၂၀၂၆) တွင်ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ထားပါသည်။ တရားအပြည့်အစုံကိုအောက်ပါလင့်မှာ နာယူနိုင်ပါပြီ။ 🙏🍀🪷🌷🌻💫🌟 တရားပွဲ မစခင်မှာ ပါချုပ်ဆရာတော်ကြီးရဲ့ ယနေ့သင်မယ့် သင်ခန်းစာနဲ့ပတ်သက်ပြီး ချိတ်ဆက်နေတဲ့တရားတွေကို ညနေ ၆နာရီမှာ ဖွင့်ပေးပါတယ်။ နာထားရင် တရားရှုမှတ်ရာမှာ ပိုပြီး ဉာဏ်ကွန့်နိုင်မှာမို့ အကျိုးများတဲ့အတွက် နာကြပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🤗 https://m.facebook.com/story.php?story_fbid=39957475850518407&id=100000484608614&mibextid=wwXIfr

🌻ဒါ မြတ်စွာဘုရားခိုင်းတာနော်။ ဦးဇင်းက ဘုရားရဲ့တရားတွေကိုပြန်မျှဝေပေးတာပဲရှိတာ။ တကယ့်တရားပိုင်ရှင်ကမြတ်စွာဘုရားနော်။ 🌻’ပထဝီ’ တလုံးကိုသိဖို့အတွက် မြတ်စွာဘုရားက လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းပေးဆပ်ခဲ့ရတာ။ 🌻ဘုရားကိုရိုသေလေးစားတဲ့စိတ်နဲ့ ဘုရားကို တရားနဲ့ပူဇော်ပါတယ်ဆိုပြီး ဘုရားသိစေချင်တာကို ကိုယ်ကတာဝန်ကျေအောင် ကြိုးစားပြီး အားထုတ်ကြရအောင်နော်။ 🌻ချက်ချင်းလုပ်ရင် ချက်ချင်းသိပါတယ်။ ‘အကာလိကော’ပဲ။ 🌷🌷🌷🌷🌷 ယောဂီသစ်များအတွက် အကျိုးတစုံတရာရစေရန်ရည်ရွယ်၍ ရေးခဲ့ဖူးသော တရားအတွေ့အကြုံကို ပြန်လည်မျှဝေလိုက်ပါတယ်။ 🙏 Day 1 - ရူပပရိစ္ဆေဒဉာဏ် ဘုန်းဘုန်းအရှင်ပညာစက္ကရဲ့ (၁၀)ရက်စခန်းကို ပထမဆုံးစဝင်ဖြစ်ခဲ့တုန်းက … ဘုန်းဘုန်း ‘ဓာတ်ကြီးလေးပါး’ ကိုဟောတာ နာရတဲ့အချိန် … ဒါတွေ ငါသိတော့သိပြီးသားတွေပါလို့ဖြစ်ခဲ့မိသေးတယ်။ ဒါပေမယ့်… ‘ပထဝီ’ ကို #ခံစားမှု ပေါ်ကနေစမ်းရမယ်ဆိုတဲ့စကားကို ‘သေသေချာချာ’ ‘ဖြည်းဖြည်းချင်း‘ ‘ဂရုတစိုက်’ ‘ထပ်ခါထပ်ခါ’ မှာနေတာ သတိထားမိတော့… ဒါအရေးကြီးလို့ထင်တယ်ဆိုပြီး…. ပြောတဲ့အတိုင်း တစ်သဝေမတိမ်း မျက်စိလေးမှိတ်ပြီး တကိုယ်လုံးရှိသမျှနေရာတွေကို ‘မာလား’ ‘ပျော့လား’ ‘မမာ မပျော့လား’ နဲ့ သေချာလေး စူးစိုက် ခံစားကြည့်လိုက်တော့…. ဟာ … စမ်းနေတဲ့ ‘နဖူး’ က ‘နဖူး’ မတွေ့တော့ဘူး။ ‘မာ၊ ပျော့’ သဘော သီးသန့်လေးပဲ ခံစားမိတော့တယ်။ ‘လက်မောင်း’ ကိုထပ်စမ်းကြည့်တော့… ဟာ… ‘လက်မောင်း’ မတွေ့တော့ပဲ ‘ပျော့သဘော’ တအားဖိလိုက်ရင် ‘မာသဘော’ ပဲ ခံစားမိတော့တယ်။ ကျန်တဲ့နေရာတွေ လိုက်စမ်းတာလဲ ဒီလို ‘မာ၊ပျော့’ သဘောပဲ ခံစားမိပြီး။ ‘နဖူး’၊ ‘လက်မောင်း’၊ ‘ခေါင်း’၊ ‘ခြေထောက်’၊ ‘တင်ပါး’ နာမည်တွေသာမျိုးစုံတပ်ထားတာ … 🌺တကယ် ခံစားပြီးသိရတဲ့သဘောက တမျိုးထဲပဲ တူတူပဲဖြစ်နေတာတွေ့လိုက်ရတယ်။ ‘မာ’ သဘော၊ ‘ပျော့’ သဘော၊ ‘မမာ မပျော့’ သဘောပဲရှိနေပါလားဆိုပြီး…. ဟာာာာ … ဆိုဖြစ်သွားတာ။ အရင်သိခဲ့ဖူးတဲ့ ‘ပထဝီ’ နဲ့ မိုးနဲ့မြေကွာသလို ကွာနေတာသိသွားရတယ်။ အရင်သိတဲ့ ‘ပထဝီ’ က ခေါင်းကြီးက မာတယ်။ လက်မောင်းက ပျော့တယ်ဆိုပြီး။ ကလေးတောင် စမ်းခိုင်းရင် သိတဲ့အသိဖြစ်နေခဲ့တာကို သိသွားခဲ့ရတယ်။ ‘ပညတ်’ ကြီးကို မာတယ်ပျော့တယ် လုပ်နေခဲ့တာကိုး။🥹 အဲ့ဒီ ‘ပထဝီ’ ပေါ်ကမှ ‘တေဇော’ရဲ့ ပူသဘော၊ အေးသဘောတွေဖြစ်နေတာ။ ‘အာပေါ’ ရဲ့ ယိုစီး၊ဖွဲ့စည်းသဘောဖြစ်နေတာ။ ‘ဝါယော’ ရဲ့ လှုပ်ရှား၊တွန်းကန်သဘောတွေဖြစ်နေတာတွေ မြင်လာရတယ်… ‘ပထဝီ’ တလုံးသေချာပိုင်လိုက်တာနဲ့ ကျန်သုံးပါးက ရှုမှတ်ရလွယ်သွားပြီး။ အလိုလို ပရမတ်ဆိုက်သွားခဲ့ရတယ်။🙏 ✅ဒီ Day 1 ကိုပဲ Zoom မှာ တကြိမ်နာပြီးတော့ Day 2 မတိုင်ခင်မှာ နောက်ထပ်တကြိမ် replay ထပ်နာဖြစ်တယ်။ အဲ့ဒီမှာပိုရှင်းလင်းလာတယ်။ 🌿🌿🌿🌿🌿 တရားထိုင်ရင် ကြာလာရင် ခြေထောက်ကြီးကနာလာတယ်။ အဲ့တာကို သေချာ စူးစိုက်ခံစားကြည့်လိုက်တော့…. ‘ပထဝီ’ ပေါ်မှာ ‘ဝါယော’ ရဲ့ လှုပ်ရှား တွန်းကန် သဘောလေးတွေက … ပြင်းပြင်းလှုပ်လိုက် ပျော့ပျော့လှုပ်လိုက်နဲ့ အငြိမ်မနေဖြစ်နေတာပဲရှိတာ။ အဲ့ထဲမှာ ‘တေဇော’ နဲ့ ‘အာဘော’ သဘောလေးက ပါပြီးသားလေး ဖြစ်နေတယ်။ သေချာသုံးသပ်ကြည့်လိုက်ရင် ဒီ(၄)ခုလုံးက တခုမှလျော့မနေပဲ အကြောင်းအကျိုးတွေဆက်စပ်နေတာကို မြင်လာရပါတယ်။ အဲ့ဒီမှာ … အံ့ဩသွားတာက… ဟာ… ငါက အရင်က တရားထိုင်ရင် ဝေဒနာတက်ပြီး နာနေတယ်ထင်တာ။ ခုကျတော့ နာတာမဟုတ်ပဲ ‘ဓာတ်ကြီးလေးပါး’ ဖောက်ပြန်နေတာဖြစ်နေတာပါလား။ အဲ့ထဲမှာမှ အထင်ရှားဆုံးသိနေရတာက ‘ဝါယော’ သဘောလေးရဲ့ လှုပ်ရှားတွန်းကန်နေမှုလေး ပါလားလို့ မြင်သွားရတယ်။ ‘ဝါယော’ ဓာတ်လေးက တိုးဖောက်ပြန် လိုက်၊ လျော့ဖောက်ပြန်လိုက်နဲ့ ‘ပထဝီ’ ကို တွန်းတိုက်ပြီး ဖောက်ပြန်နေတယ်၊ ထပ်ပြီးစူးစိုက်ခံစားကြည့်လိုက်ရင် ‘တေဇော’ ရဲ့ ပူ၊အေးသဘောရယ်၊ ‘အာပေါ’ ဓာတ်လေးကတော့ ‘ပထဝီ’ ဖြစ်တည်နေဖို့တွက် ဖွဲ့စည်းမှုသဘောအနေနဲ့ တည်ရှိနေတာလေးရယ်ပါ ဥာဏ်နဲ့ ဆင်ခြင်မိလာတယ်။ (ဓာတ်ကြီးလေးပါး ပေါင်းပြီးဖောက်ပြန်နေတာမြင်လာရတယ်။) ဒီလိုနဲ့ နောက်ရက်တွေမှာတော့ သွားလာရင်း ‘ဓာတ်ကြီးလေးပါး’ ကိုဆင်ခြင်ဖြစ်တယ်။ သွားတိုက်ရင်လဲ…. ‘သွားတိုက်တံ’ ရဲ့ မာတာကို ခံစားကြည့်တယ်။ -သွားတိုက်တံ ရဲ့ မာတဲ့ ‘ပထဝီ’ နဲ့ သွား ရဲ့ မာတဲ့ ‘ပထဝီ’ -‘ပထဝီ’ ‘ပထဝီ’ ချင်းထိတိုက်နေတာ… အဲ့ဒီတွန်းတိုက်နေလို့ ‘ဝါယော’ ရဲ့လှုပ်ရှားတွန်းကန်မှုတွေ… ပါးစပ်ထဲက ‘အာပေါ’ သားရေတွေရှိနေတာကို ခံစားမိတာတွေ… ရေ နဲ့ကျင်းတော့ ‘တေဇော’ ရဲ့ အေးသဘောတွေ… အဲ့တာတွေကို ကိုယ့်ခန္ဓာမှာ ခံစားမိတယ်။ ဒါတွေကို ခပ်ကြဲကြဲ ဆင်ခြင်မိလာတယ်။ လမ်းလျှောက်ရင်လဲ… ခြေထောက်ဆိုတဲ့ ‘ပထဝီ’ က ‘ဝါယော’ ရဲ့ တွန်းကန်အားကြောင့် ကြွလာပြီး အဲ့ထဲမှာ ‘တေဇော’ ပူသဘောနဲ့ ‘အာပေါ’ ရဲ့ဖွဲ့စည်းမှုသဘောကပါပြီးသား။ ဓာတ်ကြီး လေးပါးက မလွတ်ဘူး။ အိပ်ယာထဲမှာ အိပ်ခါနီးရင်လဲ… ပက်လက်အနေထားနဲ့ body ခံစားကြည့်လိုက်ရင် …. ဟိုနား လှုပ်လှုပ် ရွရွ ၊ ဒီနား ရွရွမွမွနဲ့ သေချာလေးစူးစိုက်ခံစားလိုက်ရင်… ‘ပထဝီ’ ပေါ်မှာ ‘ဝါယော’ သဘောလေးတွေ လှုပ်ရှားတွန်းကန်နေတယ်။ ထပ်ပြီး ပူလားအေးလားထပ်ကြည့်လိုက်ရင် ‘တေဇော’ သဘောလဲရှိနေတယ်။ ‘အာပေါ’ ကလဲ ဖွဲ့စည်းမှုအနေနဲ့ရှိပြီးသား။

