uk
Feedback
Animation World

Animation World

Відкрити в Telegram

ကြော်ငြာထည့်သွင်းလိုပါက Admin Acc @SGPH_Myanmar

Показати більше

📈 Аналітичний огляд Telegram-каналу Animation World

Канал Animation World (@mzpanimation) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 129 794 підписників, посідаючи 1 311 місце в категорії Фільми та 676 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 129 794 підписників.

За останніми даними від 25 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 1 633, а за останні 24 години на 41, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 0.63%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 814 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 2.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ကြော်ငြာထည့်သွင်းလိုပါက Admin Acc @SGPH_Myanmar

Завдяки високій частоті оновлень (останні дані отримано 26 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Фільми.

129 794
Підписники
+4124 години
+3377 днів
+1 63330 день
Архів дописів
Mavka: The Forest Song (2023) ====================== IMDb Rating – 7.4/10 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွ
Mavka: The Forest Song (2023) ====================== IMDb Rating – 7.4/10 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင် လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။ ဇာတ်ကားလင့် https://t.me/c/3005833589/57 Channel Join ရန်လင့် https://t.me/+IH4WhJfFKyNjNzk1 ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Seal Team (2021) ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေ
Seal Team (2021) ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲက ချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ် တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါ ခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲ အစာထွက်ရှာရင်း ဘန်ဂျီတစ်‌ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့ ကွင်တစ်‌ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲ Hmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့ ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်း အင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေး ဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင် ဇာတ်ကားလင့် https://t.me/c/3083213462/86 Channel Join ရန်လင့် https://t.me/+HXKXWgFH2o82ODRl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Brave (2012) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေ
Brave (2012) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ.. မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ် မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…..။ IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။ ဇာတ်ကားလင့် https://t.me/c/3441064926/41 Channel Join ရန်လင့် https://t.me/+ElcCnRoBUqswYzZl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အ
ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ် အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ် မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး  လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ ဒီကားရဲ့အသက်ပါပဲ တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့   အသံနောက်ခံတွေကတော့ တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့ မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ The Lorax (2012) ဇာတ်ကားလင့် https://t.me/c/3441064926/106 Channel Join ရန်လင့် https://t.me/+ElcCnRoBUqswYzZl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့
Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ ပွဲတော်မှာ Elsa တစ်ယောက် စွမ်းအားတွေထုတ်ဖော်မိပြီး သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ် Frozen (2013) ဇာတ်ကားလင့် https://t.me/c/3441064926/37 Channel Join ရန်လင့် https://t.me/+ElcCnRoBUqswYzZl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Secret Magic Control Agency(2021) Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေး
Secret Magic Control Agency(2021) Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဂရင်းညီနောင် ပုံပြင်များထဲက ဟန်ဆယ်နဲ့ ဂရေတယ်ကို မသိတဲ့သူတော့ မရှိသလောက်ပါပဲ။ ဒါကတော့ သူတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းအစမှာ​တော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်​နေတဲ့ အစားအသောက်တွေပြန်​ပေးဆွဲတာ ခံလိုက်ရပါတယ် အကယ်၍ ဘုရင်ပြန်​ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး က​မောက်ကမ ဖြစ်ကုန်မှာပါ ဒါ​ကြောင့် ဒီကိစ္စကို ​ဖြေရှင်းဖို့ SMCA ကို တာဝန်​ပေးလိုက်ပါ​တော့တယ် ​အထူး​အေးဂျင့် ဂ​ရေတယ်နဲ့ သူ့အစ်ကို လူလိမ် ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်။ SMCA ရဲ့ ​ခေါင်း​ဆောင်က ပြန်​ပေးသမားကို ဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်​ယောက်ကို တာဝန်​ပေးလိုက်ပါ​တော့တယ် စုံစမ်း​နေရင်း ဟန်ဆယ်ရဲ့ အမှား​ကြောင့် သူတို့နှစ်​ယောက်လုံး က​လေး​ပေါက်စ​လေး​တွေ ပြန်ဖြစ်သွားကြပါတယ် က​လေး​လေး​တွေ အဖြစ်နဲ့ ပဲ ပြန်​ပေးသမားကို လိုက်ရှာရင်း အလွဲ​လေး​တွေနဲ့ စွန့်စားခန်း ဖွင့်ကြပါ​တော့တယ် သူတို့​တွေ ဘုရင်ကြီးကို ရှာ​တွေ့ပါ့မလား ဘယ်လိုအခက်အခဲ​တွေနဲ့ရင်ဆိုင်ရမလဲ သူတို့နှစ်​ယောက်က ပြန်​ရော တည့်သွားကြမှာလားဆ်ုတာကို စွန့်စားခန်း ဆန်ဆန် ကြည့်ရှုကြရမှာပါ ဇာတ်လမ်း​လေးထဲမှာ မိသားစုက ဘယ်​လောက်ထိ အ​ရေးကြီးတဲ့ အ​ကြောင်းကိုလည်း သိကြရမှာပါ ဇာတ်ကားလင့် https://t.me/c/3720230171/34 Channel Join ရန်လင့် https://t.me/+ZnuG4sa5qNYwMzNl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Magic Arch 3D (2020) အားလုံးပဲ “Toy Story” ကာတွန်းကားလေးကိုသိကြတယ်ဟုတ် အခုဒီတစ်ခါကားလေးကိုလည်း Toy Story ဇာတ်ကားလေးကို Co-Wri
Magic Arch 3D (2020)   အားလုံးပဲ “Toy Story” ကာတွန်းကားလေးကိုသိကြတယ်ဟုတ် အခုဒီတစ်ခါကားလေးကိုလည်း Toy Story ဇာတ်ကားလေးကို Co-Writer အနေနဲ့ရေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ Vasiliy Rovenskiy ကရေးခဲ့တာပဲဖြစ်ပါတယ်။ ရေနေသတ္တဝါတွေစုပေါင်းပြီးနေထိုင်တဲ့ ရေအောက်မြို့လေးတစ်မြို့မှာ အခြားငါးတွေလိုကိုယ်ခံပညာတွေလေ့ကျင့်ရတာထက် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာကြိုက်တဲ့ ဒယ်လ်ဖီ ဆိုတဲ့လင်းပိုင်လေးတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာ ဒယ်လ်ဖီနဲ့သူငယ်ချင်း ဖြစ်သူငါးလေးဟာ ရေအောက်ထဲထိမြုပ်နေတဲ့ခံတပ်ဟောင်းကြီးတစ်ခုဆီဝင်သွားမိဖို့အကြောင်းဖန်လာပါတယ်။ ခံတပ်ကြီးထဲမှာ သတ္တဝါတစ်ကောင်ရဲ့နာမည်ကိုပြောလိုက်ရုံနဲ့ ထိုသတ္တဝါပုံပြောင်းသွားစေမယ့် မှော်ဝင်မုခ်ဝတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားမှာလည်း ငါးမြို့တော်ကိုသိမ်းချင်တဲ့ငါးရှဉ့်တွေကအဲဒါကိုမြင်သွားကြပါတယ်။ တာဝန်သိတဲ့ဒယ်လ်ဖီဟာ မြို့တော်ဝန်ကို မှော်မုခ်ဝအကြောင်းပြောဖို့ပြန်လာခဲ့ပေမယ့် မြို့အဝင်ဝကအစောင့်တွေဟာ စကားဝှက်မပြောနိုင်တဲ့ဒယ်လ်ဖီ့ကိုဝင်ခွင့်မပေးလို့ မုခ်ဝကြီးရှိတဲ့ဆီကိုပြန်သွားတဲ့အခါမှာ . . .သူတွေ့လိုက်ရတဲ့မြင်ကွင်းကတော့…… ဒီကားလေးက ကြည့်လေကြည့်လေဇာတ်ရှိန်တက်လေလေပါပဲ အစပိုင်းမှာအနည်းငယ်ဇာတ်အေးသလိုရှိပေမယ့် ဇာတ်လမ်းအလယ်နဲ့ နောက်ဆုံးမှာတော့ ရှေ့ကိုဘာဆက်ဖြစ်မယ်မသိပဲစိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး လျှို့ဝှက်ချက်လေးတွေလည်းပါဝင်လို့ အပျင်းပြေစေမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင် ကလေးငယ်လေးတွေလည်း အကြိုက်ဖြစ်စေမယ့် Animation Movies လေး မို့တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလင့် https://t.me/c/3720230171/52 Channel Join ရန်လင့် https://t.me/+ZnuG4sa5qNYwMzNl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Wish Dragon (2021) တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့
