Insights by Moe Thwe
Відкрити в Telegram
💰Helping young people turn skills into income. Messenger : http://m.me/insightsbymoethwe Telegram : @insights_by_moe_thwe
Показати більше6 356
Підписники
+324 години
+37 днів
+4230 день
Архів дописів
6 357
Minding My 20s ရဲ့အခြား Platform တွေကို join ထားပေးပါဦး 💜
Telegram: https://t.me/mindingmy20s
Viber: https://invite.viber.com/?g2=AQBn4LVPCZfsX1L%2BvE97Krbm5jOfxC4T3Rc1i%2FOpWSAnnE71pZNQ42f5nFjlHyVM
TikTok: https://www.tiktok.com/@mindingmy_20s?_t=8nUK5HXFlAe&_r=1
YouTube: https://youtube.com/@outsmart_your_day_with_mmt?si=AMbzZ7mcpkV2WT7D
6 357
Intermediate နဲ့အထက်ဆိုရင် Speak English with Venessa ကောင်းပါတယ်။
Grammar ဆိုရင် လေ့လာချင်တဲ့ ခေါင်းစဉ်အတိုင်သာရှာကြည့်ပါ။ recommend ပေးတဲ့ channel တွေဆိုရင်
1 English in Burmese
2 Zoeii English
3 Arnel’s everyday English
Witting ဆိုရင် write to the top ရှိပါတယ်။
Reading ကတော့ စာအုပ်မဟုတ်ရင် website နဲ့ဘဲလုပ်ပါ။
Pronunciation ဆိုရင် BBC နဲ့ Rachel’s English ကောင်းပါတယ်။
——————
နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက အကုန်စမ်းပြီးလေ့လာကြည့်ပါ။ တစ်လလောက်နေရင် မိမိဘာနဲ့အဆင်ပြေလဲဆိုတာ သိသွားပါလိမ့်မယ်။
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ ထပ်ပြီးသိချင်တာရှိရင် comment ပေးခဲ့ပါ။
6 357
Self Study လုပ်ဖို့ ဘယ် resources ရွေးရမလဲ ?
အင်္ဂလိပ်စာလေ့လာတော့မယ်ဆိုရင် “ဘာနဲ့လေ့လာမလဲ” ဆိုက ခေါင်းရှူပ်စရာပါ။
ဒီနေ့မှာတော့ ဘယ် resources တွေနဲ့ ရွေးလုပ်ရမလဲ၊ အဲ့ resources တွေကို ဘယ်မှာ free ရမလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်။
ဒီမှာ resources ကို သုံးမျိုးခွဲပြီးပြောပြပါမယ်။ ပထမက စာအုပ်/ files ( course book တို့ Grammar in Use တို့ရယ်) , YouTube လိုမျိုး videos တွေရယ်, websites ( BBC တို့ British Council တို့) ရယ် ဆိုပြီး သုံးမျိုးခွဲပြီး ပြောပြပါမယ်။
၁။ စာအုပ်တွေ
ပထမဆုံး Speak Out တို့ Headway တို့လိုစာအုပ်တွေနဲ့ အရင်စပါမယ်။
ရွေးသင့်တဲ့ အချက်လေးတွေအရင် ပြောပါမယ်။
ဒီလို course book တွေက skill အဆုံးပါပါတယ်။ သေချာတာက ကိုယ်သာ ဘယ် task မှကျော်မလုပ်ရင် skills အဆုံး topic အဆုံး cover မိမှာပါ။ ပြီးတော့ ခေါင်းမရှုပ်ရဘူး။ ကိုယ်က unit အလိုက်လုပ်သွားလိုက်ရုံဘဲ။
