uk
Feedback
စာပေဟောပြောပွဲ

စာပေဟောပြောပွဲ

Відкрити в Telegram

❛ဘာမှလုပ်စရာမရှိရင် •စာဖတ်နေခြင်းဟာ •အကောင်းဆုံးအလုပ်ပါပဲ✓ Instagram.com/MyanmarKnowledgeguide ᵗⁱᵏᵗᵒᵏ YouTube.com/@Myanmarwisdomguide ʸᵒᵘᵗᵘᵇᵉ Facebook Facebook.com/MyanmarKnowledgeguide

Показати більше

📈 Аналітичний огляд Telegram-каналу စာပေဟောပြောပွဲ

Канал စာပေဟောပြောပွဲ (@myanmarknowledgeguide) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 10 989 підписників, посідаючи 17 814 місце в категорії Освіта та 10 600 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 989 підписників.

За останніми даними від 05 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -83, а за останні 24 години на 1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 26.77%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 0 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“❛ဘာမှလုပ်စရာမရှိရင် •စာဖတ်နေခြင်းဟာ •အကောင်းဆုံးအလုပ်ပါပဲ✓ Instagram.com/MyanmarKnowledgeguide ᵗⁱᵏᵗᵒᵏ YouTube.com/@Myanmarwisdomguide ʸᵒᵘᵗᵘᵇᵉ Facebook Facebook.com/MyanmarKnowledgeguide”

Завдяки високій частоті оновлень (останні дані отримано 06 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

10 989
Підписники
+124 години
-137 днів
-8330 днів
Архів дописів
ထာဝရအချစ် https://youtu.be/AlCQQK3IUQM

စာပေဟောပြောပွဲ - လင်းသိုက်ညွှန့် | စိန်ခေါ်မှုတွေကို အခွင့်အလမ်းလို့ မြင်ပါ https://youtu.be/Fva59BelCSs

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး – လယ်တွင်းသားစောချစ် စာပေဟောပြောပွဲ https://youtu.be/JmfOd2vG6bA

တခါတလေ ဘဝဆိုတာ ချိုသလား ခါးသလား ဝေခွဲလို့မရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ကိုယ့်လမ်းကို ကိုယ်လျှောက်ခဲ့တာ ဘယ်သူ့ ဖိနပ်ကိုမှ မငှာ
တခါတလေ ဘဝဆိုတာ ချိုသလား ခါးသလား ဝေခွဲလို့မရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ကိုယ့်လမ်းကို ကိုယ်လျှောက်ခဲ့တာ ဘယ်သူ့ ဖိနပ်ကိုမှ မငှားစီးခဲ့ဘူး။ ဘယ်သူ့ကိုမှလည်း မမှီခိုခဲ့ဘူး။ သံယောဇဉ်တွယ်မိတဲ့ လူတချို့ကြောင့် ကိုယ်ဘယ်လောက် နာကျင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေက ခပ်များများပဲ တချို့နေ့မှာ... အဆင်မပြေတာတွေမှ အများကြီး။ ဒါပေမယ့် အပြုံးတွေကို တပ်ဆင်ရင်းနဲ့ ရင်ထဲက ဒဏ်ရာတွေကို သိုသိုသိပ်သိပ်ပဲ ထားလိုက်ပါတယ်။ ဘဝမှာ နာကျင်မှုတွေကြောင့် ပြိုချင်နေတဲ့ မျက်ရည်တွေကို တောင့်ခံထားခဲ့တဲ့ နေ့တွေလည်းအများကြီးပါ။ ကိုယ့်မျက်ရည်ကို မြင်ရင် ကိုယ့်ဝမ်းနည်းခြင်းတွေကို မျှယူမယ့် လူတွေကို အားနာမိတယ်လေ။ တချို့လောကဓံရဲ့ ရိုက်ခတ်မှုတွေက ခံနိုင်ရည်ရှိလွန်းတာ မဟုတ်သလို အဆင်ပြေနေတယ်လို့ ထင်ရတဲ့ အပြုံးတွေမှာ ကွယ်ဝှက်ထားတဲ့ သောကတွေလည်း အများကြီးပါ။ လောကဓံက ကော်ဖီတစ်ခွက်ဆိုရင် သကြားမပါလည်း သောက်ရမယ် သကြားပါလည်း သောက်ရတယ်။ အချိုဖြစ်ဖြစ် အခါးဖြစ်ဖြစ် ကိုယ့်အတွက် ဆေးဖက်ဝင်ဖို့တော့ ကြိုးစားရပါမယ်။ ဘာပဲဖြစ်ဖြစ် ဘဝကိုတော့ အကောင်းဆုံး ကော်ဖီသောက်ရင်း ဖြတ်သန်းရမှာပေါ့လေ.........။

လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှုရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တခါတလေ နားလည်အောင် ကြိုးစားနေရတာကိုက ပင်ပန်းရပါတယ်။
လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှုရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တခါတလေ နားလည်အောင် ကြိုးစားနေရတာကိုက ပင်ပန်းရပါတယ်။ နားလည်ဖို့ ကြိုးစားရင်းနဲ့ပဲ သည်းမခံနိုင်တာတွေ ပိုများ လာတတ်ပါတယ်။ သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။ ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။ စိတ်သဘောထားခြင်းကတော့ဘယ်လိုမှ မတူနိုင်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ကိုယ့်စိတ်တောင် ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။ "သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုရင် ကောင်းတဲ့သူ ဆိုတာ ဘယ်မှာ ရှိလာပါ့မလဲ" ဆိုသလို မတူညီမှုတွေအတွက် ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ခွင့်လွှတ်ပေးလိုက်ခြင်း ပါပဲ။ တစ်ဖက်သားကို ခွင့်လွှတ်ပေးလိုက်တယ် ဆိုရင်ပဲ.... စိတ်ထဲမှာပေါ့ပါးသွားတယ်။ လွတ်လပ် သွားပါတယ်။ ခွင့်လွှတ်ခြင်းရဲ့ နောက်မှာ မေတ္တာစိတ်တွေ ဖြစ်လာပါတယ်။ မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်တတ်လာပါတယ်။ ဒါကြောင့်..... တစ်ဖက်သားကို နားလည်မပေးနိုင်ရင်တောင် ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားရင် ဘဝမှာ အလွန် အေးချမ်းပါတယ်။ ဘဝဆိုတာတိုတိုလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေ မနာလိုမှုတွေ ထားနေမှာလဲ။ ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း ခံစားဘူးပါလိမ့်မယ်။ လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့မရပါဘူး။ ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က ခွင့်လွှတ်ပေးလိုက်ခြင်းပါပဲ။ ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာကို ကြောက်နေတာလဲ ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့ ထင်နေတတ်ကြလို့ပါပဲ။ I can forgive but I can't forget တဲ့။ ( လူ တစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ။ ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့ ) တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်လို့ ရချင် ရလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုတော့ မေ့လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ...သူငယ်ချင်း ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ်က ကောင်းအောင် ကြိုးစား နေနိုင်လို့ပါပဲ။ ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ချောက်ထဲမရောက်အောင် ကိုယ့်ကိုယ်ကို သတိထားပြီးတော့ နေထိုင်တတ်လာလို့ပါပဲ။ ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေလို့ပါပဲ။ ကိုယ့်ကို လိမ်လည်ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ တိုးပွားလာလို့ပါပဲ။ ကိုယ့်ကို ဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ပိုမို ထိန်းသိမ်းတတ်လာလို့ပါပဲ။ ဘဝမှာ တွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကို အပြစ်တင် ငြီးငြူမနေပါနဲ့။ ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှုတွေ ပေးပါလိမ့်မယ်။ ဆိုးတဲ့လူတွေက သင့်ကိုအတွေ့အကြုံတွေ ပေးပါလိမ့်မယ်။ အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေ ပေးပါလိမ့်မယ်။ အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေ ပေးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ... ဘဝမှာ တစ်ခဏတာ ဆုံကြရသူ အချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ.....။

