Mindscape
Відкрити в Telegram
Channel date-15.4.24 This channel offers a great place to explore literature, education, science, and a wide range of general knowledge topics. If you need any help, I’m here to help Bot - @Knowledge_by_bot
Показати більше2 208
Підписники
-224 години
-157 днів
-9430 днів
Архів дописів
2 208
Channel မှာလဲဘာမှမတင်ဖြစ်သေးဘူး မှော်ရူးရူးနေတာနဲ့😭
မနေ့ကတင်မလို့ပါပဲဒါပေမယ့်ရေးထားတဲ့ content ကရုတ်တရတ်ပျောက်သွားတယ်
အစကနေပြန်ရေးရတော့မှာမို့ခနစောင့်ကြပါအုံး
#Dee
2 208
အခုတလော Tarot လောကမှာ AI နဲ့ ဟောတာတွေ ခေတ်စားနေတာ သတိထားမိမှာပါ။ ကျွန်တော်ကတော့ Tarot ကို Main အဖြစ် ဟောတာကို ခဏ နားထားပါဦးမယ်။
တခြားသော Divination ပညာရပ်တစ်ခုခုကို ပိုပြီး ကျွမ်းကျင်အောင် အာရုံစိုက် လေ့လာသွားဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေ၊ သိချင်တာတွေရှိလို့ tarot မေးချင်ရင်တော့ အမြဲတမ်း ကြိုဆိုနေဆဲပါ။
ကျွန်တော် ၂၀၂၅ ကတည်းက လေ့လာခဲ့တာဆိုပေမဲ့ ခုထိ ပညာအရည်အချင်း မပြည့်စုံသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။
ဒါကြောင့် လူတိုင်းကို ယုံကြည်ပါလို့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ဟောဖူးတဲ့ Client တိုင်းနဲ့ကတော့ ကျွန်နော်နဲ့ Energy ကိုက်ညီမှုရှိကြပါတယ်။ ကျွန် နော်က AI ကို လုံးဝ မသုံးဘဲ ကျွန်တော့်ရဲ့ Intuition နဲ့ စိတ်စွမ်းအားကိုပဲ အဓိကပေါင်းစပ်ပြီး စေတနာပါပါ ဟောပေးတာ ဖြစ်လို့ပါ။
ဒါ့ကြောင့်လဲ ကျွန်နော်က ကျွမ်းကျင်အဆင့်မဟုတ်သေးတာကြောင့်အားလုံးကိုကြေးတောင်းရမှာအားနာလှပါတယ်။ ဒါပေမယ့်တချို့ကတော့ အတင်းလာပေးကြပါတယ်။ ကျွန်နော့်ကိုအပြည့်အဝကြီးယုံကြည်ပါလို့အတင်းတိုက်တွန်းနေတာမဟုတ်ပါဘူးနော် ။ ကျွန်နော်ဟောပေးလိုက်တဲ့သူတိုင်း energy ကိုက်ကြတာကိုပဲပြောတာပါ။
ကဲအခုလောလောဆဲတော့ tarot အတွက် Channel မှာကျွန်နော် free reading ပဲလုပ်ပေးဖြစ်ပါမယ်။ intuition သုံးရတာအရမ်းများလာရင်တော့ကျွန်နော် Tarot ဟောချင်းခနနားထားပါအုံးမယ်။
#Dee
2 208
English challenge ထပ်လုပ်ဖို့စီစဉ်လိုက်ပါပြီ
စမယ့်ရက်ကနောက်အပတ် Monday ပါ ဒီနေ့ကတည်းက private channel ထဲလာဝင်ထားပါ။
ဒီ challenge မှာ
Vocabulary, reading, writing, speaking ကိုအဓိကထားမှာပါ။
အချိန်အားဖြင့် 10ရက်ကြာမြင့်မှာဖြစ်ပါတယ်။
Level အနေနဲ့ A2 level ပါ အဓိကက တော့ A2 ကနေ B1 ကိုမြန်မြန် level up လုပ်နိုင်စေဖို့ရည်ရွှယ်ပါတယ်။
Schedule က မနက် 10နာရီတိုင်း Day အလိုက်လုပ်ရမယ့် topic တွေကိုတင်ပေးမှာပါ အိမ်စာကတော့ညပိုင်း 12နာရီနောက်ဆုံးထားထပ်ရပါမယ်။
Channel ထဲတွင် active မဖြစ်တဲ့သူများ၊အိမ်စာမလုပ်သူများကို ထုတ်ပစ်မှာပါ။ကိုယ်ကတကယ်လေ့လာချင်တယ်၊ active လဲဖြစ်မယ် ၊အိမ်စာလဲလုပ်မယ်ဆို လာ join ပါ။
ဒီလောက်ဆိုရင်တော့နားလည်လောက်မယ်ထင်ပါတယ်။