ဒါပေမဲ့ ဒီ course book တွေက communicative ဖြစ်အောင် task တွေကို work in pairs တို့လို Discussion တွေ group works တွေများများပါပါတယ်။ ကိုယ်က အပျင်းကြီးတာနဲ့တိုးရင် အဲ့လို activities တွေမလုပ်ဘဲကျော်သွားမိတယ်။ ပြီးတော့ အချို့ task တွေကကျ စာလုပ်ဖော်မရှိရင် အဆင်မပြေဘူး။ ကိုယ်က တချို့စာအုပ်တွေက student book မှာ answer keys မပါရင် teacher book နဲ့တွဲကြည့်ရမယ်။
Course book တွေနဲ့က မပျင်းဘဲနဲ့ skills အကုန်တခါတည်းလုပ်ချင်ရင် အဆင်ပြေတယ်။ study buddy ရှိရင် ပိုအဆင်ပြေတယ်။ ဒါမဲ့ ကိုယ်က self-study လုပ်လုပ်ချင်းဆိုရင် အချို့ task တွေကို နားမလည်တာရယ်၊ တစ်ယောက်တည်းမို့လုပ်မရတာရယ်နဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။
နောက်တစ်ခုက skill သီးသန့် စာအုပ်တွေပါ။ ဘယ် resources နဲ့ဘဲ စာလုပ်လုပ် Grammar လုပ်ရင်တော့ စာလုပ်လေးနဲ့ exercise လုပ်မှ ပိုအဆင်ပြေတာ။ levels အလိုက်လုပ်ချင်ရင် Grammar in use | Oxford English Grammar Course ရှိတယ်။ National Geographic တို့ Macmillan တို့က Grammar in context ရှိတယ်။
ကိုယ်က intermediate လောက်ရှိတယ်။ ဒါမဲ့ စာတွေကမေ့နေသလိုဖြစ်နေတယ်ဆိုရင် Cambridge ကထုတ်နဲ့ understanding the basic ဆိုတဲ့ စာအုပ်လေး recommendations ပေးပါတယ်။
အပေါ်က ပြောခဲ့တဲ့စာအုပ်တွေကို free download ဆွဲချင်ရင် telegram search bar မှာ စာအုပ်နာမည်နဲ့ ရှာရုံပါဘဲ။
တကယ်လို့မတွေ့ခဲ့ရင် ဒီ channel မှာရှာပါ။
https://t.me/bookybeesbooks
စာအုပ်တွေနဲ့လုပ်ရင် တစ်ခုသတိထားရမှာက laptop / tablet ရှိရင်ပိုအဆင်ပြေပါတယ်။ ဖုန်းနဲ့ဘဲ စာလုပ်ရတာက audio တွေဘာတွေဖွင့်ရရင် အဆင်မပြေဘူး။
၂။ websites တွေ
Website နဲ့စာလုပ်မယ် ဆိုရင် လိုင်းရလား? မီးရလား? ဆိုတာ အရင်ကြည်ပါ။ စာလုပ်ချင်စိတ်ပေါ်မှ မီးပျက်သွားရင်အဆင်မပြေပါဘူး။
Website ကကျ အလုပ်မရှုပ်ဘူး။ ကိုယ်ကတခါတည်း ဖြေကြည့်သူက အဖြေတခါတည်းစစ်ပေးတာဆိုတော့ အဆင်ပြေတာပေါ့။ တစ်ခုသတိထားရမှာက ကိုယ်က easily distracted ဖြစ်တဲ့သူဆိုရရင် websites တွေစာလုပ်တာက တော်တော် control လိုမှာပါ။ နောက်တစ်ခုက ဘာစာကိုလုပ်လို့လုပ်ရမှန်းမသိတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး၊ ပြောရရင် additional တစ်ခုအနေနဲ့ဘဲ အဆင်ပြေမယ်။
websites နဲ့လုပ်မှာဆိုရင် စိတ်ချရတဲ့ website ရွေးပါ။ တချို့ websites တွေက စာအမှားလေးတွေပါတတ်လို့ပါ။ တခါတည်း free ရတဲ့ website လေးတွေ recommendations ပေးသွားပါမယ်။
https://learnenglish.britishcouncil.org
https://learnenglishteens.britishcouncil.org