ရေထဲမှာ လှေရှိတာက ပြဿနာမဟုတ်ဘူး၊ လှေထဲမှာ ရေရှိတာကမှ ပြဿနာ လောကမှာ လူတိုင်းဟာ ကိုယ်စီ အခက်အခဲတချို့နဲ့ အသက်ရှင်နေကြရပါတယ်။ အလ
ရေထဲမှာ လှေရှိတာက ပြဿနာမဟုတ်ဘူး၊ လှေထဲမှာ ရေရှိတာကမှ ပြဿနာ လောကမှာ လူတိုင်းဟာ ကိုယ်စီ အခက်အခဲတချို့နဲ့ အသက်ရှင်နေကြရပါတယ်။ အလုပ်ဖိအား၊ ငွေကြေးပြဿနာ၊ လူမှုဆက်ဆံရေးအဆင်မပြေမှု၊ စိတ်ဒဏ်ရာ၊ မျှော်လင့်ချက်ပျက်စီးမှု ဒီပြဿနာတွေနဲ့ ဘယ်သူမှ မလွတ်ကင်းနိုင်ကြပါဘူး။ ဒါကြောင့် ဘဝထဲမှာ ပြဿနာရှိနေတာက အဆန်းမဟုတ်ပါဘူး။ ရေထဲမှာ လှေရှိနေသလိုပဲ၊ ဒါဟာ ပုံမှန်အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ တကယ်အန္တရာယ်ရှိတာက ပြင်ပက ပြဿနာတွေကို ကိုယ့်စိတ်အတွင်းထဲထိ ဝင်ရောက်ခွင့်ပေးလိုက်တဲ့အချိန်ပါ။ ပြဿနာက အပြင်မှာပဲ ရှိနေသင့်တဲ့အရာကနေ ကိုယ့်အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေကိုပါ လွှမ်းမိုးလာပါတော့တယ်။ လှေတစ်စင်းကို ရေမနစ်စေတာဟာ ရေမရှိလို့ မဟုတ်ဘူး။ ရေကို လှေထဲမဝင်အောင် ထိန်းထားနိုင်လို့ပါ။ လူတစ်ယောက်ကိုလည်း ဘဝက မကျရှုံးစေတာဟာ ပြဿနာမရှိလို့ မဟုတ်ဘူး။ ပြဿနာတွေကြားထဲမှာတောင် ကိုယ့်စိတ်ကို ထိန်းထားနိုင်လို့ပါ။ တည်ငြိမ်မှုဆိုတာ ပြင်ပအခြေအနေကောင်းမွန်မှ ရလာတာမဟုတ်ဘူး။ အခြေအနေမကောင်းတဲ့အချိန်မှာတောင် ကိုယ့်အတွင်းစိတ်ကို မပြိုကွဲစေဘဲ ထိန်းထားနိုင်ခြင်းက တကယ့်တည်ငြိမ်မှုပါ။ အပြင်က လှိုင်းလုံးတွေကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်လှေထဲကို ရေမဝင်အောင်တော့ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဘဝမှာ အရေးကြီးဆုံးက ပြဿနာမရှိတဲ့ဘဝကို ရှာဖွေနေတာ မဟုတ်ဘဲ ပြဿနာတွေရှိနေပေမယ့် ကိုယ့်စိတ်ကို မနစ်မြုပ်စေဘဲ ရှေ့ဆက်နိုင်အောင် ထိန်းကျောင်းနိုင်ဖို့ပါ။

မြွေတစ်ကောင်ကကိုက်သွားတာကို မြွေနောက်လိုက်ပီး ဘာလို့ ငါ့ကို ကိုက်သွားတာလဲလိုက်မမေးပဲ ကိုယ့်ခန္ဓာကိုယ်ထဲက အဆိ-ပ်ကိုဘဲ အရင်ထုတ်
မြွေတစ်ကောင်ကကိုက်သွားတာကို မြွေနောက်လိုက်ပီး ဘာလို့ ငါ့ကို ကိုက်သွားတာလဲလိုက်မမေးပဲ ကိုယ့်ခန္ဓာကိုယ်ထဲက အဆိ-ပ်ကိုဘဲ အရင်ထုတ်လိုက်ပါတဲ့" အဲ့လိုပဲလေ ကျွန်တော်တို့ဘဝမှာလဲ ဘာကောင်းကျိုးမှမပေး သိမ်ငယ်ဝမ်းနည်းစရာတွေ ဆိုးကျိုးတွေသာ အမြဲပေးတဲ့ အဆိ-ပ်လိုလူတွေအတွက် အချိန်ဖြုန်းနေမဲ့အစား ကိုယ့်ဘဝကို ပျော်ပျော်ရွှင်ရွှင် လှလှပပနဲ့ မြင့်သထက်မြင့်အောင်ရင်း ကိုယ့်အနီးအနားက ကိုယ့်အပေါ် ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေသူတွေအပေါ် အဆိ-ပ်မဖြစ်မိအောင် နေပေးတာဟာ အကောင်းဆုံးပါလေနော်

