cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

War Movies & Action Movies

Більше
М'янма443Бірманська432Фільми1 206
Рекламні дописи
131 464
Підписники
+37624 години
+2 2937 днів
+10 61530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
The Star [2002] 1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင်စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင်စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ်မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာကဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်းရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ်ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေးတရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ ဒီကင်းထောက်အဖွဲ့ရဲ့ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်းပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုးပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။
Показати все...
👍 5 1
Фото недоступнеДивитись в Telegram
Danger Close: The Battle of Long Tan [2019] IMDB 7.5 ရရွိထားတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့အစကတော့ ၁၉၆၆ ခုနှစ်၊ သြဂုတ်လထဲမှာပေါ့။ ဗီယက္နမ္စစ္ပြဲကာလကို နောက်ခံထားပြီးပြောရမှာပါ။ ဗီယက်နမ်နိုင်ငံက လောင်တန်လို့ခေါ်တဲ့ရော်ဘာစိုက်ခင်းတွေနားမှာ သြစတြေးလျနဲ့ နယူးဇီလန္က တိုက်ပွဲအတွေ့အကြုံမရှိတဲ့ လူငယ် ၁၀၈ ယောက်က မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်းစစ်သားတွေကို သူသေကိုယ်သေခံချရတဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက္တာ Kriv Stenders ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Travis Fimmel ဦးဆောင်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်က အသံပိုင်းဆိုင်ရာပါ။ နောက်ခံတေးဂီတရော၊ အသံဖမ်းပိုင်းရောတော် တော်မိုက်လို့ သြစတြေးလျအကယ်ဒမီ AACTA မှာ အသံဆုနှစ်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ #Credit
Показати все...
Machine Gun Preacher (2011) Action, Biography, Crime ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံး ထောင်ကထွက်လာတော့ မိန်းမဖြစ်သူက ဘုရားသခင်ရဲ့ ကရုဏာနဲ့ အပြစ်တွေဆေးကြောပြီးဘဝသစ် စနေကြောင်း၊ ချီလ်ဒါးစ်ကိုလည်း အတိတ်ကလိုမနေဖို့ ပြောပေမယ့် လူဆိုးလုပ်ရတာမဝသေးတဲ့ ချီလ်ဒါးစ်ဟာ အရင်လို ပြန်ဆိုးမိုက်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ သူဟာဘုရားကျောင်းကို လိုက်သွားပြီးတဲ့ နောက်မှာ သူ့လုပ်ရပ်တွေကို နောင်တရပြီးပြန်လည်ဆေးကြောဖို့ အသိဝင်လာပါတယ်။ ဒါကြောင့် အာဖရိကကို သွားပြီးတော့ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကိုအထင်သေးနေကြတဲ့ လူတွေကြားမှာ ချီလ်ဒါးစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ပါ့မလား၊သူ့ရဲ့ စေတနာနဲ့ လုပ်သမျှဟာ အဆင်ပြေချောမွေ့ နေပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရှုစားနိုင်ပါတယ်ဗျာ။ဒီကားဟာ အပြင်မှာ တကယ်ရှိတဲ့ Sam Childers (ဆမ်ချီလ်ဒါးစ်)ရဲ့ စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထား တာဖြစ်ပါတယ်။ ကိုယ့်ဘဝအမှားတွေကို ပြန်လည်ဆေးကြောချင်သူတိုင်းလက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။
Показати все...
First Kill (2017) IMDb: 5.0/10 Genre: Action/Thriller Wall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။ တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။
Показати все...
Фото недоступнеДивитись в Telegram
Ru (2023) IMDb – 7.2 ကနေဒါနိုင်ငံသား ဗီယက်နမ်လူမျိုး စာရေးဆရာမ Kim Thúy ရဲ့ ဆုရစာအုပ် “Ru” ကိုမှီငြိမ်းပြီးရိုက်ကူးထားတဲ့ ရုပ်ရှပ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် (Kim Thúy) တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင် (စပွန်ဆာ) မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။ Credit CM
Показати все...
00:06
Відео недоступнеДивитись в Telegram
ကြိုက်တာဆော့ နိုင်သလောက်ထုတ် 💵💵 MMK BET Online Website မြန်မာနိုင်ငံရဲ့ နံပတ် ( ၁ ) ဂိမ်းအများဆုံး Website  🥰😱 အပေါက်ကြမ်း အပေးကြမ်းပြီး အနိုင်များတဲ့ဂိမ်းများ🎮🎱🕹 ➡️MMK BET မှာ အကောင့်တစ်ခုတည်းနဲ့ ⚽️ဘောလုံး၊ 📲စလော့၊ လိုင့်ဖ် ကာစီနိုဂိမ်းများ အစရှိသော ဂိမ်းပေါင်းများစွာအပြင် ➡️ထိုင်း 2D 3D များလည်း တစ်နေရာတည်းမှာ ဆော့ကစားလိုရပါတယ်ရှင့်💸 🇹🇭ထိုင်းရောက်‌ရွှေမြန်မာများလည်း အကောင့်ဖွင့်ကစားနိုင်ပါတယ်ရှင့် ✅အော်တိုစနစ်နဲ့မလို ကိုယ်တိုင် ငွေသွင်း/ငွေထုတ် လုပ်နိုင် ✅၂၄ နာရီဝန်ဆောင်မှုမလို ခုနိင်ခုချက်ချင်းထုတ် ✅ဘဏ် limit ပြည့်လို ကြန့်ကြာတာမရှိ ✅ငွေထုတ်နှေးတာမရှိ 💥. အကောင့်သစ်ဘောနပ် 50% 💥. နေ့စဉ် ဘောနပ် 20% 💥အရှုးပြန်ပေးခြင်း အစီစဉ် Cashback 5% 👉ဆက်သွယ် အကောင့်ဖွင့်ရန် 📲 🌐Website : play.mmkbet.com 🌐Website : playth.mmkbet.com 📱Viber : 09896939299 https://msng.link/o?+959896939299=vi 📱Line : https://msng.link/o?mmkbet=ln 📱Telegram : @mmkofficial
Показати все...
