uk
Feedback
God Of Money

God Of Money

Відкрити в Telegram

Crypto Airdrop & News

Показати більше
1 639
Підписники
+124 години
+57 днів
-3030 день
Архів дописів
The Open Network (TON) ရဲ့ Community မဲခွဲဆုံးဖြတ်မှုကတော့ အခုပဲ ပြီးဆုံးသွားခဲ့ပါပြီ။ မဲပေးတဲ့သူ ၈၁.၂၂% က အပြတ်အသတ် ထောက်ခံခ
The Open Network (TON) ရဲ့ Community မဲခွဲဆုံးဖြတ်မှုကတော့ အခုပဲ ပြီးဆုံးသွားခဲ့ပါပြီ။ မဲပေးတဲ့သူ ၈၁.၂၂% က အပြတ်အသတ် ထောက်ခံခဲ့ကြတဲ့အတွက် TON ရဲ့ Native Token နာမည်ကို "Toncoin" ကနေ "Gram" အဖြစ် တရားဝင် ပြောင်းလဲတော့မှာ ဖြစ်ပြီး Ticker ကိုလည်း TON ကနေ GRAM အဖြစ် ပြောင်းလဲသွားမှာပါဗျာ။ ဒါနဲ့ပတ်သက်ပြီး မဖြစ်မနေ သိထားရမယ့် အချက်တွေကတော့ ဒီပြောင်းလဲမှုဟာ လာမယ့် ဇွန်လ ၁၅ ရက်၊ UTC ၁၂:၀၀ မှာ တပြိုင်တည်း စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝ လုံးဝ ဘာမှလုပ်စရာမလိုပါဘူးနော်။ Swap လုပ်စရာ၊ Bridge လုပ်စရာ ဒါမှမဟုတ် Token Claim လုပ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ Wallet ထဲက လက်ကျန်ငွေ၊ လိပ်စာ၊ Contract တွေ၊ NFT နဲ့ Staking တွေဟာ အရင်အတိုင်း ပုံမှန်ပဲ ရှိနေမှာပါ။ Blockchain နာမည်ကလည်း The Open Network အတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်မှာ Exchange တွေနဲ့ Project တွေအကုန် တပြိုင်တည်း လိုက်ပြောင်းကြမှာဖြစ်ပြီး ဇွန်လ ၂၂ ရက် အရောက်မှာတော့ Ecosystem တစ်ခုလုံး လုံးဝ အချောသတ် ပြောင်းလဲပြီးသား ဖြစ်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့သတင်းထူးများ စုစည်းမှု Arthur Hayes က AI လောက လဲပြိုသွားနိုင်တယ်လို့သတိပေးသွားပါတယ်။ SpaceX၊ Anthropic နဲ့ OpenAI တို့လို ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေ ဈေးကွက်ထဲ အလုံးအရင်း ဝင်လာမှာရယ်၊ ရေနံဈေးတွေ တက်လာတာရယ်ကြောင့် AI လောကတစ်ခုလုံး ရိုက်ခတ်နိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် စတော့ဈေးကွက်မှာလည်း ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းတင် ဒေါ်လာ ၂ ထရီလီယံနီးပါးအထိ တန်ဖိုးတွေ ထိုးကျသွားခဲ့လို့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်လေး လန့်သွားကြတယ်ဗျ။ ​ဒါပေမဲ့ Binance ရဲ့ လူကြီးမင်း CZ ကတော့ Bitcoin ဟာ သေသွားသလိုမျိုး ငြိမ်နေမှာ မဟုတ်ပါဘူး၊ အားလုံးပဲ စိတ်အေးအေးထားကြပါလို့ ဈေးကွက်ကို အားပေးထားပါတယ်။ သူက ဆက်ပြောသေးတာက "ငါတို့ရဲ့ သားသမီးတွေက ငါတို့ ဒီနေ့ခေတ် AI နဲ့ Crypto နည်းပညာတွေကို ဘယ်လို စနစ်တကျ ထိန်းကျောင်း တိုးတက်အောင် လုပ်ခဲ့လဲဆိုတာအပေါ် မူတည်ပြီး ငါတို့ကို ဆုံးဖြတ်ကြလိမ့်မယ်" တဲ့။ သတင်းကောင်းတစ်ခုကတော့ လွန်ခဲ့တဲ့ ၃ နှစ်က သုညပဲ ရှိခဲ့တဲ့ တိုကင်ပုံစံ ပြောင်းထားတဲ့ ရန်ပုံငွေတွေ (Tokenized Funds) ဟာ အခုဆိုရင် ဒေါ်လာ ၃၄ ဘီလီယံအထိ မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ ​နောက်ဆုံး စိတ်ဝင်စားဖို့ကောင်းတာက NASA တင်မကဘဲ အခု SpaceX ကလည်း ၂၀၂၇ ခုနှစ်နှောင်းပိုင်းမှာ လကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ပထမဆုံး AI ကွန်ပျူတာ စမ်းသပ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေပြီဗျ။ ဂျပန်က SBI Shinsei ဘဏ်ကြီးကလည်း သူတို့ဆီမှာ ငွေလာအပ်တဲ့သူတွေကို Bitcoin၊ Ethereum နဲ့ XRP တို့ကို ဆုလာဘ် (Rewards) အနေနဲ့ ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။