မိသားစု မှာမေတ္တာတရားဟာ ပိုအရေးပါတယ် ။ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းအစဟာ မိဘ တွေရဲ့ ဆင်းရဲခြင်းချမ်းသာခြင်းနဲ့ ရာနှုန်းပြည့
မိသားစု မှာမေတ္တာတရားဟာ ပိုအရေးပါတယ် ။ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းအစဟာ မိဘ တွေရဲ့ ဆင်းရဲခြင်းချမ်းသာခြင်းနဲ့ ရာနှုန်းပြည့် မသက်ဆိုင်ဘူး ။ မိသားစုတစ်ခုရဲ့ မေတ္တာနဲ့ဂရုဏာနဲ့ပဲ သက်ဆိုင်တယ် ။ တချို့မိသားစုတွေ ချို့တဲ့ပါတယ် ဒါပေမယ့် မိခင်ဖခင်တွေဟာ မရှိရှိတဲ့ကြားက ဂရုစိုက်ပေးတယ် ရုပ်ဝတ္ထု သာချို့တဲ့ပေမယ့်ရှိတဲ့မေတ္တာကို အနွေးဓာတ်လောင်စာလေးနဲ့ သားသမီးအပေါ်ကို အလင်းပေးနိုင်တယ် ။ တချို့မိသားစုတွေဟာ ချမ်းသာပါတယ် လူတန်းစေ့နေထိုင်နိုင်ပါတယ် ။ ဒါပေမယ့် ရုပ်ဝတ္ထုသာ ခန့်ငြားနေပေမယ့်မိသားစုရဲ့ နွေးထွေးမှုဟာ ခန်းခြောက်နေတယ် ။ မိသားစုတစ်ခုရဲ့ မိခင်ဖခင် တစ်ဦးဦးက မေတ္တာတရားတွေပျက်ကွက်တာနဲ့ အဲ့ဒီမိသားတစ်စုလုံးရဲ့ အနွေးဓာတ်ကလည်း ထိခိုက် ရိုက်ခတ်ရတာပဲ ။ နွေးထွေးတယ်ဆိုတာရှိသင့်ရှိထိုက်သော ကျင့်ဝတ်တရားထက် ပိုပိုသာသာဖန်တီး ပေးရတဲ့ အလိုက်သိစိတ်ကလေးပဲ ။ "ပျော်ရွှင်ခြင်းက ငွေပေးပြီးဝယ်လို့ရတယ်လို့ ပြောတဲ့လူတွေဟာ ပိုက်ဆံရှာနိုင်လို့ ထွက်ကျလာတဲ့ ဖရိုဖရဲသော လူသားမဆန်တဲ့ လူတွေဆီက ဖြစ်တယ် " လောကကြီးမှာ ပိုက်ဆံကုန်တဲ့အခါဖြစ်စေ စီးပွားပျက်သွားတဲ့အခါဖြစ် ပထမဦးဆုံး သတိရလိုက်တာက ကိုယ့်အပေါ်တကယ် နွေးထွေးပေးတဲ့ လူတွေကို သတိရကြတာပဲ။ ငွေမရှိတော့အခါမှာ လူတွေရဲ့ လက်တွေ့ တရားဆန်သော ပေါင်းသင်းဆက်ဆံမှုကို တွေ့ရလိမ့်မယ် ။ အဲ့ဒီတော့ မိသားစုမှာ ဘာကအရေးကြီးသလဲလို့မေးလာရင်တော့ ကိုယ့်ယူဆ ချက် ကိုယ့်အတ္တနဲ့ ယူဆကိုင်စွဲပြီး ငွေကအရေးကြီးတယ်လို့ ဖြေချင်ဖြေနိုင်ပါတယ် ။ ကျွန်တော့အတွက်ကတော့ ဟော့ဒီကမ္ဘာပေါ်မှာငွေရှိရင်ရုပ်ဝတ္ထုဆိုတာ အသစ်အဆန်းတွေထပ်ရှာလို့ရနိုင်ပေမယ့် မိသားစုဖြစ်စေ အပေါင်းအသင်းမိတ်ဆွေ ဖြစ်စေ ချစ်သူဖြစ်ပါစေ စစ်မှန်သောမေတ္တာတရား ဆိုတာ ပြန်ရှာမရပါဘူး။ ချင်းပြည်နယ်ကလေးရဲ့ ထန်တလန် မြို့က ဆိုင်းဘုတ်လေးလိုပဲ ( ထန်တလန်ကထင်တာာပဲ) " မချမ်းသာသော်လည်းပျော်ပါသည် " ဆိုသလိုပေ့ါ ။ မိသားစုတစ်ခုမှာ ချမ်းသာရဖို့ထက် ပျော်ရွှင်ရဖို့ကပိုအရေးကြီးပါတယ်။

