cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Movie Zone ( 1 )

Більше
М'янма319Бірманська312Фільми910
Рекламні дописи
153 898
Підписники
+26124 години
+16 5797 днів
+36 21730 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
ဟွမ်မြောင်ရွာမှဖုတ်ကောင်များ (黄庙村怪谈) Huang Miao Village's Tales of Mystery (2023) ဇာတ်လမ်းအကျဉ်း အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဖုတ်ကောင်ဖမ်းဆရာကြီး ဦးလေးကျိုဟာ သိုင်းလောကမှာ လှည့်လည်ခရီးသွားနေတဲ့သူဖြစ်တဲ့တစ်လျှောက် တစ်နေ့မှာ ဟွမ်မြောင်ရွာကို လမ်းကြုံရောက်သွားခဲ့ပါတယ် အဲဒီဟွမ်မြောင်ရွာ သူထင်သလောက်မရိုးရှင်းနေဘဲ နေရာအနှံ့မှာ မကောင်းတဲ့အနံ့အသက်တွေနဲ့ပြည့်နေခဲ့ပါတယ် ဦးလေးကျိုနဲ့ သူတပည့်ချန်ကန်းတို့ မူမမှန်တဲ့ဟွမ်မြောင်ရွာမှာ သတိကြီးကြီးနဲ့ နေရင်း သတို့သမီးဖုတ်ကောင်နဲ့ ပက်ပင်းတိုးမိသွားပါတယ် ဒီလိုနဲ့ သူတို့ဆရာတပည့်နှစ်ယောက် လိုက်လံစုံစမ်းရာမှ နောက်ထပ်ဖုတ်ကောင်တွေအများကြီး ဟွမ်မြောင်ရွာထဲမှာ ပုန်းနေတယ်ဆိုတာသိလိုက်ရတဲ့အခါ ထုံးစံအတိုင်း ဖုတ်ကောင်တွေကိုရှင်းဖို့ ဦးလေးကျိုတို့ ဆရာတပည့်နှစ်ယောက် ကြိုးစားကြပါတော့တယ် #ReviewbyYourDimple #SoulKingdomMovie #Credit
Показати все...
👍 25 2
1:23:58
Відео недоступнеДивитись в Telegram
Thug Teacher (2019)
Показати все...
Thug Teacher (2019).mp4691.99 MB
👍 8 3
Фото недоступнеДивитись в Telegram
Twenty.Hacker (2021) -------------------------------- IMDB (5.3/10) ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုးလိုက်ရပါတယ်... ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို သူကိုယ်တိုင်ဟက်ကာလုပ်ဖို ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲနဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ဂျယ်မင်းတို တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖိုအတွက် သူတိုအချင်းချင်းပူးပေါင်းပြီး ဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ #Credit
Показати все...
👍 24 3
Фото недоступнеДивитись в Telegram
Dark World (2021) IMDB: 6.0/10 တတိယကမ္ဘာစစ်အပြီး ကမ္ဘာတစ်ဝန်းမှာ နိုင်သူရှုံးသူရယ်မရှိပဲ စစ်ပွဲရဲ့အကြွင်းအကျန် လူတစ်စုပဲကျန်ခဲ့တဲ့အချိန်ကိုရောက်လာခဲ့တယ်နည်းပညာခေတ်ထက် လျင်သူစား သန်မာသူအနိုင်ရပြီး အားနည်းသူက သားကောင်ဖြစ်ရတဲ့ အမှောင်ခေတ်ကို ပြန်ရောက်လာခဲ့တယ်ဘယ်အသိုင်းအဝိုင်းမှာမဆို အုပ်ချုပ်သူရှိနေသလို အမှောင်ခေတ်ရဲ့အုပ်ချုပ်သူ ဘော့စ်ရှိနေပေမယ့် မျက်နှာမမြင်ဖူးခဲ့ကြပါဘူးရိုးရာဓလေ့ကစားပွဲတစ်ခုကို နှစ်စဉ်ကျင်းပပြီး အနိုင်ရသူက ဆုကြေးငွေတွေအပြင်ဘော့စ်နဲ့ပါတွေ့ခွင့်ရမှာပေါ့ကစားပွဲက ကလေးတွေကစားတဲ့ ရိုးရာကစားနည်းတွေကို ဆန်းသစ်ထားတာဖြစ်ပြီး ရှုံးတဲ့သူကသေမှာပါဒီကစားပွဲနဲ့ညစ်နွမ်းတဲ့အသိုင်းအဝိုင်းကိုဖယ်ချဖို့ ဘော့စ်ကိုဖယ်ရှားချင်နေတဲ့ ဖဲလ်…အကြောင်းအရင်းတစ်ခုကြောင့် ဖဲလ်ကိုကာကွယ်ပေးချင်နေတဲ့ လန်…ငယ်စဉ်ကအရောင်းစားခံရပြီး နှိပ်စက်ခံရလို့ မိန်းမပျက်တစ်ယောက်လိုနေလာတဲ့ အိုင်းရင်း…သူတို့သုံးယောက် ဒီကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာချိန်မှာ အနိုင်ရရှိသူက ဘယ်သူဖြစ်မလဲ ဘော့စ်ကရော ဘယ်သူလဲ လျင်သူစားစတမ်းဖြစ်နေတဲ့ လောကမှာ ဓမ္မက အဓမ္မကိုနိုင်နိုင်မှာလားဆိုတာဒီဇာတ်လမ်းမှာ ဆက်ကြည့်ရှုရအောင်ပါ ။ #Crd
Показати все...
