ကိုရီးယားဇာတ်ကားများ
Відкрити в Telegram
6 928
Підписники
+224 години
-187 днів
-7330 день
Архів дописів
6 927
မသန်စွမ်းကောင်မလေး (၂၀၀၀)
ဒီဇာတ်ကားဟာဆိုရင် ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကား "ဂျိုးစီ၊ တိုက်ဂါနဲ့ ဖိရှ်" ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဂျိုးစီ ဟာ ကိုယ်ခန္ဓာမသန်စွမ်းတဲ့အတွက် လက်တွန်းလှည်းပေါ်မှာ နေထိုင်ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အဘွားဖြစ်သူနဲ့ အတူနေထိုင်ရင်း အထီးကျန်နေခဲ့တယ်။ တစ်နေ့မှာ ဂျိုးစီ ဘဝထဲကို ရန် ဆော့ခ် လို့ ခေါ်တဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ ရန် ဆော့ခ် တစ်ယောက် ဂျိုးစီ အပေါ် ခံစားချက်တွေရှိလာခဲ့ပြီး ပိုနီးစပ်နိုင်အောင် ကြိုးစားလာခဲ့တယ်။ ရန် ဆော့ခ် ရဲ့ ခံစားချက်တွေကို ဂျိုးစီ ဘယ်လို တုံ့ပြန်မလဲဆိုတာကတော့ ။ စောင်ခြုံပြီး ကော်ဖီတစ်ခွက်ရဲ့ ရနံနဲ့ ရစ်မူးလို့ကောင်းမဲ့ အချစ်ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါအုံး။
6 927
အချစ်မှာကျရှုံးသူ (၂၀၀၁)
IMDb - 6/10
Genre - Romance, Drama
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
အချစ်မှာကျရှုံးသူ (၂၀၀၁)
IMDb - 6/10
Genre - Romance, Drama
မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက ဒိုင်ယာလော့တချို့နဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးခဲ့ချင်ပါတယ်။
အလန် – “ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား၊ တဏှာ သက်သက်လား”
ဗားဂတ် – “ကွဲပြားမှုရှိလို့လား၊ အလန်”
အလန် – “ရှိတာပေါ့၊ ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ”
ဗားဂတ် - “တဏှာကရော၊ တဏှာဆိုတာ ဘာလဲ၊ အလန်”
အလန် - “တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ၊ အရသာခံစားမယ်၊ သုံးစွဲမယ်၊ ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး။ ဒီတော့မင်းက ယူတာလား၊ ပေးတာလား”
ဗားဂတ် - “နှစ်ခုစလုံးပဲ။ ကျွန်တော် သူ့ကို အရာရာပေးချင်တယ်၊ သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်”
အလန် – “အိုး…မင်းကအရှုံးသမားပဲ။”
ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး ချစ်ခြင်းမှာရှုံးနိမ့်ခြင်းတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ ဒရမ်မာဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ ဝတ်လစ်စလစ်အခန်း တချို့ကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့ကား ဖြစ်ပါတယ်။
6 927
စည်းမျဉ်းချိုးဖောက်သူများ (၂၀၂၅)
IMDb - 7.1/10
Genre - Drama
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
စည်းမျဉ်းချိုးဖောက်သူများ (၂၀၂၅)
IMDb - 7.1/10
Genre - Drama
အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ ရိုယာ ဆိုတဲ့မိန်းကလေးဟာပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့်မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုယာ ဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကိုမြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့စိတ်ကူးရခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက်လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူလေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့် ရိုယာ နဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲအစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကိုရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။
6 927
အချစ်ပဲ ဖြစ်ရမယ် (၂၀၁၃)
IMDb - 6.5/10
Genre - Romance, Comedy
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
အချစ်ပဲ ဖြစ်ရမယ် (၂၀၁၃)
IMDb - 6.5/10
Genre - Romance, Comedy
အချစ်ဦးဆိုတာ ဘယ်လောက်ပင်ကြာကြာ မမေ့ဘူးလို့ဆိုပါတယ်။ ငယ်စဉ်ကထဲက ကစားအတူသွားအတူ နေခဲ့ကြတဲ့ သူတွေ ချစ်ကြပြီဆိုရင်တော့ဖြင့်ဘယ်လောက်တောင်ချစ်ကြမယ်ဆိုတာကတော့ပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ်။ ဒီကားလေးထဲမှာတော့ ငယ်စဉ်ကထဲကခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှ်စ်ယောက်တစ်ယောက်က တိတ်တခိုးလေးချစ်မိနေတဲ့အခါမှာ ကျန်တဲ့တစ်ယောက်ကမသိပဲ လျှောက်ပွေး၊ ဒါကို ဖွင့်မပြောရဲတော့ ကြိတ်ခံစား နေရင်း အခွင့်အရေးရတဲ့ တစ်နေ့မှာတော့။ ကဲ ပရိတ်သတ်ကြီးလဲ တိတ်တခိုးချစ်ပြီး ကြိတ်ပိုးနေရင်တော့ ရဲရဲသာဖွင့်ပြောလိုက်ပါနော်ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မဟုတ်သလိုကောင်မလေးတစ်ယောက်ကလဲ ကောင်လေးတစ်ယောက်ကို ချစ်မိနေတာက အပြစ်တစ်ခုမဟုတ်ပါဘူး။
6 927
၁၀ နှစ်တာကာလ (၂၀၁၁)
IMDb - 6.1/10
Genre - Romance, Comedy
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
၁၀ နှစ်တာကာလ (၂၀၁၁)
IMDb - 6.1/10
Genre - Romance, Comedy
ဇာတ်ကားတစ်ကားလုံးကို ၁၀ နှစ်ကြာ ဝေးကွာသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ် က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကာလီ နဲ့ ဆမ် တို့လင်မယား၊ တက်သစ်စအဆိုတော် ရီးဗ်၊ မာတီ နဲ့ အေဂျေ တို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ကျောင်းသားဟောင်း ပါတီပွဲကို သွားကြရင်း ငယ်ဘဝနေ့ရက် ယတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းက တွဲခဲ့တဲ့ ex နဲ့ ပြန်တွေ့တဲ့သူက တွေ့၊ ကို မမေ့နိုင်တဲ့သူက မမေ့နိုင်၊ သရုပ်ဆောင် တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ အချိန်တွေမှာ မတူညီတဲ့ ဘဝအတွေ့အကြုံတွေ၊ အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ၊ ခံစားချက်တွေ အပြင် ဘယ်လောက် အချိန်တွေကြာကြာ မပြောင်းလဲတဲ့ အရာတွေကိုပါ သရုပ်ဆောင် တစ်ယောက်ချင်းစီရဲ့ ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။
6 927
ချိုင်ကိုဖစကီးရဲ့ မိန်းမ (၂၀၂၂)
IMDB - 6.6/10
Genre - Drama, Romance
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
ချိုင်ကိုဖစကီးရဲ့ မိန်းမ (၂၀၂၂)