10.37 MB
👍 1
Фото недоступнеДивитись в Telegram
Chandu Champion (2024)
Показати все...
👍 7
👉2Dအရှုံးများနေတဲ့ လက်ကြီးသမားများအတွက်သီးသန့်အောကွက် 💯%အာမခံဒဲ့တကွက်ကောင်းကဒ် ✅8️⃣9️⃣✅ဒဲ့ 🛑ညနေအရှုံးများတဲ့ ကျုပ်မိတ်ဆွေများအတွက်အဆင်ပြေအောင် နောက်ဆုံးပိတ်ရှုံးကြေးကြေပြီးအိတ်နဲ့လွယ်နိုင်အောင် အထူးအစီအစဉ်👉(15000)Ks👈နဲ့ လူ(10)ယောက် ပြန်မျှပေးမယ်👈 👉မှတ်ချက် 3:00 ဂဏန်းပိတ်မည် အမှန်အကန်အရှုံးများနေတဲ့ လက်ကြီးသမားများပဲလာပါ https://t.me/tXVu5PCKns85hM2Q1 https://t.me/tXVu5PCKns85hM2Q1 ဆက်သွယ်ရန်👉@yanaungy မှာHiပါ Viber.09680386605
Показати все...
Фото недоступнеДивитись в Telegram
Enemy Lines (2020) ဒီဇာတ်ကားလေးကတော့ နျူကလိယဗုံးမလုပ်နိုင်ခင်မှာ နျူကလိယဗုံးလုပ်နိုင်တဲ့ သိပ္ပံပညာရှင်ကို နိုင်ငံတွေက လုကြတဲ့အကြောင်း ဇာတ်လမ်းလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ဗြိတိသျှ ကွန်မန်ဒို တပ်ဖွဲက နာဇီတွေလက်ထဲကျနေတဲ့ ပိုလန်သိပ္ပံပညာရှင်ကို ကယ်တင်တာကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် တပ်ဖွဲကိုတော့ ကာမစ်စကီဆိုတဲ့ အမေရိကန်သားက ဦးဆောင်တာဖြစ်ပြီးတော့ နောက်ဆုံးမှာ သူတိုလိုချင်တဲ့သိပ္ပံပညာရှင်ကို ရသွားလား ဘာတွေကျော်ဖြတ်ခဲ့ရလဲ ဘာတွေရောပေးဆပ်လိုက်ရလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်
Показати все...
👍 12
Фото недоступнеДивитись в Telegram
မကြာခင် မီးရှို့သတ်ဖြတ်ခြင်းခံရမယ့် အခြေအနေမှာ မထင်မှတ်ထားတဲ့ကလေးလေးနှစ်ယောက်ရဲ့သူငယ်ချင်းမေတ္တာ 😢😢 ➪➪➪➪➪➪➪➪➪➪➪➪➪➪ The boys in the striped pyjamas ဒုတိယ ကမ္ဘာစစ်အတွင်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။Raft က ဟစ်တလာ စစ်တပ်ရဲ့ ဗိုလ်မှူးမှာ Bruno ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ ဗိုလ်မှူး Raft ရဲ့ တာ၀န်ကတော့ ဂျူးလူမျိုးတွေကို အလုပ်စခန်းတစ်ခုတည်ဆောက်ပြီး အလုပ်လုပ်ခိုင်းရမယ်။ပြီးတော့ သူတို့ကို မီးရှို့ပြီး သ/တ်ပစ်ရမှာဖြစ်ပါတယ်။အဲ့အချိန်တုန်းက ဂျူးလူမျိုးတွေဆိုတာ ဟစ်တလာရဲ့ ညင်းပန်း သ/တ်ဖြတ်ခြင်းကိုခံရတဲ့ လူမျိူးတွေဖြစ်ပါတယ်။Raft ရဲ့တာ၀န်တွေကို သူ့ဇနီးဖြစ်တဲ့ Gretel တောင်မသိပါဘူး။အသက် 8 နှစ်ပဲရှိတဲ့ Bruno လည်း သမိုင်းတွေဘာတွေ ဘာမှမသိသေးပါဘူး။ရောက်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းမရှိတဲ့ Bruno က အလုပ်သမားစခန်းက သူနဲ့ရွယ်တူ ကောင်လေး Shmue ဆိုတဲ့ ဂျူးလူမျိုးကောင်လေး နဲ့ခင်သွားပါတယ်။အဲ့နောက်မှာတော့ 8 နှစ်သားလေး Bruno နှင့် ဂျူးလူမျိုး Shumue တို့ သူတို့မိဘတွေတောင် ထင်မထားတဲ့ ကိစ္စတစ်ခုဖြစ်သွားပါတယ်။အဲ့တာကဘာဖြစ်မလဲ...
Показати все...
👍 7 3
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.