Burmese Red Devils
Відкрити в Telegram
6 059
Підписники
Немає даних24 години
-247 днів
-7830 день
Архів дописів
6 059
BREAKING:
United နည်းပြ Ruben Amorim သည် Andre Onana နှင့် Alejandro Garnacho တို့အား ပွဲထွက်ကစားသမား စာရင်းမှ ချန်လှပ်ထားပြီဖြစ်ကြောင်း မနေ့က အသိပေးခဲ့ပြီး ပထမ ဂိုးသမားအသစ် အလိုရှိကြောင်းကိုလဲ ဘုတ်အဖွဲ့အား အသိပေးထားပြီးဖြစ်သည်။
[Sully Talkz]
6 059
🔴Live ပြသပေးသွားပါမယ်
🔴 𝐌𝐀𝐍 𝐔𝐍𝐈𝐓𝐄𝐃 🆚 𝐀𝐒𝐓𝐎𝐍 𝐕𝐈𝐋𝐋𝐀 🟣
🏆 Premier League Gameweek 38/38
🗓 25 MAY 2025, SUNDAY
⏰ 9:30 PM ( တနင်္ဂနွေည ၉:၃၀ )
👤 Thomas Bramall 🏴
🏟 OLD TRAFFORD
📍 Manchester, ENGLAND 🏴
ဒီနေ့ပွဲရလဒ်က ယူနိုက်တက်အတွက်တော့ ဘာမှ အရေးမကြီးတော့ .. အဆိုးဆုံး အဆင့် ၁၇ နဲ့ ရာသီသိမ်းမလားဆိုတာကိုပဲ စောင့်ကြည့်ရမယ် ။
ဒီပွဲက တချို့သောကစားသမားတွေ အတွက် ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံး နှုတ်ဆက်ပွဲ ဖြစ်လာမှာပါ ။ ရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲတော့မယ့် အီဗန်, လင်ဒီလော့ဖ် .. ပြီးရင် အသင်းပြောင်းရွှေ့ဖွယ်ရှိတဲ့ ဂါနာချို , ဘရူနို , ဟွိုက်လန်း , ကက်စ်မဲရိုး .. တို့အတွက်ပေါ့ .. မထင်ထားဘဲ အသင်းကနေ ထွက်သွားမယ့် သူတွေလည်း ရှိလာကြဦးမှာပါ။
#ManchesterUnited
6 059
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်ဟာ အသင်းနဲ့ ဆက်လက် သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ ရာသီကုန်မှာ နှစ်ဦးနှစ်ဖက်သဘောတူ လမ်းခွဲသွားမှာ ဖြစ်ပါတယ် ။
ကစားသမားနဲ့ အသင်းတို့ဟာ ယခုတစ်ပတ် အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကာ ထိုဆုံးဖြတ်ချက်အား ချခဲ့တာပါ ။
လင်ဒီလော့ဖ်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွါမှာ ဖြစ်ပြီး အီတလီနှင့် စပိန်ကလပ်အသင်းများစွာထံမှ ကမ်းလှမ်းမှုများ လက်ခံရရှိထားပါတယ် ။
[ Fabrizio Romano ]
6 059
ဆော်ဒီအာရေဗျ ထိပ်သီးကလပ် Al Hilal အသင်းဟာ ဘရူနို ဖာနန်ဒက်စ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၇၀၀,၀၀၀ နဲ့ စာချုပ်ချုပ်ဆိုကြေး ဘောနပ်စ်တွေ အပါအဝင် တစ်ရာသီကို ပေါင် ၆၅ သန်းအထိ ရရှိမယ့် ၃ နှစ်စာချုပ်ကို ကစားသမားဆီ ကမ်းလှမ်းထားပါတယ် ။
ဆော်ဒီကလပ် အနေနဲ့ မန်ယူနိုက်တက်ကိုလဲ ပေါင်သန်း ၁၀၀ လောက် ပြောင်းရွှေ့ကြေး ပေးဖို့ အသင့်ရှိနေပါတယ် ။
#BrunoFernandes
#AlHilal
6 059
🏴 တော်မီနေးရဲ့ နာပိုလီ အသင်းအတွက် ပထမရာသီ စွမ်းဆောင်ရည် :
🥇 Serie A MVP
🏆 Serie A champion
ယူနိုက်တက် ကစားသမားဟောင်း တော်မီနေးဟာ နာပိုလီအသင်းနဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးပေးခဲ့ပြီး စီးရီးအေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
#McTominay
6 059
BREAKING NEWS!