Private channel link
ကို ဒီး Dm မှာလာတောင်းပါ။
@Dee_fav_15
#Dee
2 208
English challenge တစ်ခုထပ်လုပ်ပေးရမလား
တချို့ အလေးမထားတဲ့သူတွေရှိတော့ မလုပ်ချင်တော့ဘူးဖြစ်နေတယ်။ ဒါပေမယ့် vote တွေများရင်တော့လုပ်ပေးဖြစ်မယ်။
2 208
+3
ဒီပညာရပ်ကို စတင်လေ့လာရတာ စိန်ခေါ်မှုတွေရှိပြီး တစ်ခါတလေ ပင်ပန်းပေမယ့်... ကိုယ်ဟောပေးလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူအတွက် အလင်းတစ်ခု ဖြစ်စေခဲ့တယ်ဆိုတာ သိရတဲ့အခါ တကယ်ပဲ အားအင်တွေ ပြန်ပြည့်သွားရပါတယ်။ 🤍
ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး အခုလို feedback လေးတွေ ပြန်ပေးတာဟာ ဒီလမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
#Dee
2 208
Subliminal အသစ်တစ်ခုလုပ်ပေးမလို့ဒီ link ထဲဝင်ပြီးလုပ်စေချင်တာလေး vote လာပေးကြပါ။
https://t.me/Magic_sharing/29
#Dee
2 208
ဒီနေ့ ဒီး အတွေးလေးတစ်ခု ရလာတယ်။ အဲဒါကတော့ လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိနေကြတယ် ဆိုတာပါပဲ။ News Feed မှာ ကြည့်လိုက်တိုင်း ကိုယ့်ထက်သာတဲ့သူ၊ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားကျရင်း "ငါကတော့ မတော်ပါလား" ဆိုတဲ့ အတွေးတွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။
ဒီလိုနှိုင်းယှဉ်ခြင်းနဲ့ပတ်သတ်ပြီး ပုံပြင် လေးတစ်ပုဒ်ကိုဉပမာအနေနဲ့ ပြောပြပေးပါရစေ
- တောအုပ်တစ်ခုထဲမှာ ဝါးပင် နဲ့ နှင်းဆီပင် ဆိုပြီး ရှိသတဲ့။ နှင်းဆီပင်က စိုက်ပြီး မကြာခင်မှာပဲ လှလှပပ ပွင့်လာတော့ ဝါးပင်လေးက သူ့ကိုယ်သူ နှိုင်းယှဉ်ပြီး အားငယ်နေတာပေါ့။ "ငါကတော့ ဘာမှ ဖြစ်မလာပါလား" လို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ဝါးပင်လေး မသိတာက သူဟာ အပေါ်ယံမှာ ဘာမှမထူးခြားခင် မြေအောက်မှာ အမြစ်တွေကို ခိုင်မာအောင် အရင် တည်ဆောက်နေရတာပါ။ အချိန်တန်တဲ့အခါမှာတော့ ဝါးပင်ဟာ တခြားအပင်တွေထက် မြင့်မားစွာနဲ့ မားမားမတ်မတ် ထွက်ပေါ်လာပါတော့တယ်။
တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ- တခြားသူက Marketing ကျွမ်းကျင်နေရင် သူ့လို ဖြစ်ချင်လိုက်တာလို့ ထိုင်တွေးနေမယ့်အစား ကိုယ့်မှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ စတင် ကြိုးစားကြည့်လိုက်ပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါ ကိုယ် အရင်က အားကျခဲ့ရတဲ့သူထက်တောင် ပိုတော်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီးကိုယ်တိုင်လည်း အသက် ၁၄ နှစ်လောက်က ကိုယ့်ထက်ကြီးတဲ့ အစ်မတစ်ယောက် Content Writer အဖြစ် အောင်မြင်နေတာကို ကြည့်ပြီး အားငယ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ ဒီးရဲ့ Knowledge Sharing Channel လေးက Subscriber ၃၀၀ ကျော်ပဲ ရှိပါသေးတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေမယ့်အစား "ငါ ဘာလုပ်နိုင်မလဲ" လို့ ပြန်မေးပြီး ည ၂ နာရီထိ မအိပ်ဘဲ ကြိုးစားခဲ့လို့ Subscriber ၄၀၀ ပြည့်အောင် လုပ်နိုင်ခဲ့ပါတယ်။ အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။ ဖုန်းပျက်သွားလို့ ၉ လလောက် နားလိုက်ရတာ၊ အင်တာနက်လိုင်း မရှိလို့ အဘွားအိမ်မှာသွားပြီး Wifi သုံးရတာတွေပေါ့။ စိတ်ဓာတ်ကျပြီး အကုန်လွှတ်ချချင်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ဒီး ပြန်ထခဲ့ပါတယ်။ Speaking Club တွေ၊ Study Challenges တွေကို စတင်နိုင်ခဲ့တယ်။ ပြီးတော့ဒီး လေးစားရတဲ့ Owner Haruki (အက္ခရာ) နဲ့ Owner Eric တို့ရဲ့အကူအညီတွေလဲအများကြီးပါခဲ့တာပေါ့။ ဒီးဒီ နေရာကနေ အမြဲတမ်းသဘော ကောင်း ပေးကူညီပေးခဲ့တဲ့ အစ်ကိုတို့ကို လက်အုပ်ချီကန်တော့ပါရစေ🙏🏻။၂၀၂၆ ခုနှစ်မှာတော့ ဒီးရဲ့ Channel လေးဟာ Subscriber 3,000 ကျော်အထိ အောင်မြင်လာခဲ့သလို၊ အခု မတ်လ ၄ ရက်နေ့မှာတော့ Mystic Aura ဆိုတဲ့ Channel အသစ်လေးကိုပါ ထပ်မံ ချပြနိုင်ခဲ့ပါပြီ။(Mystic Aura ကိုတည်ထောင်ဖြစ်ခဲ့တာကလဲ magic သင်တန်းတစ်ခုကပါ။ Tarot နဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရအောင်သင်ပေးခဲ့တယ့် Professor (ဆရာ)တို့ကိုလဲကျေးဇူးတင်မိပါတယ်။)ဒီတော့ အဆုံးသတ်အနေနဲ့... အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ၊ ကျရှုံးမှုတွေ ရှိခဲ့မလဲဆိုတာကိုလည်း ထည့်စဉ်းစားကြည့်ပေးပါ။ ဒီးရဲ့ ဒီရလဒ်တွေက မပြည့်စုံသေးပေမယ့် ဒီး ဆက်ပြီး ကြိုးစားသွားဦးမှာပါ။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှု အချိန်အခါဆိုတာ ရှိကြတာမို့လို့ သူများနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ခြေလှမ်းတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားလိုက်ကြရအောင်နော်။ ကဲ... ဒီနေ့မနက်ခင်းလေးကစပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "Small Steps Challenge" လေး အတူတူ လုပ်ကြည့်ရအောင်။ * Step 1: ကိုယ်အားကျလေးစားရတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်ကို ချရေးပါ။ ပြီးရင် သူတို့ဆီက ကိုယ်အတုယူချင်ဆုံး "အရည်အချင်း တစ်ခု" ကိုပါ ဘေးမှာ တွဲရေးလိုက်ပါ။ * Step 2: "ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ချင်တဲ့အရာတွေကို အကုန်ချရေးကြည့်ပါ။ ပြီးရင် အဲဒီထဲကမှ ကိုယ်အဖြစ်ချင်ဆုံးအရာ (Main Goal) တစ်ခုကိုပဲ သီးသန့် ခွဲထုတ်လိုက်ပါ။ * Step 3: အဲဒီ အရေးကြီးဆုံးအရာအတွက် ဒီနေ့မှာ ၁ နာရီ ဖြစ်ဖြစ် အချိန်ပေးပြီး စတင် ကြိုးစားကြည့်လိုက်ပါ။ ၁ နာရီလေးပဲ ဖြစ်ဖြစ် ကိုယ်တကယ် လုပ်နိုင်သွားတာဟာ ကြိုးစားမှုရဲ့ အောင်မြင်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒီနေ့ မနက်ခင်းလေးကစပြီး သူများအကြောင်းထက် ကိုယ့်ဘဝ တိုးတက်ဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ကြမယ်လေနော်။ #Dee #knowlage #Experience #Challenge
2 208