ဒီ British council website 2 ခုက လေ့လာချင်တဲ့ skills ကို လေ့လာချင်တဲ့ level အတိုင်း စာလုပ်လ်ို့ရပါတယ်။
https://www.bbc.co.uk/learningenglish/easy_course
Websites ကဆိုပေမဲ့ organized ဖြစ်ဖြစ်လေ့လာချင်ရင် BBC မှာ easy, medium, hard ဆိုပြီး level သုံးခုနဲ့ course ရှိပါတယ်။
https://test-english.com
Exercise တွေကြည့်လုပ်ချင်တာဆိုရင် ဒီ website လေး highly recommended ပါ။
အသေးစိတ်သိချင်ရင် ဒီ post မှာတင်ထားပါတယ်။
https://www.facebook.com/100094764983574/posts/pfbid02n5ygBqpcpBz7NF5ZQNuuLKyc2EHKSZ16PUafwAPScWqQA5NR73KpW8cMmx3pEVV8l/?mibextid=WC7FNe
၃။ YouTube video
Teaching style အမျိုးမျိုးနဲ့ သင်နေကြတာမလို့ ကိုယ်ကြည့်တဲ့ YouTube channel ပေါ်မူတည်ပြီး ကျွန်မပြောတာနဲ့ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။
YouTube မှာ လေ့လာမယ်ဆိုရင် အရေးကြီးက context ပါတာလေ့လာကြပါ။ တချို့ YouTube ကဆရာမတွေက ဥပမာ 100 words to describe people ဆိုပြီး ထိုင်ရွတ်ပြသွားတာတွေက effective မဖြစ်ပါဘူး။ example လေးတွေနဲ့ context တစ်ခုပေါ်မူတည်ပြီး ရှင်းပြတဲ့သူတွေနဲ့လေ့လာပါ။
Vocabulary အတွက်ဆိုရင်
1 POC English ရယ်
2 English Speaking Success ရဲ့ live lesson တွေကို recommend ပေးပါတယ်။
Speaking ဆိုရင် Beginner to pre-intermediate အတွက်ဆိုရင် Edulistic channel မှာ speaking patterns video တွေကောင်းပါတယ်။
6 357
အဓိိကက ခလေးတွေမှာသာ ငါဘာဖြစ်ချင်တယ်၊ ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး ရည်မှန်းချက်ဆိုတာကြီး ရှိကြည့်၊ သူ့ဘာသာ ရည်းစားဘဲထားထား ဘာဘဲလုပ်လုပ် စာတော့လုပ်နေမှာဘဲ။ အဲ့ကြောင့် သဘာဝတရားအရ ဖြစ်ကိုဖြစ်မဲ့ကိစ္စတွေကိုလွန်ဆန်ပြီး ဟိုဟာမလုပ်ရ၊ ဒါမလုပ်ရတားမဲ့အစား ကိုယ့်ဘာသာ control လုပ်တတ်အောင်၊ passion ရှိအောင်သာ ပျိုးထောင်ပေးကြပါနော်။
ပုံက ဒီအကြောင်းလေး post တင်မယ်ဆိုတော့၊ အဲ့တုန်းက ကိုကြီး သီချင်းကိုဆွဲပေတဲ့ သူငယ်ချင်းကဘဲ ဆွဲပေးထားတာပါ။
6 357
ဟိုနေ့က ခလေးတစ်ယောက်ရဲ့ TikTok chat ကို video ရိုက်ပြီ ဟာသအနေနဲ့တင်ထားတာတွေ့တော့ ကိုယ့် ဆယ်တန်းတုန်းကိစ္စလေး လာပြောပြချင်လို့။ 😢
ဆယ်တန်းမှာ ကျွန်မက Private Boarding School တစ်ခုမှာတက်တာ။ အဲ့တုန်းက 2018 ဆိုတော့ ကျောင်းသားတွေကိုရိုက်တာ၊ nickname ပေးပြီး bully တာ၊ အရှက်ခွဲတာက normalize လုပ်ထားတဲ့ အရာတွေဖြစ်သလို ကျောင်းသားတွေရော၊ မိဘတွေရော၊ ဆရာဆရာမတွေရောက လုပ်သင့်မှန်း မလုပ်သင့်မှန်း မသိကြသေးဘူးလို့ပြောရမှာဘဲ။