အောက်တိုဘာလ တရားစခန်း ပထမရက်။ Day 1 - ရူပပရိစ္ဆေဒဉာဏ် မြတ်စွာဘုရားက ဘာကြောင့် ‘ပရမတ်’ ကိုရှုရမယ်လို့ ဟောခဲ့တာလဲ။ 🌺မြတ်စွာဘုရားမပွင့်ခင် ‘ပညတ်စွဲ’ နဲ့ သံသရာကြီးမှာ ‘လောဘ၊ ဒေါသ၊ မောဟ’ တွေနဲ့ ‘ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ’ ဆိုပြီး ‘ပညတ်’ အပေါ်မှာ ဖြစ်နေကြတာမဟုတ်လား။ 🌹တသံသရာလုံးက ‘ပညတ်စွဲ’ နဲ့ ကျင်လည်ပြီး အပါယ်တွေကျ၊ သံသရာတွေလည်နေရတာ။ ဘယ်ပေါ်မှာ စွဲနေတာလဲ။ ✅‘ပညတ်’ အပေါ်မှာ ‘စွဲ’ နေတာ။ ✅“အစွဲ” ကြောင့် လည်နေတာ၊ အပါယ် ကျနေတာ။ ✅’စွဲလန်းမှု’ ကြောင့် ‘ဥပါဒါန်’ ဖြစ်နေတာ။ ’ပညတ်’ က ‘ပညတ်’ သတ်သတ်နော်။ ’ပညတ်’ ကအကြောင်း ‘စွဲလန်းမှု’ က အကျိုး။ 🌺မြတ်စွာဘုရားက ဗောဓိပင်အောက်မှာ ‘ပရမတ်’ ကိုမြင်သွားမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဘုရားဆိုပြီး ဖြစ်သွားတာ။ ✨🌟🔑အပါယ်ဘေး၊ သံသရာဘေးကလွတ်သွားတာဟာ ‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုအစားထိုးလို့လွတ်သွားတာ။ 🌼✨‘ပရမတ်’ တရားကိုသိမှ ယောဂီတယောက်ကို အပါယ်ဘေး၊ သံသရာဘေးကလွတ်အောင် လုပ်ပေးနိုင်မှာ။ 🌼✨အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ‘ပရမတ်’ ကိုသိမှရမယ်။ ‘ပရမတ်’ စစ်စစ်ကိုသိမှ ‘ဥပါဒါန်’ ပြုတ်မှာ။ ဘုရားအဆုံးအမက အဲ့ဒီလို ခိုင်မာတယ်။ ဒါကြောင့်မြတ်စွာဘုရားက တရားရှာ ဘယ်မှာရှာခိုင်းလဲ။ 🌿✨တရားရှာ ‘ရုပ်နာမ်ပရမတ်’ (ခန္ဓာငါးပါး) မှာ တရားရှာခိုင်းခဲ့တာ။ ‘ရုပ်ပရမတ်’ ‘နာမ်ပရမတ်’ ကို မသိရင် အပါယ်မလွတ်နိုင်ဘူး။ 🌿✨ဒါကြောင့် ဘုရားက ဥာဏ်စဉ်(၁၆)ပါးနဲ့ လမ်းကြောင်းချပေးခဲ့တာ။ 🌿✨ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အပါယ်ဘေး၊ သံသရာဘေးကလွတ်ချင်ရင် ဥာဏ်စဉ်(၁၆)ပါးဆိုတဲ့ ဒီလမ်းကြောင်း တကြောင်းပဲရှိတယ်။ ဥာဏ်စဥ်(၁၆)ပါးမှာ အခြေခံဖြစ်တဲ့…. 🪷‘ရူပပရိစ္ဆေဒဥာဏ်’၊ 🪷‘နာမပရိစ္ဆေဒဥာဏ်’၊ 🪷‘နာမရူပပရိစ္ဆေဒဥာဏ်’၊ 🪷‘ပစ္စယပရိဂ္ဂဟဥာဏ်’၊ 🪷‘သမ္မသနဥာဏ်’ အထိခန္ဓာဥာဏ်ရောက်ပိုင်းခြားသိမှ ‘ဝိပဿနာ’ လမ်းကြောင်းပေါ်ရောက်တာ။ ‘ဝိပဿနာ’ ဖြစ်တာ။ ‘ဝိပဿနာ’ လမ်းပေါ်ရောက်ဖို့ အခြေခံ ‘ဥာတပရိညာ’ အပိုင်းကိုဖြတ်ကျော်ရပါတယ်။ 🌺ဉာတပရိညာ = ကိုယ်သိရမယ့် ရုပ်နာမ် ‘ပရမတ်’ တရားကို ခန္ဓာဉာဏ်ရောက်ပိုင် ပိုင်နိုင်နိုင်သိတာ။ ပိုင်းခြားသိတာ။ ‘ဝိပဿနာ’ အားထုတ်တယ်ဆိုတာ…. 🪷‘ခန္ဓာငါးပါးရုပ်နာမ်ပရမတ်တရား’ တွေအပေါ်မှာ… 🪷‘မဂ္ဂင်(၈)ပါး’ နဲ့ 🪷အကြောင်းအကျိုး စဥ်းစားဆင်ခြင် သုံးသပ်ရတဲ့အလုပ်ပါ။ 🌺မြတ်စွာဘုရားက ‘ဓာတ်ကြီးလေးပါး’ ကိုဟောခဲ့တာ ဘာလုပ်စေချင်လို့ဟောခဲ့တာလဲ။ - ပရမတ်’ ကိုမြင်စေချင်လို့ရှင်းပြခဲ့တာလေ။ ရှူဖို့ရှင်းပြခဲ့တာ။ လျှောက်ပြောခဲ့တာမဟုတ်ဘူး။ ဘုရားက အဓိပ္ပါယ်မဲ့၊ အကျိုးမဲ့၊ အကြောင်းမဲ့ ဘယ်တော့မှ မဟောခဲ့ဘူး။ သိစေချင်လို့၊ သိအောင်လို့၊ ခန္ဓာဥာဏ်ရောက်အားထုတ်အောင် ဟောခဲ့တာ။ Day 1 ‘ရူပပရိစ္ဆေဒဥာဏ်’ ကို သာမာန်လေးလို့မထင်နဲ့။ ‘ပရမတ်’ ကိုပေါ့ပေါ့လေးမထင်ကြနဲ့။ အပါယ်လွတ်ချင်ရင် ‘ရုပ်၊နာမ်ပရမတ်’ ကိုသိမှာရမှာ။ 🌷🌷🌷🌷🌷🌷🌷🌷🌷 ဘုန်းဘုန်းရဲ့အမှာစကား။ 🌿✨‘ပရမတ်’ အနေနဲ့အရှိတရား ‘စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်’။ နိဗ္ဗာန်ခဏထား။ ‘စိတ်၊စေတသိတ်၊ ရုပ်’ ဆိုတဲ့ ‘ပရမတ်’ တရားမှာတရားရှုရမယ်။ (ခန္ဓာ၅ပါးမှာတရားရှာရမှာ။ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ ဝိဉာဏက္ခန္ဓာ) 🌿✨ဝိပဿနာရဲ့ အရှုခံက ‘ရုပ်နဲ့နာမ်’။ (ရုပ်နဲ့နာမ်လွတ်သွားရင် ဝိပဿနာမဟုတ်တော့ဘူး) 🌿✨ ဘုရားက ‘ပညတ်’ နေရာမှာ ‘ပရမတ်’ ကိုတွေ့အောင်ရှာခိုင်းတာ။ ဓာတ်ကြီးလေးပါး ဖြစ်တဲ့.. ‘ပထဝီ’ ‘အာပေါ’ ‘ဝါယော’ ‘တေဇော’ ကို 🙅‍♀️ကံမျက်စိနဲ့ ရှုလို့မရဘူး။ 🙅‍♀️စာထဲကအသိနဲ့ ရှုလို့မရဘူး။ ✅စာထဲကသိပြီးရင် ဥာဏ်နဲ့မြင်အောင်ရှုရမှာ။ ဘယ်အပေါ်မှာမြင်အောင်ရှုမလဲ။ ‘ပညတ်’ တွေဖြစ်တဲ့… 🌹ငါ၊ သူ၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ ဘုန်းကြီး၊ ရဟန်း လို့ထင်နေတဲ့အထင်အပေါ်မှာ… 🌹ခေါင်း၊ ခါး၊ ခြေ၊ လက် လို့ထင်နေတဲ့ အပေါ်မှာ… 🌹နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် လို့ထင်နေတဲ့ အပေါ်မှာ… အဲ့ဒီ သဘော(၄)ခုဖြစ်တဲ့ ‘ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော’ ကိုရှာပါလို့မှာခဲ့တာ။ (တကယ်က ဓာတ်ကြီးလေးပါ ဖောက်ပြန်နေတာပဲရှိတာ။ အဲ့ဒါကိုမြင်အောင်ကြည့်ကြလို့မှာခဲ့တာ။) 🌸အဲ့တာက ‘ပရိယတ်’ Theory ဘုရားရှင်းပြခဲ့တာ။ 🌼Theory ကိုသိပြီးရင် လက်တွေ့ Practical ကိုအားထုတ်ရမှာပေါ့။ ဒါမှ ‘ပဋိပတ်’ ဖြစ်မယ်။ 🌿✨ဘုရားမြင်စေချင်တဲ့အတိုင်းရှုရမှာ။ ကိုယ်ရှုချင်သလို ရှုလို့မရဘူး။ 🌿✨သမ္မာသက္ကပ္ပဆိုတာ စဉ်းစားဆင်ခြင်ခိုင်းတာ။ စဉ်းစားဆင်ခြင်ရင် စကားလုံးပါပြီးသား။ ဘုရားကစဉ်းစားဆင်ခြင်ခိုင်းတာ။ ဘုရားကဒါကိုမြင်အောင်ရှုခိုင်းထားတာ။ ရဲရဲဆင်ခြင်ကြပါ။ 🌿✨ဝိပဿနာရှုတယ်ဆိုတာ ဓမ္မသာကစ္ဆာ ကိုယ့်ကိုယ် မေးလိုက်၊ စူးစမ်းဆင်ခြင်လိုက်၊ ဖြေလိုက်နဲ့ ရှုရတာ။ 🌿✨ ‘ပညတ်’ ကိုရှုနေရင် အပါယ်မလွတ်ဘူး။ 🌷🌷🌷🌷🌷 ဘုန်းဘုန်း သတိပေးစကား ရင်ထဲကတကယ့်စေတနာနဲ့မေတ္တာရပ်ခံချက်။ 🌻’ဓာတ်ကြီးလေးပါး’ ကိုသိပြီးသားဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ထပ်ရှုစရာမလိုဘူးလို့ မလုပ်လိုက်ပါနဲ့။ 🌻လုပ်တဲ့အခါကျရင်လဲ သိပြီးသားပါဆိုတဲ့ ‘မာန’ ခံပြီး ပေါ့ပေါ့လေး လုပ်ကြတယ်။

မြောက်တဲ့အထိ ကံတွေကျူးလွန်မိတော့တာပါ။ 🔰 အာရုံတွေကြောင့် လောဘ ဒေါသ ခံစားချက်ဝေဒနာဖြစ်လာရင် သိတာနဲ့ချက်ချင်း ဝိပဿနာအသိဥာဏ်နဲ့ ဆင်ခြင်နိုင်မှအကြောင်းအကျိုး ဆက်စပ်ဖြစ်နေတဲ့အကျိုး အပြစ်ကို မြင်အောင်ကြည့်ရသလို့ ဖြစ်ရတဲ့အကြောင်းရင်း ကိုလည်းသိအောင် အကြောင်းကိုပြန်ဆင်ခြင် သုံးသပ်နိုင်မှသာ ဖြစ်လာတဲ့ လောဘ ဒေါသ ခံစားချက်ဝေဒနာက အားပျော့သွားတဲ့အတွက် ဖြစ်ကြောတိုသွားတာပါ။ ဒီအကြောင်းအရာတွေကို 30.9.2026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင်။ Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿 📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ လက်ဖက်စားပြီးရင် အိပ်မပျော် သူတွေ ရှိလား ? အဲ့ဒါ ဆို ညက zoom တရား ကို နာကြည့်ပါနော်.. အသက် ၅၀ ကျော်ရင် လည်း အိပ် ပျော်ဖို့ ခက်လာတယ်။ ဒီလို အိပ်ပျော် ရခက်တာ ကို ဆရာတော် သင်ပေးတဲ့ ဥပက္ခာ ပြုနည်း နဲ့ အိပ်တာ အဆင် ပြေတယ်။ ✨️ September 30 zoom တရား မှာတော့ ..