သစ္စာရှိစွာ အိပ်စက်ခဲ့သလား… လိပ်ပြာလုံစွာ နိုးထခဲ့ရဲ့လား… သန့်ရှင်းစွာ ရှိနေခဲ့ရဲ့လား…” ဒီမေးခွန်းတွေကို တစ်စုံတစ်ယောက်က မေးလ
သစ္စာရှိစွာ အိပ်စက်ခဲ့သလား… လိပ်ပြာလုံစွာ နိုးထခဲ့ရဲ့လား… သန့်ရှင်းစွာ ရှိနေခဲ့ရဲ့လား…” ဒီမေးခွန်းတွေကို တစ်စုံတစ်ယောက်က မေးလာမှာ​တော့ မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှ မမေးလာလည်း ကိုယ့်စိတ်ထဲကနေ ကိုယ်တိုင် ပြန်မေးနေရမယ့် မေးခွန်းတွေပါပဲ။ လူတစ်ယောက်ရဲ့ လူ့တန်ဖိုးဆိုတာ သူ ဘယ်လောက်အောင်မြင်​နေသလဲ၊ သူ ဘယ်လောက်လူသိများသလဲ သူ ဘယ်လောက်နေရာပေးခံရသလဲ သူ ဘယ်လောက် လူတွေရဲ့ အထင်ကြီးလေးစားခြင်းခံရသလဲ သူ ဘယ်လောက်ချမ်းသာသလဲဆိုတာနဲ့ မတိုင်းတာပါဘူး။ ဆိတ်ကွယ်ရာအရပ်မှာတောင်... သူဘယ်လောက် “သန့်ရှင်းစွာ” နေထိုင်နိုင်သလဲ… သူဘယ်လောက် “မှန်ကန်စွာ” ရွေးချယ်​နေထိုင်နိုင်သလဲဆိုတာနဲ့သာ တကယ်တမ်း တိုင်းတာ​နေရပါတယ်။ ညအိပ်ရာဝင်တဲ့အခါ.. မိမိရဲ့စိတ်ထဲမှာ မိမိကိုယ်မိမိ မလေးစားနိုင်ဖွယ်ရာလုပ်ရပ်တွေနဲ့ ကင်းတယ်ဆိုရင် အိပ်စက်ခြင်းဟာ တိတ်ဆိတ်​တဲ့ အေးချမ်းမှုတစ်ခု ဖြစ်လာပါတယ်။ မနက်အိပ်ရာ နိုးထတဲ့အခါ.. ဘယ်သူ့ကိုမှ ထိခိုက်နာကျင်မထားဘဲ၊ ဘယ်သူ့အပေါ်မှ လိမ်ညာလှည့်​ဖြား​ခြင်းမရှိဘဲ ဘယ်သူ့အပေါ်မှ ဖုံးကွယ်မှုတွေမပါဘဲ နိုးထလာနိုင်ရင် အဲဒီနေ့ဟာ အောင်မြင်တဲ့စိတ်တစ်ခုနဲ့တင် မကဘဲ လိပ်ပြာသန့်သန့်နဲ့ စိတ်လုံခြုံမှု​တွေနဲ့ ပြည့်ဝနေတဲ့နေ့တစ်နေ့ ထပ်တိုးရလာပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတာ လူတွေရှေ့မှာ ပေါ်လွင်ပြသရ​နေတဲ့ အဝတ်အစား​တွေ မဟုတ်ပါဘူး။ လူတွေ မမြင်တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် မလိမ်မညာဘဲ နေထိုင်နိုင်တဲ့ ကိုယ်ရဲ့ စင်ကြယ်တဲ့ အကျင့်နဲ့ စိတ်ဓာတ်ပါ။ ဘယ်သူမှ မသိဘူးဆိုပြီး ဘာမဆိုလုပ်လို့ရတယ်လို့ ထင်မိတဲ့အချိန်တိုင်း တကယ်ဆုံးရှုံးသွားတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်ပါ။ "မီး" ဆိုတာ.. မြိုက်ထားသလောက် တောက်လောင်နေမှာဖြစ်ပြီး ဆိတ်ကွယ်ရာဆိုတာလည်း.. ဖောက်လွဲဖောက်ပြန်မှုတွေ ကြီးစိုးစေတဲ့အရပ်ဒေသဖြစ်ပါတယ် သန့်ရှင်းမှုမရှိတဲ့ လူဆိုတာ အပေါ်ယံ ခန္ဓာကိုယ်ညစ်ပေမှုတွေနဲ့လူ မဟုတ်ပါဘူး စိတ်ဓာတ်နဲ့အကျင့် ညစ်ထေးပေကျံမှု​တွေကို ဆိတ်ကွယ်ရာအရပ်မှာ မိမိကိုယ်မိမိ စည်းဘောင်မရှိ ခွင့်ပြုထားသူဖြစ်ပါတယ်။ ဘဝမှာ မိမိကိုချစ်တဲ့လူတွေအားလုံးရဲ့ တကယ်တန်ဖိုးထားတာတွေဟာ “မိမိမှာ ဘာတွေရှိလဲ” မဟုတ်ပါဘူး… “မိမိ ဘယ်လိုလူဖြစ်ခဲ့လဲ၊ ဘယ်လိုလူမျိုး ဖြစ်နေလဲ” ဆိုတာပါပဲ။ ဒါကြောင့်.. တိတ်ဆိတ်တဲ့အချိန် မမြင်ကွယ်ရာရှိတဲ့အချိန်တွေထဲမှာတောင် ကိုယ့် အကျင့်နဲ့ စိတ်ဓာတ်တွေအပေါ် ကိုယ်​ပြန်​ပြီး အရှက်မရစေတဲ့ ဘဝမျိုးနဲ့ သစ္စာရှိစွာ အိပ်စက်နိုင်ပါ။ လိပ်ပြာလုံစွာ နိုးထပါ။ ဒါတွေဟာ အမှန်တကယ်အရေးကြီးဆုံးပါပဲ။

အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့ ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲ့ဒီလိုမလုပ်ခဲ့ရင်..."ဆိုပြီ
အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့ ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲ့ဒီလိုမလုပ်ခဲ့ရင်..."ဆိုပြီး တချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ သင့်ကိုယ်သင် နာကျင်စေတာပဲ အဖတ်တင်မယ်။ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲ မသွားစေပါဘူး။ ရှေ့ဆက် မမှားဖို့ပဲ ဂရုစိုက်ရပါမယ်။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ မှတ်ထားပါ မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ။ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။ နောက်ကို ပြန်လှည့်ကြည့်နေရင် တော်ရုံနဲ့ ရှေ့ရောက်မှာ မဟုတ်ဘူး။ လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့။ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ ဖေးမကြဖို့ပါ။ ဒီလိုမှမဟုတ်ရင် တစ်ယောက်တည်းနေတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဘယ်အရာမှ တစ်သက်လုံး မတည်မြဲသလို ဘယ်သူမှလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်း ဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။ တချိန်ကျရင် ခွဲရမှာပဲလို့ အခိုင်အမာ လက်ခံထားရင် လုံလောက်ပါတယ်။ အတွေးလွန်ခြင်းကြောင့် လက်ရှိ စိတ်အခြေအနေကို အပျက်စီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ ပျက်ချိန်တန်ရင်လည်း ပျက်ရမှာပဲလေ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ။ အဲ့ဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာ မလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို မရပ်ပဲ ဆက်လုပ်သွားဖို့ပါပဲ။ လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်စရာရှိရင် ပျော်ပါ ပင်ပန်းရင် အိပ်ပါ။ ဝမ်းနည်းရင် အားတင်းထားပါ။ တချို့အခြေအနေတွေက သဘာဝအတိုင်း နေလိုက်တာက ပိုအဆင်ပြေပါတယ်။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။ စိတ်အဆင်မပြေတိုင်း စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ သင့်အတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