နောက်ခံအကြောင်းလေးအရင်ပြောပြမယ်နော်။ ဆယ်တန်းမှာ ထုံးစံအတိုင်း crush ရှိတယ်။ ပြဿနာက ၇ လပိုင်းလောက်မှာစတာဘဲ၊ ရုတ်တရက်ကြီး ကိုယ်က အဲ့အကိုကြီး (My ex-crush) ကို စာတွေပေးပါတယ်၊ confess လုပ်ထားပါတယ် ဆိုပြီး သတင်းတွေထွက်လာတာပေါ့။ ဆရာ၊ဆရာမတွေကလည်း ကိုယ်ကို မကြည်တော့ဘူး။ အဲ့တုန်းက ကိုယ်က စာပေးဖို့ နေနေသာသာ စကားတောင်သွားပြောတာမဟုတ်ဘူး။
ဒါကိုလည်း ကိုယ်က ဘယ် ဆရာ၊ဆရာမကမှ တိုက်ရိုက်မေးမြန်ခြင်းမရှိဘဲ သူတို့ကပါလိုက်ပြီး အထင်လွဲလိုက်ကြ၊ အတန်းထဲမှာ စာသင်းရင် ရွဲ့ပြောလိုက်ကြနဲ့။
ဒီထိက ကိစ္စသေးသေးလေးဘဲ ရှိသေးတယ်။ ကိုယ်ကလဲ ဆယ်ကျော်သက်ဆိုတော့ အရွဲ့တိုက်ချင်တာပေါ့။ အဲ့လိုနဲ့ ရွဲ့ပါလေရော။ အဲ့ဂိုက်ဆရာ၊ဆရာမတွေက ကိုယ်ကို ရွဲ့ပြောလေ၊ ကိုယ်က သူတို့ရှေ့ရွဲ့လုပ်ပြလေဘဲ။ အစက သူ့ကိုမကြိုက်ဘူး ဒါမဲ့ ရွဲ့ရင်းကြိုက်သွားရော😅
တစ်ရက်ကျ physics အတန်းထဲမှာ သီတင်းကျွတ်မပိတ်ခင် ဖြေရမဲ့ စာမေးပွဲအတွက် ပြင်နေကြရတဲ့အချိန် သူက စာမလုပ်နေတာနဲ့ ကိုယ်က စာလုပ်ဖို့ စာနဲ့ရေးပေးပြီးပြောလိုက်ရော။ အဲ့တာကို နည်းနည်းကြာတော့ ဆရာမသတိထားမိပြီး အဲ့စာရွက်ကိုသိမ်းပြီး တစ်ခန်းလုံးရှေ့မှာဖတ်ပြရော။ ရှက်တယ်ဆိုတာထက် ဒေါသထွက်တယ်ပေါ့နော်။ ဒါကလည်း ရည်းစားစာလဲမဟုတ်ဘူး။ ဒါကတော့ ကိုယ်က အတန်းထဲမှာ ရေးမိတာမလို့ ကိုယ့်အမှားဘဲထားပါတော့။
ကိုယ်က အတန်းထဲမှာ ကိုယ့်ဘာသာအေးဆေးနေတဲ့ထဲပါတယ်။ အဲ့လိုစာမိတိုင်း အတန်းရှေ့ဖတ်ပြကြေးဆိုရင် အတန်းထဲမှာ ဆရာ၊ဆရာမရှေ့မရှောင် ယွထနေတဲ့ အတွဲတွေမှ အများကြီး။ စာဘဲသိမ်းရင်ရပြီလေ၊ ဖတ်ပြစရာလိုလို့လား? မျက်နှာလိုက်တယ်ဘဲ ထားပါတော့။
ဒီလိုနဲ့ မပြီးသွားဘူး။ privacy ချိူးဖောက်တာက ဒီမှာ။ out pass ရလို့ အပြင်သွားတုန်း ကိုယ်မရှိတဲ့အချိန် ကိုယ့်ရဲ့ အဝတ်စားတွေ၊ စာအုပ်စင်တွေကိုပါ မွှေနှောက်ထားကြတယ်။ ဘာ permission မှမရှိသလို၊ မွှေသွားကြောင်းလဲ ဘာမှမသိရဘူး။ ကိုယ့်ပစ္စည်းတွေရှုပ်ပွနေတာတွေ့လို့ မွှေသွားမှန်းသိတာ။
ကိုယ်က ဘာမှမလုပ်ထားတော့ ဘာမှရှာမရကြဘူးလေ။ ဆိုတော့ ကြံကြံဖန်ဖန် ဘာသိမ်းသွားလဲဆိုတာ ပြောပြမယ်။ အဲ့ခေတ်က “ကိုကြီး” သီချင်းခေတ်စားတဲ့အချိန် အဲ့အကိုကြီးကလဲ ၂ နှစ်ကြီးတော့ ကွယ်ရာမှာ “ကိုကြီး” ဘဲခေါ်တာပေါ့။ အဲ့တာကို သူငယ်ချင်းက “ကိုကြီး” သီချင်းထဲက lyric တွေကို illustrates လုပ်ပြီး ကိုယ့်ကို mini book လေးလက်ဆောင်ပေးထားတာ။ အဲ့စာအုပ်ကိုသိမ်းပြီး ကိုယ့်ကို ရုံးခန်းခေါ်တယ်တဲ့။ အံ့ဩပါ့။