ဆော်ဒီကလပ် Al Hilal သည် ဘရူနိုကို တပတ်လစာ ပေါင် ၇ သိန်း နှင့် စာချုပ်လက်မှတ်ထိုးကြေး၊ အပိုဆုကြေးများ အပါအဝင် တရာသီ ပေါင် ၆၅ သန်း တန်ကြေးရှိ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်လာသည်။
ဘရူနိုသာလက်ခံပါက ယူနိုက်တက်အထံ ပေါင်သန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရန် အသင့်ရှိသည်။
ဘရူနိုကို မေလမကုန်ခင် နောက်ဆုံးထားပြီး သူတို့ဆီ လာ၊မလာ အကြောင်းပြန်ပေးဖို့ ဆော်ဒီကလပ်က တောင်းဆိုထားသည်။
ယူနိုက်တက်၏ မတည်ငြိမ်သော အသင်းတွင်းအခြေနေများကြောင့် ယခုအခါ ဘရူနိုကို ဆွဲဆောင်နိုင်မည်ဟုလည်း ယုံကြည်ချက် ရှိနေကြသည်။
ယူနိုက်တက် က ဘရူနို ကို ရောင်းချလိုခြင်း မရှိကြောင်း အကြိမ်ကြိမ်ပြောထားသော်လည်း ယခုအခါ ချန်ပီယံလိဂ် မဝင်သည့်အတွက် ချန်ပီယံလိဂ် ဝင်ငွေ ပေါင်သန်း တရာ ဝန်းကျင် နစ်နာရမည့်အတွက် စိတ်ပြောင်းလာနိူင်မလား စောင့်ကြည့်သွားရမည်ဖြစ်သည်။
#Burmese_Red_Devils
6 059
“ ယူနိုက်တက် ကစားသမားတွေကို ကြည့်ရင် ပွဲကို အာရုံစိုက် ကစားဖို့ထက် ညီးညူနေဖို့ကို ပိုအားသန်နေပုံရပါတယ်။ အသင်းနဲ့ စာချုပ်ချုပ်ပြီးဆိုတာနဲ့ ဘယ်လိုအကြောင်းပြရမလည်း ဆိုတာမျိုးဘဲတွေးနေကြပုံပါ။ နည်းပြ ကို အပြစ်တင်မယ် ဒါမှမဟုတ် ကလပ် က်ို အပြစ်တင်မယ် ဒီလိုတွေဘဲတွေးနေကြပုံပါ။ အသင်း ကို ရောက်လာတဲ့ ကြိုးစားချင်စိတ်ရှိတဲ့ ကစားသမားတွေတောင် ဒီ ယဉ်ကျေးမှု က ဆွဲချသွားတာချည်းပါဘဲ”
🎙️ရာဖေးလ် 🔴🇧🇷
#Rafael
#ManchesterUnited
6 059
မန်ယူနိုက်တက် အသင်း၏ ဘယ်နောက်ခံ ကစားသမား လုခ်ရှော အနေဖြင့် နာပိုလီအသင်းနည်းပြ ကွန်တီ နှင့် ဆက်ဆံရေးကောင်းများ ရှိနေပြီး နာပိုလီအသင်းနှင့် ဆွေးနွေးမှုများ စတင်လာရန် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
#LukeShaw
#Napoli
6 059
မန်ယူနိုက်တက်ဟာ ဂါနာချိုအတွက် ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ချိတ်ဆက်လာတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အသင့်ရှိနေပါတယ် 🇦🇷🔴
[Telegraph]
6 059
“ ကျနော် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ တစ်ဆင့်ချင်းစီတိုင်းမှာ၊ ပွဲတိုင်းမှာ အကောင်းဆုံးပေးဆပ်ကစားခဲ့ပြီး အသင်းကို Final ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ မိနစ် ၂၀ ပဲ ကစားခွင့်ရခဲ့တယ်။ ဘာကြောင့်လဲဆိုတာ ကျနော်နားမလည်နိုင်ဘူး။
ကျနော် ဒီနွေရာသီအားလပ်ရက်ကို မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်။ ပြီးရင်တော့ (အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး) ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့ “
🎙️ဂါနာချို 🇦🇷🔴
[ Albiceleste Talk 🇦🇷 ]
6 059
မန်ယူနိုက်တက် နည်းပြ ရူဘင်အမော်ရင်က သူ့အနေနဲ့ မန်ယူနိုက်တက်မှ ထွက်ခွါမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် အသင်းက အလိုမရှိတော့ဘူးဆိုရင်တော့ လျော်ကြေးမယူပဲ နှုတ်ထွက်ပေးသွားမယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ် ။