U.S. stocks lost nearly $2 trillion in market value over the last two hours.
U.S. stocks lost nearly $2 trillion in market value over the last two hours.

အမေရိကန် သမ္မတ ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူးအနေနဲ့ အီရန်နဲ့ချုပ်မယ့် ငြိမ်းချမ်းရေးစာချုပ်ကို လက်ခံဖို့ကလွဲလို့ "အခြာ
+1
အမေရိကန် သမ္မတ ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူးအနေနဲ့ အီရန်နဲ့ချုပ်မယ့် ငြိမ်းချမ်းရေးစာချုပ်ကို လက်ခံဖို့ကလွဲလို့ "အခြားရွေးချယ်စရာမရှိဘူး" လို့ ပြတ်ပြတ်သားသား ပြောချင်ဇောနဲ့ ထုတ်ပြောလိုက်ပါတယ်။ Trumpက "ဒီပွဲမှာ ငါကပဲ အရာရာကို ဆုံးဖြတ်တာ ၊ ငါတစ်ယောက်တည်းပဲ အဆုံးအဖြတ်ပေးမှာ။ နေတန်ယာဟူးက ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး" ဆိုပြီးတော့ကို ဒဲ့ပြောချင်တာပါ။ ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ အသည်းအသန် ကြိုးစားနေချိန်မှာ အစ္စရေးဘက်က တိုက်ခိုက်မှုတွေကြောင့် စာချုပ် ပျက်သွားမှာကို အတော်လေး စိတ်တိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်ကြား ရက်ပိုင်းအတွင်း စာချုပ်လက်မှတ်ထိုးဖို့ နီးစပ်နေပြီမို့လို့ အစ္စရေးကို အတင်းအကျပ် နာခံခိုင်းတဲ့ သဘောပါပဲ။

မိုးရာသီအထူးpromotion လာပါပြီ
မိုးရာသီအထူးpromotion လာပါပြီ

🌟 Telegram Star Price Update ✅✅✅ Star 50   -  3700Ks Star 100 - 7300Ks Star 250 -18100Ks Star 500 -36300Ks Star 1000-72600Ks Star 5000 -363000Ks Star 10000 -725000Ks (Telegram Username သာပေးရန်လိုပါတယ်ခင်ဗျာ) ဝယ်ယူလိုပါက⇨ @ttpzk

Repost from Pavel Durov
💎 TON’s native currency is becoming Gram. 🤑 Gram was the original name of TON’s currency in the first white paper. 🌱 We’re returning to our roots — and starting a new chapter. ✈️ This rebranding will pave the way for what comes next. ⏳ The transition will take around 3 weeks. 💪 TON remains the name of the blockchain. 🪙 This is step 4 of 7 to Make TON Great Again.