ဒီလောက်ထိ privacy ချိူးဖောက်နေလို့ အရမ်းတင်းတဲ့ ကျောင်းလားဆိုတော့လဲမဟုတ်ဘူး။ မိန်းကလေး အဆောင်မှာ ဆရာမနဲ့ ကျောင်းသူရဲ့ sexually interaction ( kissing ဆွဲတာတို့ private area နား မာကင်ပေးတာတို့ ) လုပ်တာတောင် ဘာမှ action မယူဘူး။
ကိုယ့်ကို သီးသန့်ကြီးကို အဲ့လို လုပ်သွားတာဘဲပြောရမှာပေါ့။
ဒါက privacy ကို ချိုးဖောက်ထားတာတွေဘဲ သီးသန့်ပြောပြတာနော်၊ discrimination လုပ်တာတွေ၊ bully တာတွေ မပါသေးဘူး။
ဒါလေးနဲ့ ဆက်စပ်ပြီး ပြောချင်တာက ကိုယ်က အကြီးမို့၊ ကိုယ့်က ဆရာမမို့ဆိုပြီး လူငယ်တစ်ယောက်ရဲ့ privacy ကို ချိုးဖောက်ခွင့်မရှိပါဘူးနော်။
ကိုယ့်ကို ဖြစ်ခဲ့တဲ့ ကိစ္စတွေက လွန်ခဲ့တဲ့ ၆ နှစ်က ဆိုပေမဲ့ အခုထိ မှတ်မိတုန်း။
အရွယ်တိုင်း၊ လူတိုင်းက သူ့ခံစားချက်နဲ့သူမလို့ ခလေးတွေရဲ့ diary စာအုပ်တွေကို ခိုးဖတ်တာ၊ သိမ်းတာ၊ စာအုပ်နောက်ကျောက Doodle ဆွဲထားတာတွေကို ဒါက ဘာတုန်း ဘာညာဆိုပြီး ဖျက်ခိုင်းတာ၊ chat history တွေကို လိုင်းပေါ်တင် အရှက်ခွဲတာတွေက normalise လုပ်ရမဲ့ အရာတွေမဟုတ်ဘူး။
တကယ်လိုသာ ရည်းစားထားပြီး မဖြစ်သင့်တာတွေဖြစ်မှာ စိတ်ပူတယ်ဆိုရင်
- sex education ကိုသာ မရှက်မကြောက်သေချာသင်ပေနော်။
- ခလေးတစ်ယောက်က ဘာမဆို ဖွင့်ပြောတိုင်ပင်လို့ရတဲ့သူ ဖြစ်အောင်သာနေပေးပါ။
လူကြီးတွေကသာ ရည်းစားထားပြီး စာမလိုက်နိုင်မှာ စိတ်ပူနေကြပေမဲ့၊ ဒါက စိတ်ပူရမဲ့အရာမဟုတ်ဘူးလို့ထင်တယ်။ ကျွန်မလိုကိစ္စမျိုးမှာဆိုရင် ရည်းစားကိစ္စကြောင့်လို့ဆိုတာထက် ကိုယ့်ကို အဲ့လိုမယုံရမလား၊ စွပ်စွဲရမလားဆိုပြီး စိတ်လေသွားတယ်။
ကိုယ့်ကို အဲ့လိုလုပ်တဲ့ဆရာမအချိန်ဆို ဘယ်လိုရွဲ့ရမလဲဘဲ စဉ်းစားနေမိတယ်။ အဲ့မှာ စာမလုပ်တော့ဘူး။
6 357
‼️ Paid-Volunteer ‼️
21-Day Speaking Challenge ကို မှတ်မိကြသေးလားရှင့်။ participants တွေအတွက် လုံးဝ အခမဲ့ ဆိုပေမဲ့ winners ပေါင်း 100 ကျော်တဲ့ Challenge ကြီးလေ 💜 အခု နောက်တခေါက် အဲ့ challenge လေးနဲ့ ပုံစံတူ Vocabulary Challenge လေးတစ်ခုလုပ်ဖို့ရှိပါတယ်။
21-Day Speaking Challenge တုန်းက post တင်တာအစ participant တွေ / partner organization နဲ့ communication လုပ်တာက အဆုံး Bounce ရဲ့ Owner တစ်ယောက်တည်းကိုယ်တိုင်ဘဲလုပ်သွားတာပါ။
နောက်လုပ်မဲ့ Vocabulary challenges အတွက် Communication skills, project management အစရှိတဲ့ soft skills တွေတိုးတက်လိုစိတ်ရှိတဲ့ လူငယ်တွေ ဦးဆောင်နိုင်စေဖို့အတွက် Volunteer ခေါ်ချင်ပါတယ်။
Position သုံးခုအတွက် သုံးဦးဘဲခေါ်မှာပါ။