"ဘုတ်အဖွဲ့နဲ့ အသင်းပရိသတ်တွေက ကျွန်တော်ဟာ မှန်ကန်မှုမရှိတဲ့သူအဖြစ် ထင်မယ်ဆိုရင် နောက်တစ်နေ့မှာ အသင်းကနေ ဘာလျော်ကြေးမှမယူဘဲ ထွက်သွားမှာပါ “
🎙️ရူဘင်အမော်ရင် 🔴
#Burmese_Red_Devils
6 059
Live Stream ကို ရပ်လိုက်ပါပြီဗျာ ။ ဆုပေးတာတွေ ကြည့်ချင်နေတဲ့ ညီအကိုတို့ကိုတော့ အားနာပါတယ် ။ ကျွန်တော် ဆက်မကြည့်နိုင်တော့လို့ပါ 💔
6 059
စိတ်ပျက်စရာအတိပြီးတဲ့ ဘောလုံးရာသီပါပဲ ။ အားပေးလာတဲ့နှစ်ကာလတွေကြာခဲ့ပါပြီ ။ ဒီလို စိတ်ပျက်စရာ ရာသီကို နောက်ထပ်မကြုံချင်တော့ပါဘူး …
မြန်မာနိုင်ငံမှာ လူဖြစ်လာရတဲ့အထဲ မန်ယူဖန်က ဖြစ်နေသေးတယ် ။
#Burmese_Red_Devils
6 059
ဒုတိယပိုင်း Live Stream ပြန်လည်စတင်နေပါပြီဗျ
နည်းပြရဲ့လူစားလဲမှုတွေ မှန်ကန်ဖို့ မျှော်လင့်ပါတယ်
#GGMU
6 059
စိတ်ပျက်စရာ ရလဒ်နဲ့ ပထမပိုင်းက ပြီးသွားခဲ့ပါပြီ ။ ပထမပိုင်း Live Stream ကြည့်ရတာ အဆင်ပြေရဲ့လားဗျာ ။ စပါးက မစွံတာကို ကိုယ့်အသင်းက ပိုညံ့နေတယ် ။ ကွင်းလယ် အရမ်းညံ့နေတယ် ။
6 059
မန်ယူနိုက်တက် 🆚 စပါးပွဲစဉ်ကို တိုက်ရိုက်ပြသနေပါပြီ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
https://t.me/BurmeseRedDevils?livestream
6 059
ပရီးမီးယားလိဂ် 18 သင်း ပရိသတ်များကို ဒီည ယူနိုက်တက် နဲ့ စပါး ဘယ်သူ့ကိုဖလားရစေချင်လဲ ဆိုပြီး Athletic မှ မေးမြန်းထားရာ 👀
[Photo-Athletic]📸
6 059
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အစ်ဝှစ်ချ် အသင်း တိုက်စစ်မှူး ဒီလက်ပ်ကို ခေါ်ယူနိုင်ဖို့ ကြိုတင် လက်ဉီးမှု ရယူနေပါတယ် ။ ဒီလက်ပ်ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းကလဲ ကြိုးပမ်းနေတာပါ ။
ဒီလက်ပ်ဟာ ဒီနှစ်ဘောလုံးရာသီ ၃၆ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူခဲ့ပြီး အစ်ဝှစ်ချ် အသင်းက တန်းဆင်းသွားတာကြောင့် စာချုပ်ဖြတ်သိမ်းကြေး ပေါင် သန်း ၃၀ နဲ့ အသင်းမှ ထွက်ခွင့်ရထားတာပါ ။
မန်ယူနိုက်တက် အသင်းဟာ ဝုဗ်တိုက်စစ် ကစားသမား ကွန်ညာကို ခေါ်ယူနိုင်ဖို့ ကြိုတင် သဘောတူညီမှု ရရှိထားပြီး လာမယ့်ရာသီ ဒီလက်ပ်နဲ့ ကွန်ညာတို့ရဲ့ တိုက်စစ်အတွဲအဖက်ကို မြင်တွေ့ခွင့်ရဖို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
#Cunha
#LiamDelap
6 059
ယနေ့ည တစ်နာရီခွဲမှာ ကစားမယ့်
စပါး 🆚 မန်ယူနိုက်တက်တို့ရဲ့
ယူရိုပါလိဂ် ဗိုလ်လုပွဲကို
တိုက်ရိုက် Live ပြသပေးသွားပါမယ် 🔴
#Burmese_Red_Devils
6 059
+2
🔴 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋:
တိုက်စစ်မှူး ဇာ့ခ်ဇီး , နောက်ခံလူ ဒါလော့ နှင့် လယ်နီရိုယိုတို့သည် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် အသင်းလူစာရင်း၌ ပြန်လည်ပါဝင်လာခဲ့ကြသည်။
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