ဒီသတင်းတက်လာတာနဲ့ BNBဈေးကငေါက်ခနဲပဲ
ဒီသတင်းတက်လာတာနဲ့ BNBဈေးကငေါက်ခနဲပဲ

Binance ကနေ Apple တို့၊ Tesla တို့လို အမေရိကန် စတော့ရှယ်ယာတွေကို သူတို့ရဲ့ BNB Blockchain ပေါ်မှာ Tokenized Stocks အဖြစ် ပြောင်းလဲပြီး အရောင်းအဝယ်လုပ်ခွင့် ပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့သတင်းထူးများ စုစည်းမှု ပထမဆုံး AI လောကသတင်း။ OpenAI ရဲ့ အကြီးအကဲ Sam Altman က AI ကြောင့် လူတွေအစုလိုက်အပြုံလိုက်ကြီး အလုပ်ပြုတ်ကုန်တော့မယ်ဆိုပြီး ကြောက်မနေကြနဲ့ဦးတဲ့၊ တကယ်တမ်းကျတော့ သူတွေးထားသလောက် အလုပ်ပြုတ်တဲ့သူ သိပ်မရှိပါဘူးတဲ့ဗျာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ အမေရိကန် သမ္မတ ထရမ့်က ဖွဲ့စည်းလိုက်တဲ့ AI အကြံပေးအဖွဲ့သစ်မှာ Nvidia CEO ဂျန်ဆင်ဟွမ်တို့၊ မာ့ခ်ဇူကာဘတ်တို့လို နည်းပညာလောကက အကြီးအကဲတွေ အကုန်ပါလာပြီ။ ပြီးတော့ Nvidia CEO ကလည်း ထိုင်ဝမ်ဟာ AI နည်းပညာရဲ့ ဗဟိုချက်မပဲဆိုပြီး ထပ်ချီးကျူးလိုက်သေးတယ်။ နောက်ပြီး Crypto သမားတွေအတွက် သတင်းကောင်းကတော့ Binance က ဖိလစ်ပိုင်ဈေးကွက်ထဲကို တရားဝင် ပုံစံမျိုးနဲ့ ပြန်ဝင်ဖို့ ပြင်နေပြီဗျ။ Mastercard နဲ့ Chainlink ကလည်း လက်တွဲပြီး ကတ်ကိုင်ဆောင်ထားတဲ့သူ ဘီလီယံချီ Onchain ပေါ်မှာ ခရစ်ပတို တိုက်ရိုက်ဝယ်လို့ရအောင် လုပ်ပေးတော့မှာ။ စီးပွားရေးလောကက Arthur Hayes ကတော့ အစိုးရနဲ့ နည်းပညာကုမ္ပဏီတွေရဲ့ စောင့်ကြည့်မှုတွေက ပိုများလာမှာမို့လို့ နောက်ပိုင်း ကိုယ်ရေးကိုယ်တာ ငွေကြေးလုံခြုံမှုက တကယ့်ကို အရေးကြီးလာလိမ့်မယ်လို့ သတိပေးထားတယ်။ ဝေလငါးကြီး BitMine ကလည်း ပြီးခဲ့တဲ့အပတ်ကတင် $ETH အခုရေ ၁ သိန်းကျော် ထပ်ဝယ်ပြီး သိမ်းလိုက်ပြန်ပြီ။ နောက်ဆုံး အလန်းဆုံး သတင်းကတော့ NASA ဗျာ။ သူတို့က လရဲ့ တောင်ဝန်ရိုးစွန်းနားမှာ လူသားတွေ ရေရှည်သွားနေလို့ရမယ့် အမြဲတမ်းလအခြေစိုက်စခန်း ဆောက်ဖို့ စီမံကိန်းကြီး ချပြလိုက်ပြီ။ နိုင်ငံရေးဘက်မှာကျတော့ ထရမ့်က အီရန်နဲ့ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွေကို ခနဲ့လိုက်သေးတယ်၊ အီရန်က အညှိခံပြီး လက်နက်ချရင်တောင် အမေရိကန် မီဒီယာတွေက အီရန်နိုင်တယ်လို့ပဲ ပုံဖော်ကြဦးမှာပါတဲ့လေ။