🤍
🤍

နေတတ်အောင်နေ အနေမတတ်ရင် သေမတတ်နာကြင်ရလို့ နာကြည်းတတ်အောင်နေ မနာကြည်းတတ်ရင် အကြိမ်တစ်ရာမကငိုကြွေးရလို့ မလွမ်းတတ်အောင်နေ လွမ်းမ
နေတတ်အောင်နေ အနေမတတ်ရင် သေမတတ်နာကြင်ရလို့ နာကြည်းတတ်အောင်နေ မနာကြည်းတတ်ရင် အကြိမ်တစ်ရာမကငိုကြွေးရလို့ မလွမ်းတတ်အောင်နေ လွမ်းမိလေတိုင်း တန်ဖိုးမဲ့နေရလို့ မာနထားတတ်အောင်နေ မာနမရှိရင် ခဏခဏ အစော်ကားခံရလို့ ဥပေက္ခာ ပြုတတ်အောင်နေ ဥပေက္ခာ မပြုတတ်ရင် မငြိမ်းချမ်းရလို့ ဟန်ဆောင်တတ်အောင်နေ ဟန်မဆောင် တတ်ရင် လိမ်ညာသမျှခံနေရလို့

avatar
Unlock fortelegram star55
ဇာဂနာ ပြောတဲ့ ၈၈၈၈ မြန်မာ့အရေးအခင်း အစိုးရ vs ပြည်သူ စာပေဟောပြောပွဲ

ကိုယ်ပြောလို့ ဘာမှထူးမလာဘူးဆိုရင် နှုတ်ဆိတ်ပေးလိုက်ပါ အဲဒီအေးချမ်းမှုလေးက ပိုအရသာရှိတယ်…။ ☕️ စာပေဟောပြောပွဲ youtube.com/@myan
ကိုယ်ပြောလို့ ဘာမှထူးမလာဘူးဆိုရင် နှုတ်ဆိတ်ပေးလိုက်ပါ အဲဒီအေးချမ်းမှုလေးက ပိုအရသာရှိတယ်…။ ☕️ စာပေဟောပြောပွဲ youtube.com/@myanmarwisdomguide

မိဘရှာကျွေးတုန်းက ပြုံးပြုံးလေးစားခဲ့သလို မိဘအိုချိန် ပြုံးပြုံးလေးပြန်ရှာကျွေးပါ ☕️ စာပေဟောပြောပွဲ youtube.com/@myanmarwisdo
မိဘရှာကျွေးတုန်းက ပြုံးပြုံးလေးစားခဲ့သလို မိဘအိုချိန် ပြုံးပြုံးလေးပြန်ရှာကျွေးပါ ☕️ စာပေဟောပြောပွဲ youtube.com/@myanmarwisdomguide

avatar
Unlock fortelegram star45
ဇာဂနာ ပြောတဲ့ မြန်မာ အစိုးရနဲ့ ပြည်သူတို့ မူဝါဒများ (၂) စာပေဟောပြောပွဲ

အဆင်ပြေတယ်ဆိုတာလဲ ခဏပဲ အဆင်မပြေဘူးဆိုတာလဲ ခဏပဲ အဲလိုလေးတွေးပြီး လောကဓံတရားတွေကို ရင်ဆိုင်ကြ ☕️ စာပေဟောပြောပွဲ youtube.com/@my
အဆင်ပြေတယ်ဆိုတာလဲ ခဏပဲ အဆင်မပြေဘူးဆိုတာလဲ ခဏပဲ အဲလိုလေးတွေးပြီး လောကဓံတရားတွေကို ရင်ဆိုင်ကြ ☕️ စာပေဟောပြောပွဲ youtube.com/@myanmarwisdomguide

စာကြည့်တိုက်တန်ဖိုးနဲ့ နိုင်ငံ့တန်ဖိုး