cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Jsp

Більше
Рекламні дописи
1 757
Підписники
Немає даних24 години
-67 днів
-5730 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

02:04
Відео недоступнеДивитись в Telegram
မန္တလေးတိုင်း စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသက်သေဆုံးစေသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် သက်သေဗီဒီယိုများကို ရရှိထားသည်ဟု  Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန် — အမျိုးသမီး ၂ဦးအပါအ၀င် စုစုပေါင်း ၄၈ဦးထဲက ဖမ်းဆီးခံရသူနှစ်ဦးကို အသက်သေဆုံးစေသည်အထိ ညှဉ်းပန်းရိုက်နှက်နေသည့်ဗီဒီယိုများ၊ ကိုယ်လုံးတီးကြိုးတုပ်၍ ရိုက်နှက်ကန်ကျောက်နေသည့် ဗီဒီယိုများ ၊ လျှပ်စစ်ရှော့တိုက် နှိပ်စက်နေသည့် ဗီဒီယိုများ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နေသည့် ဗီဒီယိုများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနေသည့် ဗီဒီယိုဖိုင် ၁၀ ခုကိုလက်ခံရရှိထားပြီးပြီဖြစ်သည်။ နင်တို့တွေ တသက်လုံး အာဏာသိမ်းနိုင်ပြီး နိုင်ဖို့ပဲဆုတောင်းပေါ့ဟာ။နင်တို့ရှုံးပြီဆိုတာနဲ့ နင်တို့လုပ်ခဲ့သမျှတွေအကုန်လုံး သားစဥ်မြေးဆက်အထိ အကြွေးဆပ်ဖို့သာပြင်ထားတော့ — #MaShweMoeKorea
Показати все...
4.37 MB
👍 20👎 1
"ခွေးသေဝက်သေ" မတ္တရာမြို့နယ် မြောက်တံငါ တပ်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ခွေးသေဝက်သေ စစ်ခွေး အလောင်းတွေကို MDY-PDF က ထုတ်ပြန်ထားတာပါ။ ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်ကြစို့.. 😋 ဆိတ်မကောင်းပူး ဂေါင်းသေးတို့ရာ.. ဒါတွေမြင်တိုင်း အလိုလို ဗိုက်ပြည့်နေလို့ ထမင်းပါလွတ်တယ်.. အ..ဟစ်..ဟစ်.. 🤣 #4C_TruthNews
Показати все...
👍 13
02:04
Відео недоступнеДивитись в Telegram
4.37 MB
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက် အာရက္ခဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယခုရက်များ၌ အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ် နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ သံတွဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အဆိုပါတပ်ရင်းအား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၆၆) အား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊ စစ်ကူလာပေးသော ရန်သူများ နှင့် သံတွဲမြို့ထဲမှ လက်ကျန် ရန်သူများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်သည်။ မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီးစခန်း အားမိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် မိမိတို့မှလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ မောင်တော၊ နခခ (၅) ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄) မိနစ်တွင် ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မကျည်းချောင်း စခန်းတွင် ရန်သူ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃) တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများပါဝင်သည်။ ရန်သူအချို့ (ခန့်မှန်း ၃၀ ဦးခန့်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
Показати все...
👍 21 2
သံတွဲမြို့နယ်ရှိ ခလရ ၅၅ ကို သိမ်းပိုက်ရရှိ၊ မောင်တောရှိ စစ်ခွေးစခန်းများကို သိမ်းပိုက်ခဲ့ပြီး စစ်ခွေး၃၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး သံတွဲ၊ ၂၀၂၄ ဇူလိုင်လ ၁၁ ရက် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ လက်ကျန် စစ်ခွေးစခန်းဖြစ်သော ခလရ ၅၅ အား ၂၀၂၄ ဇူလိုင်လ ၉ ရက်နေ့ မနက် ၉:၄၅ မိနစ်အချိန်၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သံတွဲအခြေစိုက် ခမရ ၅၆၆ ကို ၂၇-၆-၂၀၂၄၊ ညနေ ၅:၃၀တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး သံတွဲမြို့တစ်ခုလုံးသိမ်းပိုက်နိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။ မောင်တော၌ စစ်ခွေးနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၁၁-၇-၂၀၂၄ ရက်နေ့ မနက် ၉:၄၅ခန့်၌ မောင်တော၊ နခခ ၅ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မန်ကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်စစ်ခွေးစခန်းကို စစ်ခွေးအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း AAမှသတင်းထုတ်ပြန်သည်။ https://t.me/AATruthNews/9964?single
Показати все...
A Truth News သတင်းမှန်

သံတွဲမြို့နယ်ရှိ ခလရ ၅၅ ကို သိမ်းပိုက်ရရှိ၊ မောင်တောရှိ စစ်ခွေးစခန်းများကို သိမ်းပိုက်ခဲ့ပြီး စစ်ခွေး၃၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး သံတွဲ၊ ၂၀၂၄ ဇူလိုင်လ ၁၁ ရက် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ လက်ကျန် စစ်ခွေးစခန်းဖြစ်သော ခလရ ၅၅ အား ၂၀၂၄ ဇူလိုင်လ ၉ ရက်နေ့ မနက် ၉:၄၅ မိနစ်အချိန်၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သံတွဲအခြေစိုက် ခမရ ၅၆၆ ကို ၂၇-၆-၂၀၂၄၊ ညနေ ၅:၃၀တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး သံတွဲမြို့တစ်ခုလုံးသိမ်းပိုက်နိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။ မောင်တော၌ စစ်ခွေးနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၁၁-၇-၂၀၂၄ ရက်နေ့ မနက် ၉:၄၅ခန့်၌ မောင်တော၊ နခခ ၅ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မန်ကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်စစ်ခွေးစခန်းကို စစ်ခွေးအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း AAမှသတင်းထုတ်ပြန်သည်။
Показати все...
A Truth News သတင်းမှန်

👍 12
02:11
Відео недоступнеДивитись в Telegram
56.62 MB
👍 11
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော VIGO ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေး အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDFမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Показати все...
👍 12
ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးသူအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူနှင့် နေအိမ်ဖောက်ထွင်းသူ (၁၈၀)ဦးဖမ်းဆီးရမိ ဇူလိုင်လ ၁၁ ရက် တအာင်းပြည်သတင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရာခံ(၁၈၀)ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသဖြစ်သည့် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး၊ မ(၁၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျား(၂)ဦးနှင့် မ(၁) စုစုပေါင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ (၁၅၉)ဦးပါဝင်သည်။ ၎င်းတို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန်နှင့် ၎င်းတို့အားသတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့်ထောင်ကျခဲ့ဖူးသူများဖြစ်သည်။ PSLF/TNLA သည် ကျောက်မဲမြို့အနီးထိ  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများအနေ​ဖြင့် စစ်ကောင်စီထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းသို့ ထွက်ပြေးခိုအောင်းခဲ့ကြသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကိုအခွင့်ကောင်းယူကာ နေအိမ်များပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ​ပြည်သူလူထုများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများခိုးယူနေသူ (၂)ဦးနှင့် စစ်ကောင်စီအမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ (၁)ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ (၂)ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုက်လံကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့သည်။ အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အားသတင်းပေးသူ (၁၆)ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့သည်။ ၎င်းတို့အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်ထားပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показати все...
👍 13👏 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.