Hello! ဒီနေ့ Dee က နိုင်ငံတကာ အစီအစဉ်တွေကို စိတ်ဝင်စားသူတွေအတွက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် 6 Weeks Summer Research Program အကြောင်းကို မျှဝေပေးသွားမှာပါ။
ဒါက တရုတ်နိုင်ငံ၊ Hefei မြို့မှာရှိတဲ့ University of Science and Technology of China (USTC) မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ နွေရာသီ သုတေသန ဖလှယ်ရေး အစီအစဉ် (FuSEP 2026) ဖြစ်ပါတယ်။
သုတေသန (Research) ပိုင်းကို အဓိကထားတာဖြစ်လို့ Science and Technology ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ မဖြစ်မနေ လျှောက်ထားကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။
Program အမည် - 2026 FuSEP Summer Research
ပြုလုပ်မည့်နေရာ - Hefei, China
ကျင်းပမည့်ရက် - June 22 – July 30, 2026
ကြာချိန် - 6 Weeks
လျှောက်ထားနိုင်သူများ - Undergraduate & Graduate students (ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ)
အကျိုးကျေးဇူး နေနဲ့ •သင်တန်းကြေးနှင့် မှတ်ပုံတင်ကြေး အခမဲ့ •တက္ကသိုလ်ဝင်းအတွင်း အခမဲ့ နေထိုင်ခွင့် •အရွေးချယ်ခံရသည့် ကျောင်းသားများအတွက် အစားအသောက်နှင့် ခရီးစရိတ် ထောက်ပံ့ကြေး •အစီအစဉ်ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိခြင်း လျှောက်လွှာပိတ်ရက် - March 22, 2026 လျှောက်ထားရန် Link: https://scholarshipscorner.website/fusep-summer-exchange-program/ China မှာ Research လုပ်ရင်း Summer ကို ဖြတ်သန်းချင်တဲ့သူတွေရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ အတူတူသွားမယ့်သူရှိရင် ပိုပျော်ဖို့ကောင်းမှာ လေနော် ။ ဒီးတော့ အခုမှ အထက်တန်း student ပဲရှိသေးလို့လျှောက်လို့မရပါဘူး။ အသေးစိတ်ကိုတော့သူတို့ official website လေးမှာသွား ဖတ်ကြည့်လေနော်။ #Dee #StudyInChina #FuSEP2026 #USTC #SummerResearch
2 208
ဒီနေ့အတွက် Free Reading (၅) ယောက် ပြည့်သွားပါပြီဗျ။ ✨
လာရောက်မေးမြန်းပေးကြတဲ့သူတွေရော၊ Feedback ပေးတဲ့သူတွေရော တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်နော် အခုလောလောဆယ် Energy နည်းနည်းကုန်သွားလို့ အနားယူလိုက်ပါဦးမယ်။
မေးထားပြီး မရလိုက်တဲ့သူတွေအတွက် နောက်တစ်ခေါက် အခွင့်အရေးရရင် ထပ်ပြီး ဟောပေးပါမယ်နော်။ အားလုံးပဲ ကံကောင်းကြပါစေဗျ။
#Dee
2 208
ဒီနေ့အတွက် Energy reading
လေး free ဟောပေးပါမယ်ဗျ ဒီ link က post ရဲ့ Comment မှာ
အမည် -
မွေးနေ့-
မေးချင်တဲ့ မေးခွန်းအတိအကျ-
မန့်ပေးပါ။
5 ယောက် ပဲဟောပေးပါမယ်။
မေးခွန်းမတိကျတဲ့သူတွေ၊တစ်ခုထက်ပိုမေးထားတဲ့သူတွေမဟောပေးပါ။
ဒီ link က channel လေးကို join ပြီးလာမန့်ပါနော်။
https://t.me/Magic_sharing/22
#Dee
2 208
The Art of Creating Your Reality 🔮
"What you think, you become. What you feel, you attract. What you imagine, you create."