1 Project Facilitator : project လုပ်ရမှာပါ 😅 ရှင်းလား မသိဘူး။ စတာပါ။ participants တွေကို code ချပေးပြီး ဘယ်သူစာလုပ်လဲ မလုပ်လဲ မှတ်တာမျိုးပါ။ ဒီ project မှာ ဒါက အရေးကြီး အပိုင်းပါ။ ဒါက လိုတိုရှင်းဘဲပြောပြထားတာပါ။ တကယ့် လုပ်ရမဲ့ task တွေကို အသေးစိတ်ကိုတော့ ရွေးခံရတဲ့သူတွေကိုဘဲပြောပါမယ်နော်။ Excel / Google Sheet နဲ့ Google form သုံးတတ်ရပါမယ်။ မသုံးတတ်လဲ တစ်ပတ်အတွင်း သေချာလေး သင်ယူမယ်ဆိုရင် ရပါတယ်။ သင်ပေးမယ်နော်။
2 Participant Support Coordinator: participate တွေနဲ့ ဆက်သွယ်စကားပြောရမယ်၊ သူတို့ ပြဿလေးတွေ ဖြေရှင်းပေးရမယ်။ ( challenge နဲ့ဆိုင်တာဘဲနော်၊ ရည်းစားနဲ့ပြတ်တာတို့ ဘာတို့မပါဘူး) အပေါ်က project facilitator က အရေးကြီးဆုံးဆိုရင် ဒါက အခက်ဆုံးလို့ပြောရမယ်။ လူတွေနဲ့ ဆက်ဆံပြောဆိုရမာဆိုတော့လေ။ ဒါလေး အသေးစိတ်ကို ရွေးခံရတဲ့သူတွေဘဲပြောပြမယ်နော်။
3 Partnership Coordinator: 21-day Speaking Challenge တုန်းကဆိုရင် page က လုံးဝအသစ်စစချင်းဆိုပေမဲ့ partnership လုပ်နိုင်ခဲ့တဲ့ organization တွေအများကြီးဘဲလေ။ အခုလဲ အဲ့လိုလေး ထပ်ပြီး collaborative ဖြစ်ဖြစ်လုပ်ချင်ပါတယ်။ အဲ့ကြောင့် organization တွေနဲ့ collaboration လုပ်ဖို့ကိစ္စအဝဝကို ဦးဆောင်ပေးမဲ့ သူလိုချင်ပါတယ်။
ကျွန်မတို့ Bounce ကလည်း ဒီလို Challengesတွေကို participants တွေအတွက် လုံးဝအခမဲ့ ပြုလုပ်ပေးတာမို့ လောလောဆယ်တော့ volunteer လေးတွေဘဲ ခေါ်ဦးမယ်နော်။
ဒါမဲ့ paid-volunteer ပါ။ ငွေကြေး reward ပေးမှာဖြစ်သလို၊ အခြားသော opportunities တွေလဲ ရရင်ရသလောက်ဖန်တီပေးသွားမှာပါ။ အနည်းဆုံး scholarship လျှောက်ဖို့ volunteer experience, stipend, English class လေး free တက်ရမယ်။
အဆင်ပြေရင် Bounce မှာက WFH အလုပ်တွေရနိုင်ပါတယ်နော်။
Challenge ကြီး အစအဆုံး နှစ်လလုံးလုံး သေသေချာချာ စိတ်ဝင်စရာလုပ်မယ်ဆိုပါက အောက်က Telegram channel ထဲဝင်ပြီး Google Form ဖြည့်လိုက်နော် 💜
https://t.me/bounceeducationcentre
6 357
အများကြား ထင်ပေါ်စေမယ့် Portfolio site တစ်ခုက်ို ဘယ်မှာ လုပ်လို့ရမလဲ ? 💜
ဒီတစ်ခါ sharing လုပ်ပေးချင်တဲ့ resources လေးကတော့ portfolio site တစ်ခုတည်ဆောက်ချင်တဲ့ freelancers တွေ students တွေအတွက် ဖြစ်ပါတယ်။
✅ portfolio ကဘာလဲ ?
ကိုယ့်ရဲ့ experience တွေ projects တွေကို ဖော်ပြရတဲ့အရာပါ။ ပြောရမယ်ဆို ကိုယ်က ဒါတွေဒါတွေ လုပ်ဖူးတယ်၊ ဒါက ငါ့အကြောင်းဘဲ၊ ဒီမှာဆက်သွယ်လို့ရတယ်ဆိုပြီး ကိုယ့် contact အပါအဝင် ကိုယ့် skills နဲ့ abilities ကို showcase ပြနိုင်တဲ့ နည်းတစ်ခုပါ။
✅ Portfolio ကို ဘယ်သူတွေလိုအပ်လဲ ?