ဂေးတစ်ယောက်က သူဂေးတာ လူမသိအောင်လို့ မိန်းမတစ်ယောက်ကို ကာဗာယူပြီး လက်ထပ်လိုက်တယ်ဆိုတာသိလိုက်ရရင် အဲ့မိန်းမက ဘယ်လိုဖြစ်သွားမလဲ။ ၁၉ ရာစုတုန်းက ရုရှားပြည်က အဖြစ်တစ်ခုပါ။ ရုရှားသမိုင်းတလျှောက် အကျော်ကြားဆုံး ဂီတ တေးရေးစာဆိုတစ်ယောက်။ သူ့နာမည်က ချိုင်ကိုဖစကီး တဲ့။ ဒီဘဲက လိင်တူချစ်သူဆိုပါတော့။ ဒါကို ဘယ်သူမှမသိကြဘူး။ သူ့ထက် အသက်တစ်ဝက်လောက်ငယ်တဲ့ နီနာ ဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အတင်းကြီး ချစ်ပါတယ် ကြိုက်ပါတယ် ယူပါရစေဆိုပြီး တောင်းဆိုလာတယ်။ အဲဒီခေတ်မှာ လိင်တူတိမ်းညွတ်မှုက လက်မခံနိုင်စရာဖြစ်လေတော့ ချိုင်ကိုဖစကီး က လူပြောမခံရအောင် နီနာ ကို ကာဗာယူဖို့ ဆုံးဖြတ်လိုက်တယ်။ အကိုကြီးတယောက်လိုချစ်လို့ရပါတယ်ဘာညာပြောပြီး လက်ထပ်လိုက်ရော။ ချိုင်ကိုဖစကီး က မိန်းမဆို လုံးဝမကြိုက်ဘူး။ အထိလဲမခံဘူး။ နီနာ ကတော့ မသိရှာဘူး။ ချိုင်ကိုဖစကီး မှ ချိုင်ကိုဖစကီး ပဲ။ အရမ်းကိုချစ်ရှာတယ်။ ကြာလာတော့ ဘဲကြီးက စိတ်ကုန်ပြီး ကွာရှင်းဖို့ ကြိုးစားတယ်။ နီနာ က လုံးဝကွာမပေးဘူး။ သူသိပ်ချစ်တဲ့ယောက်ျား အဖိုးတန်လေးကိုး။ သူဟာ ချိုင်ကိုဖစကီး ရဲ့ ထာဝရဇနီးလို့ ခပ်တင်းတင်းခံယူထားတယ်။ ချိုင်ကိုဖစကီး ဟာ ဂေးမှန်း သူသိလိုက်ရတာတောင် သူ့ယောက်ျားကို လက်မလွှတ်ပေးနိုင်ဘူးဖြစ်နေတယ်။ မိန်းမဆီ တစ်ချက်လေးတောင် ပြန်မလာတဲ့ ဂေးကိုမှ အချစ်ကြီးချစ်မိလေသူ နီနာ နဲ့ မိန်းမဆို မသတီတဲ့ ချိုင်ကိုဖစကီး တို့ကြားက အိမ်ထောင်ရေး လွန်ဆွဲမှု။ ချိုင်ကိုဖစကီး ရဲ့ ညီအကိုတွေကတောင် ကွာရှင်းဖို့ ဝိုင်းပြီး ဖိအားပေးတာခံရတဲ့ နီနာ ရဲ့ အချစ်စွမ်းအားက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။ နောက်ဆုံးမှာ သူတို့အိမ်ထောင်ရေးကဘယ်လိုတွေအဆုံးသတ်သွားမလဲ။
6 927
ဆရာ တပည့် ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း (၂၀၁၇)
IMDb - 6.7/10
Genre - Romance, Drama
အညွှန်း ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားစုံ ➡️ @bmvcs
Cartoon ➡️ @ctmvc
Series ➡️ @clzsr
India ➡️ @indiamovies02
6 927
ဆရာ တပည့် ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း (၂၀၁၇)
IMDb - 6.7/10
Genre - Romance, Drama
ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖို့ဖြစ်လာတော့ ဆုဇုမဲလည်း ကျောင်းဆက်တက်ဖို့အတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြို့ကို ပြောင်းလာခဲ့တော့တယ်။ တိုကျိုရောက်တဲ့ ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်က ဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူက သူ့ရဲ့ အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့ မာမူရက ဆုဇုမဲကို ကြိုက်နေတဲ့ အချိန်မှာတော့။ တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။
6 927
ချစ်ရပါသောဇိုဝီ (၂၀၂၂)
IMDb - 5.8/10
Genre - Romance, Drama
စက်တင်ဘာလ ၁၁ ရက်နေ့၊ US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ။ အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။ ဇိုဝီ ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီ ဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို အစအဆုံး ကြည့်ပြီး အဖြေရှာရင်း ခံစားကြည့်ရှုလိုက်ရအောင်ပါ။ ဒရမ်မာကို နှစ်သက်သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက်တော့ ဒီဇာတ်ကားလေးဟာ မျက်ရည်ခြူမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
