cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

ကဗျာနဲ့ စာတိုလေးများ feel စာသား🥀💔

အရမ်းချစ်ခဲ့ဖူးတယ်🥺🤟🏻

Більше
Рекламні дописи
2 771
Підписники
+1124 години
+867 днів
+45530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

ငယ်ကို ဆုံးရှုံးပြီးတာတောင် ငယ်ဆိုပြတဲ့အချစ်သီချင်းတွေ ကြားချင်နေတုန်းပဲ ငယ်နဲ့ ဝေးကွာပြီးတာတောင် အနောက်အရပ်ဆီ ခြေလှမ်းတွေလှမ်းနေတုန်းပဲ ဒီလိုပါပဲ ချစ်တယ်ဆိုတိုင်း မနီးစပ်ကြသည့်တိုင် မိုးတွေရွာတိုင်း သတိတရဖြစ်ဖို့ ကုန်ကြမ်းတစ်ခုခုမှမဟုတ်ရင် အကြောင်းပြချက်တစ်မျိုးမျိုးပေါ့။ # black boy
Показати все...
💔 14❤‍🔥 5🤣 3👍 2😢 1🍓 1
သီချင်းတစ်ပုဒ်ကိုငြီးတယ် တိမ်တွေကိုငေးတယ် သတိရနေတဲ့ပုံမပေါက်အောင် နေထိုင်ခဲ့ပါတယ် ။ # black boy
Показати все...
❤‍🔥 14💔 9🍓 2👍 1
ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ် ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ် ခဏကလေး ရပ်ကြည့်တာကအစ ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး ကိုယ်ရှုံးမိသမျှ  ကိုယ့်စေတနာပါပဲ ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ။ # black boy
Показати все...
❤‍🔥 14🍓 5💔 4👍 1
ငါ့တကိုယ်လုံး အနုဆုံးဟာ နှလုံးသားလို့ တဖွဖွပြောတဲ့ကြားက အနုဆုံးနေရာကိုမှ မင်းကရွေးထိုးတယ်.... စည်းမျည်းတွေနဲ့ထိုးခိုင်းတဲ့ ကြိုးဝိုင်းမှမဟုတ်တာကွယ် ဒီပွဲလည်းမင်းနိုင်ပါတယ်...။ # black boy
Показати все...
🍓 21
အဓိကကတော့ သတိရတာပါပဲငယ်ရယ်။ တောင်ဆီမှာ မှောင်ရီသန်းပြန်တော့ လွမ်းတယ်လို့ငို။ ထီးတစ်လက် နှစ်ယောက်ခို တစ်ယောက်စိုမှာ တစ်ယောက်စိုး။ သစ်ရိပ်အောက် နှစ်ယောက်ဝင် တစ်ယောက်ရင်ခွင် တစ်ယောက်တိုး။ သြော်...အခုတော့ အဖော်ပြုစရာ ငယ် မရှိပြီမို့ ငိုမိတယ်မိုး။ #crd # black boy
Показати все...
18❤‍🔥 7👍 4💯 2🍓 2
တိမ်တိုက်တွေလို ဖြစ်တည်မှုပဲ။ အနီးဆုံးကို လာတယ် ခပ်ဝေးဝေးကို ပြန်ပြေးတယ် အရာရာဟာနေသားကျပါတယ်လို့ ပြောတဲ့အခါ ခပ်ယဲ့ယဲ့အပြုံးတွေနဲ့ လှောင်ရီတယ်။ လွတ်မြောက်သလိုလိုနဲ့ တွယ်ငြိမိတဲ့အခါ ကဗျာတွေနဲ့စီးကရက်ဟာ သူ့ကိုကိုယ်စားပြုတယ်။ # black boy
Показати все...
💔 17🍓 4❤‍🔥 3💋 3
ယောင်္ကျားလေး ၇၀% ဟာ ကိုယ်ပိုင်အခန်းနဲ့ တစ်ယောက်တည်း သီးသန့်နေထိုင်ချင်ကြတယ်လို့ ပညာရှင်တွေ သတ်မှတ်ကြတယ် ဒါပေမယ့် ၉၅% ဟာတော့ အမေ့လက်ရာကိုပဲ အမြဲစားချင်ကြတယ် ယောင်္ကျားရင့်မာကြီးတွေကို ငိုအောင်လုပ်နိုင်တာ ၂ခုပဲ ရှိတယ် အချစ် ပြီးတော့ အမေ အချစ်နဲ့က လွမ်းတယ်လို့ ဖွင့်ပြောပြီး ငိုတတ်ကြတယ် အမေနဲ့ကျ လွမ်းတယ်လို့ ဖွင့်မပြောဘဲ ရင်ဘတ်ထဲက ငိုကြတယ် ကမ္ဘာမှာ ပန်းတွေ အများကြီး ပွင့်ရင် ကောင်းမှာပဲလို့ တွေးဖူးမှာပေါ့ အဲ့လိုပါပဲ နွေးထွေးကြင်နာတတ်တဲ့ မိခင်လောင်းတွေ ကမ္ဘာကြီးထဲ အများကြီးလိုအပ်တယ်။ ။ # black boy
Показати все...
❤‍🔥 28🍓 14👍 6💔 3💯 2💋 1
မနက်အစောကြီး ကြားနေရတဲ့ တရားရွတ်သံမှာ ငါတရားမရပဲ မင်းကိုသတိရနေမိတယ် မင်းဟာ ငါ့တရားပဲ # black boy
Показати все...
💔 13❤‍🔥 5🍓 5🔥 2😢 1
ဖြစ်ချင်သလိုနေပြီး လုပ်ချင်ရာလုပ်နေတာတောင် ကျွန်တော်အချစ်ခံရပါတယ်။ ချစ်ခြင်းမေတ္တာတွေရရှိဖို့ မပူဆာခဲ့ဖူးပါ သို့သော် ကျွန်တော်အချစ်ခံရပါတယ်။ လိမ်မာတဲ့သူမဟုတ်ပေမယ့် ဘဝကိုပျော်ရွှင်ကျေနပ်နေသူပါ။ ဒါပေမယ့် ကျွန်တော်အချစ်ခံရပါတယ်။ ထိုကဲ့သို့ ပုထုဇဥ်လူသားတွေဟာ လိုလားတောင့်တသည့်အရာကို ကြွားဝါတတ်၍ သိမ်ငယ်မှုကို ဖုံးကွယ်တတ်ကြလေသည်။ # black boy
Показати все...
❤‍🔥 16😢 7🍓 4👍 3
လူတွေကလည်းခတ် အပူတွေကလည်းတက်နဲ့ သိပ်စိတ်ပျက်ဖို့ကောင်းတဲ့နေ့တွေပါပဲမမရယ်။ ကဗျာဆရာတွေ သစ္စာမရှိတဲ့ပိတောက် ဘယ်လောက်လှကြောင်း ကဗျာစပ်ကြတဲ့အခါ သစ္စာရှိတဲ့ငုဝါ ဘယ်ကမ္ဘာရောက်နေမလဲ။ ဒီကမ္ဘာထဲအပါယ်ခံပန်းမျိုး ဘယ်နှစ်သန်းလောက်ရှိမလဲ တစ်မျိုးစီအတွက် ကဗျာစပ်ကြည့်ချင်လိုက်ပါသေးတယ်။ အသက်ရှင်သမျှပေါ့ မမရယ်။ - # black boy
Показати все...
❤‍🔥 16 8👍 2🔥 1🍓 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.