cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Daily Voice News

Більше
Рекламні дописи
903
Підписники
+624 години
+377 днів
+19230 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးဇလ သတိပေးထုတ်ပြန် DVN၊စာသတင်း။ ဇူလှိုင် ၊ ၁ ။ ဧရာဝတီမြစ်ရေဟာ ဇူလှိိုင်လ ပထမပတ် အတွင်းမှာ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ ဇူလိုင်ပထမပတ် ၁၀ ရက်ပတ်အတွက် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့မှာ မြစ်ရေဟာ ၆ ပေကနေ ၁၀ ပေထိ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်မြို့တွေမှာ ၁၀ ပေ ကနေ ၁၂ ပေခန့်ထိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာ ၄ ပေကနေ ၅ ပေထိမြင့်တက်နိုင်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အဲဒီလိုပဲ ချင်းတွင်းမြစ်ရေဟာလည်း မြင့်တက်လာနိုင်တာကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ စတဲ့မြို့တွေမှာလည်း အခုရှိနေတဲ့ ၈ ပေကနေ ၁၃ ပေထက် ပိုမိုမြင့်တက်လာနိုင်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ လက်ရှိဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁၂၀၀ စင်တီမီတာထက် ၄ ပေကျော် မြင့် တက် လာတာကြောင့် ရပ်ကွက်အများစု ရေနစ်မြုပ်မှုဒဏ်ကို ခံသားနေကြရပြီး ထောင်နဲ့ ချီတဲ့ ပြည်သူတွေဟာလည်း ပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ (ပုံ ၊မြစ်ကြီးနားရေနစ်မြုပ်နေမှုမြင်ကွင်း။မြစ်ကြီးနားဒေသခံတစ်ဦး ရဲ့ Fac ebook အကောင့်မှပြန်လည်ကူးယူဖော်ပြသည်။)
Показати все...
Фото недоступнеДивитись в Telegram
စစ်ကောင်စီကDMG သတင်းထောက်တစ်ဦး နဲ့ ရုံးဝန်ထမ်း တစ်ဦးကို ထောင် ၅ နှစ်ချမှတ်တဲ့အပေါ်ကန့် ကွက်ရှုတ်ချတယ်လို့ IMJA ထုတ်ပြန် DVN၊စာသတင်း။ ဇွန် ၊ ၃၀ ။ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို အာဏာသိမ်း စစ်ကောင်စီ က ဇွန်လ ၂၈ ရက်နေ့မှာ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ်ချ မှတ်ခဲ့တဲ့ အပေါ်မှာ ပြ င်းထန်စွာ ကန့်ကွက်ရှုတ်ချတယ် ဒီနေ့ ဇွန်လ ၃၀ ရက်နေ့မှာ IMJAကသတင်းထုတ်ပြန်လာပါတယ်။ သတင်းထောက် ကိုထက်အောင် ကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်တွေမြို့ ဝင်္ကဘာ ကွင်းမှာ ပြုလုပ်တဲ့ သီတင်းကွ ျတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲ အတွင်းမှာ သွားရောက် သတင်းဓာတ်ပုံရိုက်နေကူနေစဉ် မှာ စစ် ကောင်စီ တပ် တွေက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၂၉ ရက်ညမှာ ရခိုင်အခြေစိုက် Development Media Group (DMG)ရဲ့ ရုံးခန်းကို စစ်ကောင်စီ တပ်တွေက ထပ်မံဝင်ရောက် စီးနင်းခဲ့ပြီးရုံးအစောင့် ကိုစိုးဝင်းအောင်ကိုပါ ထပ်မံဖမ်းဆီးကာ သတင်း ထော က် ကိုထက်အောင် နဲ့အတူ စစ်တွေ မြို့ အမှတ် ၁ ရဲစခန်း ရဲအုပ်ဗိုလ်ဗိုလ်ကျော်က တရားလို ပြုလုပ်ကာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂ နဲ့ တရားစွဲဆိုကာ အခုလို အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို သတင်းသမားတွေကို အပေါ် ပစ်မှတ်ထားဖမ်းဆီးတာတွေကို ချက်ခြင်းရန်တန့်ပေးဖို့ လိုအပ်သလို ဖမ်းဆီးထား သောသတင်း သမား အားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA)က တိုက်တွန်းတောင်းဆိုထားပါတယ်။ အခုလို စစ်ကောင်စီ အနေ နဲ့ သတင်းသမား တွေ အပေါ်မှာ မတရားသဖြင့် ဖမ်းဆီး ထောင်ချမှုတွေ လုပ်ဆောင် နေတာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပြီး အခု လုပ်ဆောင်ချက် ကိုလည်း စစ်ကောင်စီ အနေ နဲ့ သတင်း မီဒီယာသမားတွေ အပေါ်မှာ ကျူးလွန်ထားတဲ့ ပြစ်မှု တစ်ခု အနေ နဲ့ မှတ်တမ်းတင် ထားမှာ ဖြစ်တယ်လို့ IMJA က ထုတ်ပြန်ပြောဆိုထားပါတယ်။
Показати все...