— Buddha
မင်းတွေးတဲ့အတိုင်း မင်းဖြစ်လာမယ်။ မင်းခံစားရတဲ့အတိုင်း မင်းဆွဲငင်နိုင်လိမ့်မယ်။ မင်းစိတ်ကူးတဲ့အတိုင်း မင်းဖန်တီးနိုင်လိမ့်မယ်။
Manifestation ဆိုတာ ဘာလဲ?
ရိုးရိုးလေးပြောရရင် ကိုယ့်ရဲ့ ယုံကြည်မှု နဲ့ စိတ်စွမ်းအား ကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လက်တွေ့လောကထဲ ရောက်လာအောင် ဖန်တီးတာပါ။ ဒါဟာ မှော်အတတ်သက်သက်မဟုတ်ဘဲ Law of Attraction (ဆွဲငင်မှုနိယာမ) လို့ခေါ်တဲ့ စကြဝဠာရဲ့ နိယာမတစ်ခုပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
ဆက်ဖတ်ရန်နိုပ်ပါ။
https://t.me/Magic_sharing/21
#Dee2 208
"Magic is just science that we don't understand yet."
— Arthur C. Clarke
မှော်အတတ်ဆိုတာ တကယ်တော့ ကျွန်တော်တို့ နားမလည်သေးတဲ့ သိပ္ပံပညာတစ်ခုသာ ဖြစ်ပါတယ်။
ကျွန်နော်တို့ ငယ်ငယ်က မျက်လှည့်ကြည့်ရတဲ့အခါ...
"ဒါကြီးက တကယ်ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ အံ့ဩတုန်လှုပ်မှုမျိုးကို အားလုံး ခံစားဖူးကြမှာပါ။ ကျွန်နော့်အနေနဲ့ ဒီပညာရပ်ရဲ့ နောက်ကြောင်းကို လိုက်ကြည့်တဲ့အခါမှာတော့ Magic ဆိုတာ လက်လှည့်တာသက်သက် မဟုတ်ဘဲ လူသားတွေရဲ့ "မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တဲ့ ရုန်းကန်မှု" တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
ဆက်ဖတ်ရန်.....နိပ်ပါ။ 👇🏻
https://t.me/Magic_sharing/18
#Dee
#MagicHistory
2 208
Hey
ဒီနေ့မှာတော့ Dee တစ်ယောက်တည်း တိတ်တဆိတ် ပျိုးထောင်ခဲ့တဲ့၊ ဘယ်သူ့ကိုမှ မပြောပြသေးတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို ဖွင့်ဟပြချင်ပါတယ်။
အဲ့တာကတော့... Dee ရဲ့ ကိုယ်ပိုင် မှော်ကမ္ဘာငယ်လေးဖြစ်တဲ့
『 Mystic Aura 』 ပါပဲ။ 🌙
ဒီကမ္ဘာလေးကို 28.12.2025 မှာ စတင်အုတ်မြစ်ချခဲ့တာပါ။ အစပိုင်းမှာတော့ မပြည့်စုံမှုတွေ၊ အခက်အခဲတွေကြားမှာ ဒီမှော်အိမ်လေးက သိပ်မသပ်ရပ်ခဲ့သေးတာမို့ Dee တစ်ယောက်တည်းပဲ လေ့လာရင်း အချိန်ယူ ထိန်းသိမ်းခဲ့ရပါတယ်။
ဒါပေမဲ့ 4.3.2026 (ဒီနေ့) မှာတော့ အရာအားလုံးကို အချောသပ် ပြင်ဆင်ပြီးသွားပါပြီ။ အမှောင်ထုထဲကနေ အလင်းဆီကို ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ Deeရဲ့ Mystic Aura မှော်ကမ္ဘာထဲကို ခေါ်ဆောင်သွားဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ်။
သင်ဟာ မှော်ပညာကို မြတ်နိုးသူ၊ စိတ်စွမ်းအားကို ယုံကြည်သူ တစ်ယောက်ဆိုရင်တော့... Dee ရဲ့ ဒီလျှို့ဝှက်ကမ္ဘာငယ်လေးထဲကို လှမ်းဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
🚪 [မှော်တံခါးကို ခေါက်ပြီး အထဲဝင်ရန် ဤ အောက်က link ကို နှိပ်ပါ]
https://t.me/Magic_sharing
"မှော်ပညာကို ယုံကြည်မှသာ... မှော်အတတ်ကို သင် မြင်တွေ့ရပါလိမ့်မယ်။" ✨
#Dee