သိရသလောက် ဒီ portfolio ကို UGC creators တွေ influencers တွေ Graphic Designer တွေ social media manager တွေသုံးလေ့ရှိပါတယ်။ ကိုယ့်ရဲ့ အလုပ် “ work” ကိုပြတာပေါ့နော်။ ဆရာ၊ဆရာမတွေလည်း ကိုယ့် students တွေရဲ့ achievement တွေ experience တွေ teaching philosophy တွေကို ပြထားလို့ရတော့ profession တိုင်းအတွက်ပါ။
ကျောင်းသားတွေလည်း ကိုယ့်ရဲ့ projects တွေ လုပ်ဖူးတဲ့ events တွေ volunteer works အကြောင်း ရေးပြထားလို့ရပါတယ်။
ကျွန်မဆိုရင် ဘာ experience မှမရှိတုန်းကဆို မရှိ ရှိတာဆွဲထည့်ပြီး ကျောင်းက projects တွေ volunteer works တွေနဲ့ဘဲ CV လုပ်ဖူးတယ်။ ( အဲ့တုန်းက ဒါရှိမှန်းမသိခဲ့လို့ရယ်။)
✅ ဘယ်ကလုပ်ရမှာလဲ ? လွယ်လား ?
Canva မှာ လုပ်ရတာပါရှင့်။ လွယ်လားဆိုရင်တော့ template တွေလည်းရှိပါတယ်။ ကိုယ်က ကိုယ်တိုင် creat လုပ်ချင်လည်း ရပါတယ်။ ပြောရရင် လွယ်တာပေါ့။
ခါတိုင်းလိုဘဲ video tutorial လေးတွေချထားပေးမယ်နော်။
1 https://youtu.be/tmeOOL58KLM?si=lbh8GHoqui66yIyj
1 https://youtu.be/uERuTXnqNGA?si=H3RIU9SFnIAkOBP1
1 https://youtu.be/IQLZxSinUlw?si=8p9oV99bquIeR2Hg
ဒီ videos တွေမှာ လေ့လာနော် 💜
Portfolio တစ်ခုလုပ်ထားရင် တစ်ချိန်ချိန်မှာ အသုံးဝင်ကိုဝင်တာမလို့ လုပ်ကြည့်ထားကြနော်🫶
#notion
#portfolio
#mindingmy20s
6 357
Notion မသုံးတတ်ရင် ဘယ်လိုစသုံးကြည့်လို့ရမလဲ 🫶
Notion က note taking, project management, to-do-list, budget tracker အစရှိတာတွေအားလုံးကို တစ်နေရာတည်းမှာ အခမဲ့ဖန်တီးလို့ရမှာဖြစ်ပါတယ်။ ( premium လည်းဝယ်လို့ရပါတယ်။) ကျွန်မသုံးနေတာ free version ကိုနှစ်နှစ်လောက်ရှိပြီ အဆင်ပြေပါတယ်။
🙄 သူ့ဟာသူတောင်ရှုပ်နေပါတယ်ဆို၊ English လိုပြောတယ် tutorial တွေက ဘယ်လိုနားလည်မှာလဲ ဆိုပြီးတွေးနေလား ?
စိတ်မပူနဲ့နော်၊ အဆင့်ဆင့်ပြောပြပေးပါမယ်။
အရင်ဆို မြန်မာလိုရှင်းပြထားတဲ့ videos တွေကြည့်ပြီး နားလည်အောင်လုပ်မယ်။
Notion ဆိုတာ ဘာတဲ့လဲ?
https://youtu.be/qctsy09bHDE?si=s3BRuOZ8S0UURG5o
Time Management ကို notion နဲ့ဘယ်လိုလုပ်မလဲ ?