ဘယ်လို နှလုံးသွင်း ဆင်ခြင်ပြီး အိပ်ပျော်အောင် လုပ်ရသလဲ ဆိုတာ ကို အသေးစိတ် လျှောက်ထား မှု့တွေ ပါလို့ အိပ်ပျော်ဖို့ ခက်သူတွေ နားထောင် သင့်ပါတယ်။ ညက တရားလျှောက်တဲ့ ယောဂီ လေးတွေ အားလုံး တော်ကြတယ်။ တရား ဝင်တာ သိပ်မကြာ သေးပေမယ့် ဥပက္ခာ ပြုတဲ့ အဆင့် ကို ကောင်းကောင်း လုပ်တတ်တယ်။ ပြီးတော့ အစွမ်းကုန် ရိုးသား မှု့ကို လည်း တွေ့ရတယ်။ မရ သေးရင် မရ သေးဘူး ပြောတယ်။ သူ လုံးချ ရှုမိရင် လုံးချ ရှုမိတယ် ပြောတယ်။ ✨️ ကိုယ်က အမှန်အတိုင်း ဆရာကို ပြောပြ တဲ့ အခါ ဆရာက သေချာ တည့်မတ် ပေးနိုင်တယ်။ ကိုယ်က ဆရာ အထင်သေး မှာ စိုးလို့ ပိုလျှောက်မိရင် ဆရာ က အဲ့အဆင့် ရောက်ပြီ ထင်ပြီး guide တစ်မျိုး ပေးလိုက် ရော.. အဲ့ဒီမှာ ကိုယ်က မရောက်သေးတော့ Gap အကြီးကြီး ဖြစ်ပြီး အပေါ် လည်း မရောက်, အောက်လည်း မဆင်းချင် ဖြစ်တတ်ရော.. အဲ့ဒါ ကြောင့် ကိုယ့်စိတ် ကိုယ်စစ် လို့ ဆရာတော် က အတန်တန် မှာ နေတာပါ။ ✨️ ဒီလို ဥပက္ခာ ပြုနိုင်တဲ့ အဆင့်က ခု ရှု ခု ချက်ချင်း ရ တာ မဟုတ်ပါဘူး. Day 1 to 6 ကို အပြန်ပြန် အလှန်လှန် သေချာ သုံးသပ် ဆင်ခြင်ရှုမှတ် ရင်းနဲ့ မှ ရတာပါ.. September 30 တရားဟာ ယောဂီသစ်များ အတွက် မှတ်သားစရာ ပါသလို ယောဂီဟောင်းများ အတွက် လည်း အများကြီး ဗဟုသုတ ရ ပါတယ်။ နားထောင်ကြည့်ပါနော်။ September 30 Telegram Audio https://t.me/AshinPyannaSekkaVideos/1915 YouTube https://youtu.be/-WedhQI4B2k?si=7gd_YfTziugDZ5R_ September 30 တရားအနှစ်ချုပ် 🔰 မြတ်စွာဘုရား နဲ့ ပစ္စေကဗုဒ္ဓ နှစ်ပါးမှာသာ  ဝိပဿနာအားထုတ်နိုင်ဖို့ သုတမယဥာဏ် မလိုတာပါ။ ကျန်တဲ့မည်သည့်ပုဂ္ဂိုလ်မဆို ဝိပဿနာအားထုတ်နိုင်ဖို့ သုတမယဥညဏ် စိန္တာမယဥာဏ် ဘာဝနာမယဥာဏ် လိုအပ်ပါတယ်။ ဝိပဿနာအားထုတ်တဲ့အခါ ဒီဥာဏ် သုံးဥာဏ် မဖြတ်သန်းပဲ အသိဥာဏ် မပြောင်းနိုင်ပါ။ 🔰 သုတမယဥာဏ်ဆိုတဲ့ စာအသိ သုတအသိကနေ လက်တွေ့လုပ်ဆောင်ပြီးသိလာတဲ့ စိန္တာမယဥာဏ်ကို ရင့်သန်လာအောင်လုပ်နိုင်မှ ဘာဝနာမယဥာဏ် ရတာပါ။ ဘာဝနာမယဥာဏ်ရာမှ ဘာဝနာမယ ဥာဏ်နဲ့ ရုပ်နာမ်ပရမတ်တွေအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အထပ်ထပ်အခါခါ ရှုပွားပြီး သိလာတဲ့အသိဥာဏ်နဲ့မှ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချနိုင်တာပါ။ သဘာဝတရားတွေရဲ့ အကြောင်းအကျိုး ဆက်နွယ်နေပုံကို ဆက်စပ်မြင်တတ်မှ မဂ်ဖိုလ် ဆိုက်တာပါ။ 🔰 အာရုံ ဒွာရ တိုက်လို့ ရုပ်ဖောက်ပြန်ရင် ရုပ်ဖောက်ပြန်တဲ့အပေါ် နာမ်ကသိနေတဲ့အတွက် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် အရသာသိစိတ် အထိအတွေ့သိစိတ် ကြံတွေးစိတ် ခန္ဓာငါးပါးဖြစ်လာရင် ကြိုက်ခြင်း မကြိုက်ခြင်း ခံစားချက်ဝေဒနာဖြစ် ပေါ်လာတာက သဘာဝပါ။ ပညတ် အာရုံတွေအပေါ်မှာ စိတ်က သွားခံစားစဥ်းစားနေရင် အတွေးအာရုံထဲမှာကျင်လည်ကျက်စားနေတဲ့အတွက် နှလုံးသွင်းမှားပြီး စိတ်က ပူလောင်ဆင်းရဲ သောကရောက်နေမှာပါ။ 🔰 စိတ်သဘာဝ စိတ်နှစ်စိတ် တပြိုင်တည်းမဖြစ်တဲ့အတွက် ပညတ်ကိုအာရုံပြုနေရင် ပရမတ်အာရုံ က သုည ဆိုက်နေမှာပါ။ ပရမတ် အပေါ်ကနေ နှလုံးသွင်းခံစားပြီး စဥ်းစား ဆင်ခြင် သုံးသပ်နေရင် စိတ်မှာ ကုသိုလ် အကုသိုလ် ကင်းနေတဲ့အတွက် ပညတ်အာရုံအပေါ်ကနေ နှလုံးသွင်းမှာပြီးဖြစ်လာတဲ့ လောဘ ဒေါသ ခံစားချက်ဝေဒနာအပေါ်မှာ ဥပါဒါန် မဖြစ်တော့ စိတ်က အေးချမ်းသွားတာပါ။ 🔰 ပရမတ်ကို အာရုံပြုနေရင် ပညတ်အာရုံ က သုည ဆိုက်နေမှာပါ။ ပညတ် ပရမတ် ပိုင်းခြားသိပြီး ရုပ်နာမ်ပရမတ်တရားတွေရဲ့ သူ့သဘောသူဆောင် သူ့အလုပ်သူလုပ်ပြီး ဖောက်ပြန်ပျက်စီးဖြစ်ပျက်နေတဲ့သဘောတွေဟာ ရုပ်နဲ့နာမ်ရဲ့ သဘာဝတရားသက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်မှန်း သဘာဝကိုသိတဲ့ အနတ္တဥာဏ်ရရင် သင်္ခာရုပေက္ခာဥာဏ်နဲ့ သင်္ခါရတရားတွေအပေါ် လစ်လျူရှုနေနိုင်လာမှာပါ။ 🔰 သင်္ခါရတရားတွေအပေါ် ဝိဇ္ဇာဥာဏ်နဲ့ ဥက္ခေါပြု နေနိုင်ရင် ကာယိကဒုက္ခရှိပေမဲ့ စေတသိကဒုက္ခမရှိတဲ့အတွက် စိတ်က အေးချမ်းနေမှာပါ။ ည အိပ်တဲ့အခါ အိပ်မပျော်ခင်အချိန်မှာတရားနှလုံးသွင်းပြီး ပရမတ်အပါ်မှာ စိတ်က စဥ်းစား ဆင်ခြင် သုံးသပ်ပြီး အိပ်တဲ့အကျင့်လုပ်ရင် မနက်အိပ်ရာနိုးလာတဲ့အခါ ရုပ်ရောစိတ်ပါ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာက ရုပ်ရောစိတ်ပါ နှစ်ခုလုံးအနားယူရတဲ့အတွက် အားအင်တွေပြည့်ဝနေလို့ပါ။ 🔰 ပညတ်အာရုံတွေကြောင့် စိတ်မှာ လောဘ ဒေါသ ခံစားချက်ဝေဒနာဖြစ်လာရင် ခန္ဓာငါးပါးရဲ့သဘာဝ ဖြစ်ပြီးပျက်သွားပေမဲ့ မနောဓမ္မာရုံမှာ ထင်ကျန်နေခဲ့တာက နတ္ထိပစ္စည်းအနေနဲ့ ကျေးဇူးပြုနေလို့ပါ။ ဆဲရင် ဆဲမှန်း သညာကြောင့်သိနေတော့ ငါ့ကိုဆဲတာ ငါ့ကိုဆဲတာ ဆိုပြီး မာန နဲ့ ပြန်ပြန်တွေးပြီးခံစားနေတဲ့အတွက် ပညတ်အာရုံအပေါ်မှာ သင်္ခါရကစေ့ဆော်လိုက် ဝေဒနာကခံစားလိုက် သညာကပုံဖော်ပေးလိုက် စိတ်ကသိလိုက် နာမ်ခန္ဓာလေးပါး အပြန်ပြန် အလှန်လှန် အလုပ်လုပ်နေတဲ့အတွက် ဒေါသ က အားကောင်းလာပြီး ဒေါသကြီးလေ ဥပါဒါန်ကြီးလေဖြစ်လာတဲ့အတွက် စိတ်မထိန်းနိုင်တော့ပဲ ကာယကံ ဝစီကံ

🪔 ဆီမီးတွေ ထွန်းတဲ့ လ .. 🕯 ဥာဏ်အလင်း တွေ ထပ်ပွင့်မယ့်လ.. 💡 ထူးကို ထူးမယ့်လ... ✨️ ဗုဒ္ဓအလိုကျ ဝိပဿနာ October လ Zoom online
🪔 ဆီမီးတွေ ထွန်းတဲ့ လ .. 🕯 ဥာဏ်အလင်း တွေ ထပ်ပွင့်မယ့်လ.. 💡 ထူးကို ထူးမယ့်လ... ✨️ ဗုဒ္ဓအလိုကျ ဝိပဿနာ October လ Zoom online တရားစခန်း ဝင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်..✨️ 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . 🪔 Facebook live https://www.facebook.com/share/18F94BRNbi/ 🪔 YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 🪔 Telegram live https://t.me/AshinPyannaSekkaVideos 🪷🪔🙏🪷🪔🙏🪷🪔🙏🪔🪷

🪔 ဆီမီးတွေ ထွန်းတဲ့ လ .. 🕯 ဥာဏ်အလင်း တွေ ထပ်ပွင့်မယ့်လ.. 💡 ထူးကို ထူးမယ့်လ... ✨️ ဗုဒ္ဓအလိုကျ ဝိပဿနာ October လ Zoom online တရားစခန်း ဝင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်..✨️ 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . 🪔 Facebook live https://www.facebook.com/share/18F94BRNbi/ 🪔 YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 🪔 Telegram live https://t.me/AshinPyannaSekkaVideos 🪷🪔🙏🪷🪔🙏🪷🪔🙏🪔🪷