Wish Dragon (2021) တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်… အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။ ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။ မတူတာကတော့ ဇာတ်လမ်းပါ… အာရှတို့ရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့်ကားလေး လို့ညွှန်းချင်ပါတယ်ခင်ဗျာ.. စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။ ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်.. လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်… လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး.. အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန… လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့ အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်… ဇာတ်ကားလင့် https://t.me/c/3720230171/54 Channel Join ရန်လင့် https://t.me/+ZnuG4sa5qNYwMzNl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Barbie: Skipper and the Big Babysitting Adventure (2023) ဘာဘီကားကြိုက်တဲ့သူတွေအတွက်ဘာဘီကားလေးလာပါပြီ။ ဒါပေမဲ့ဒီကားလေးကတော့ ဘာ
Barbie: Skipper and the Big Babysitting Adventure (2023) ဘာဘီကားကြိုက်တဲ့သူတွေအတွက်ဘာဘီကားလေးလာပါပြီ။ ဒါပေမဲ့ဒီကားလေးကတော့ ဘာဘီ့ညီမဖြစ်တဲ့စကစ်ပ်ပါရဲ့ ဇာတ်ကားလေးပါ။ နွေရာသီပိတ်ရက်မှာ ကလေးထိန်းစင်တာလေးဖွင့်ထားတဲ့စကစ်ပ်ပါတစ်ယောက် အဆင်ပြေပြေကလေးထိန်းနိုင်ပါ့မလား.. ဘယ်လိုပြဿနာတွေဖြစ်ပြီး သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကတော့… ဇာတ်ကားလင့် https://t.me/c/3083213462/75 Channel Join ရန်လင့် https://t.me/+HXKXWgFH2o82ODRl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Return to Never Land (2002) ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်…
Return to Never Land (2002) ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်…ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်…အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်…ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်…ဒီကားထဲမှာတော့ ဝန်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်…ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်…ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်…ယောကျာၤးသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ဝင်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်…ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကိုအလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်…ဒီထဲတွင် ဝန်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်..ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်…အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ…ကလေးဘဝထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..အဲတော့  ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ…သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား…Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်…ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်…. ဇာတ်ကားလင့် https://t.me/c/3720230171/53 Channel Join ရန်လင့် https://t.me/+ZnuG4sa5qNYwMzNl ဇာတ်လမ်းအစုံကြည့်ရန် https://t.me/addlist/ueNwQploRbQ1MGM1

🔟 အပေးကြမ်းတဲ့ 🇹🇭🇲🇲🔤🔤🔤🔤🔤🔤🔤🔤ဂိမ်းဆိုက်အကြောင်း မနန်းပြောပြီ 👉နာမည်ကြီးဂိမ်းတွေဖြစ်တဲ့😃😀🎍🍃🍃 😃စလော့ 🐬ငါးပစ် 😃ကာစီနို 😀ဘော့လုံးတို့ကို တစ်နေရာထဲမှာ အစုံဆော့ချင်တယ် ငွေသွင်းငွေထုတ်ကလည်း ယုံကြည်စိတ်ချရမှကြိုက်တယ်ဆို🪙🥵 ညီမတို့ ဂိမ်းဆိုက်ကို 👋လိုက်ပါရှင့်📞

Animation World - Статистика та аналітика Telegram каналу @mzpanimation