https://youtu.be/8Y_oKxO4ixo?si=033PVEXnA2oAH_5H
Notion နဲ့ ဒုတိယဦးနှောက်တည်ဆောက်မယ်။
https://youtu.be/W5dhozRHd2o?si=f9rdyLvD-h4miLQs
ဒီလောက်ဆိုရင် tools တွေ familiar ဖြစ်ပြီမလို့ နောက်တစ်ဆင့်တက်ကြမယ်။
🫶 Notion ကို နားလည်သလောက်ရှိပြီဆိုရင် free template ပေးပြီး တခါတည်း ဘယ်လိုသုံးရမလဲ ရှင်းပြထားတဲ့ YouTube video တွေကြည့်ပါ။ YouTube video တွေရဲ့ description တွေမှာ template link ပေးထားလေ့ရှိပါတယ်။
Free template + tutorial ပါတာလေးတွေ ရွေးပေးလိုက်ပါတယ်။
Comment ဖတ်ကြည့်ရသလောက် beginner friendly အဖြစ်ဆုံး video:
https://youtu.be/dcqnLhQy5UM?si=OUiXbqMEmPTg03Vl
Content Creation လုပ်နေသူတွေအတွက် content calendar template :
https://youtu.be/IZQKYwEK2Oo?si=8pKj6eHptp-RzsCS
Budget management အတွက်:
https://youtu.be/GxrhIuVxURo?si=lDxs1a815aEWuNtG
ကိုယ့် life တစ်ခုလုံး organize ဖြစ်စေဖို့:
https://youtu.be/YdCg7eSmYmI?si=uXAntt8y9wv2xfA9
ဒီလို video + free template လေးတွေနဲ့ စမ်းလို့ဝပြီဆိုရင် full tutorial ကြည့်ဖို့ collections လေးလုပ်ထားပေးပါတယ်။
Notion YouTube Channel လေးက ရ်ိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရတာ နားလည်လွယ်ပါတယ်။
https://youtube.com/@Notion?si=gKqPyCXGUVo_rLQI
💜 Jeff Su ရဲ့ productivity system က ရိုးရှင်းပြီး effective အရမ်းဖြစ်ပါတယ်။ သူ့ရဲ့ productivity system ကို notion မှာတည်ဆောက်ထားပုံလေးကို သဘောကျမယ်ထင်ပါတယ်။
Simple productivity system:
https://youtu.be/7M6bIeVbCqA?si=8yi7oNnSeqnt6bun
Note Management:
https://youtu.be/HT0jiQLT98Y?si=CDRcz-fYHarFbRWb
Daily planner:
https://youtu.be/XXYfRgXTEE0?si=A3Kg6pkolB7r5c5k
Project management:
https://youtu.be/OOYmBRr3zVs?si=Df_O3YLrJWsgCjEU
‼️ အခုလိုခေတ်ပြီး လုပ်စရာတွေ မှတ်စရာတွေဆိုတာ ကိုယ့်ဦးနှောက်တစ်လုံးတည်းနဲ့တောင် မလုံလောက်နိုင်တော့ဘူး။ ဟိုမေ့ဒီမေ့နဲ့ ကိုယ့်ဘာသာ အမြဲစိတ်တိုင်းမကျ ဖြစ်နေရင် notion မှာ second brain တည်ဆောက်ကြည့်ပါ။
What is second brain :
https://youtu.be/K-ssUVyfn5g?si=AZFsnoBTMFt12fcm
Notion set-up:
https://youtu.be/vs8WQh2k-Ow?si=K-ppLh4gc2TroUVl
Another tutorial:
https://youtu.be/uPaujvymMuI?si=9af2XcQPoVvtrtOQ
🥰 Free template list !
Google ခေါက်ပြီးကိုယ်ကြိုက်တဲ့ free Template လေးတွေ ရွေးပြီးစမ်းကြည့်လို့ရပါတယ်။
Free template တွေမှာမှ ကျွန်မအကြိုက်ဆုံးလေးတွေ list လုပ်ထားပေးပါတယ်။
( တစ်ချို့ဟာတွေက vpn နဲ့မှ download ဆွဲလို့ရတာနော်)
Habit Tracker:
https://joashtjung.notion.site/Habit-Tracker-8ec125a671d7457487af770dc14b237f
Simple Habit Tracker:
https://shop.gridfiti.com/products/simple-notion-habit-tracker-template
100-day Level Up Challenge: Habit Tracking & Bullet Journaling:
https://tangible-octagon-692.notion.site/Habit-Tracker-Bullet-Journal-A-100-Day-Journey-to-Level-Up-d40c5a060f524a5ab99a3bb977bc70a4
Sticky Notes Dashboard:
https://poonamsharma.gumroad.com/l/gutcgk
Yearly Planner and Organizer https://oasis-glass-9f6.notion.site/y-o-u-r-h-o-m-e-1c5bb60c6e524322880972dcef04c56e
Master Task Tracker for Students:
https://velvetjournal.notion.site/bdf86f1053cf47eea56e8c4f1fc4abd1?v=d5edee8e723f457c98f9709e295f4d61
Note-Taking Template:
https://thomasfrank.notion.site/Thomas-Frank-s-Note-Taking-System-67924a5a25934f0fbe2f154cffcd8f97
Simple Year in Review Template:
https://shop.gridfiti.com/products/notion-year-in-review-template
#mindingmy20s
#notion
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