🔰 ရုပ်သဘာဝ ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘောကို ဥာဏ်နဲ့ မြင်အောင်ကြည့်ရသလို နာမ်သဘာဝ နာမ်ခန္ဓာလေးပါး တစ်ပါးချင်း သူ့အလုပ်သူလုပ်နေတဲ့ သဘာဝတရားကိုလည်း ဥာဏ်နဲ့ မြင်အောင်ကြည့်ရပါမယ်။ ရုပ်အကြောင်းနာမ်အကျိုး နာမ်အကြောင်းရုပ်အကျိုး ရုပ်နှင့်နာမ် အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောတွေကိုလည်း ဥာဏ်နဲ့ မြင်အောင်ကြည့်ရပါမယ်။ 🔰 ရုပ်ကို မှီပြီး နာမ်တွေဖြစ်ရတာပါ။ ရုပ်နဲ့နာမ် နှစ်ခုပေါင်းလိုက်မှ ခံစားချက်ဝေဒနာ ဖြစ်ပေါ်လာတာပါ။ ဝေဒနာရဲ့ပူလောင်ဆင်းရဲမှု အပြစ်ကိုမြင်မှ ဝေဒနာ ဖြစ်ကြောင်းကို ရှာတော့မှာပါ။ ဝေဒနာ က အကျိုး အကြောင်းက ဖဿ ခန္ဓာငါးပါး ပါ။ 🔰 ဖဿ က အကျိုး အကြောင်း က  နာမ် ပါ။နာမ် က အကျိုး အကြောင်း က ဒွာရ ပါ။ ဒွာရ က အကျိုး အကြောင်း က အာရုံ ပါ။အကျိုးကိုကြည့်ပြီး အကြောင်းကိုပြန်ဆင်ခြင်သုံးသပ်တဲ့အခါ အာရုံ မှာ အဆုံးသပ်သွားပါတယ်။ 🔰 အမေဆဲဥပမာလို....... အမေက ကိုယ့်ကို ဆဲရင် မကြိုက်တဲ့အတွက် ဒေါသ ဖြစ်ပါတယ်။ ချီးမွမ်းရင် ကြိုက်တဲ့အတွက် လောဘ ဖြစ်ပါတယ်။ ဆဲရင် ဆဲမှန်း၊ ချီမွမ်းရင် ချီမွမ်းမှန်း၊ သညာကြောင့် သိတဲ့အတွက် မကြိုက်ခြင်း ကြိုက်ခြင်း ဒေါသ လောဘ ဖြစ်တာပါ။ ကြားသိစိတ်ဖြစ်ပေမဲ့ ဆဲမှန်း ချီမွမ်းမှန် မသိရင် ဒေါသ လောဘ မဖြစ်ပါ။ သညာကြောင့်ဖြစ်တာမဟုတ် သညာ က သူအလုပ်သူလုပ်နေတာပဲရှိတဲ့အတွက် သညာမှာအပြစ်မရှိပါ။ သညာအပေါ်ကနေ ဖြစ်နေတဲ့ သညာဝိပ္ပလ္လာသကြောင့်သာ အမှတ်မှား အသိမှား ဖြစ်နေတာပါ၊ အမှတ်မှား အသိမှား ဖြစ်နေတာ အမှန်မသိမှု ဒိဌိဝိပ္ပလ္လာသ ကြောင့်ပါ။ 🔰 ပညတ် ကို ပညတ်အတိုင်း မြင်တာက သမုတိနယ်မှာသာ မှန်တာပါ။ ပရမတ်နယ်က လှမ်းကြည့်လိုက်ရင် ပညတ်အပေါ်မှာ သညာဝိပ္ပလ္လာသ ကြောင့် အမှတ်မှား လို့ အသိမှား တာပါ။ အမှတ်မှား အသိမှား ဖြစ်တာက အမှန်မသိမှု အဝိဇ္ဇာ=မောဟ=အယူမှား ဒိဌိ ကြောင့် ပါ။ ဝေဒနာ သဘောကိုသိမှ ဝေဒနာအပေါ်ကနေ ဆက်ဖြစ်နေတဲ့ စိတ်ဖြစ်စဥ်သဘာဝ မြင်အောင်ရှုရမှာပါ။ 🔰 ဘုရား ရဟန္တာတွေက အာရုံ ဒွာရ တိုက်လို့ စိတ်ဖြစ်လာရင် ခံစားချက်ဝေဒနာဖြစ်လိုက်တာနဲ့ချက်ချင်းသိပြီး သဘာဝ မှာပဲ ရပ်နိုင်ကြတာက တဏှာ ရှာ ပါယ်သတ်ထားတဲ့အတွက် ဥပါဒါန် မဖြစ်တော့လို့ပါ။ တဏှာ ပါယ်နိုင်ဆိုတာ ပညတ်အသိနေရာမှာ ပရမတ်အသိအစားထိုးပြီး ပါယ်လို့လည်းမရ ဖြစ်ပျက်နဲ့လည်းပါယ်လို့မရ သူ့ဖြစ်စဥ်သဘာဝအမှန်ကိုသိတဲ့ သမ္မာဒိဌိ ဥာဏ် နဲ့ မှသာ ပါယ်နိုင်တာပါ။ ဒီအကြောင်းအရာတွေကို 29.9.2026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင်။ Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿 📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ အရင်က အဆင့်မြင့် တရားရသွားရင် Coffee သောက်ရင် အရသာ မရှိတော့ ဘူး၊ ပရမတ် သဘောအရ ရိုးရိုး အရည်တွေ ပဲ ဖြစ်သွားတယ် ဆိုလို့ Coffee အရသာ ကို မခံစားရ မှာစိုးလို့ အဆင်မြင့် တရား မရချင်ခဲ့ ဘူး။ တကယ်တမ်း ဗုဒ္ဓ အလိုကျ တရားစခန်း မှာ အားထုတ်ပြီးမှ သိလာရတာက ပညတ် အပေါ်ကနေ ပရမတ်ကို နှလုံးသွင်းမှ ပရမတ် ဖြစ်သွားတယ် ဆိုတာပါ။ ✨️ Coffee သောက်နေပေမယ့် Coffee အပေါ်က နေ ပရမတ် ကို နှလုံးသွင်း မှာ အာပေါ အရည် အဖြစ် သိရတာပါ။ အမြဲ တမ်း ပရမတ် တွေပဲ မြင်နေတာ မဟုတ်ပါဘူး။ ✨️ ဒီလို ပရမတ် ကို နှလုံးသွင်းနိုင် ဖို့ ဆိုတာကလည်း အခြေခံ ဥာတပရိညာ အဆင့်ထိ ရောက်နေမှ ပရမတ်ကို နှလုံးသွင်း တတ်တာပါ။ ပရမတ် ကို သေချာ မသိရင် ပညတ် အပေါ်ကနေ ငြင်းခုံ နေကြ မှာပါပဲ။ ပရမတ်ကို မြင်နိုင်ဖို့ က အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါကြောင့် Day 1 မှာ ပထဝီ ပရမတ် သိဖို့ သေချာ သင်ပေးနေတာ ဖြစ်ပါတယ်။ ✨️ September 29 မှာ ပညတ် နှင့် ပရမတ် အကြောင်း, ပရိညာ ၃ ဖြာ အကြောင်း များ ဟောထားပေးတာ မို့ သေချာ နာကြည့်ပါနော်။ September 29 Telegram Audio https://t.me/AshinPyannaSekkaVideos/1909 YouTube https://youtu.be/ll_1sYmKeDQ?si=EKFiq4oDe4uOKHLm ✨️ ပါချုပ်ဆရာတော် ရဲ့ ပရိညာ ၃ ဖြာ နှင့် တွဲနာကြည့်ပါ.. ကိုယ်ဘယ်အဆင့် ရောက်ပြီလဲ စစ်ကြည့် ပါနော်။ ပါချုပ် ဆရာတော် ပရိညာ ၃ ဖြာ ဝိပသနာ https://t.me/meditationroadmap/12 September 29 တရားအနှစ်ချုပ် 🔰 ဝိပဿနာဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရားတွေအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အကြောင်းအကျိုးနဲ့ စဥ်းစား ဆင်ခြင် သုံးသပ်ရတဲ့အလုပ်ပါ။ ဝိပဿနာရှုရခြင်းရဲ့ရည်ရွယ်ချက်က အပါယ်လွတ်ဖို့နဲ့ ရည်မှန်ချက်ပန်းတိုင်က သံသရာလွတ်မြောက်တဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုနေနိုင်ဖို့ပါ။ ဝိပဿနာအားထုတ်မှသာ အပါယ် သံသရာ က လွတ်မြောက်နိုင်တာပါ။ ဘာကြောင့် မြတ်စွာဘုရားက ဝိပဿနာအလုပ်မှာ ပရမတ် ကို ရှုခိုင်းတာလဲဆိုရင် တသံသရာလုံးမှာ ပညတ်အသိတစ်ခုနဲ့ပဲ နေလာခဲ့ကြလို့ပါ။ 🔰 ပညတ်ကို ပညတ်မှန်း အမှန်မသိလို့ ပညတ်အပေါ်ကနေ အသိမှား အမှတ်မှား အယူမှားပြီး အပါယ် သံသရာလည်ခဲ့ကြတာပါ။ မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်လာမှ ပရမတ် ကို သိခွင့်ရတာပါ။ ပရမတ်အနေနဲ့ အရှိတရားက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပါ။ 🔰 နိဗ္ဗာန် ကို ဖယ်ထားပြီး စိတ် စေတသိတ် ရုပ် ဆိုတဲ့ ခန္ဓာငါးပါး အပေါ်မှာ မဂ္ဂင်၈ပါးနဲ့ အထပ်ထပ်ဆင်ခြင်ရင်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အသိဥာဏ်ရအောင်အားထုတ်နိုင်မှ  ဘဝခန္ဓာချုပ်ငြိမ်းဇာတ်သိမ်းတဲ့အခါ  နိဗ္ဗာန် ကို အပြီး မျက်မှောက်ပြုနေနိုင်မှာပါ။ 🔰 တလောကလုံးမှာ ဖြစ်ပျက်နေတာမှန်သမျှ အကြောင်းနဲ့အကျိုး ပဲ ရှိပါတယ်။ အကြောင်းအကျိုး သဘာဝ နိယာမတရားကို သိမြင်နားလည်သွားရင် ဘယ်အရာအပေါ်မှာမှ ဥပါဒါန် မရှိတော့ပါ။ ဝိပဿနာအားထုတ်တဲ့အခါ ဖြစ်ပျက်ကိုမြင်ရုံနဲ့မရ ဘာကြောင့်ဖြစ်ပြီး ဘာကြောင့်ပျက်ရတယ်ဆိုတဲ့ အကြောင်းအကျိုးနဲ့သိမ်းဆည်းမြင်တဲ့ ဖြစ်ပျက်ကိုမြင်မှ ဝိပဿနာဖြစ်ပျက်ကိုမြင်တာပါ။ 🔰 သဘာဝလက္ခဏာ သာမညလက္ခဏာ တွဲမြင်ထားတဲ့ သမ္မသနဥာဏ်ကသာ ပညတ်သွားရာဓါတ်သတ်ပါဆိုသလို ပညတ် ပရမတ်တွဲသိနေတဲ့အတွက် ပညတ်အသိနေရာမှာ ပရမတ်အသိ အစားထိုးနှလုံးသွင်းပြောင်းလိုက်တာနဲ့ ပညတ်အသိက သုည ဆိုက်သွားတာပါ။ အာရုံ ဒွာရ တိုက်လို့ စိတ်မှာ လောဘ ဒေါသ ဖြစ်လာရင် သဘာဝကိုသိတဲ့ အနတ္တဥာဏ် ကြောင့် ကိုယ်နဲ့မဆိုင်မှန်း နားလည်လိုက်တာနဲ့ ဖြစ်လာတဲ့ လောဘ ဒေါသ ခံစားချက်ဝေဒနာက ဖြစ်ကြော တို တိုသွားတာပါ။ 🔰 အာရုံ ဒွာရ တိုက်လို့ ရုပ်ဖောက်ပြန်တဲ့အပေါ် သင်္ခါရကစေ့ဆော်လို့ စိတ်ကသွားညွှတ်နေတော့ ဝေဒနာကခံစား  ပြီး ခံစားမှုအပေါ်ကနေ မှတ်တတ်တဲ့သညာကြောင့် ကောင်းတယ် မကောင်းဘူး ဝိညာဏ်ကသိနေတော့ ကြိုက်တယ် မကြိုက်ဘူး နှစ်သက်တယ် မနှစ်သက်ဘူး လောဘ ဒေါသ ခံစားချက်ဝေဒနာက ရုပ်နာမ်ရှိတဲ့ မည်သူမဆို သဘာဝအရ ဖြစ်ကို ဖြစ်ပါတယ်။ ဘုရားလည်း အာရုံတောထဲမှာ လူတွေနဲ့ဆက်ဆံပြောဆိုနေရတဲ့အတွက် ကြိုက်ခြင်း မကြိုက်ခြင်း ခံစားချက်ဝေဒနာက ဘုရားမှာလည်းဖြစ်ပါတယ်။ 🔰 အကြွင်း မဲ့ပါယ်သတ်တယ်ဆိုတာ အာရုံဘက်ခြမ်း ပညတ်နဲ့ နေတဲ့အချိန်မှာမဟုတ် ပရမတ်ကိုနှလုံးသွင်းဆင်ခြင်ပြီး ပညတ် ပရမတ် နှလုံးမသွင်းတော့တဲ့အချိန် ဖိုလ်ဝင်းစားနေတဲ့အချိန်မှာသာ အကြွင်းမဲ့ပါယ်သတ်တာပါ။ ဝိပဿနာရှုတယ်ဆိုတာ ရုပ်နဲ့နာမ်ရဲ့ ဖြစ်စဥ်သဘာဝ အကြောင်းအကျိုးဆက်စပ်ဖြစ်နေတဲ့သဘော တစ်ခုနဲ့တစ်ခု အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောတွေကို ဥာဏ်နဲ့ မြင်အောင်ကြည့်ရတာပါ။ 🔰 ဒီသဘောတွေကိုမြင်အောင်ရှုနိုင်ဖို့ဆိုတာ ဥာဏ်စဥ်၁၆ပါးမှာ သမ္မသနဥာဏ်ရောက်အောင် ခန္ဓာဥာဏ်ရောက်ရှုမှတ်ထားမှ ရတာပါ။ သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းကြောင်းပေါ်စရောက်တာပါ။ ဝိပဿနာဆိုတာ ဖြစ်ပေါ်လာတဲ့အကျိုးကိုကြည့်ပြီး အကျိုးရဲ့အပြစ်ကိုမြင်​အောင်ကြည့်ဆင်ခြင်ရသလို အကျိုးတရားဖြစ်ပေါ်လာရတဲ့ အကြောင်းတရားကိုလည်းသိအောင် ပြန်ဆင်ခြင်သုံးသပ်ရပါတယ်။

🔰 အာရုံ  ဒွာရ တိုက်တဲ့အကြောင်းကြောင့် အဖြစ်ခန္ဓာငါးပါးမှာ လောဘ ဒေါသ ခံစားချက်ဝေဒနာဖြစ်လာရင် အဖြစ်ခန္ဓာငါးပါး ဖြစ်ပြီးပျက်သွားပေမဲ့  မနောဓမ္မာရုံ အရှိခန္ဓာငါးပါးမှာ ပြန်ပေါ်နေတာက နတ္ထိပစ္စည်းအနေနဲ့  ကျေးဇူးပြုနေလို့ပါ။ ဒီအကြောင်းအရာတွေကို 28.9.2026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင် Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿 📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ ကိုယ်အားထုတ်နေတဲ့ တရားက မှန် မမှန် စာပေ ပရိယတ် နဲ့ ပြန်တိုက်စစ်လို့ ရပါတယ်။ ဗုဒ္ဓအလိုကျ တရားစခန်း မှာတော့ ခန္ဓာဥာဏ်ရောက် သိထားတဲ့ အသိတွေ နဲ့ ပါချုပ် တရားတွေ နဲ့ တိုက်စစ်ဖို့ တရားတွေကို လစဥ် ရွေးချယ်ပြီး တရားပွဲ မစခင် ဖွင့်ပေးပါတယ်။ တရားစခန်း ၁၀ ရက်မှာ ဖွင့်ပေးတဲ့ တရားများကတော့ တရားစခန်း ဝင်သူတိုင်း မဖြစ်မနေ နားထောင် ရမှာ ပါ.. Day 1 ကနေ Day 13 ထိပါ.. နားမထောင်ရ သေးရင် နားထောင် ပါနော်။ Day 1 ဓါတ်ကမ္မဌာန်း https://t.me/meditationroadmap/3 Day 1 ကနေ အစဥ်လိုက်နာသွားပေးပါ.. ဆရာတော် အရှင်ပညာစက္က အလုပ်ပေး တရား နင့် ပါချုပ်ဆရာတော် Day 1 မှ Day 13 ကို တွဲနာပေးပါ။ ပိုထိရောက် ပါတယ်။ ✨️ September 28 zoom တရားမှာ ကြိုးစားတဲ့ ကြာပန်း ယောဂီ လေးတွေ လျှောက်တာ မို့ ဆရာတော် ပြန်ဖြေကြားချက် များက အများကြီး ဗဟုသုတ ရပါတယ်။ ကြိုးစားတဲ့ ယောဂီလေးတွေ ကြည့်ပြီး ကိုယ်လည်း ပေါ့နေ လို့ မဖြစ် ဘူး ဆိုတာကို သတိပြု ရပါတယ်။ September 28 Telegram Audio https://t.me/AshinPyannaSekkaVideos/1904 YouTube https://youtu.be/MBljzd3hIEg?si=piaq3_fR994PTxNt September 28 တရားအနှစ်ချုပ် 🔰 ဝိပဿနာရှုတဲ့အခါ ကိုယ့်ရဲ့အလုပ်က ရုပ်နာမ်ပရမတ်တရားတွေအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အကြောင်းအကျိုးနဲ့ စဥ်းစား ဆင်ခြင် သုံးသပ်နေဖိုပါ။ ၃၁ဘုံမှာ ရုပ်နှင့်နာမ်ပဲရှိတဲ့အတွက် ရုပ်နာမ်ပရမတ်တရားတွေရဲ့ သဘာဝသတ္တိကို မသိလို့မရပါ။ 🔰 ဝိပဿနာရဲ့အရှုခံက ရုပ်နှင်နာမ် ပါ။ ဝိပဿနာရှုတယ်ဆိုတာ ရုပ်နာမ်ပရမတ်အပေါ်မှာ မဂ္ဂင်၈ပါးနဲ့ ရှုတဲ့ တစ်ကြောင်းတည်းသောလမ်းကလွဲပြီး တခြားဘယ်လမ်းမှမရှိပါ။ 🔰 ပရိညာသုံးပါးဆိုတာ ဥာဏ်စဥ်၁၆ပါးကို အပိုင်း၃ပိုင်း ခွဲထားတာပါ။ ဥာတပရိညာ တီရဏပရိညာ ပဟာနပရိညာ ဆိုတာ တစ်ခုစီး သီသန့်ဖြစ်တည်နေတာမဟုတ် တစ်ခုနဲ့တစ်ခုက အကြောင်းအကျိုးဆက်စပ်ပြီး အပြန်အလှန်ကျေးဇူးပြုနေကြတာပါ။ အခြေခံ ဥာတပရိညာအပိုင်းဖြစ်တဲ့ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် မရှိပဲ ဝိပဿနာလမ်းပေါ်မရောက်ပါ။ 🔰 သမ္မသနဥာဏ် ရောက်မှ ဝိပဿနာဖြစ်ပြီး ဝိပဿနာလမ်းပေါ်စရောက်တာပါ။ သမ္မသနဥာဏ်နဲ့ ခန္ဓာငါးပါးအပေါ်မှာ မဂ္ဂင်၈ပါးဖြင့်ရှုနေရင် ပဋိစ္စသမုပ္ပါဒ် ပဌာန်း သတိပဌာန်လေးပါး ဗောဓိပက္ခရာ၃၇ပါး စတဲ့တရားတွေက ကိုယ်ရှုနေတဲ့ဥာဏ်အောက်မှာပဲ ရှိနေတာပါ။ 🔰 ၃၁ဘုံ ဖြစ်ပျက်နေတာမှန်သမျှ အကြောင်းနဲ့အကျိုး ပဲ ရှိပါတယ်။ ဖြစ်ပေါ်လာသမျှ အကောင်းအဆိုး အကျိုးတရားမှန်သမျှဟာ အကြောင်းကင်းပြီးဖြစ်လာတယ်ဆိုတာ တစ်ခုမှ မရှိပါ။ အရှိခန္ဓာရဲ့ ရုပ်နာမ်သဘာဝကိုသိရင် ပညတ် ပရမတ် ကွဲနေတဲ့အတွက် ပညတ်အပေါ်ကနေ လောဘ ဒေါသ မဖြစ်တော့ပါ။ 🔰 သဘာဝ အနတ္တ ကို သိထားတဲ့ဥာဏ်ကြောင့် အတ္တဒိဌိ ပြုတ်နေတဲ့အတွက် အရှိခန္ဓာမှာ လောဘ ဒေါသ ဖြစ်လာရင် သိလိုက်တာနဲ့ချက်ချင်းပယ်သတ်နိုင်က အရှိခန္ဓာငါးပါးအပေါ်မှာ တွယ်ငြိမှု ဥပါဒါန် ရှိမနေလို့ပါ။ အရှိခန္ဓာရဲ့သဘာဝကိုသိရင် ကာယိကဒုက္ခရှိပေမဲ့ စေတသိကဒုက္ခ စိတ်ပင်ပန်း ပူလောင်ဆင်းရဲမှု မရှိတော့ပါ။ အရှိခန္ဓာမှာ ဥပါဒါန် မရှိတော့ တာက အတ္တဒိဌိ ပြုတ်ထားလို့ပါ။ 🔰 အာရုံ ဒွာရ တိုက်တဲ့အကြောင်းကြောင့် အဖြစ်ခန္ဓာငါးပါးမှာ လောဘ ဒေါသ  ဝေဒနာ ဖြစ်လာရင် ပါယ်သတ်လို့မရတာက အဖြစ်ခန္ဓာ အပေါ်မှာ တဏှာ ဥပါဒါန် ကပ်ငြိနေလို့ပါ။ ဒါကြောင့် အာရုံတွေကြောင့် အဖြစ်ခန္ဓာမှာ လောဘ ဒေါသ ဖြစ်လာရင် ကိုယ်ကမပယ်သတ်နိုင်သေးတဲ့အတွက် ဝိပဿနာအသိဥာဏ်နဲ့ နှလုံးသွင်းဆင်ခြင်လိုက်ရင် ဖြစ်လာတဲ့ လောဘ ဒေါသ က အားပျော့သွားတဲ့အတွက် ဖြစ်ကြောတိုအောင်ပဲ လုပ်လို့ရပါတယ်။ 🔰 လောဘ ဒေါသ ဖြစ်ရတာက အမှန်မသိမှု အဝိဇ္ဇာ=မောဟ=ဒိဌိ ကြောင့်ပါ။ တရားဆိုတာ တစ်ခုစီ ခွဲပြောနေပေမဲ့ တစ်နဲ့တစ်ခုက အကြောင်းအကျိုးအနေနဲ့ ဆက်နွယ်နေတဲ့သဘောတွေကို ဥာဏ်နဲ့ မြင်အောင်ကြည့်ရမှာပါ။ 🔰 ဝိပဿနာတရားမှာ ဘာတစ်ခုမှ ပယ်ရ သတ်ရတာ မရှိပါ။ အသိမှား အမှတ်မှား အယူမှား နေရာမှာ အသိမှန် အမှတ်မှန် အယူမှန် အစားထိုးပြောင်းလိုက်ခြင်းပါ။ 🔰 ဝိပဿနာဆိုတာ အကျိုးကိုကြည့်ပြီး အပြစ်ကိုမြင်အောင်ရှုရသလို ဘာကြောင့်ဖြစ်တာလဲသိဖို့ ဖြစ်ရတဲ့အကြောင်းရင်းကိုလည်းသိအောင် အကြောင်းကို ပြန်ဆင်ခြင်သုံးသပ်ရပါတယ်။ အပြစ်မဖြစ်အောင်နေနိုင်ဖို့ဆိုတာ အကြောင်းမပြုတော့မှ ရတာပါ။ 🔰 အဖြစ်ခန္ဓာမှာ ဖြစ်လာတဲ့အကျိုးတရားကိုကြည့်ပြီး အကြောင်းတရားကိုဆင်ခြင်နိုင်ဖို့ဆိုတာ...... ရုပ်သဘာဝ ဓါတ်ကြီးလေးပါးဖောက်ပြန်နေတဲ့သဘော၊ နာမ်သဘာဝအာရုံရှိရာ ညွှတ်တတ်တဲ့သဘော၊နာမ်ခန္ဓာလေးပါး တစ်ပါးချင်း သူ့အလုပ်သူ လုပ်နေတဲ့သဘာဝ၊ရုပ်နှင့်နာမ် နှစ်ခုပေါင်းအကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ဝေဒနာရဲ့သဘော၊ ဝေဒနာရဲ့ဖြစ်စဥ်သဘာဝ အစ အလယ် အဆုံး ဒါတွေကိုမြင်အောင်ကြည့်နိုင်မှ အဖြစ်ခန္ဓာနဲ့အရှိခန္ဓာ အကြောင်းအကျိုးအနေနဲ့ အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောတွေကိုမြင်လာမှာပါ။