👍 31 4
Фото недоступнеДивитись в Telegram
Thug Teacher (2019) Genre - Action ဒီကားကေတာ့ ၂၀၁၉ ခုနှစ်ကထွက်ထားတဲ့ ကျောင်းသား Action ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းတစ်ခုမှာ တော်တော်ဆိုးတဲ့ ကျောင်းသားတွေပဲစုနေတဲ့ အခန်းတစ်ခန်းရှိပါတယ်။ဒါကတော့ဆယ်တန်း အခန်း ၄ပေါ့။ အဲ့အခန်းကကျောင်းသားလူမိုက်လေးတွေက သူတို့ကိုစည်းကမ်းထုတ်တဲ့ဆရာတွေဆို ဆုံးမလွွတ်နေကြပါ။တရက်သူတို့ကိုစည်းကမ်းလာထု တ်တဲ့ ဆရာတစ်ယောက်ကိုဆေးရုံတက်ရတဲ့အထိ ရိုက်နှိက်လိုက်တဲ့အတွက် အဲ့အခန်းမှာစာသင်ပေးမယ့် တာဝန်ကျဆရာမရှိဖြစ်သွားပါတယ်။အဲ့အချိန်အစားထိုး ဝင်လာတဲ့ဆရာကတော့ နာထယ်ဂီဆိုတဲ့ဆရာပါ။သူကိုစစဝင်ချင်းတုန်းကသာမန် ဆရာတွေလိုပဲထင်ပြီးကျောင်းသားတွေကပညာပြဖို့ကြိုး စားခဲ့ကြတာပေါ့။ဒါပေမယ့်ဖြစ်ချင်တော့ဒီဆရာက အထက်တန်းကျောင်းတုန်းကတည်းက ရန်ဖြစ်ရင် တော်တော်လေးဆရာကျတဲ့ သူတစ်ယောက်ဖြစ်နေတယ်။အဲ့ဒီတော့ကျောင်းသားဆိုး တွေလည်းသူကို မလှန်နိုင်ဖူးပေါ့။အဲ့ဆရာကငယ်တုန်းကဆိုးပေမယ့် အခုတော့ပြုပြင်ပြီး ဆရာကောင်းတစ်ယောက် ဖြစ်လာတာပေါ့။အဲ့ကျောင်းမှာလည်း သူလိုဆိုးပေမယ့် ပြူပြင်ဖို့ကြိုးစားနေတဲ့ကျောင်းသားတစ်ယောက်ရှိတယ် ။နာမည်က ဂျောင်းနမ်ဟွန်းတဲ့။သူကလည်းမဟုတ်မခံစိတ်လေးရှိပေ မယ့် အကြမ်းဖက်တာတွေ၊ရန်ဖြစ်တာတွေကနေ ရုန်းထွက်ဖို့ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်ပေါ့။ဒီ ဆရာနဲ့ဒီကျောင်းသားလေးကြားက ဆရာနဲ့တပည့်သံယောဇဉ်တွေအပြင် ကျောင်းသားအချစ်ဇာတ်လမ်းလေး၊ဆရာရဲ့အချစ်ဇာတ် လမ်းတွေပါ တွဲထည့်ပေးထားလို့ ပျင်းဖို့မကောင်းပဲကြည့်ရတာ ကောင်းမယ့်ကားလေးတကားပါ။ဆရာတစ်ယောက်ဘဝ ကိုသေချာဖော်ပြပေးထားပြီး ကျောင်းသားလောကရဲ့ဗိုလ်ကျတတ်ပုံနဲ့ အခက်အခဲလေးတွေကိုလည်း သဘာဝကျကျရိုက်ပြထားပါတယ်။အားလုံးပဲ ဒီကားလေးကို ခံစားကြည့်ရွုစေချင်ပါတယ်။
Показати все...