Фото недоступнеДивитись в Telegram
ဂွမှာ အရပ်သားတစ်ဦးပထမဆုံး မိုင်းထိမှန်သေဆုံး DVN၊စာသတင်း။ ဇွန် ၊ ၃၀။ ဂွမြို့နယ် ရဟိုင်းကွင်းဆည် အနောက်ဖက် တောင်တန်းမှာ သစ်ခုတ်သွားတဲ့ အမျိုးသား တစ်ဦးဟာ မနေ့က ဇွန်လ ၂၉ ရက်နေ့ညနေမှာ ၅ နာရီလောက်မှာ မြေမြုပ်မိုင်းနင်းမိကာခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီသေဆုံးသွာတဲ့ သူဟာ ရဟိုင်းကွင်းကျေးရွာက အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်သူ တွေ နဲ့ ရဟိုင်းကွင်းဆည် အနောက်ဖက် တောင်တန်းက သစ်ခုတ်ပြီး အပြန်လမ်းမှာ ဟင်းခူရာကနေ အခုလိုမြေမြုပ်မိုင်း နင်းမိပြီးခြေတစ်ဖက်ပြတ်ထွက်ကာ အခုလို သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဂွဒေသခံ တစ်ဦးကပြောပါတယ်။ “သူနဲ့ နောက်လူတွေလည်းပါတယ်။သူက အပြန်မှာ ဟင်းခူးရင်းလာတာ အဲဒီမှာ သူမိုင်းနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်ထွက်သွားတာ။သူနဲ့အဖော်တွေက သူ့ကို ဆေးရုံပို့ဖို့ အမြန်သယ်လာပေမေ့ နည်းနည်းဝေးတော့ လမ်းမှာ ၁နာရီလောက်ကြာသွားတယ် သွေးထွက်ကလည်း လွန်လာတယ် အသက်ကြီးပိုင်းကလည်း ဖြစ်တော့ ။အဲဒီမှာ ဆေးရုံ အရောက်မှာ သူဆုံးသွားတယ်လို့ သူကပြောပါတယ်။ ဂွမြို့နယ် အတွင်းမှာ အရပ်သားမိုင်းထိသေဆုံးမှုဟာ ဒါပထမဆုံး အကြိမ်းဖြစ်တယ်လို့လည်း ဂွမြို့နယ်ဒေသခံတွေက ပြောဆိုကြပါတယ်။ ပုံ၊စာ။ CJ
Показати все...
😢 4👍 1
ပေါက်ကွဲသံတွေကြားက စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ သံတွဲမြို့ခံများ DVN၊ဓာတ်ပုံသတင်း။ ဇွန် ၊ ၃၀ ။ ပေါက်ကွဲသံတွေ နဲ့ အတူ အသက်ရှင်ရပ်တည်စားသောက်နိုင်ဖို့အတွက် ရုန်း ကန်နေကြတဲ့ သံတွဲမြို့ခံတွေ ရဲ့ ဒီနေ့ မနက်ပိုင်းမြင်ကွင်းလေးဖြစ်ပါတယ်။ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ သံတွဲမြို့နယ်၊ငပလီမြို့ အနီးတဝိုက်မှာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတာ ရှိနေပါသေးတယ်။ မနေ့က ဇွန်လ ၂၉ ရက်နေ့ ညနေမှာလည်း ရွှေကျောင်းပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်တွေ အများအပြားမီးလောင်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ပုံ၊စာ CJ
Показати все...
👍 3
Показати все...

Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.