🔰 သတိပဌာန်လေးပါးမှာ ကာယ စိတ္တာ ဝေဒနာ သုံးမျိုး တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်နေတာကို မြင်အောင်ကြည့်နိုင်မှ သဘာဝ ဓမ္မ ဆိုက်မှာပါ။ ဒီအကြောင်းအရာတွေကို 27.9.2026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင်။ Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 . 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿 📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ ဗေဒင်တွေ ကို အယုံကြီး မဟုတ်ပေမယ့် ဖတ်တော့ ဖတ်တယ်.. ဆောင်ရန် ရှောင်ရန် တွေ ကြည့်ပါတယ်။ အခုက လူတိုင်း စိတ်မကြည် ချိန်တဲ့ . ရန်လိုနေကြ ချိန်, အတွင်းက မကောင်းတဲ့ စိတ်တွေ ထွက်ချိန် တဲ့။ ကိုယ်က ကိုယ့်စိတ် ကိုယ်စစ် ထိန်းသိမ်းပေမယ့် ရန်လိုသူတွေ တွေ့လာတော့ လည်း ကိုယ်ရှောင်သင့်တာ ရှောင်ရတာပေါ့ .. အော် ဒါတွေ က လူတိုင်း ဖြစ်နေကြ တာပါ လား ဆိုပြီး ကိုယ်က ဖြည့်တွေးပေးရတာပေါ့.. ဒါတွေကို မသိရင် ရန်လာပြုတိုင်း တုန့်ပြန် နေရင် ပြီးဆုံး မှာ မဟုတ်တော့ဘူး. ✨️ အရင်က ဂြိုလ် သွား ဂြိုလ်လာတွေ နက္ခတ်တွေ သိပ်စိတ်မဝင်စားပေမယ့် ၂၀၂၀ နောက်ပိုင်း မှ အဲ့ဒါတွေ သိလာတာပါ.. ခြုံကြည့် လိုက်ရင်. နှစ်တစ်နှစ်မှာ ကောင်းတာ ကြုံ လိုက် မကောင်းတာ လာလိုက် နဲ့ လည်နေတာ.. အရင်ကတော့ ဘယ်နှစ် ရောက်ရင် ကောင်းပြီ ဆိုပြီး မျှော်လင့် မိသေးတာ.. အခု နားလည် သွားတာက တော့ ကောင်းလိုက် မကောင်း လိုက်က တစ်သက်လုံး ဖြစ်နေမယ် ဆိုတာပါပဲ။ ဖောက်ပြန် နေတဲ့ သဘာဝ လောက ကြီး အကြောင်း ကို သေချာ နားလည် သွားတဲ့အခါ အမြဲတမ်း ကောင်းနေတာ၊ သာယာနေတယ် ဆိုတာ မရှိဘူး ဆိုတာ သိသွားတာ။ ✨️ ဖောက်ပြန်နေတဲ့ သဘာဝ လောကကြီး ထဲမှာ ဖောက်ပြန်နေတဲ့ ရုပ်နာမ်တွေ နေနေကြတာ နော်။ ဒီအသိဥာဏ်တွေကို ဗုဒ္ဓအလိုကျ ဝိပဿနာ တရားစခန်း ဝင်မှ နားလည်တာပါ အရင် ကတော့ ကိုယ့်​အတ္တ နဲ့ တားယူလို့ရမယ်, ဂုဏ်တော်တွေ ပဌာန်းတွေနဲ့ ကာကွယ် လို့ ရမယ် ထင်ခဲ့တယ်. အခုကြတော့ အဆင်မပြေ တာ တခုခု ကြုံလာရင် မြတ်စွာဘုရားတောင် သဘာဝ ကို လွန်ဆန်နိုင် သလား ဆိုတဲ့ ဆရာတော် အရှင်ပညာစက္က စကားသံ တွေက နားထဲ စွဲနေပါတယ်။ အဲ့ဒီတော့ အတတ်နိုင်ဆုံး စိတ်အေးအေးထား လက်ခံ ပြီး အကောင်းဆုံး ကြိုးစား နေကြ ရတာပါပဲ။ ✨️ September 27 zoom တရား မှာတော့ တည်ကာလ အကြောင်း၊ မတည်မြဲ ပုံတွေအကြောင်း၊ ပြုပြင်ပေးနေရတဲ့ ဒုက္ခ တွေ အကြောင်း မေးထားပါတယ်။ ပြီးတော့ ပွင့်တော့မယ့် ကြာဖူး ယောဂီလေးတွေရဲ့ တရားလျှောက်ထားမှု့ က လည်း သာဓုခေါ်စရာပါပဲ။ သူတို့ လျှောက်ထားမှု့ကို ဆရာတော်က သေချာ စစ်ဆေးပေးပါတယ်။ ဆရာတော် စစ်ဆေးမှူ့ အပေါ် မှာ ကိုယ်တိုင်လည်း ခန္ဓာဖြင့် တိုက်စစ်နိုင်ပါတယ်။ 27/Sep/2026 Telegram audio -https://t.me/AshinPyannaSekkaVideos/1899 Telegram video -https://t.me/AshinPyannaSekkaVideos/1900 YouTube -https://youtu.be/mP5BpAiRIeE?is=DtM0lvnMlKn_kC81 Facebook -https://fb.watch/v/44558x7lP/?mibextid=wwXIfr . September 27 တရားအနှစ်ချုပ် 🔰 အတိတ်ကံအကြောင်းကြောင့်ရလာတဲ့အကျိုးခန္ဓာငါးပါးရဲ့သဘာဝတရားဟာ ဖောက်ပြန်ပျက်စီးနေတဲ့သဘောပဲရှိတဲ့အတွက် ကံသင်္ခါရ အကြောင်းလေးပါးနဲ့အစားထိုး ပြုပြင်ပေးနေရတာပါ။ ခန္ဓာ့သဘာဝ ဇာတိ မရဏသဘောကို ဥာဏ်နဲ့မြင်အောင်ကြည့်ဖို့ ခက်သလို ဇာတိနဲ့မရဏကြား တည်ကာလကို မြင်အောင်ကြည့်တတ်ဖို့ဆိုတာလည်း ကိုယ့်ကိုလမ်းပြပေးမဲ့ဆရာမရှိရင် အရမ်းကိုခက်ခဲပါတယ်။ 🔰 ဇာတိနဲ့မရဏကြား မသေခင်တည်ကာလကို အကြောင်းအကျိုးနဲ့ဆင်ခြင်မှ ကံသင်္ခါရ အစားထိုးခြင်းကို မြင်လာတာပါ။ သဗ္ဗေသင်္ခါရ အနိစ္စ သဗ္ဗေသင်္ခါရ ဒုက္ခ လို့ ဘုရား ဟောခဲ့ပါတယ်။ ခန္ဓာ့သဘာဝ အရှိတရားဟာ မမြဲ ဆင်းရဲ သဘောပဲရှိပါတယ်။ ခန္ဓာရလာတယ်ဆိုတာ တကယ်တော့ ဒုက္ခခံဖို့ သက်သက်အတွက်ပါပဲ။ 🔰 ဘုရား ရဟန္တာတွေလည်း ခန္ဓာရှိနေတဲ့အတွက် သဘာဝအရ ကံသင်္ခါရပြုရပေမဲ့ ဝိဇ္ဇာဥာဏ်ဦးစီးနေတဲ့အတွက် တဏှာ ဥပါဒါန် မပါတော့ ကိရိယာစိတ်ဖြစ်နေတဲ့အတွက် နောက်ဘဝခန္ဓာ အကျိုးပြန်မရတော့ပါ။ အဝိဇ္ဇာဦးစီးပြီး ပြုနေတဲ့ ကံသင်္ခါရတရားမှာ တဏှာ ဥပါဒါန် ပါနေတဲ့အတွက် ဒုက္ခ ရောက်ရတာပါ။ သင်္ခါရတရားမှန်သမျှ ဖြစ်လာပြီးရင် ပျက်ကိုပျက်ရတာကလည်း သဘာဝတရားပါ။ ခန္ဓာ့သဘာဝ ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက် ဖြစ်နေတာဟာ သူ့သဘောသူဆောင်ဖြစ်နေတဲ့ သဘာဝတရားသက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်မှန်း သဘာဝကိုသိတဲ့ အနတ္တဥာဏ်ရရင် သင်္ခရုပေက္ခာဥာဏ်နဲ့ သင်္ခါရတရားတွေအပေါ်လစ်လျူရှုနေနိုင်မှာပါ။ 🔰 နိဗ္ဗာန် ကို မဂ်ဥာဏ်ကသာ အာရုံ ပြုနိုင်တာပါ။ ဝိပဿနာဆိုတာ ခန္ဓာ့ဖြစ်စဥ်သဘာဝကိုသိဖို ခန္ဓာငါးပါးအပေါ်မှာ အကြောင်းအကျိုးနဲ့ စဥ်းစား ဆင်ခြင် သုံးသပ်ရတဲ့ အလုပ်ပါ။ ဝိပဿနာဆိုတာ ဥာဏ်အလုပ်ဖြစ်တဲ့အတွက် သမ္မသနဥာဏ်ရထားရင် အရိယာပုဒ်မရွေး အချိန်အခါမရွေး ခန္ဓာငါးပါးအပေါ်မှာ ဆင်ခြင် သုံးသပ် ရှုလို့ရပါတယ်။ သက်ရှိ သက်မဲ့ ရုပ်မှန်သမျှ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထာတာပါ။ ဓါတ်ကြီးလေးပါးရဲ့သဘာဝ ဖောက်ပြန်ပျက်စီးနေတဲ့သဘောကို ရုပ် လို့ခေါ်တာပါ။ 🔰 နာမရူပပရိစ္ဆေဒဥာဏ် နဲ့ ပစ္စယပရိဂ္ဂဟဥာဏ် က ဝိပဿနာရဲ့အသက်ပါ။ ခန္ဓာငါးပါးအပေါ်မှာ ပစ္စယပရိဂ္ဂဟဥာဏ်နဲ့ စဥ်းစား ဆင်ခြင် သုံးသပ်နိုင်မှ တရားအသိဥာဏ်တိုးတက်မှာပါ။ ဒီနှစ်ဥာဏ်နဲ့ စဥ်းစား ဆင်ခြင်မှ သဘာဝကိုသိလာပြီး ပညာဥာဏ်ဖြစ်လာမှာပါ။ မစဥ်းစား မဆင်ခြင် သုံးသပ်မှု မရှိရင် ဘာအသိဥာဏ်မှ ဖြစ်လာမှာမဟုတ်ပါ။ ဝိပဿနာရှုတယ်ဆိုတာ ရုပ်နာမ်သဘာဝတရားတွေရဲ့ တစ်ခုနဲ့တစ်ခု အကြောင်းအကျိုး ဆက်နွယ်နေတဲ့သဘော အပြန်အလှန်ကျေးဇူးပြုနေတဲ့သဘောတွေကို ဥာဏ်နဲ့မြင်အောင်ကြည့်ရတာပါ။

📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ မနေ့ ညက zoom တရား မှာ အတိတ်ဘဝ မှာကိုယ်ပြုတဲ့ ကံတွေကြောင့် ပြန်ခံရတဲ့ ဘဝ တွေ အကြောင်း လျှောက်တော့ အရမ်း တုန်လှုတ်သွားပြီး.. ကိုသန့်ဇင်ကို ချက်ချင်းပဲ ... မောင်ရေ.. အေးသီတာ သံသရာ အဆက်ဆက်က နေ အခု အချိန်ထိ ကာယကံ ဝစီကံ မနောကံ တို့နဲ့ ပစ်မှားမိတာ ရှိရင် ခွင့်လွှတ် ပါနော် ဆိုတော့.. လမ်းလျှောက် ပုတီးစိပ်နေရာက ရပ်သွားပြီး သူ့ မျက်နှာ က တစ်မျိုး ပြောင်းသွားတယ်. ✨️ ငါ့ကို ခွင့်မလွှတ်ဘူး များ ပြောမှာလား မသိဘူး ဆိုပြီး.. ဟယ်... အေးသီတာ လည်း မောင့်ကို ခွင့်လွှတ်တယ် လေ.. ဆိုတော့မှ.. ပြုံးပြီး ခွင့်လွှတ်ပါတယ်ဆိုပြီး ခေါင်းကို လာပုတ်တယ်။ ဟူး... ခွင့်မလွှတ်ဘူး လို့များ ပြောမှာလား လို့ လန့်သွားတာ.. တရား နာနေတုန်း ရုတ်တရက် ကန်တော့ တော့ သူလည်း ရှော့ခ် ရ သွားတယ်ထင်.. 😁 ✨️ ကိုသန့်ဇင် ကို သီတင်းကျွတ် နဲ့ နှစ်ဆန်း ၁ရက် ဆိုရင် အမြဲ ထိုင်ကန်တော့ပါတယ်.. ကျန် အချိန်တွေတော့ သိပ်မကန်တော့ ဖြစ်ဘူး။ နောက်ဆိုရင် သတိရ တိုင်း ကန်တော့ တော့မယ် . ဝဋ်တွေ လည်တာ ကြောက်စရာ.. September 26 zoom တရားက ကြာပန်း ၂ပွင့် လျှောက်တာ မို့ သိပ်ကောင်းပါတယ်။ ကိုယ်မရောက် သေးတဲ့ နေရာတွေ လျှောက်တာမို့ သေချာ သိမ်းထားရပါမယ်။ September 26. 2026 Telegram Audio https://t.me/AshinPyannaSekkaVideos/1894 YouTube https://youtu.be/1dFG4rcO0yE?si=RLkycQLUc28SZOsd . September 26 တရားအနှစ်ချုပ် 🔰 ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကိုနားလည်မှ ကံ ရဲ့ အကြောင်းအကျိုး ကို နားလည်တာပါ။ သမ္မသနဥာဏ်ရရှိထားတဲ့သူမှ ကံ ကံ၏ အကြောင်းအကျိုး ကို တကယ်ယုံကြည်လက်ခံတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တာပါ။ 🔰 ပုထုစဥ်မှန်သမျှဟာ ပညတ်အသိနဲ့ပဲ နေ နေကြတဲ့အတွက် ကိုယ့်စိတ်ကိုစစ်ကြည့်ရင် စိတ်မှာ လောဘ ဒေါသ မောဟ တွေပဲ တလှည့်စီဖြစ်နေကြတာပါ။ ပုထုဇဥ်ရဲ့စိတ်မှာ အမှန်မသိမှု အဝိဇ္ဇာ မောဟ ဦးစီးနေတဲ့အတွက် လောဘ ဒေါသ တွေပဲ အချိန်ပြည့်ဖြစ်နေတာပါ။ ကုသိုလ်စိတ်မှာလည်း မောဟဦးစီးနေတဲ့အတွက် လောဘ ဒေါသ ခြံရံနေလို့ ကုသိုလ်စစ်စစ် မဖြစ်နိုင်တော့ပါ။ မလှူခင် လှူချင်တဲ့ သဒ္ဓါစိတ်ကလေး အရင်ပေါ်တာကသာ ကုသိုလ်အစစ် ဖြစ်နေတာ ပါ။ 🔰 တရားစခန်း day1to day6 အထိက အနာဂါမ်အသိဥာဏ် ရသည်အထိ အားထုတ်တတ်အောင် သင်ပေးထားတာပါ။ ဥာဏ်စဥ်၁၆ပါးအတိုင်းသွားမှ တရားအသိဥာဏ် ရမှာပါ။ အခြေခံ ရူပပရိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် အထိ ရောက်အောင်အားထုတ်နိုင်မှ ဝိပဿနာဖြစ်တာပါ။ 🔰 သမ္မသနဥာဏ်ကနေ ခန္ဓာ့သဘာဝကို အကြောင်းအကျိုးနဲ့ အထပ်ထပ်ဆင်ခြင်ရင်း သဘာဝ အနတ္တ ကိုမြင်ပြီး အနတ္တလက္ခဏာမဂ်ဆိုက်မှ ပထမအဆင့် သောတာပတ္တိမဂ်ဥာဏ် ရတာပါ။ သမ္မသနဥာဏ်ရယ် သောတာပတ္တိမဂ်ဥာဏ်ရယ် နှစ်ခုပေါင်းပြီး အားကောင်းတဲ့ ဝိပဿနာအသိဥာဏ်နဲ့ day4ကို အထပ်ထပ်ဆင်ခြင်ရင်း အနတ္တဥာဏ်ကြောင့် အနိစ္စ က ထင်ရှားလာတဲ့အတွက် အပျက် အပျက် တွေပဲ မြင်လာရမှာပါ။ ကိုယ့်ခန္ဓာကြီးဟာ ရှင်လျှက်နဲ့ အသုဘကြီးမို့ နေ့စဉ် ပြုပြင်ပေးနေရတာပါ။ ဘယ်ဘဝခန္ဓာရရ ကံဖြတ်လို့သေရင် အားလုံးဟာ မသာတွေကြည့်ပါ။ အသုဘမြင်မှ သုဘ အထင်က ပျောက်ဆုံးသွားတာပါ။ 🔰 အနိစ္စလက္ခဏာမဂ်ဆိုက်မှ ဒုတိယအဆင့် သကဒါဂါမ်မိမဂ်ဥာဏ် ရတာပါ။ သမ္မသနဥာဏ်ရယ် သောတာပတ္တိမဂ်ဥာဏ်ရယ် သကဒါဂါမ်မိမဂ်ဥာဏ်ရယ် သုံးခုပေါင်းပြီး အားကောင်းတဲ့ ဝိပဿနာဥာဏ်နဲ့ day5 ကိုအထပ်ထပ်ဆင်ခြင်မှ အနိစ္စ နဲ့အနတ္တ ကြောင့် ဒုက္ခ က ထင်ရှားလာတဲ့အတွက် ပြုပြင်ပေးရတဲ့ဒုက္ခ မပြုပြင်ပေးပြန်ရင်လည်းဒုက္ခ ဘယ်လောက်ပြုပြင်ပေးပေး သူပျက်သလောက်မပြုပြင်ပေးနိုင်တော့ အို နာ သေ မလွတ်တဲ့ဒုက္ခ ဒုက္ခ ဒုက္ခ တွေကိုမြင်လာပြီး တကယ်တော့ခန္ဓာရလာတယ်ဆိုတာ ဒုက္ခခံဖို့သက်သက်အတွက်ပဲဆိုတာ ဥာဏ်က မြင်လာတာပါ။ 🔰 ဒုက္ခလက္ခဏာမဂ်ဆိုက်မှ တတိယအဆင့်အနာဂါမ်မိမဂ်ဥာဏ် ရတာပါ။ သမ္မသနဥာဏ်ရယ် သောတာပတ္တိမဂ်ဥာဏ်ရယ် သကဒါဂါမ်မိမဂ်ဥာဏ်ရယ် အနာဂါမ်မိမဂ်ဥာဏ်ရယ် လေးခုပေါင်းပြီး အားကောင်းတဲ့ ဝိပဿနာဥာဏ်နဲ့မှ အာရုံ ဒွာရ တိုက်လို့ဖြစ်လာတဲ့ အဖြစ်ခန္ဓာငါးပါးမှာ အရဟတ္တမဂ်ဥာဏ်နဲ့ တဏှာရှာ ပယ်သတ်နိုင်မှ နောင်ဘဝခန္ဓာပြန်မရတော့ပဲ အရှိခန္ဓာချုပ်ဆုံးတဲ့အချိန် နိဗ္ဗာန်ကို အပြီးမျက်မှောက်ပြု နေနိုင်သွားတာပါ။ ဒီအကြောင်းအရာတွေကို 26.9.3026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင်။ Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿

🔰 အာရုံ ဒွာရ တိုက်လို အဖြစ်ခန္ဓာငါးပါးမှာ ကြိုက်ခြင်း မကြိုက်ခြင်း လောဘ ဒေါသ ခံစားချက်ဝေဒနာဖြစ်လာရင် အရှိခန္ဓာငါးပါးမှာလာရိုက်ခတ်တဲ့အတွက် အရှိခန္ဓာမှာလည်း ဖောက်ပြန်မှုဖြစ်မှာပါပဲ။ အဖြစ်ခန္ဒာမှာဖြစ်လာတဲ့ လောဘ ဒေါသ ကိုလည်း သမ္မသနဥာဏ်နဲ့ဆင်ခြင်လိုက်ရင် ဝေဒနာဖြစ်ပေမဲ့ သဘာဝကိုသိတဲ့ အနတ္တဥာဏ်ကြောင့် ကိုယ်နဲ့မဆိုင်းမှန်းသိတဲ့အတွက် ဥပါဒါန်အားမကောင်းတော့ ဖြစ်လာတဲ့ လောဘ ဒေါသ ကလည်း အားပျော့သွားပြီး ဖြစ်ကြောမရှည်တော့ပါ။ 🔰 ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်ပရမတ်တရားတွေရဲ့ သဘာဝကို သိအောင်လုပ်ရတာပါ။ သဘာဝတရားမှာ အကြောင်းနဲ့အကျိုးပဲ ရှိပါတယ်။ ဘုရား ရဟန္တာတွေဆိုတာ သဘာဝတရားရဲ့ အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန် ကို ဥာဏ်ပညာနဲ့ ပိုင်းပိုင်းခြားခြားနားလည်သဘောပေါက်သွားတာပါ။ 🔰 အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကိုသိဖို့ဆိုရင် ရုပ်နာမ်ပရမတ်တရားတွေရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာ အကြောင်းအကျိုးဆက်နွယ်နေတာကို ဆက်စပ်ဆင်ခြင် သုံးသပ်တတ်ရမှာပါ။ ဒီအကြောင်းအရာတွေကို 25.9.2026 အာစိဏ္ဏာကံတရားဆွေးနွေးပွဲ တရားမှာနာယူနိုင်ပါပြီရှင်။ Credit to ဓမ္မစစ် ယောဂီ 🏵✨️🙏✨️🏵 🧿✨️ ဆရာတော် အရှင်ပညာစက္က ✨️🧿 ဗုဒ္ဓအလိုကျ ဝိပဿနာ မြန်မာစံတော်ချိန် ည 7:30 -9:30 p.m. Zoom ID - 724 443 0315 Passcode - 12345 . Facebook live https://www.facebook.com/share/18F94BRNbi/ YouTube live https://www.youtube.com/live/pichO3Jpr1g?si=_fXKUY9GbbjswkX7 Telegram live https://t.me/AshinPyannaSekkaVideos . တရားစခန်း မစခင် ဖွင့်ပေးသော ပါချုပ်ဆရာတော် တရား များ Telegram link https://t.me/meditationroadmap Viber Channel link https://invite.viber.com/?g2=AQATm99V8ofGY1YE6g%2F66DdgR4b3X%2F%2FztCAtnNuGbf971bJPRQuHLjwpFHX5TQgT .. ဆရာတော် အရှင်ပညာစက္က Biography https://www.facebook.com/share/p/17aq8JHGbT/ .. 