ပြင်သစ်နိုင်ငံမှာ အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရတဲ့ Telegram တည်ထောင်သူ Pavel Durov က Telegram အနေနဲ့ သုံးစွဲသူတွေရဲ့
+1
ပြင်သစ်နိုင်ငံမှာ အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရတဲ့ Telegram တည်ထောင်သူ Pavel Durov က Telegram အနေနဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာမက်ဆေ့ခ်ျတွေကို ပြင်ပအဖွဲ့အစည်းတွေဆီ 1 Byte တောင် လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တော့မလား?! Reuters သတင်းအရ... အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်ရပြီး ရက်ပေါင
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တော့မလား?! Reuters သတင်းအရ... အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်ရပြီး ရက်ပေါင်း ၃၀ အတွင်းမှာပဲ ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်ဖွင့်လှစ်ဖို့ အစီအစဉ်တွေကို စတင်ဆွေးနွေးနေကြပြီလို့ သိရပါတယ်။ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ? 👀 ၁။ ဒေသတွင်း ပိတ်ဆို့ထားတဲ့ ရေနံသင်္ဘောတွေ ပြန်လည်ဖြတ်သန်းခွင့်ရမယ်။ ၂။ အပြန်အလှန်အနေနဲ့ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ ရှိပါတယ်။ ၃။ ရက်ပေါင်း ၃၀ ကနေ ၆၀ အတွင်း ယူရေနီယံနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဆက်ညှိနှိုင်းသွားမှာပါ။ ဒီတစ်ခါတော့ စစ်မီးငြိမ်းဖို့ တကယ်ကို နီးစပ်လာနေပါပြီ။ ကမ္ဘာ့ရေနံဈေးတွေပါ ပြန်ကျလာမလား စောင့်ကြည့်ရအောင်ဗျာ။ Strait of Hormuz to reopen in 30 days?! According to Reuters, the US and Iran are currently discussing a plan to reopen the strategic Strait of Hormuz within 30 days after reaching a peace agreement to end the war! What to expect? 👀 Oil tankers and cargo ships can soon pass through freely again. In return, the US is expected to lift its naval blockade on Iranian ports. Contentious issues like nuclear enrichment will be negotiated over the next 30-60 days.This could finally end the global energy crisis and lower oil prices!

Risk Management ကောင်းကောင်းလုပ် ကမ္ဘာ့နိုင်ငံရေးသတင်း‌တွေကြည့် Emotion ထိန်း FOMO မဝင်စေနဲ့ Market Trend နဲ့ Direction ပြောင
Risk Management ကောင်းကောင်းလုပ် ကမ္ဘာ့နိုင်ငံရေးသတင်း‌တွေကြည့် Emotion ထိန်း FOMO မဝင်စေနဲ့ Market Trend နဲ့ Direction ပြောင်းလဲမှုတွေကို အချိန်မီ သတိထား အဲ့တာဆိုရင် မင်းကလည်း Profitable Trader တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ပြန်လည်စိမ်းစိုစတော့ပြုလာပီ
ပြန်လည်စိမ်းစိုစတော့ပြုလာပီ