👍 25 2🥰 1🤔 1
Фото недоступнеДивитись в Telegram
Mood Of The Day (2016)
Показати все...
👍 5
1:48:18
Відео недоступнеДивитись в Telegram
Dark World (2021)
Показати все...
Dark World (2021)_720p.mp4932.77 MB
👍 4 1
Фото недоступнеДивитись в Telegram
အိမ်တော်ကိုးခုရဲ့အစခရီး (၂၀၂၂) ၂၀ရာစုနှောင်းပိုင်းကာလတွေမှာ တရုတ်နိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီး ပြည်သူတွေလည်းဒုက္ခရောက်ခဲ့ရတယ် ထူးဆန်းတဲ့သွေးမျိုးဆက်ပိုင်ရှင်တွေဖြစ်တဲ့ ကျန်းမိသားစုတွေကလည်း ဖမ်းဆီးခံခဲ့ရပြီး အစမ်းသပ်ခံတွေဖြစ်ခဲ့ရတယ် ကျန်းမျိုးနွယ်သွေးတစ်ဝက်သာရောစပ်တဲ့ ကျန်းမျိုးနွယ်အခွဲတစ်ခုကတော့ အိမ်တော်ရဲ့လျှို့ဝှက်ချက်တွေနဲ့အတူ ရှင်သန်ကျန်ရစ်ဖို့ ကြိုးစားရပါတော့တယ် ကျန်းတဖော့ရယ်လို့နောင်တစ်ချိန်ဖြစ်လာမဲ့ ကျန်းချီရှန်း ကတော့ ချန်းရှကိုရောက်လာပြီး  အာ့ယွဲ့ဟုန်နဲ့ ဘယ်လိုတွေ့ဆုံခဲ့ကြလဲ ကျန်းအိမ်တော်အတွက်ဘယ်လိုလက်စားချေခဲ့ပြီး အိမ်တော်ကိုးခုကို ဘယ်လိုစုစည်းမလဲဆိုတာကိုတော့ "အိမ်တော်ကိုးခုရဲ့အစခရီး"ဆိုတဲ့Movieလေးမှာ စောင့်မျှော်ကြည့်ရှုကြပါဦးနော် #crd
Показати все...
👍 17 3
1:14:00
Відео недоступнеДивитись в Telegram
အိမ်တော်ကိုးခုရဲ့အစခရီး (၂၀၂၂)
Показати все...
512.64 MB
👍 4 1
IMDB: 6.7/10 171 votes Mood of the day ဇာတ်ကားဟာဆိုရင် ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb Ratting 6.7 ရရှိထားပါတယ် Oldboy,A Weresolf boy တို့နှင့်လူသိများသော မင်းသား Yeon-Seok Yooနှင့်War of arrows ဇာတ်ကားထဲမှ မင်းသမီး Chae-won Moonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ် အချစ်ဆိုတဲ့အရာဟာ ရက်တွေလတွေနှစ်တွေကြာအောင် ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာတကယ်ဖြစ်လာနိုင်သလား…… အချစ်စစ်ဆိုတာဟာ အဲ့လောက်အချိန်တွေအများကြီးမကြာနိုင်ပေမယ့်လည်း တစ်ရက်တည်းနဲ့တကယ့်အချစ်ဖြစ်သွားနိုင်တယ်ဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကိုအလေးမထားတဲ့ မင်းသား ဂျေဟွန်း(နဲ့ တယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်တဲ့မင်းသမီး ဆိုဂျန်(Chae-won Moon)ဟာ မိမိတို့ရဲ့အလုပ်ကိစ္စနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံကြပါတော့တယ်… နှစ်ယောက်စလုံးရဲ့အလုပ်ကိစ္စက နာမည်ကျော်ဘက်စဘော်ကစားသမား ကင်ဂျင်ချွဲဆိုသူကို ရှာဖွေဖို့ပဲဖြစ်တယ်….တရက်တည်းပဲတွေ့ဆုံပြီး ဘက်စကစ်ဘော်ကစားသမားတယောက်ကိုရှာဖွေရင်း တင်္ဂလေးအတွင်းမှာပဲ တယောက်နဲ့တယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့… မင်းသားကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား… မင်းသမီးကရော သူ့ရဲ့အနှစ်နှစ်အလလချစ်ရတဲ့ချစ်သူကိုစွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…. #Credit
Показати все...
👍 8 4