🌿🍀🙏🍀🌿 📍ကျမ၏ ရေးသားမှု့ များသည်... တရားအပေါ် မှာ ကျမ နားလည်သလို ရေးထားသည် ဖြစ်သည့် အတွက် အမှားတစ်စုံတစ်ရာ ပါခဲ့ ပါသော် ကျမ တစ်ဦးထဲ၏ တာဝန် ဖြစ်ပါသည်ရှင်။ 🍀🏵✨️🙏✨️🏵🍀

✨️ မနေ့ ညက zoom မှာ အိကေ Dechen Kay လျှောက်တာလေး နားထောင်ပြီး ပီတိတွေဖြစ် အမော တွေပြေရပါတယ်။ သူ zoom ဝင်ခါစ က ကလေးတစ်ယောက် လို မေးချင်တာတွေ လျှောက်မေး နေတာပါ. သူ ဘယ်လို တွေမေးမေး ဆရာတော်က မေတ္တာကြီးစွာ နဲ့ ဖြေပေးခဲ့ပါတယ်.. ကိုယ် တကယ် အားထုတ် မှ သိရမယ့် အရာတွေကိုတော့ ကိုယ်တိုင် အားထုတ်ဖို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ အိကေ ရဲ့ အားသာချက် က သူ့ကို ဘယ်လို ပဲ ပြောပြော မျက်နှာ တစ်ချက် မပျက်ပါဘူး. တစ်ခါတစ်လေ တော့ သူရင်လာဖွင့်ပါတယ်..။ ဒါပေမယ့် လည်း နောက်တစ်ခါ ထပ်မေးဖို့ မေးခွန်းတွေက အဆင်သင့် ပါပဲ။ ငါ့ကို ဒီလို ပြောတယ် တော်ပြီ ထပ်မမေးတော့ ဘူး.. အားမထုတ်တော့ဘူး ဆိုတာမျိုး သူ့မှာ မရှိပါ. ✨️ အဲ့ဒီလို မာန်မာန မရှိခြင်း၊ ရိုးသား နှိမ်ချ ခြင်းတွေက သူ့ကို တရား ရစေတဲ့ အထောက်အပံ့ တွေ ဖြစ်သွားတာပါပဲ။ ညက သူလျှောက်နေတာလေး နားထောင်ပြီး ကျေနပ်နေတာ.. ဟိုရက် ပိုင်းကတောင် သူ့ကို သွားပြောသေးတယ်.. သမီး မပေါ့နဲ့နော်.. သေချာ လုပ်နော် လို့ သွားပြောသေးတယ်.. ဒီလို ပြောလို့ စိတ်ဆိုးချင် လည်း ဆိုးပါ.. အဲ့ဒီလို မပြောရင် အစ်မ မှာ အပစ်ရှိသလိုခံစား ရတယ် ဆိုပြီး သွားတွန်းတာပါ.. ✨️ ညက သူ တရားလျှောက်တာ နားထောင်ပြီး တော့ တာဝန် တစ်ခု ပြီးဆုံးသွားပြီ လို့ ခံစားရပါတယ်။ သူလျှောက် တဲ့ အထဲမှာ သဘောကျမိတာလေးက ကိုယ့် Body ကို ပြုပြင်ဖို့ လိုအပ်ရင် ပြုပြင်မယ်.. မလို ရင် လည်း မပြုပြင်ဘူး.. ဥပါဒါန် ပြုတ်နေတယ် ဆိုတာလေးက သိပ်မှန်ပါတယ် . အဲ့ဒါလေးနဲ့တင် အမှတ်တွေ အများကြီး ပေးမိတာ.. ✨️ အခုဆိုရင် သူက လူတွေကို ဒီတရား တွေ လာအားထုတ်ဖို့ ဆွဲခေါ်တတ်နေပါပြီ။ သိပ်တော်ပါတယ်။ ကိုယ်ဆွဲခေါ်လာပေးတဲ့သူ အပါယ်လွတ် တဲ့ ဥာဏ် ရသွားရင် သိပ်ကို ကြည်နူးရပါတယ်။ Telegram Audio https://t.me/AshinPyannaSekkaVideos/1889 YouTube link https://youtu.be/lPm7F_AAQ2Q?is=hv6Qj_Y7oJUpKn8e September 25 တရားအနှစ်ချုပ် 🔰 ဝိပဿနာအားထုတ်တဲ့အခါ အားထုတ်နည်းမြန်ဖို့ထက် အားထုတ်နည်းမှန်ဖို့က အရေးကြီးဆုံးပါ။ ကိုယ်လက်တွေ့အားထုတ်နေတဲ့အကျင့်တရားက ဘုရားဟော ပရိယတ်နဲ့ ကိုက်ညီမှ ကိုယ်အကျင့်က မှန်ကန်တာပါ။ 🔰 ပဋိပတ် နဲ့ ပရိယတ် ထပ်တူကျမှ ပဋိဝေဒဆိုက်ရောက်မှာပါ။ သမထယာနိက နည်းနဲ့ သမာဓိထူထောင်ပြီး စျာန်အင်္ဂါ၈ပါးအထိ ပေါက်မြောက်အောင်မြင်ထားလည်း ဝိပဿနာအားထုတ်တော့မယ်ဆိုရင် စျာန်သမာဓိတွေအားလုံးစွန့်ပြီး ဝိပဿနာအားထုတ်တတ်ဖို့အတွက် အခြေခံ ဥာတပရိညာအပိုင်းကို အရင် လုပ်ဆောင်ရပါမယ်။ 🔰 တရားစခန်း ပထမရက်ကနေ ခြောက်ရက်မြောက်နေ့အထိက ဝိပဿနာလမ်းပေါ်ရောက်ဖို့အတွက် တစ်နေ့ချင်း ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းသွားနေတာပါ။ ရုပ်နာမ် အကြောင်းကိုသိဖို့ ဘုရားက ဥာဏ်စဥ် ၁၆ပါး ဟောထားပေးခဲ့ပါတယ်။ ရူပပစိစ္ဆေဒဥာဏ် နာမပရိစ္ဆေဒဥာဏ် နာမရူပပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ် သမ္မသနဥာဏ် ရောက်တဲ့အထိ ခန္ဓာဥာဏ်ရောက် ဘာဝနာသိဖြစ်မှ ဝိပဿနာလမ်းပေါ်စရောက် တာပါ။ 🔰 သဘာဝလက္ခဏာ သာမညလက္ခဏာ မြင်တဲ့ သမ္မသနဥာဏ်ရောက်မှ ဝိပဿနာဖြစ်ပြီး အခြေခံ ဥာတပရိညာအပိုင်း ပြီးတာပါ။ သမ္မသနဥာဏ်ရောက်ပြီးဆိုမှ ဒီသမ္မသနဥာဏ်ကနေ ခန္ဓာငါးပါးအပေါ်မှာ မဂ္ဂင်၈ပါးဖြင့် အကြောင်းအကျိုးနဲ့ အထပ်ထပ်ဆင်ခြင် သုံးသပ်ရင်း ဥာဏ်ရင့်လာမှ ရုပ်နာမ်သဘာဝ သူ့သဘောသူဆောင် ဖြစ်နေတာတွေဟာ သဘာဝတရားသက်သက်မျှသာဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်မှန်း သဘာဝကိုသိတဲ့အနတ္တဥာဏ်ကြောင့် အတ္တ ပြုတ်တဲ့အတွက် ခန္ဓာအပေါ်မှာတွယ်ငြိမှု ဥပါဒါန်မရှိတော့ သင်္ခါရတရားတွေအပေါ် သင်္ခါရုပေက္ခာဥာဏ် နဲ့ လစ်လျူရှုနေနိုင်တာပါ။ 🔰 သမ္မသနဥာဏ်ရောက်အောင် ခန္ဓာဥာဏ်ရောက်အားထုတ်ထားတဲ့သူမှ ကံ ကံ၏ အကျိုး ကို တကယ်ယုံကြည်လက်ခံတာပါ။ အရှိခန္ဓာ အဖြစ်ခန္ဓာ ဖြစ်စဥ်သဘာဝ အတူတာကို နားလည်ထားရင် ဝိပသနာအားထုတ်တဲ့အခါ အရမ်းကို အကျိုးကျေးဇူးများစေပါတယ်။ အရှိခန္ဓာကို မှီပြီးဖြစ်နေတဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဒွာရ ခြောက်ပေါက်နဲ့ အပြင်ကလာတဲ့ အဆင်း အသံ အနံ့ အရသာ ထိတွေ့စရာ ကြံတွေ့စရာ အာရုံ၆ပါး အကြောင်း အကျိုးဆက်နွယ်နေလို့သာ ရုပ်နဲ့နာမ် အပြန်အလှန်ကျေးဇူးပြုပြီး သွားလာလှုပ်ရှား ပြောဆိုလုပ်ကိုင် နေနိုင်တာပါ။ အရှိခန္ဓာရဲ့ဖောက်ပြန်မှုအပေါ် ပညတ်အပေါ်ကနေ သွားခံစားရင် ကြိုက်ခြင်း မကြိုက်ခြင်း လောဘ ဒေါသ ခံစားချက်ဝေဒနာ က သေချာပေါက်ဖြစ်ပါတယ်။ 🔰 အရှိခန္ဓာမှာ ဖြစ်နေတဲ့ လောဘ ဒေါသ ကို သမ္မသနဥာဏ်နဲ့ဆင်ခြင်လိုက်မှ ဝေဒနာဖြစ်ပေမယ့် သဘာဝကိုသိတဲ့အနတ္တဥာဏ်ကြောင့် ကိုယ်နဲ့မဆိုင်မှန်းသိတဲ့အတွက် တွယ်ငြိမှု ဥပါဒါန်မရှိတော့ ခံစားချက်ဝေဒနာအပေါ် ဥာဏ် နဲ့ ဥပက္ခာ ပြုနေနိုင်တာပါ။ သင်္ခါရုပေက္ခာဥာဏ်ရရင် အရှိခန္ဓာမှာ ကာယိကဒုက္ခ ရုပ်ဒုက္ခရှိပေမဲ့ စေတသိကဒုက္ခ ပူလောင်ဆင်းရဲမှုမရှိတဲ့အတွက် စိတ်ဒုက္ခငြိမ်းနေမှာပါ။ ရုပ်နာမ်သဘာဝကိုသိမှ ဥပါဒါန် မဖြစ်မှာပါ။ အမှန်မသိမှု အဝိဇ္ဇာ ကြောင့် တွယ်ငြိမှုရှိ နေတဲ့အတွက် ဥပါဒါန် ဖြစ်ရတာပါ။