Reuters သတင်းအရ အီရန်ရဲ့ ထိပ်သီးညှိနှိုင်းရေးမှူးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို အရေးပေါ် ရောက်ရှိလာကြပါပြီ။ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ဘာတွေကို အဓိက ဆွေးနွေးမှာလဲ? ၁။ စစ်ပွဲကြောင့် ပိတ်ထားရတဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်ဖွင့်ရေး။ ၂။ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှု ပြဿနာ။ ၃။ ပိတ်ဆို့ခံထားရတဲ့ အီရန်နိုင်ငံတကာ ဗဟိုဘဏ်က ငွေကြေးတွေ ပြန်လည်ထုတ်ပေးရေး။ ဗဟိုဘဏ်ဥက္ကဋ္ဌပါ အဖွဲ့ထဲ ထည့်ပြီး ကာတာကို လာဆွေးနွေးတာဆိုတော့ ဒီတစ်ခါတော့ တကယ့်ကို အဆုံးအဖြတ်ဆွေးနွေးပွဲ ဖြစ်လာနိုင်ပါတယ်။ နှစ်ဖက်စလုံး ညှိနှိုင်းလို့ အဆင်ပြေသွားမလား စောင့်ကြည့်ရအောင်ဗျာ။

အီရန်ဘက်က ငြင်းဆိုလိုက်ပြန်ပြီ?! မနေ့ကတင် သမ္မတ ထရမ့်က ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းလို့ပြီးလုနီးပါး ဖြစ်နေပြီလို့ ပြောခဲ့
+2
အီရန်ဘက်က ငြင်းဆိုလိုက်ပြန်ပြီ?! မနေ့ကတင် သမ္မတ ထရမ့်က ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းလို့ပြီးလုနီးပါး ဖြစ်နေပြီလို့ ပြောခဲ့ပေမယ့်... အခုပဲ အီရန်အရာရှိတစ်ဦးက အမေရိကန်မီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ငြင်းဆိုလိုက်ပါတယ်။ အမေရိကန်မီဒီယာတွေမှာ ဖော်ပြနေသလို သူတို့ရဲ့ သန့်စင်ပြီး ယူရေနီယံ (Highly enriched uranium) တွေကို လွှဲပြောင်းပေးဖို့ သဘောတူညီချက် မရှိဘူးလို့ အီရန်ဘက်က ပြတ်ပြတ်သားသား ပြောလိုက်တာပါ။ ဒါဟာ ဘာကို ဆိုလိုတာလဲ? ၁။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ ဒီယူရေနီယံကိစ္စက အဓိက အကျပ်အတည်း ဖြစ်နေဆဲပါ။ ၂။ စာချုပ် လက်မှတ်ထိုးဖို့အတွက် နှစ်ဖက် ညှိနှိုင်းမှုတွေ ထပ်ပြီး တင်းမာသွားနိုင်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကတော့ တကယ့်ကို ထင်သလောက်မလွယ်ဘဲ ရှေ့တိုးနောက်ဆုတ် ဖြစ်နေတုန်းပါပဲ။ သူငယ်ချင်းတို့ကော ဘယ်လိုထင်လဲ ကွန်မန့်မှာ ဝင်ပြောခဲ့ဦးနော်! 💬 #BreakingNews #Iran #USNews #Uranium #Trump #MiddleEast #WorldNews #နိုင်ငံတကာသတင်း #သတင်းထူး #အီရန် #အမေရိကန် #foryou

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်အရ အမေရိကန်၊ အီရန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံအတော်များများကြားမှာ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိဖို့ အဓိက အချက်အလက်တွေကို အတော်များများ ဆွေးနွေး ညှိနှိုင်းပြီးသွားပြီ လို့ သိရပါတယ်။

ဝယ်ယူလိုပါက⇨ @ttpzk
ဝယ်ယူလိုပါက⇨ @ttpzk

Kevin Warsh ကတော့ FED ဥက္ကဌအဖြစ် တရားဝင် ကြမ်းကြိမ် သစ္စာဆိုပြီးသွားပါပြီ။
Kevin Warsh ကတော့ FED ဥက္ကဌအဖြစ် တရားဝင် ကြမ်းကြိမ် သစ္စာဆိုပြီးသွားပါပြီ။