6 927
ဗန် ဝင်ကယ် အတွက် သတို့သမီး (၂၀၁၆)
IMDb - 7.2/10
Genre - Mystery, Romance
နာနာမီ ဆိုတဲ့ကောင်မလေးက စားဝတ်နေရေးအတွက် အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။ သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။ နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီးအဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီ ဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့ လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။ အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင် ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူက တစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာ ထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်းမိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး Plot twist တွေ ရောက်လာမလဲဆိုတာကိုတော့
6 927
ကျောင်းသားဘဝ အမှောင်ဖက်ခြမ်း (၂၀၂၁)
IMDb - 6.1/10
Genre - Drama, Thriller
ဒီဇာတ်ကားဟာ လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေရဲ့အဖက်မခံရတဲ့ခံစားချက်ကို အခြေခံထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ဘဝကို ဖော်ပြထားပါတယ်။ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးထူးချွန်သူ ကယ်ဗင်၊ မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေရဲ့အောက်မှာ ကြီးပျင်းလာရသူ ဆက်စလီ ဆိုတဲ့သူတို့နှစ်ဦးဟာ ဘဝချင်းတူတာကြောင့် ရင်းနှီးလာကြပြီး ခင်မင်လာကြပါတယ်။ ထိုအပေါ် မေတ္တာမျှလာကြပါတယ်။ ဒါပေမဲ့ ဆက်စလီ က လက်ရှိမှာ စော်ကားခြင်းခံနေရပြီး၊ ကယ်ဗင် က ကျောင်းလူမိုက်တွေထံက နှိပ်စက်မှုကို ခံနေရပါတယ်။ ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်ပေးမဲ့သူတစ်ဦးမှ မရှိပါဘူး။ မျက်နှာမွဲငွေမွဲဖြစ်နေတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲတစ်ခုပါပဲ။ သို့သော်လည်း လူဆိုတာမှာ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာဆိုတာ ရှိတတ်ပါတယ်။ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံရတာတွေကြောင့် သူတို့အဆုံးမှာ သည်းမခံနိုင်တော့ပဲ အစွမ်းကုန်ပေါက်ကွဲသွားကြပါတယ်။ အဲ့ဒီပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားပါတယ်။ ဘာကြောင့် ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ၊ ဘယ်လိုကြောင့် ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုအလျောက်ဝင်လာအောင် ဖော်ပြထားပါတယ်။ အနောက်နိုင်ငံတွေရဲ့ ကျောင်းသားဘဝ ကို ရိုက်တဲ့အခါတိုင်း သူတို့ရဲ့ ဆိုရှယ် ကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ပျော်ရွှင်နေမှုတွေကို မြင်ပြီး အားကျတတ်ကြပေမယ့် အဲ့ဒီ ကျောင်းသားဘဝ ရဲ့ အမှောင်ဘက်ခြမ်းကိုတော့ မျှော်မထားသလို မမြင်ချင်ကြပါဘူး။ ဒီဇာတ်လမ်းဟာ အဲ့ဒီလို ကျောင်းသားဘဝရဲ့ ဆိုးကွက်တွေကို ရွေးချယ်ဖော်ပြထားတာလို့ ခန့်မှန်းရပါတယ်။ ကြည့်နေရင်းနဲ့ ဇာတ်ဆောင်တွေရဲ့နေရာကို ဝင်ဝင်စာနာမိမှာလည်း သေချာပါတယ်။
